ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Tuesday 26 June 2012

ထိုးထားတဲ့ တက်တူးတွေ အကြောင်းပြောတဲ့ သင်ဇာဝင့်ကျော် (အသက် ၁၈နှစ်အောက် မဖတ်ရ။)

အသက် ၁၈နှစ်အောက် မဖတ်သင့်ပါ။ မုန့် လုံးရေပ်ါစားချင်ရင် ဒီကိုလာ။
ပေါက်ဆီစားချင်ရင်တော့.........ဟီဟိ....။





သင်ဇာဝင့်ကျော်က ပြင်ဦးလွင်မှာ ဗီဒီယို ၄ ကားရိုက်ဖို့ ရောက်နေပါတယ်။ အဲဒီဇာတ်ကားမှာ သူ့ရဲ့      ကာရိုက်တာမဆန်းပေမယ့် ဇာတ်လမ်းတွေ ကတော့ ဆန်းပါတယ် လို့ပြောပါတယ်။ သင်ဇာဝင့်ကျော် က ပြင်ဦးလွင် မလာခင်မှာ “တက်တူး” ဆိုတဲ့ဗီဒီယို ဇာတ်ကားကို နေမင်း၊ ခင်လှိုင်တို့နဲ့ ရိုက်ကူးခဲ့ပြီး အဲဒီကားမှာတော့ သူထိုးထားတဲ့ တက်တူးတွေတော့ ရှိုးမပြ ခဲ့ရပါဘူးလို့ ပြောပါတယ်။ သင်ဇာဝင့်ကျော်က ငယ်ငယ်ကတည်းက တက်တူးထိုးတာဝါသနာပါပြီးငယ်ငယ်ကတည်းက စတစ်ကာတက်တူးရုပ် လေးတွေကပ် ဖြစ်ခဲ့ပြီး ....

အရွယ်ရောက် လာတဲ့အခါမှာတော့ အိမ်က မသိအောင် တက်တူးခိုးထိုး ခဲ့ပြီး သူတစ်သက် လုံးကြိုက်မယ့် ပုံကိုရွေးပြီးစထိုးခဲ့တာလို့ ပြောပါ တယ်။

သူတက်တူး ထိုးတဲ့အချိန်မှာ ကနုတ်တွေခေတ်စားနေပြီး သူများနဲ့ မတူချင်တာကြောင့် ကက်တလောက်ထဲကပုံ မထိုးဖြစ် ဘဲ သူ့စိတ်ကူးနဲ့ တက်တူးဆရာ စိတ်ကူးပေါင်းပြီး အသည်းပုံကို ကနုတ်နဲ့ထိုးခဲ့တာလို့ ပြောပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်ဆီမှာ တက် တူး ၃ ခုရှိပြီး နောက်ထပ်လည်း ထပ်ထိုးဖို့ စိတ်ကူးရှိ တယ်လို့ပြောတဲ့ သင်ဇာက ပြင်ဦးလွင်မှာရိုက်ရင်း မန္တလေးတက်ပြီး တက်တူးထိုးဖို့စီစဉ်ပေမယ့် မန္တလေး မှာရာသီဥတုပူတာနဲ့ တက်တူးဆရာနဲ့ချိန်းမရတာ တွေကြောင့် မထိုးဖြစ်ဘူးလို့ပြောပါတယ်။ သင်ဇာဝင့် ကျော်က ဖျော်ဖြေရေးတွေသွားရတာထက် ဇာတ်ကား တွေရိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရ တာပိုပျော် တယ်လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က ပြင်ဦးလွင် က ညဘက်ပျင်းဖို့ကောင်းပေမယ့်ရာသီဥတုက နေလို့ ကောင်းပြီး ရန်ကုန်လို ဘား၊ ကဖေး၊ ဘာဘီကျုနဲ့ ကလပ်တွေသာရှိရင် ပျော်စရာ ဖြစ်မှာလို့ပြောပါတယ်။

 မင်းသမီးဖြစ်ရတာ ဒုက္ခကြီးတယ်လို့ပြောတဲ့ သင်ဇာက အနေအထိုင်၊ အသွားအလာ၊ အစားကအစ သူ့ အနေနဲ့ သာမန်လူတစ်ယောက်လိုပဲ နေထိုင်သွား လာတာကြောင့် ကော လာဟလမျိုးစုံ ထွက်ပြီး နောက်ပိုင်းလည်း ထွက် နေဦးမှာပဲလို့ ပြောပြခဲ့ ပါတယ်။ လတ်တလောမှာ ၁၅ဝဝ အချစ်မရှိဘဲ ၅၂၈ ဖြစ်တဲ့ မိသားစု နဲ့ သူငယ်ချင်းတွေ ကို ချစ်တဲ့အချစ်ပဲ ရှိတယ်လို့ သင်ဇာ ကပြောပြခဲ့ပါတယ်။


နေကွန်းထင်-ပေါ်ပြူလာဂျာနယ်





MGNAYBALA  :  1 comment  
တက်တူးထိုးတဲ့နေရာကို စိတ်ဝင်စားလိုက်တာ..အိမ်ကမသိအောင်ထိုးတယ်ဆိုတော့ဘယ်နေရာမှာလဲဟင်
ဟီဟီ .. တွေးရင်းနဲ့တောင် ငိငိငိ ........................


Ygnwind  :  1 comment
ပြင်ဦးလွင်မှာ ဘား၊ ကလပ်မရှိလို့ပျော်စရာမကောင်းဘူးဆို.....မြန်မာအမျိုးသမီးတစ်ယောက်ပျော်ရမဲ့ နေရာက ကလပ် တဲ့လားဗျာ။....မိန်းမငယ်လေးတွေ လမ်းမှားရောက်အောင်လုပ်နေတဲ့ .......

မိုးသခင: 1 comment
မိန်းကလေးတစ်ယောက်တက်တူးထိုးတာလောက်ကိုဒီလောက်ထိမပြောသင်.ပါဘူးဒါကသူ.သါသနာအ၇ပါဘဲသူ.လွတ်လပ်ခွင်.နဲ.သူဘယ်သူမှပိတ်ပင်ခွင်.မ၇ှိဘူး။ ဒါတမင်သက်သက် မျက်နှာကိုအုပ်ပြီး ပြောနေကြတာ

ချီးဒုတ်: 1 reply




Handsomeprince2008 : 1  comment
၃-ခုထဲလား? ။ ကြိုးစားဦး။ အကူအညီလိုလဲပြော။ အားနာနဲ့ ။ အဲ...အားမနာနဲ့ ။
မိန်းခလေးပဲ ကိစ္စမရှိဘူး။အစ်ကိုတို့  ယောက်ျားလေးတွေသာ အုမကွဲ၊ သိုက်မပျက် ဖြစ်ဖို့ အရေးကြီးတာ။



fighter  :  1 comment
ဒါမျိုးကြီးမှ အားရတာ....။ ဟုတ်ပါလေ့ကွယ်။ စပျစ်သီးချဉ်တယ်လို့ ပြောနေကြတာ။ အဘတို့ ကတော့ လ္ဘက်ထက်တောင် ကြိုက်.....
အနိစ္စ၊ ဒုက္ခ၊ အနတ္တ...အနိစ္စ၊ ဒုက္ခ၊ အနတ္တ.....အနိစ္စ၊ ဒုက္ခ၊ အနတ္တ.......အနိစ္စ၊ ဒုက္ခ၊ အနတ္တ...အနိစ္စ၊ ဒုက္ခ၊ အနတ္တ...


သတင်းဖတ်ရင်းနဲ့  တွေ့ လို့ မှတ်ထားတာ။ ဘာရယ်လို့ တော့ ဟုတ်ပါဘူး။
သြော်...သူ့ ခမျာလည်း မင်းသမီးဖြစ်လို့  ရတက်ပွေနေရရှာတယ်ဆိုပဲ။
(ရတက်ဖြစ်ပါသည်။ ခုနှစ်တက် မဟုတ်ပါ။ ရကောက်ကိုရေးလျှင် ဝတ်ဆံပါရပါသည်။ ဂဏန်း(၇)ကို ရေးလျှင် ဝတ်ဆံမပါရပါ။ ထိုသို့ မဟုတ် လျှင် အဓိပ္ပါယ်လွဲချော်သွားနိုင်ပါသည်။)

‘ရှင် ကျမကို ရိတိတိ မလုပ်နဲ့  ဟူသောစကားက..’
‘ရှင်ကျမကို ခုနစ်ကျပ်တိတိ မလုပ်နဲ့ ’ ဟူသောစကားအဓိပ္ပါယ် ရောက်သွားနိုင်ပါသည်။ သူက တစ်ဆယ် ထုတ်ပေးလျှင် ခက်နေလိမ့်မည်။
ဆက်ဖတ်ရန် >>>

Friday 22 June 2012

ကိချင်းကိယင် ကျုပ်ကိုပဲကိပါလားတော့်။

လူတို့သည် ဘာသာအယူဝါဒများကို ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
 ..အဓိကမှာတော့..ဆင်းရဲငြိမ်းချင်၍ ဖြစ်၏။
 ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ မဖြစ်ချင်ဘဲ.ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်ချင်သောကြောင့် ဖြစ်၏။
ဗုဒ္ဓဘာသာတို့၏ တရားအားထုတ်ခြင်း ရည်ရွယ်ချက်မှာ ကိလေသာအမျိုးမျိုးတို့ကို ပယ်ပစ်ဖို့ပင်ဖြစ်၏။ ကိလေသာ အမျိုးဖြုတ်ဖို့ရန်ဖြစ်၏။ ကိလေသာ အမျိုးဖြုတ်ခြင်းလုပ်ငန်းသည်ပင် စိတ်ကို သန့်ရှင်းအောင် ပြုလုပ်ခြင်းဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ်ဓါတ်ထူပြောခြင်းတို့ သည် ကျွန်ုပ်တို့ ၏စိတ်ကိုညစ်နွမ်းစေ၍ အသက်ကိုတိုစေ၏။ ရုပ်ရည်ကိုရင့်စေ၏။

ဒုက္ခတွင် စိတ်ဆင်းရဲသောဒုက္ခ၊ ကိုယ်ဆင်းရဲသောဒုက္ခဟူ၍နှစ်မျိုးရှိသည့်အနက် စိတ်ဆင်းရဲခြင်းသည် ပိုမိုဆိုးဝါးလေသည်။ လူတို့ တွင် ပျော်ရွှင်စွာနေထိုင်တတ်ရုံသာမဟုတ်။ လောကဓံ၏ဝှေ့ ရမ်းခြင်းကို ခုခံရန် ကြံ့ ခိုင်သောစိတ်ဓါတ်လည်း ရှိဖို့ ရန် လိုပေသည်။

တစ်ဦးကမေတ္တာ၊ တစ်ဦးကကုသိုလ်၊ အဲဒီတော့....
(ဟီဟိ..ဆရာလုပ်ချင်တာနဲ့  လူရွှင်တော်တွေနဲ့  ရောကုန်ပြီ)
 
စိတ်ကို ပူလောင်အောင် မသက်သာအောင် ဖြစ်စေသော အရာများသည် စေတသိက်ဆိုးများပင် ဖြစ်၏။
 
စေတသိက်ဆိုသည်မှာ..စိတ်ကို ခြယ်လှယ်သောသဘောရှိ၏။
 စိတ်ဆိုသည်မှာတော့ အာရုံကို သိရုံသာ သိတဲ့သဘော ရှိ၏။ အကောင်း အဆိုး မကွဲပြားသေးပေ။
 စေတသိက်ဆိုးတွေ ခြယ်လှယ်သောအခါ စိတ်ဆိုးရယ်လို့ ဖြစ်လာတော့၏။

လိုချင်သော လောဘ.. လိုချင်မှုလေးဖြစ်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။



 ကြမ်းတမ်းသော ဒေါသ.. တယောက်ယောက်အပေါ်မှာ မကျေနပ် မုန်းတီးလိုက်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။

 (အမှန်ကို အမှားဟုထင်သည်၊ ဟုတ်တာကို မဟုတ်ဟုထင်သည်.အကောင်းကို အဆိုးဟုထင်သည်) မဟုတ်တာတွေသိ၊ ဟုတ်တာတွေကိုမသိတတ်တဲ့ မောဟ ..တို့သည် စေတသိက်ဆိုးများပင် ဖြစ်ကြ၏။
စိတ်ကို ဆင်းရဲစေတတ်သော အရာများပင်ဖြစ်၏။

ထို့ကြောင့်
 လောဘ ဒေါသ မောဟ တို့သည် ဆင်းရဲစေတဲ့စိတ်(စေတသိက်) ၊နှိပ်စက်တဲ့စိတ်(စေတသိက်) တို့ဖြစ်၏။

ကိလေသာတွေ ရှိနေသမျှ စိတ်ဆင်းရဲနေမယ၊် စိတ်ပူလောင်နေမည်..။
 စိတ်ဆင်းရဲတော့ ကိုယ်ပါ ဆင်းရဲတော့၏။


ကိလေသာ နည်းနည်းဖြစ်လျှင် နည်းနည်းဆင်းရဲ၏..များများဖြစ်လျှင် များများကြီးဆင်းရဲရပေလိမ့်မည်။

သီလစောင့်ခြင်း သမာဓိတည်အောင် အားထုတ်ခြင်း ၀ိပဿနာရှုမှတ်ခြင်း တို့သည်..ထိုကိလေသာ သုံးရပ်ကို ပယ်ဖျောက်ဖို့ဖြစ်ပါသည်။
စိတ်သန့်ရှင်းသူဖြစ်ပါမှလည်း အမှန်တကယ် အောင်နိုင်သူဖြစ်လေသည်။
 စိတ်သန့်ရှင်းအောင် ရည်ရွယ်သော နည်းလမ်းသည်ပင် ဓမ္မ ဖြစ်ပေသည်။
 ထို့ကဲသို့သော ဓမ္မကို ညွှန်ပြပေးနိုင်သောသူမှာလည်း မြတ်ဗုဒ္ဓပင် ဖြစ်လေသည်။

အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်ဘုရားကြီး)






ဆက်ဖတ်ရန် >>>

Thursday 14 June 2012

ခံသင့်မှ ခံရာသည်။

သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ..

လူမိုက်အားပေး ဆောင်ပုဒ်ဖြစ်ပါသည်..
တစ်နည်းအားဖြင့်... သင်ဆိုးလျှင် ကျွန်ုပ်လည်းဆိုးမည်ဟူသော.. အဓိပ္ပါယ်ရပါသည်။
အဆိုး သံသရာလည်မည့် ခံယူချက်ပင်..
ကျွန်ုပ်၏ ခံယူချက်မှာ..သင်ကောင်းကောင်း.. မကောင်းကောင်း.. ကျွန်ုပ်ကောင်းပါမည်။
သင်ဆိုးလည်း.. ကျွန်ုပ်ကောင်းနေပါမည်။
ကျွန်ုပ်ကောင်းပါလျှက်.. သင်ဆိုးနေလျှင်.. ကျွန်ုပ်တကယ်မကောင်းသေးခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ကျွန်ုပ် တကယ်ကောင်းနေပါလျှက် သင် ဆက်ဆိုးနေလျှင် သင်နှင့် ဝေးရာသို့ ရှောင်ခွာနေပါမည်။
သင်၏ဆိုးခြင်းသည်.. သင်ပိုင်ဆိုင်သော.. သင်နှင့်သာဆိုင်သော အရာတည်း..။
ကျွန်ုပ်ထံ ကူးစက်လာမည်ကို မလိုလားပါ..မည်သည့်အတွက်မှ.. ကျွန်ုပ်၏စိတ်ကို မကောင်းမှုများဖြင့်.. ညစ်နွမ်းမခံနိုင်ပါ..။

နည်းမှန်လမ်းမှန် အားနာသင့်ကြသည်။

တစ်ဦးတစ်ယောက်အတွက် 'ဓါတ်စာ'ဟာ၊တစ်ဦးတစ်ယောက်အတွက်တော့'အဆိပ်' လည်းဖြစ်နိုင်ပါတယ်။
‘‘ဟယ်လို...ကြော်ငြာဋ္ဌာနပါလားခင်ဗျာ’’
‘‘ဟုတ်ပါတယ် ဘာများဆောင်ရွက်ပေးရမလဲ၊ အမိန့် ရှိပါရှင်’’
‘‘အဲ..အဟဲ၊ ကျနော်က လူပျိုကြီးပါ....
ကျနော့မှာ....အင်မတန်သန့် ရှင်းလတ်ဆတ်.......’’
ဂွပ်။
‘‘ဟဲလို...ဟဲလို...ဟဲလို..............................’’။






မိတ်ဆွေတယောက်ကတော့ အားနာခြင်းဆိုတာဟာ တဖက်လူကို ကိုယ်နဲ့နှိုင်းပြီး စာနာတတ်သော စိတ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ ကောင်းတဲ့သဘောပေါ့။
တနည်း အားနာတယ် ဆိုတာ သူများကို ဝန်မပိုစေတာကို မူလ အစဖြစ်မယ်လို့လည်း တွေးမိပါသေးတယ်။
သူများ အိမ်သွားလည် ပြီး သူတို့က မနိုင်ရင်ကာ မုန့်တွေ လုပ်ကျွေးတာကို အားနာတာ။ ( သူတို့ အလုပ်ရှုပ်မှာကို အားနာတာ။ သိပ်မပြည့်စုံတဲ့သူက ကိုယ့်ကို တကူးတက ဧည့်ခံတာကို အားနာတာ။) ဒါမျိုးကို ပဲ အားနာ မှု လို့ခေါ်သင့်တယ် ထင်တာပါပဲ။ သူများကို ကိုယ့်အတွက်ကြောင့် ကရိကထများပြီး အလုပ်ပိုဖြစ်မှာကို စိုးရိမ်မိတာကိုသာ “အားနာမှု လို့ခေါ်သင့်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သင်..အားနာတတ်ပါသလား????‘‘မကောင်းသော အားနာခြင်းမျိုးများ၊ ရှိပါသေးသည်။
အခုတော့ သူများက ကိုယ့်ကို တစ်ခုခု လုပ်ခိုင်းတာ တစ်ခုခု တောင်းဆိုတာကို လိုက်လျောလိုက်ရတာ ကိုလည်း အားနာ လို့ဆိုပြီးပြောကြပါသေးတယ်။ပြီးတော့မှ အားနာလို့ ခါးပါရပါတယ်ဆိုပြီး ငိုပြကြတော့တာ ပါပဲ။
ဒီလိုအားနာခြင်းကတော့ စိတ်ထဲမှာရှုပ်ထွေးခြင်း (a state of confusing)၊ ကွဲကွဲပြားပြား ပိုင်းခြား မသိခြင်းကနေ အခြေခံတယ်လို့ဆိုပါတယ်။ မကောင်းတဲ့သဘောကို ဆောင်ပါတယ်။
အဲဒီလို ကိစ္စတွေမှာ “အားနာတယ် ဆိုတာက တကယ်တော့
၁)ဝန်လေးတာ(ပြောသင့်မပြောသင့် ကိုယ့်ဖာသာမဆုံးဖြတ်နိုင်။ အပြတ်ပြောဖို့လည်း ကိုယ့်ကိုကိုယ် မယုံကြည်)
ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ မိမိနှင့် ချိန်းဆိုထားသော အချိန်တွင်တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။
ဥပမာ-(က)
တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ ပကတိ စိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။
ဥပမာ-(ခ)
ဤနေရာတွင် စကားစပ်လျဉ်း၍ စာရေးသူ၏ အတွေ့အကြုံတခုကိုပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အားစင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံ ကိုအောက်ပါအတိုင်း ကြားခဲ့ရပါသည်။
စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က ထညက် (ထန်းလျက်) လေးပိဿာကြီးတောင်ထည့်ပေးလိုက်လို့ တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်
ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ စာရေးသူမှာတွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။
လူကြုံပေးသူကလည်း အားမနာပါးမနာ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာသယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

၂)ကြောက်တာ ( ငြင်းလိုက်ရင် တစ်ခုခု ဖြစ်သွားမှာ ကြောက်တာ )
ဥပမာ-
မိမိ၏အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ကျူတန်းစီရာ၌မိမိရှေ့တွင်ကြားဖြတ်၍တန်းစီသူကို မလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။
၃)စကားလုံးရှာမရတာ ( အချည်ခံရတာ။ သူက ပြောနေတာ ဟုတ်သလိုလို လုပ်ပေးရမလိုလိုကို ကိုယ်က ဘယ်လိုပြန်ပြောမရ ဝေခွဲမရ ဖြစ်နေတုံးမှာ သဘောတူညီချက် ပေးလိုက်ရသလိုဖြစ်သွားတာ )
ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်း မဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။
၎)ဖိအားပေးခံရတာ ( ရှင်းပါတယ်။ အပေးအယူသဘောမျိုးဖြစ်ဖြစ် အခြေအနေတစ်ခုမှာ ဖိအားပေး ထားတာ )
ဥပမာ-
သင်သည်ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏သမီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ရန်ဆိုကာသင့်လစာ မှ ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။
၅)ရှက်တာ ( ငြင်းလိုက်ရင် ရိုင်းတယ်လို့အထင်ခံရမှာလား၊ ငြင်းလိုက်ရင်တစ်ခုခု ပြန်ပြောတာခံရမှာလား၊ ငြင်းလိုက်ရင် အတ္တများတယ် အထင်ခံရမှာလား စသည် )
ဥပမာ-
*သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ၊လမ်းမကျ ဟိန်းဟောက်သည်ကိုမျက်နှာအောက်ချ၍ ခံနေပေမည်။
* သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကိုသိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
*သင်သည် သာသနာရေးအတွက်အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ဖြတ်ပိုင်းနှင့်လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…။
စသည့် နည်းမမှန်သော
အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသောအဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အိမ်ရှင်မ = “ညည်းက အိမ်ဖော်အသစ်ဆိုတော့ ငါတို့် မိသားစုအကြောင်း သိအောင်တော့ ပြောထားရဦးမယ်၊ ငါတို့ မနက်စောစော ထကြတယ်၊ မနက်စာကိုလည်း စောစောစီးစီးပဲ စားတတ်ကြတယ်။’’
 အိမ်ဖော်သစ် = “ဟုတ်ကဲ့ အန်တီ ဒါဆိုလည်း ရပါတယ်။ ကျွန်မ အိပ်ရာက မနိုးသေးရင် အန်တီတို့ စားနှင့်ကြနော်၊ ကျွန်မကို အားမနာပါနဲ့ ’’

Ref:အားနာခြင်းဆိုင်ရာ မှတ်စုများ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီလိုရှိတယ်ဗျ။
ကျနော်တို့ မျိုးရိုးက အလွန့် ကို လူတစ်ဖက်သားကိုအားနာတတ်တဲ့ မျိုးရိုးပါပဲ။ စိတ်လည်းညစ်ပါတယ်ဗျာ။ ကျနော့်အထက်က အကိုဆို မြင်းလှည်းစီးရင် ဖင်ရှုံ့ စီးသတဲ့။ ပြောရရင်လည်းဘယ်သူမှ ယုံကြမှာမဟုတ်ဘူး။မြင်းလှည်းစီးရတာ မြင်းအားနာလို့ တဲ့လေ။ကျနော်တစ်ယောက်တည်းပဲ အဲဒီစိတ်မျိုး မရှိတာ။ ဒါတောင် ကျနော်ကသူများလေလည်တာကို ကြားကဝင်ပြီး အနေခက်တတ်တဲ့ ကောင်မျိုး ရယ်။

ကျနော်ကြားဘူးတာပြောပြချင်ပါတယ်။
တစ်ခါကရွာတစ်ရွာမှာ အကျင့်သီလနှင့်ပြည့်စုံတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးရှိသတဲ့။ သည်းခံခြင်း သည် မြတ်သောတရား ဖြစ်သောကြောင့် ဘယ်ကိစ္စမဆို သည်းခံကြရန် ဟောပြောဆုံးမလေ့ရှိသတဲ့။ ဒါ့အပြင် ရွာသားတွေ အမြဲသတိရှိစေဖို့  .....
‘ခန္တီပရမံ တပေါသိက္ခော-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း’ လို့  ဆိုင်းဘုတ်ရေးပြီး ကျောင်းရှေ့ မှာ ဆွဲချိတ်ထားစေတယ်တဲ့။
တစ်ညမှာ ထန်းရည်မူးလာတဲ့ ဆိုးသွမ်းလူငယ်တစ်စုဟာ ဘုန်းတော်ကြီး ဘယ်လောက် သည်းခံနိုင်သလဲ ဆိုတဲ့ အကြောင်းပြချက်နဲ့  တစ်ညဥ့်လုံး ကျောင်းကိုခဲတဲ့ ပေါက်ကြလေသတဲ့။ မိုးလင်းလို့  ရပ်ရွာ လူကြီးတွေကိုအခေါ်လွှတ်တော့ ကျောင်းအဝက ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီး ’’တစ်ခါတစ်လေ လူငယ်တွေမိုက်တာ သည်းခံတော်မူပါဘုရား’’ လို့ လျှောက်ထားကြလေသတဲ့။ဘုန်းတော်ကြီးလည်း ဘာမျှမပြောတော့ဘဲ အခန်းထဲဝင် ကျိန်းစက်တော်မူသတဲ့။ တစ်ညဥ့်လုံး အိပ်ရေးပျက်ခဲ့ရတာကိုး။

ကျိန်းစက်ရာက နိုးလာတော့မှ ကျောင်းဝက ဆိုင်းဘုတ်အောက်မှာ နောက်တစ်ခု ထပ်ရေးရရှာတော့သတဲ့။
အဲဒါကတော့......

‘ခန္တီပရမံ တပေါသိက္ခော-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း’

‘သို့ သော် ခံသင့်မှ ခံရာသည်’....တဲ့လေ။

ဆက်ဖတ်ရန် >>>

Sunday 10 June 2012

ဘဝနေနည်း ကျမ်း။

အသိပညာ၏ရည်ရွယ်ချက်မှာ ဗဟုသုတ စုရန်မဟုတ်။
စုပြီးသား ဗဟုသုတကို အသုံးချရန်သာပင် ဖြစ်လေ၏။ထို့ ကြောင့် မဆိုင်းမတွဘဲ မြန်မြန်ကြီးသာ အသုံးချပါလော့။


၁။မှန်တာပြော ချမ်းသာပါလိမ့်မယ်။


၂။ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။






















၃။မည်သည့်ကိစ္စတွင်မဆို မိမိအတွက်ဆိုလျှင်ဦးနှောက်ကိုသုံးပါ။
ဟီ..ဟိ...။

၎။တစ်ပါးသူအတွက်ဆိုလျှင် နှလုံးသားကိုသုံးပါ။

သာတယ်၊ နာတယ်မတွက်ပါဘူး။

၅။မိမိဘက်က  စေတနာထားတတ်ဖို့သာ လိုအပ်ပါသည်..။

၆။သီးခံခြင်းသည် အောင်မြင်ရာ၏။
၇။လက်တွေ့ကျကျဘ၀မှာနေပြီး အရာရာကိုပိုကောင်းလာဖို့ပဲ ကြိုးစားပါ။


၈။ကိုယ့်ကိုယ်ကို ဘယ်တော့မှလျှော့မတွက်ပါနဲ့။


၉။စကားပြောရာမှာ ပလစ်-ပလစ်နေအောင်ပြောနိုင်သည်။များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက်နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။


၁၀။ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ္စများတွင် လူငှားဖြင့်ဇွဲရှိပါ။

၁၁။လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။


ပြီးတော့ ကိုယ်ဖြစ်၊ ကိုယ်ခံပေါ့..နော့။အဟေ...ဟေ့။







ဆက်ဖတ်ရန် >>>

Friday 8 June 2012

စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည်။


စေတနာဆိုတာ ပါဠိက လာတာဖြစ်ပြီး၊ စေ့ဆော်တိုက်တွန်းတတ်သောတရား၊

သူတစ်ပါးအကျိုးကို လိုလားသောသဘောထားလို့ အနက်ရပါတယ်။
စေတနာစကားလာမပြောနဲ့  သုပ်စားလို့ ရတာမဟုတ်ဘူး။ ပြုတ်စား၊ ကင်စားလို့ လည်းရတာမဟုတ်ဘူး ဆိုတဲ့စကားမျိုးပြောတတ်တဲ့သူမျိုးတွေကို  တွေ့ ဘူးကြုံဘူးပါတယ်။ (ကိုလူအေး ဖခင်ကြီးရဲ့  အလုပ်သမား အချို့ ပါ)။ အဲသလိုပြောတဲ့၊စိတ်ထားတဲ့ သူတွေဟာ ဆင်းဆင်းရဲရဲ မွဲမွဲစုတ်စုတ်နဲ့ ဘဲ သေဆုံးကွယ်လွန် သွားကြရရှာတာပဲ။ ထမင်းကြွေးတဲ့အလုပ်ပေါ် စေတနာမထားလို့ ပဲ ထင်ပါရဲ့ ။

ကောင်းကျိုးချမ်းသာသည်.. လူတိုင်းနှင့် ထိုက်တန်ပါသည်.. လူတိုင်းက လိုလားကြပါသည်။

‘‘စေတနာသည် လူတိုင်းနှင့် မထိုက်တန်ပါ’’
ဆိုတဲ့ စာတန်းကို သေသေချာချာ ရေးပြီးချိတ်ဆွဲထားတာ တွေ့ ဘူးကြပါလိမ့်မယ်။ အဲဒီဆိုင်းဘုတ်ရှေ့ မှာတော့ ကံကောင်းခြင်းတွေလာစေသတည်းဆိုပြီး Lucky Fish ငါးကြီးကိုအလှမွေးထားလေရဲ့ ။ နှုတ်ခမ်းကြီး ထော်ပြီး ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ ပေါ့။
ကံကောင်းခြင်းတွေ လာပါလိမ့်မယ်....အားကြီးကြီး။

ဗုဒ္ဓအဘိဓမ္မာအလိုအရ စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည့် သဘောတရားတစ်ခု ဖြစ်ပါသည်၊၊ မှတ်သားရန်မှာ မိမိသည် တရားအဆင့်အရ လုံးဝပြည့်စုံနေသူမဖြစ်သေးသည့်အတွက် လူတိုင်းအပေါ်တွင် မေတ္တာစေတနာမထားနိုင်သေးခြင်းသာ ဖြစ်ရပါသည်၊၊ဆိုလိုသည်မှာ စေတနာကို လူတိုင်းအပေါ် မထားနိုင်ကြ ခြင်းသာ ဖြစ်ပြီး၊ စေတနာသည် လူတိုင်းနှင့်မတန်ခြင်း မဟုတ်ဟူ၍ဖြစ်ပါသည်၊၊


ဒီတော့ စေတနာဆိုတာက လူတိုင်းအတွက်တန်တယ်။ ခံယူတဲ့သူက မတန်အောင်လုပ်ရင် သူ့အတွက် မတန်တော့တဲ့ သဘောဘဲလေ။ ကိုယ်ပေးတာကို မတန်ဘူး၊ တန်တယ် ကိုယ်တိုင် ဆုံးဖြတ်စရာ မလိုဘူး ထင်တာဘဲ....။
မိမိဘက်က မွန်မြတ် သန့်စင်သော စေတနာထားတတ်ဖို့သာ လိုအပ်ပါသည်..။
သြော်...စေတနာတွေ...စေတနာတွေ။













မိမိ၏ မြင့်မြတ်သော မေတ္တာစေတနာအတွက် တပါးသူအပေါ် မည်သည့်တန်ပြန်မှု မျှော်လင့်ချက်ကိုမျှ မထားပါနှင့်..
မေတ္တာစေတနာသည် လူတိုင်းနှင့် တန်ပါသည်..။
သူ၏လက်ခံနိုင်ခြင်း၊လက်မခံနိုင်ခြင်းအသိဥာဏ်သည်..သူ၏တသီးပုဂ္ဂလကိစ္စဖြစ်သည်။အကောင်းအဆိုးကို ခွဲခြားနိုင်ခြင်း မရှိလောက်အောင် အသိဥာဏ်နိမ့်ပါးသူများပင်.. အနည်းဆုံးတော့
မေတ္တာ၏ အေးချမ်းမှုကိုတော့ ခံယူတတ်ကြတာကိုတွေ့ ရပါတယ်။

စေတနာဆိုတာ ဗြဟ္မစိုရ်တရားရဲ့  သဘောထားပေပဲမဟုတ်လား။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာ နတ်ပြည်(၆)ထပ်ထက် ပိုပြီးအဆင့်မြင့်တဲ့ ဗြဟ္မဘုံကို ရောက်စေတဲ့ ကျင့်စဉ်မျိုးပါ။ ကောင်းမွန် အေးချမ်းတဲ့ အကျိုးရလဒ်ကိုတော့ မုချရစေနိုင်တဲ့အရာဖြစ်ပါတယ်။

ဒါနအ, လောဘော ဟေတု _
ပေးကမ်းစွန့် ကြဲခြင်းသည် လိုချင်သော၊ ပြန်မျှော်လင့်သော အကြောင်းတရား မဟုတ်။


လှူလိုသောအခါ  ဖြစ်ပေါ်လာသော စေတနာသည် ''ပုဗ္ဗစေတနာ''မည်၏။
လှူနေသောအခါ ဖြစ်ပေါ် လာသော စေတနာသည် ''မုဉ္စစေတနာ''မည်၏။
လှူပြီးသောအခါ ဖြစ်ပေါ်လာသော စေတနာသည် ''အပရစေတနာ''မည်၏။ ပုဗ္ဗ-မုဉ္စ-အပရစေတနာ ၃တန်ကို  ''စေတနာဒါန''ဟု ခေါ်သည်။






“ကောင်းမှုရှိသူသည် လက်ရှိဘ၀တွင် ပျော်ရွှင်ကြည်နူးရ၏၊

တမလွန်ဘ၀တွင်လည်း ပျော်ရွှင်ကြည်နူးရ၏၊

ငါသည်ကောင်းမှုကို ပြုပြီးပြီဟုတွေး၍ ပျော်ရွှင်ကြည်နူးရ၏၊

ကောင်းမှုကြောင့် မိမိဘ၀လှပသည်ကို တွေ့ရသောအခါ ပို၍ပို၍ပျော်ရွှင်ကြည်နူးရ၏၊၊
စေတနာအနည်း၊ အများအလိုက် အကျိုးပေးတတ်သောကြောင့် ဖြစ်ပါသည်၊၊ သေသေချာချာ လေ့လာသုံးသပ်ရှုမြင် ကြည့်ရင် မိမိမှာ စေတနာအင်အားကောင်းလေ၊ အစစပိုမိုပြီး အဆင်ပြေလေဆိုတာ လက်တွေ့ သိနိုင်ပါရဲ့ ဗျာ။

ဆက်ဖတ်ရန် >>>