Monday, 9 April 2012
အတိုကြိုက်တဲ့ မမ (တိုလေ ကြိုက်လေဘဲ ဟီး..ဟီးး)
facebook မှ မူရင်းအတိုင်းကူးယူဖော်ပြပါသည်။
တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ် လို့ ခံရ တာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်း ပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။
ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်)
နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။
တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လို သုံးရ မှန်း ကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။
ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တဲ့ တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ် လဲတော့ မသိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။
ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ၀တ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ
မ၀တ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။။
__________________________________________________________________________
တော်သေးတာပေါ့.....ကိုရွှေကုလားက
ဘိုကေမှာ သန်းရှာမသွားလို့ လေ။ ဟီဟိ။
Labels:
အထွေထွေ ဗဟုသုတ
Subscribe to:
Post Comments (Atom)
ကျနော်တို့ လယ် စိုက်တုန်းကပေါ့….
ReplyDeleteသူတို့ စိုက်ရမဲ့ လယ်ကွက်က တစ်ဖက်နိမ့်မြင့် ဖြစ်နေတယ်။ ကောက်စိုက်သူတို့  လူတန်းကြတော့ အရပ်ရှည်တဲ့ ကောက်စိုက်သမကို နိမ့်တဲ့ဘက်ကနေဖို့  ခေါင်သူကြီးက ပြောနေသံကို ကြားရ တယ်။
ပျိုးထုံးတွေကို တအုန်းအုန်းချလိုက် ကောက်ပင်တွေကိုတစွတ်စွတ်စိုက်လိုက်နဲ့  လုပ်ကိုင်နေရင်း သူတို့ ဘာသာဓလေ့အရ ရယ်စရာတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုကြလေရဲ့ ။
တစ်ခါမှာတော့ ခေါင်သူကြီးက အနိမ့်ပိုင်းမှာနေရတဲ့ကောက်စိုက်သမကို နိမ့်တဲ့ဘက်ကို ပိုတိုးခိုင်းတဲ့အခါ တိုးပေးရမဲ့သူက ပြန်ပြောလိုက်တဲ့စကားကို ကြားလိုက်ရတော့ ကျတော့်မှာ ကိုယ့်ခေါင်းကိုယ်ကုပ်ပြီး ရယ်ရအခက်၊ ငိုရအခက်ကြီးပေါ့ အရပ်ကတို့ ရေ။
“ခေါင်သူကြီးရယ် ခုဟိုဘက်မတိုးခင်တောင် ရေကပေါင်လောက်ရောက်နေပြီ၊ ဒီထက်တိုးရရင်တော့ ကျမ ဘိုကေ ရေစိုကုန်တော့မှာပေါ့” ဟူသတဲ့ ;D ;D ;D
ဇွဏဲီ(ဝက်လက်)