Wednesday, 1 February 2012

ငမဲဖင် ငနီရက်(လျှက်)၊ မြည်သံတဗွက်ဗွက်….တဲ့။

 

မဂ္ဂဇင်းတစ်စောင်ထဲမှ ဗေဒင်ကဏ္ဍထဲတွင်ဖတ်လိုက်ရသည်။
‘ယခုလအတွင်း သင်စန်းပွင့်၍ သင့်ကိုလူအများစိတ်ဝင်စားလိမ့်မည်။
ပိုပြီးစိတ်ဝင်စားစေရန် မိုးပေါ်သို့  မော့ပြီး ထွီ…ထွီ…..ထွီ……’ဟု တံတွေးသုံးခါထွေးပါလေဟု ဆို၏။
ထို့ ကြောင့်.....


သုတေသီဘုန်းမြင့်သွေး၏(ဘ၀တန်ဖိုး အမှန်တိုးအောင် )      မှထုတ်နှုတ်မှတ်သားထားပါသည်။  

အချို့သောသူများ၌ ဥစ္စာရှိ၏။  အဆောင်အယောင်ရှိ၏။ အတတ်ပညာကျွမ်းကျင်၏။               
သို့သော်အနေအထိုင်မတတ်၊ ထို့ ကြောင့် လူရာမ၀င်သလိုဖြစ်နေသည် ။

အချို့သောမိန်းကလေးများ ရုပ်ရည်လှပ၏။  
သို့သော်အနေအထိုင်မတတ်၊ ထို့ ကြောင့် လူအထင်အမြင်အသေးခံရသည်။    
                     
ထိုကဲ့သို့ တန်ဖိုးမဲ့သော ၊ လူအထင်သေးခံရသော ဘဝသို့ မရောက်ရန် အောက်ပါကြမ်း ၉-ကြမ်းကို ၊
အစဉ်သတိပြုရှောင်ကျဉ်ရမည်ဖြစ်သည်။ မှတ်လော့ ..... .       
   
၁. ပလုတ်ပလောင်း ပါးဖြဲနားဖြဲနားဖြဲ စားသော အစားကြမ်း ၊  
၂. ဒူးထောင်ပေါင်ကားအိပ်သော အအိပ်ကြမ်း၊      
၃. ခြေနင်းပြင်း၍ ဟိုယိုင်သည်ယိုင်သွားသော အသွားကြမ်း၊      
၎. ပေပေရေရေထိုင်သော အထိုင်ကြမ်း၊    
၅. လက်ခုပ်လက်ဝါးတီး၍ အော်ကျယ်ဟစ်ကျယ် ရယ်သော အရယ်ကြမ်း၊       
၆. အရိုအသေမထားသော ကိုယ်ကြမ်း             
၇. ဆဲရေးတိုင်းထွာပြောသော နှုတ်ကြမ်း          
၈. အမှုနှင့်မလိုက်အောင် ရိုက်နှက်ဆုံးမသော အဆုံးအမကြမ်း၊              
၉. ထစ်ခနဲ့ရှိလျှင် စိတ်လိုက်မာန်ပါ သူတစ်ပါးအားမကောင်းကြံတတ်သာ      စိတ်ကြမ်း။       


မှတ်ချက်။    ။မည်သူ့ ကိုမျှမရည်ရွယ်ပါ။ လက်အား၍ ကူးရေးထားခြင်းဖြစ်ပါသည်။   
                 ငမဲဖင် ငနီရက်(လျက်)၊ မြည်သံတဗွက်ဗွက်….တဲ့။ အဲဒါဘာလဲ။  သိလား။

ငမဲဖင်ဆိုတာ    ထမင်းအိုးဖင်ပေါ့။
ငနီဆိုတာကတော့ ရှင်းပါတယ်  ထင်းမီးတောက်လေ။
ထင်းမီးတောက်ပေါ် ထမင်းအိုးတင်မိရင်တော့‘ တဗွက်ဗွက် ’ဆူတဲ့အသံကိုကြားရလိမ့်မယ်။

ဟုတ်ကဲ့...ငမဲဖင် ငနီလျှက်လို့  အသံထွက်လာတာ ဘာဆန်းသလဲဗျာ။



                  

              
              

No comments:

Post a Comment