ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Saturday 4 February 2012

ဒါဟာ ကျနော့အတွက်တော့ ဟာဒယရွှင်ဆေးကြီးပါခင်ဗျာ။

“တကယ်လို့သာ” ဆိုတာမျိုး မတွေးမိပါစေနဲ့။
လွတ်သွားတဲ့ငါးက ပိုကြီးတယ်လို့ ထင်တတ်ကြတာက လူ့ သဘာဝပါ။ ဒါပေမယ့်..
ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀မှာ ငါသာတချို့ကိစ္စတွေမှာ ငါ့ဆုံးဖြတ်ချက်လေးသာ တစ်မျိုးပြောင်းခဲ့ရင် ဘာများဖြစ်နိုင်မလဲဆိုပြီးအချိန်ကုန်ခံပြီးတွေးတတ်တာမျိုးဟာဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကိုသာဖြစ် စေပါတယ်။ ဒီလိုတွေးမိတိုင်းလည်း ကိုယ်ကိုယ်တိုင်စိတ်မချမ်းမသာ ဖြစ်ကျန်တတ်ကြသလို ကိုယ့်ပါတ်ဝန်းကျင် ကိုပါ ထိခိုက်စေတတ်ပါတယ်။
(ဥပမာ-“မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ အပွင့်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်။ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်လို့ အိမ်ထောင်ရှင်ယောက်ျားအချို့ ကို စိတ်ဝေဒနာဖြစ်စေနိုင်တာက မိန်းမဖြစ်သူတွေရဲ့  ‘တကယ်လို့ သာ’ဆိုတဲ့ အတွေးမျိုးတွေကြောင့်ပေါ့။)
ရှေ့လာမယ့်အနာဂတ်မှာ ကိုယ်ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာကိုပဲ စဉ်းစားရမှာပါ။ အတိတ်တုန်းက ငါတော့ဟိုလိုသာလုပ်ခဲ့ရင် ကောင်းမှာပဲဆိုပြီး မျက်မှောက်ကာလမှာ အချိန်ကုန်ခံ တွေးတောမနေပါနဲ့။
ကစားကွင်းထဲမှာ ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးတွေကို ကြည့်ကြည့်လိုက်ပါ။ ကျနော်တို့ စိတ်ထဲမှာ သူတို့လေးတွေဘာကြောင့်များ သည်လောက်ပျော်နေရပါလိမ့်လို့ တွေးမိပါလိမ့်မယ်။
ဒီအခါမှာ ကိုယ့်ကိုယ်ကိုပြန်မေးဖို့ အကောင်းဆုံးက ငါလည်းဘာကြောင့်များ မပျော်နိုင်ရတာလဲဆိုတာပါပဲ။
ကလေးတွေပြေးလွှားဆော့ကစားနေကြတယ် ဆိုတာက သူတို့တွေရဲ့ ဘာသာဘာဝပါ။ သူတို့လေးတွေက သူတို့ကိုယ်သူတို့ ဘာကြောင့်ပျော်ရတာလဲ ဆိုတာကိုပြန်ပြီး မေးခွန်းထုတ်မနေကြပါဘူး။ အပြင်ကိုထွက်ပြီး ပျော်ပျော်ပါးပါးနဲ့ ဆော့ကစားလို့သာ နေလိုက်ကြတာပါပဲ။
ရယ်စရာမောစရာတွေ့တဲ့အခါ “ ဟင် ဒါက တကယ်ရော ရယ်စရာကောင်းလို့လား”၊
‘‘ငါ့ကိုငပေါကြီးလို့ များထင်ကြလေမလား’’စတဲ့မေးခွန်းတွေပြန်ပြန်မေးပြီးရယ်သင့်၊မရယ်သင့်ပိုင်းခြားဆုံးဖြတ်ဖို့ 
မလိုပါဘူးဗျာ။ထင်တော့လည်းထင်ပေါ့။ နင့်ဘကြီး ငါမကြောက်ဆေးတံကြီးနဲ့ ခေါက်ဂေါက်..ဂေါက်။အေးရော။
ဟားဟားဟား…ဟိုးဟိုးဟိုး….ဟဲဟဲဟဲ…ဟီးဟီးဟီး…….ရယ်ရလို့ ကောင်းလိုက်တာ။ ဟီ ဟိ။
ကဲ ရယ်စရာတွေ့ရင် ရယ်ပြီး ပျော်ပျော်သာနေလိုက်ပါစို့ ဗျနော်။ (သတိ။  ရာဇဣနြေ္ဒလည်း မပျက်စေနဲ့ ပေါ့။)
အိုး…..
ဟေ့ကောင် မသေမရှင်နေစမ်းလို့ ပြောသလိုများ ဖြစ်သွားပြီလားမသိဘူး။ကျနော်ငယ်စဉ်ကနှစ်နှစ်သက်သက် ရှိခဲ့ပြီး အရွယ်ရောက်လာတော့ အမှတ်တမဲ့ပစ်ထားခဲ့မိတဲ့ဆေးကို ပြောပြချင်လို့ ပါ။အဲဒါကတော့…
ဟာဒယရွှင်ဆေးပါ။
သောတရှင်များကို လူရွှင်တော်ကြီး ဓါတ်ဆီနှင့်ဓါတ်ဆံတို့ က ဟာဒယရွှင်ဆေးတိုက်ကျွေးပါတော့မယ်ရှင်။
ရေဒီယိုထဲက လူရွှင်တော်ကြီးနှစ်ယောက် တစ်ယောက်ကလှေကလေးကိုလှော်၊ တစ်ယောက်ကငါးမျှားကြရင်း ငါးကိုမိတော့ ‘‘ဟဟ လုပ်ပါဟ ၊ ငါးအာဖဲ့…ငါးအာဖဲ့’’ဆိုတော့ ကျန်တဲ့တစ်ယောက်ကလည်း ဖဲ့တော့တာပေါ့။
‘‘  ငါးအာဖဲ့ပါဆိုတာ ဘာလို့ ငါ့အာလာဖဲ့နေရတာလဲလို့   ’’     သူတို့ အငြင်းပွါးလို့ မဆုံးသေးခင်မှာပဲ။
အပြင်မှာကျနော်တို့ ညီကိုတွေ  တစ်ယောက်အာတစ်ယောက်ဖဲ့ကြရင်း ဟီးဟီးဟားဟားနဲ့  လုံးထွေးလို့    ။ ခြံထဲမှာဆင်းကစားထားလို့  ပေကျံနေတဲ့လက်ညစ်ပတ်တွေနဲ့  ကိုယ့်ပါးစပ်ထဲနှိုက်တာကိုချစ်ခင်စိတ်ကြောင့် သူသာတယ် ငါနာတယ်သဘောမထားပဲ တစ်ကယ့်ကိုပျော်ပျော်ရွှင်ရွှင်ကစားခဲ့ကြပါတယ်။
ဒီလိုနဲ့ ကျနော်တို့ တစ်တွေအရွယ်ရောက်လို့  ကိုယ့်ဘဝလမ်းကိုယ်လျှာက်ကြတော့လည်း -
ဒီချစ်ခင်စိတ်ကြောင့် သူသာတယ်ငါနာတယ် သဘောမထားပဲ လဲနေသူဝိုင်းထူပေး၊ အားငယ်သူ ဝိုင်းအားပေး ကြရင်း ပျော်ရွှင်စရာဘဝတွေကို ထူထောင်ကြရမှာပါ။
ဒါဟာ ကျနော့အတွက်တော့ ဟာဒယရွှင်ဆေးကြီးပါခင်ဗျာ။

မှတ်ချက်။      ။သူတို့ ဘာသာသူတို ‘့ ဒီအသီးစားလို့ ၊ ဒီချီးပါနေကြတာ ’  မင်းအပူပါလားလို့ လာမပြောနဲ့ ။
                   လက်သီးနဲ့ ထိုးလွှတ်လိုက်မယ်။ (မိုက်ချက်ကတော့ ကမ်းကုန်ဘဲ။ဟာ ဟ။)
                   သာဓုပါတော်.. သာဓု…သာဓု’  ပြင်ပြော။ ဒါပဲ။


မှောင်နောင့်..မှောင့်နောင်.. မှောင်နောင့်..မှောင့်နောင်.. မှောင်နောင့်..မှောင့်နောင်..မှောင်နောင့်..
မြန်မာ့အသံမှ သတင်းများကို ဆက်လက်ကြေညာပါတော့မယ်။
သတင်းခေါင်းစဉ် " မ ကြိုက် တာ ချင်း တူ " ပါတဲ့ရှင်။ သတင်းအကျယ်ကိုကျမဆက်လက်ဖတ်ကြားပါ့မယ်။အမည်မဖေါ်ပြနိုင်သောဆေးခန်းတစ်ခုတွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။          သွေးမတိုး ဘိုက်ပူဖြစ်နေသော  အမျိုးသမီးကိုသားသမီးရနိုင်ဖို့ အလားအလာ ကောင်းမကောင်း   ဆရာဝန်က စမ်းသပ်စစ်ဆေးသည် ။  ပြီးသောအခါ  အပြင်တွင် စောင့်နေသောယောင်္ကျားဖြစ်သူကို ဘေးသို့  ခေါ်ထုတ်ကာ ပြောသည် ။                       
" ခင်ဗျား အမျိုးသမီးကို ကျုပ် သိပ်မကြိုက်ချင်ဘူးဗျာ..."                     
" ကျနော်လည်း မကြိုက်ဘူး....ပြီးတော့ မကြိုက်တာ ကြာပြီဗျ ’’ ဟု ရုပ်ရည်ချောမော ယောက်ျားပီသပြီး တည်ကြည်ခန့် ညား  စိတ်ထားအင်မတန်ကောင်းမွန်သောလူရွယ်ယောက်ျားက ပြန်ပြော…..
(အားလားလား နာတယ်နာတယ်၊ တကယ်ဘိုက်ကြောလိမ်ရလား……မောင်က ချစ်လို့ စတာကို……)   အဲတော့.. ဘာတွေတုန်း။ သီးခံပါရှင်။ ကျမ စာရွက်မှားပြီး ဖတ်မိလို့ ပါ။
သည်တွင် သတင်းများကို ကြေညာလို့ ပြီးပါပြီ။

မှောင်နောင့်..မှောင့်နောင်.. မှောင်နောင့်..မှောင့်နောင်.. မှောင်နောင့်..မှောင့်နောင်..မှောင်နောင့်..




No comments:

Post a Comment