ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday, 27 February 2012

‘‘ဟယ်...အတက်ကလေးနဲ့ တော့ ’’ တဲ့ဗျာ။

တရားအပေါင်းကို အကြွင်းမရှိ သိမြင်တော်မူတဲ့ သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူတဲ့
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့  ဆွေမျိုးတော် သာကီဝင်မင်းသားတို့ ဟာ အလွန်မာနကြီးကြသတဲ့။
ခမည်းတော် မင်းကြီးထံ ရှင်တော်ဗုဒ္ဓကြွလာတော့ ရှိမခိုးကြဘူး။
ဒါကို ရှင်တော်ဗုဒ္ဓကသိမြင်တော်မူတော့  ကောင်းကင်မှနေပြီး ကိုယ်တော်မှ ရေအစုံ၊ မီးအစုံနှင့်
ရောင်ခြည်တော်ခြောက်သွယ်လွှတ်ပြီိးပြတော်မူတယ်။သာကီဝင်မင်းသားများဟာဗုဒ္ဓရဲ့  တန်ခိုးပြာဋ္ဋိကာကို
တွေ့ မြင်ကြရတော့မှ ကြည်ညိုလာကြပြီး လက်အုပ်ချီပြီးကန်တော့ကြတယ်။
နန်းသူနန်းသားများကလည်း ကန်တော့ပူဇော်ကြတယ်တဲ့။

ကျနော်ငယ်စဉ်ကတည်းက ဖတ်မှတ်ဖူးတဲ့
ဗုဒ္ဓဝင်ရုပ်စုံ(The Buddha displayed supernatural powers) အခန်းက စာပိုဒ်လေးပါ။
ရှောက်တလွဲ တွေးတယ်ပဲပြောပြော ဘုရားရှင်တောင်လိုအပ်လာရင် ပါဝါထုတ်သုံးပြရတယ်ဆိုတာပါပဲ။
ဒါကြောင့် ကျနော်ဟာ လုပ်ငန်းခွင်ထဲမှာဖြစ်စေ၊ ဆက်ဆံရေးနယ်ပယ်မှာဖြစ်စေ နဂါးမှန်းသိအောင်
အမောက်ထောင်ပြဖို့ ဝန်မလေးခဲ့ပါဘူး။
ဘာဖြစ်လို့ လည်းဆိုတော့ စိတ်အနှောက်အယှက်ဆိုတာကို စိန်ခေါ်မှုလို့  သဘောထားလိုက်မယ်ဆိုရင်
ကိုယ့်စိတ်ထဲမှာအားတက်လာပြီး တန်ပြန်ချင်စိတ်နဲ့  ကြိုးစားချင်စိတ်ကို          ဖြစ်လာစေနိုင်တာမို့ ပါပဲ။

အဲဒီိမှာ...ကိုယ်က နဂါးဖြစ်အောင်မလုပ်ပဲ၊ တီကောင်ဘဝလေးနဲ့  အမောက်ထောင်ပြမယ်ဆိုရင်တော့
ဖိနပ်နဲ့ အနင်းခံရဖို့ ကတော့ ၉၀%။ တကယ်ပြောတာ။ မယုံမရှိနဲ့ ။ လက်တွေ့ ။
ကျနော်ကျောင်းသားဘဝတုန်းက ကျနော်တို့ သူငယ်ချင်းတွေပေါ့ အလှပြင်ဆိုင်မှာ ဆံပင်သွားညှပ်ရော။
ဒီကောင်က ရုပ်ကလေးကလည်းဖြောင့်တော့ ဆံပင်ညှပ်ပေးတဲ့ မာမီကြီးက ပွတ်သီးပွတ်သတ် လုပ်ပါလေရော။ ပထမတော့ ဒီငတ သီးခံပါသေးတယ်။ လူသိမှာလည်းစိုးတာကိုး။ သိပ်မကြာဘူး။ ဝုန်း ..ဆိုထ။ လာ  လိုက်ခဲ့ ဆိုပြီး မာမီကြီးလက်ကိုဆွဲပြီး ခေါင်းလျှော်တဲ့ အခန်းထဲခေါ်သွားရော။
ခဏပဲကြာတယ် မာမီကြီးရဲ့ အော်သံကြားရတော့တာပဲ.............
‘‘ဟယ်...အတက်ကလေးနဲ့ တော့ ’’ တဲ့ဗျာ။
ငတလည်း မှုံနေအောင်ပြန်ပြေးတာ အဆောင်ရောက်တဲ့ထိပဲ။ ကျနော်တို့ လည်း အဆောင်ပြန်ရောက်မှ ဒီကောင့်ကို အင်တာဗျူးကြည့်တော့......
‘‘ ငါလည်းကွာ ဒေါသထွက်လာတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တာ’’ တဲ့။

ပြောပြီးပါပကောလား...
ကိုယ့်ကိုယ်ကို အရင်သုံးသပ်ပါ။ နဂါးတော့ဖြစ်ပါရဲ့  ကိုယ့်အမောက်အင်္ဂါစုံပြီလား...လို့ ။ အမောက်ငုတ်စိလေးနဲ့  သွားထောင်ပြလို့ ကတော့ ရုပ်ရည်ကလေးသနားကမားနဲ့  ‘မောင်အတက်ကလေး’နာမည်တွင်ပြီး လူရယ်စရာပဲ အဖတ်တင်ကျန်ရစ်တော့မပေါ့။





No comments:

Post a Comment