အမငီးတော့...ကယ်ကြပါ....
Wednesday, 31 October 2012
အပေါ်ကပဲ အောက်က....ဟီဟိ
Two friends decided
to take a picture, they took
advantage of a built-in camera
timer
The first snapshot of the girls
did not like and they decided to make another
အမငီးတော့...ကယ်ကြပါ....
အမငီးတော့...ကယ်ကြပါ....
Tuesday, 23 October 2012
Ladies first
What does " Ladies first " meam ?
Let me look at your ass while you walk in front of me.
LOL !!! :) ha..haaa...haaaa...
Monday, 22 October 2012
မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)
1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို
မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို
1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ
ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer
ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”


1st MM browser မှာ မြန်မာကီးဘုတ်မပါဝင်တဲ့အတွက်ကြောင့် browser ထဲမှာမြန်မာစာရိုက်ချင်တယ်ဆိုရင် Android မြန်မာစာကီးဘုတ်တစ်ခုခုကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။


1st MM Browser Official Website- www.1stmm.net

“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”
1st MM browser မှာ မြန်မာကီးဘုတ်မပါဝင်တဲ့အတွက်ကြောင့် browser ထဲမှာမြန်မာစာရိုက်ချင်တယ်ဆိုရင် Android မြန်မာစာကီးဘုတ်တစ်ခုခုကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။
Browser’s Features:အောက်မှာ 1st Myanmar Browser ကိုရယူဖို့ download link နှစ်ခုပေးထားပါတယ်။ Google Play Store ကနေ download ရယူဖို့အဆင်မပြေတဲ့သူတွေက Direct Download link ကနေ download ရယူနိုင်ပါတယ်။
[✔] No need root user access.
[✔] No need to change UI font.
[✔] No need to install Zawgyi-One and WinInnwa font.
[✔] Support input text display (Zawgyi-One font).
[✔] Unlimited tabs (switch by swiping right/left)
[✔] Ad-blocker (See http://goo.gl/MK2Kd for more information and limitations)
[✔] Import/export from/to SD card/Android browser bookmarks
[✔] Search from URL bar
[✔] Plugins support (Flash)
[✔] Can retrieve bookmarks from Firefox Sync
1st MM Browser v0.3 အားရယူရန်(Google Play Store Link)
1st MM Browser v0.3 အားရယူရန် (Direct download link from 1stmm.net)
(လက်ရှိ 1st MM Browser v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ အခု version အသစ် v0.3 ကို Install လုပ်ပေးပါ။)
မြန်မာပြည်အင်တာနက် ခေတ်ဦးပိုင်းမှာ ဇော်ဂျီက ဦးအောင်ထွင်ပြီး
နေရာယူလိုက်သလို ခုလို မိုဘိုင်း ဖုန်း တွေခေတ်စားလာခါစမှာ
ယူနီကုဒ်သမားတွေကလက်ဦးမှုရအောင် လွယ်လွယ်ကူကူ installလုပ်ပြီးသုံးလို့ ရတဲ့
မြန်မာဖောင့်လို ကီးဘုတ်လိုမျိုး ရေးနိုင်ရင် ယူနီကုဒ်သမားတွေ
နေရာရနိုင်ပါလိမ့်မယ်။ နောက်ကျခါမှ လိုက်ပြီး စနစ်မကျဘူး....ဘာ...ညာ
..လိုက်ပြောနေရင် အကျိုးမရှိပါဘူး။ လောလောဆယ်တော့
ဖေဇော်ဂျီသမားတွေကပဲဖုန်းမှာဦးအောင်နေရာယူတာတွေ့ ရပါတယ်ဗျာ။ ဖုန်းကနေ မြန်မာစာဖတ်လို့ ရပြီး ကြည့်နိုင်အောင် 1st MM Blower လေးကို
မိမိဖုန်းထဲ Rum ထားရင် OK ပါတယ်။
Thursday, 18 October 2012
Worlds First Paperless Toilet
Be the first on your
Master bedroom to own the new
Paperless toilet!
Master bedroom to own the new
Paperless toilet!
One satisfied customer said
she sat down,
And was so delighted she didn't know
Whether she was coming or going!
And was so delighted she didn't know
Whether she was coming or going!
Why are you smiling??? HAHA !!
အရာဟောင်းကို ဆက်ခံသူ။
အင်တာနက်ပေါ်က သတင်းတွေလျှောက်ဖတ်ပြီး သက်ပြင်းတွေချလိုက်၊ ဒေါသတွေထွက်လိုက်၊ အနားမှာ ရှိတဲ့ ဘာမဆိုင်ညာဆိုင်လင်တော်မောင်ကို ရန်လုပ်လိုက်ဖြစ်နေတဲ့ မဒမ်လူအေးကိုကြည့်ပြီး ကိုလူအေး ဖတ်ဘူးတဲ့ ဆရာအဏ္ဏဝါစိုးမိုးရဲ့  ’ အရာဟောင်းကို ဆက်ခံသူ ’ ဝတ္ထုတိုထဲက ဇါတ်ပွဲလေးအကြောင်းကို သွားသတိရမိတယ်ခင်ဗျ။
သူတို့ နောက်ပိုင်း ဇါတ်ကြီးခင်းတော့ ဝန်ကြီးနှစ်ပါး ထွက်လာပြီး စကားပြောသတဲ့။
’’ ဝန်မင်းဗျား၊ အိမ်ရှေ့ ဥပရာဇာ သားတော်ကြီးဟာ တက္ကသိုလ်ပြည်ကို ပညာတော်သင်သွားတာ ပညာသာ မက ကြင်ရာပါစုံလို့  ပြည်တော်ပြန်လာတာကို ခရီးဦးကြိုဖို့ အတွက် ဝန်မင်းတို့ ၊ ကျုပ်တို့ အကြိုထောက်ဖို့  ထွက်လာခဲ့တာမဟုတ်လား ဝန်မင်း ’’
’’ ဟုတ်ပ..ဟုတ်ပါ့ ဝန်မင်းဗျာ။ မြို့ အဝင်မှာ သာယာလှပ၊ သန့် ရှင်းမှု့ အဝဝကို ဆောင်ရွက်ကြရမယ်လို့  အမိန့် တော်ကြီးနဲ့  လာခဲ့ကြရတာကိုး ဝန်မင်းရဲ့  ’’
’’ ဟုတ်ပါ့ဝန်မင်းဗျာ၊ သာယာသန့် ရှင်းမှု့ ကို ဆောင်ရွက်ကြမယ့် ဒီရွာက သူကြီးတို့ ဆယ်အိမ်ခေါင်းတို့ ကို ခေါ်ဗျာဝန်မင်း ’’
’’ ဟဲ့..ဒီရွာက သူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေ မရှိကြဘူးလားဟဲ့..’’
အဲဒီတော့ ပေါင်းချောပတ်ခေါင်းပေါင်း သျှောင်တစောင်းနဲ့  သူတစ်ယောက်ပြေးထွက်လာရော..
’’ ဟဲ့..လုလင် မောင်မင်းက ဘာလဲ ’’
’’ က္ဈန်တော်မျိုးဟာ ဒီရွာက သူကြီးပါခင်ဗျာ ’’
အဲဒီမှာတင် ပြဿနာစတော့တာပေါ့။ ’’ ဟေ..မင်းကိုငါမသိပါလား၊ မောင်မင်းကို ဘယ်သူက ခန့် တာလဲ ’’
’’ က္ဈန်တော်မျိုးရဲ့  မိန်းမက ခန့် တာပါခင်ဗျာ ’’
’’ သယ်..ဒီကောင်တော့ သေတော့မယ်၊ ရှင်အောင်လျှောက်တင်စမ်း ’’
" ဒီလိုပါ ဝန်မင်းခင်ဗျာ၊ က္ဈန်တော်တို့ ရွာ သူကြီးမင်း ကွယ်လွန်သွားတာ ခြောက်လလောက်ရှိပါပြီ၊ က္ဈန်တော်က သူကြီးအိမ်က လယ်သူရင်းငှါး နွားကျောင်းသားပါ၊ သူကြီးမရှိတော့ သူကြီးကတော်က က္ဈန်တော်မျိုးနဲ့  ယူလိုက်ပါတယ်"
" !!!!!! "
" အဲ့ဒါနဲ့  က္ဈန်တော့်မိန်းမက အရင်သူ့ ယောက်ျား လုပ်သွားတဲ့ နေရာဟောင်းကြီးကိုဘဲ ဆက်လုပ်ပါဆို လို့  ....... (I know what you're thinking. HAHA !!)
က္ဈန်တော်မျိုးကြီး သူကြီးလုပ်နေပါတယ်ဘုရား "
" ဟင်...ခွေးမသား သေပေတော့..." ကဲ..ဇါတ်ထဲမှာတော့ သူကြီးအတုကို ဝိုင်းထောင်းကြသဗျ။
xxxxxxx
ခွင့်လွှတ်လိုက်ကြပါဗျာ။ ကျုပ်တို့ သမတကြီးက အရာဟောင်းကို ဆက်လုပ်နေရတာပါ။( ဟီ..ဟိ )
xxxxxxx
ခွင့်လွှတ်လိုက်ကြပါဗျာ။ ကျုပ်တို့ သမတကြီးက အရာဟောင်းကို ဆက်လုပ်နေရတာပါ။( ဟီ..ဟိ )
-->
လူထုမကြိုက်မယ့်
(ဆန္ဒပြလာရင်လည်း အစိုးရကို မထိခိုက်လောက်တဲ့) အလုပ်မျိုးကို ရွေးလုပ်၊ အရိုးခံလူထုက
ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တော့ လူထုစကား နားထောင်တဲ့ အစိုးရအနေနဲ့ လူထုမကြိုက်တာ
မလုပ်တော့ပါဘူးဆိုပြီး OIC ကိစ္စကို ခုတုံးလုပ်၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ထုတ်လိုက်တဲ့ သမတကြီးတို့ အခုလောက်ဆို ကွယ်ရာမှာ ပြုံးပြုံးကြီး လုပ်နေပြန်ဦးမှာပေါ့လေလို့
တွေးနေမိရဲ့။
တချက်ခုတ်
နှစ်ချက်ပြတ်ဆိုတာက သမတကြီးအစိုးရအနေနဲ့ နိုင်ငံတကာအမြင်မှာ လူထုကို လွတ်လပ်စွာ
ဆန္ဒထုတ်ဖော်ခွင့်ပေးထားတယ်လို့ အမြင်ရောက်စေတဲ့ အမြတ်တခုရပြီး ဆန္ဒထုတ်ဖော်တဲ့ အရိုးခံလူထုရဲ့
အမြင်မှာတော့ ဦးသိန်းစိန်အစိုးရ ငါတို့စကား နားထောင်တယ်ဆိုတဲ့ အမှတ်ပေးမှု နောက်အမြတ်တခုကို
ရလိုက်တာပဲပေါ့။ ပြောရရင် သမတကြီ်းတို့ ၂၀၁၅ အတွက်များ ကြိုမဲဆွယ်နေသလားပေါ့လေ။
အမြတ်ထုတ်ခံလိုက်ရသူတွေကတော့ အရှိန်တက်နေဆဲမို့ အခုအထိ ခံလို့ခံရမှန်း သိချင်မှ သိကြပေဦးမယ်။
ဒီကြံ့ ဖွတ်ပါတီကို ရပ်ကွက်လူမိုက်တွေနဲ့  ဖွဲ့ ထားတော့ ကြောက်ပါရဲ့ ။
Tuesday, 9 October 2012
သင်္ကြန်တွင်း သိကြာမင်း လူ့ပြည်ဆင်းတယ်ဆိုတာ ဟုတ်နိုင်မဟုတ်နိုင် စဉ်းစားကြည့်ကြပေါ့ဗျာ။
မြန်မာနှစ်ဆန်းရက်အကြောင်း
မြန်မာနှစ်ဆန်းတစ်ရက်ဆိုတာ ကမ္ဘာက နေကို
တစ်ပတ် ပတ်မိ တဲ့ အချိန်ကိုပြောရတာဖြစ်ပါတယ်။
နေကိုတစ်ပတ်ပတ်မိပီး
မိဿရာသီအစကို ပြန်ရောက်ဖို့ 365ရက် 6နာရီ ၀န်းကျင်ကြာပါတယ်။ ဒါကြောင့်
မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ အနောက်တိုင်းပြက္ခဒိန်မှာ နှစ်စဉ် ဧပြီ 16-17
ရက်နေ့ ပတ်ဝန်းကျင် ဖြစ်ရ ပါတယ်။ အနောက်တိုင်း ပြက္ခဒိန်မှာ တစ်နှစ်ကို
365ရက်ရှိလို့ဖြစ်ပါတယ်။ ရက်ထပ်နှစ်မှာတော့ 366 ရက် ရှိပါတယ်။ 4နှစ်မှ
တစ်ကြိမ် ရက်ထပ်တာဆိုတော့ တစ်နှစ် ပျမ်းမျှ 365ရက် 6နာရီဝန်းကျင်နဲ့
သွားကိုက် ပါတယ်။
မြန်မာလတွေက ရက်မစုံ 6လ၊ ရက်စုံ 6လ
စနစ်ဖြစ်လေတော့ တစ်နှစ်မှာ 354 ရက်ပဲရှိနေပါတယ်။
အနောက်တိုင်းရက်နဲ့ဆိုရင်
11 ရက် - 12 ရက်ကွာသွားပါတယ်။
3နှစ်ကျော်လာရင်
နှစ်ဆန်းတစ်ရက်နေ့ဟာ တန်ခူးလဆန်း ၁ ရက်နေ့မှာ တစ်ကြိမ်တစ်ခါက
ကျရောက် ခဲ့ သော်လည်း နောက်နှစ်တွေမှာ တန်ခူးလဆန်း ၁၂ ရက်ဖြစ်လိုက်၊
တန်ခူးလဆုတ် ၉ ရက်ဖြစ်လိုက်နဲ့ ကျ ချင်သလိုကျနေတာဖြစ်ပါတယ်။
Solar
Year (နေ အခြေခံနှစ်) နဲ့ Lunar Year (လအခြေခံနှစ်) ကွာခြားချက်ကြောင့်
ဖြစ်ရတာပါ။
အတာအိုး
အတာအိုးဆိုတာ
သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်.
အဲ့ဒီအချိန်မှာ
သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု
တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ
အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့
- ခရေ ၁ ညွန်ု့
- သီး ၁ ညွန့်
- အုန်း ၁ ညွန့်
- ထန်း ၁ ညွန့်
- မာလကာ ၁ ညွန့်
- တမာ နည်းနည်း
- မြေဇာ နည်းနည်း
စသည်ဖြင့် နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ
ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး
အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊
ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ "အတာအိုး" နဲ့
"အတာပန်း" ကနေ "ပရိတ်အိုး" နဲ့ "ပရိတ်ပန်း" အဖြစ် အသွင်ကူးပြောင်းပီး
မိမ်တို့အိမ် ပတ်ပတ်လည်မှာ "ပရိတ်ပန်း" "ပရိတ်သဲ" တွေနဲ့ ကာရံပီး
အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။
မြန်မာရိုးရာ အယူအဆပါ။
ချစ်စရာကောင်းပါတယ်။
ဒီဆောင်းပါးလေးမှာ
ပြောချင်တာက သင်္ကြန်ကာလမှာ သိကြားမင်း လူ့ပြည်ကို ဆင်း/မဆင်း ဆိုတဲ့ ကိစ္စလေးပါ။ လူတော်တော်များများ
သင်္ကြန်တွင်းမှာ သိကြားမင်း လူ့ပြည်ကို ဆင်းပြီး “ခွေးသားရေပုရပိုဒ် ” နဲ့ မကောင်းမှု
ကျူးလွန်သူတွေကို မှတ်တမ်းတင်လေ့ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ တကယ် ဟုတ်ပါရဲ့လား။
သင်္ကြန်စာ
လည်ရောင်းတဲ့သူတွေကလည်း “ဒီနှစ်မှာ သိကြားမင်း ကျွဲစီးဆင်းမယ်” “ဘီလူးစီး ဆင်းမယ်”
စသည်ဖြင့် အောင်ဟစ်ရောင်းချ ကြလေ့ရှိပါတယ်။ ကာတွန်းတွေထဲမှာလည်း သိကြားမင်းလူ့ပြည်ဆင်းတဲ့
ဟာသကာတွန်းတွေကို အမြဲလို တွေ့နေကြတော့ တကယ်ဘဲ သိကြားမင်းလူ့ပြည်ဆင်းသလားပေါ့။ ထင်ကြမှာဘဲလေ။
သာမန်လူတွေကတော့
ထားပါတော့လေ။ မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံးလို့ ဆိုလောက်တဲ့ ဗေဒင်ပညာရှင်တစ်ဦးက
အင်တာဗျုး တစ်ခုမှာ ဒီလိုပြောထားသဗျ။
“အခုနှစ်သင်္ကြန်စာမှာ
သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက်လက်တဘက်က ပန်းကိုင်ပြီး
ဆင်း လာမယ်” လို့ ရေးထားသဗျ။ “ထူးထွေသည့် အံ့ရာသော်” လို့သာဆို ချင်တော့တာပါဘဲဗျာ။
တကယ်တော့
သင်္ကြန်စာထဲမှာပါတဲ့ “အချွန်အတက်တွေပါတဲ့ ဦးထုပ်ကြီးဆောင်းထားပြီး နတ်ဝတ် တန်းဆာတွေ
ဆင်ယင်ထားသူ ပုဂ္ဂိုလ်ဟာ “သိကြာမင်း” မဟုတ်ပါဘူး။ “တနင်္ဂနွေဂြိုဟ်မင်း”သာ ဖြစ်ပါတယ်။
တနင်္ဂနွေဂြိုဟ်မင်းဆိုတာ တခြားဟုတ်ပါရိုးလားဗျာ။ “ဘာဏုရာဇာ” လို့ခေါ်တဲ့ “နေမင်းကြီး”
ပါဘဲ။
ရှေးခေတ်
နက္ခတ်ပညာရှင်တွေဟာ “တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ . . အစရှိတဲ့ ကောင်းကင်ကဂြိုဟ်တွေဟာ “နတ်ဒေ၀တာတွေ”
လည်း ဖြစ်တယ်လို့ ယူဆခဲ့ဖူးတာမို့ ယနေ့ခေတ်ထိအောင် ဒီအယူအဆရဲ့ အငွေ့အသက်အဖြစ် ကျန်ရစ်
နေပါသေးတယ်။ ဒါကြောင့်မို့ နေမင်းကြီး ကို နတ်တစ်ပါးအသွင် ဆောင်ယူကာ သင်္ကြန်စာထဲမှာ
သရုပ်ဖေါ်ထားတာ
ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ မသိတာ ထားပါ။
ဗေဒင်ပညာရှင်တစ်ယောက်ကတော့
ဒါကို သိသင့်တယ် လို့ ထင်ပါတယ်။
တနင်္ဂနွေဂြိုဟ်မင်းဟာ
နှစ်စဉ် ဧပြီလ (၁၆)ရက်ဝန်းကျင်မှာ “မိန်ရာသီ” ကနေ “မိဿရာသီ” ကို ကူးပြောင်းရောက်ရှိ
ပါတယ်။ အဲဒီနေ့ဟာ မြန်မာသင်္ကြန်အတက်နေ့ ဖြစ်ပါတယ်။ ဒီလို တနင်္ဂနွေဂြိုဟ် မင်းကြီးဟာတစ်ရာသီကနေ
တစ်ရာသီကို ကူးပြောင်း ရောက်ရှိ သွားတာ(တက်သွားတာကိုဘဲ) သိကြားမင်းကြီး ကောင်းကင်ပေါ်ပြန်တက်သွားတယ်
လုပ်ကြပြန် ပါလေရော။
အဲဒီနေ့
အတက်နေ့ကိုဘဲ “အတာ,စားတယ်” ဆိုပြီး အတာအိုးထိုးကြတဲ့ ဓလေ့ ကလည်း ဘယ်ခေတ်ဘယ်အခါက ပေါ်လာတယ်
မပြောတတ်ပါဘူး။ အတာစားတဲ့ နေ့သား (ယခုနှစ်ဆိုလျှင် သောကြာသား) ကျန်းမာရေး မကောင်းတတ်ဘူး၊
ကံညံ့တယ်လို့ ယူဆကြတာကိုလည်းကျွန်တော်လက်တွေ့ လေ့လာကြည့်တော့လည်း သိပ်မမှန်လှပါဘူး။
တိုက်ဆိုင်တာလေးတွေရှိတတ် ပေမယ့် အဓိကက လူတစ်ဦးခြင်းရဲ့ ကံဇာတာနဲ့ဘဲ ပိုဆိုင်ပါတယ်။
ဒီလို
ကာလရှည်ကြာစွာ အမှတ်မှားလာခဲ့ကြတော့ နောက်ဆုံး ဒါကဘဲ အမှန်တရားလို ဖြစ်လာပါတယ်။ ပြောရရင်တော့
သိကြားမင်း ဘဲဖြစ်ဖြစ်၊ တနင်္ဂနွေဂြိုဟ်မင်းဘဲ ဖြစ်ဖြစ် သိပ်တော့လည်းမရေးမကြီးလှပါဘူး။
သူ့ဟာသူ ဘာကြီးဘဲ ဆင်းဆင်း ကိုယ်နဲ့ အနေသာကြီးပါ။
ဒါပေမယ့်
အမှန်တရားလေးကို သိစေချင်တဲ့ ဆန္ဒလေးပါဘဲ။
နောက်တစ်ခုက
ဗုဒ္ဓဘာသာကျမ်းစာတွေအရ လူ့ပြည် နဲ့ နတ်ပြည် အချိန်ကာလ ကွာခြားမှု အလွန်ကြီးမားပါတယ်။
နတ်ပြည် (၆)ထပ်ရဲ့ အောက်ဆုံးဘုံဖြစ်တဲ့ “စတုမဟာရာဇ်”ဘုံမှာတောင်မှ သူတို့တစ်ရက်ကလူ့ပြည်အနှစ်(၅၀)နဲ့
ညီမျှတယ်တဲ့။ တာဝတိံသာ ဆိုရင်တော့မပြောနဲ့တော့။
ဒီတော့
လူ့ပြည့်မှာ သင်္ကြန်အကျနေ့ကနေ အတက်နေ့အထိ (၃-၄)ရက်ကာလလေးမှာ တစ်နှစ်တစ်ခါ လူ့ပြည်ကို
ဆင်းနေရရင် သိကြားမင်းခမျာ လူ့ပြည်က ပြန်တက်သွားလိုက် ၊ တအောင့်လောက်နေတော့တစ်နှစ်
ပြည့်သွားလို့ ပြန်ဆင်း လာလိုက် နဲ့ “ပလ္လင်ပေါ်က မျောက်ကလေး၊ ဆင်းတက်လို့ပြေး၊ ဂျာအေး”
ဆိုတာလိုဖြစ်နေမယ်ထင်ပါတယ်။
သိကြားမင်းကြီးခမြာ အခုတက်လိုက်/အခုဆင်းလိုက်-
အခုတက်လိုက်/အခုဆင်းလိုက်နဲ့
သူ့ရဲ့ စည်းစိမ်ကိုတောင်မှ မခံစားရဘဲ လူ့ပြည်နဲ့ နတ်ပြည်ကြားမှာ “ဂျာအေးသူ့အမေရိုက်”
ဖြစ်နေမှာကို မြင်ယောင်မိပါသေးသဗျာ။
ဒီတော့
သင်္ကြန်တွင်း သိကြာမင်း လူ့ပြည်ဆင်းတယ်ဆိုတာ ဟုတ်နိုင်မဟုတ်နိုင် စဉ်းစားကြည့်ကြပေါ့ဗျာ။
ရေပက်ခံကား တစ်စီးစီး ပေါ်မှာများ သိကြားမင်းကြီး “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့
–
သီချင်းဆိုပြီး
“ကဲ” နေတာကို
မျက်ဝါးထင်ထင်တွေ့တဲ့လူများ
ရှိကြရင် ကျွန်တော့်ဆီ အကြောင်းကြားကြပါဦး။
.
နှစ်ဟောင်းကုန်
နှစ်သစ်ကူးချိန်မှာ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပြူ-ဗေဒသုခုမ)http://forum.mmitd.com/profiles/blogs/2257474:BlogPost:569521