ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 11 May 2012

‘‘အိုးချင်းထားလို့ အိုးချင်းထိသွားတယ်’’ ပေါ့...နော်. ....ဟီ ဟိ...


ပြီးခဲ့တဲ့သင်္ကြန်တုန်းက သံချပ်ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုတယ်ဆိုတော့ …..သံချပ်အဖွဲ့ တွေကိုဖိတ်ခေါ်ပြီး

‘‘သူများအကြောင်းလည်းမပြောချင်ပါ..စပ်မိစပ်ရာ ….ကြုံတုန်း၊ ဆုံတုန်း’’ လို့   အော်လံကြီးနဲ့ သာ အော်ခိုင်း လိုက်ချင်တော့တယ်။

ဒီလိုဗျ၊ ကျနော်တို့ အရင်တုန်းက သိရှိနားလည်ထားတာက လက်မထပ်ခင် ချစ်သူနဲ့ အတူနေထိုင်ခြင်းကို living together လို့ အားလုံးသိထားကြတယ်။ မြန်မာ လူအများကလဲ ယဉ်ကျေးမှု လူ့စည်းကမ်းအရ ဝိုင်းပီး ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမယ့် ချစ်သူရည်းစားတွေကတော့ ပိုနေမြဲ ကျားနေမြဲပါဘဲ။
အခုနောက်တစ်ခု ကြုံတွေ့ ကြားသိနေရတာ၊ ချစ်သူတွေလဲ မဟုတ်၊ လက်ထပ်ဖို့ ရည်ရွယ်ချက်လဲမရှိ၊ နောင်တစ်ချိန် ချစ်လာမှာလဲ မဟုတ်၊ အတူနေထိုင်ကြလို့ အနေနီးစပ်ပီး လိင်ကိစ္စကို ဆက်ဆံနေကြတဲ့သူတွေပါ၊ ဒီမှာ အလုပ်လာလုပ်နေတဲ့ သူတွေ၊ ကျောင်းလာတက်တဲ့ကလေးတွေမှာ အဓိက ကြားနေရတယ်။ အဲဒီတော့ ဘယ်လိုခေါ်မလဲ together living လား။
နေစရာကို ငွေကုန်သက်သာအောင် စုပီးငှားကြတယ်။ ဒါမှ မဟုတ် အလုပ်ကပေးထားတဲ့ နေရာမှာ အတူနေကြရင်း ရင်ထဲက ဘာမှမရှိပဲ နီးစပ်မှုလေးတစ်ခုနဲ့ လိင်ဆက်ဆံနေကြတာတွေ။
ဒါ ခေတ်ရေစီးကြောင်းလဲမဟုတ်ဘူး၊ ယဉ်ကျေးမှု စီးဝင်ခြင်းလဲ မဟုတ်ဘူး၊ များသောအားဖြင့် ဖြစ်ပွားနေကြတာက အုပ်ထိန်းသူတွေရဲ့ မျက်ကွယ်မှာ အရာရာကို စိတ်ထင်တိုင်းလုပ်နေကြ တာပဲ။  ဒါကိုလဲ ဖောက်ပြန်ရေး တစ်မျိုးလို့ ခေါ်ကြမှာလားမသိ။ ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ် တစ်နေရာမှာ ချစ်သူရည်းစားအဖြစ် ကျန်ခဲ့ပီး ပြန်ဆုံကြရင် လက်ထပ်ကြမယ် ဆိုတဲ့ ကတိတစ်ခုနဲ့ သစ္စာရှိရှိ စောင့်နေကြတဲ့ ချစ်သူတွေအတွက်ကတော့ စိတ်မကောင်းစရာဗျာ။
အိုးချင်းထားလို့ အိုးချင်းထိသွားတယ်ဆိုပီး ငြင်းချင်ရင် ငြင်းနိုင်ပါတယ်။ ဒါပေမယ့် အကျင့်၊ သီလ၊ သိက္ခာနဲ့ ဟီရိသြတ္တပ တရားကိုတော့ မမေ့ကောင်းဘူးပေါ့။ တစ်ချိန်တုန်း ယောင်္ကျားတွေကို မိန်းမတွေက ပြောကြတယ်၊ တစ်ရွာ တစ်ကျီ ဆောက်ကြတယ်ပေါ့။ အခု ဒီမိန်းခလေးတွေလဲ နိုင်ငံခြားမှာ အလုပ်လာလုပ်ကြရင်း ၊ ကျောင်းလာတက်ကြရင်း ကိုယ်လယ်ကွက်ကို အတူနေတဲ့သူကို ပေးပီး စိုက်ချင်ရာ စိုက်ခိုင်းနေတော့.

living together ထက် အဆင့်မြင့်သွားပီး together living ကြီးများ ဖြစ်သွားကြပီလားဗျာ။

နောက်ထပ်စဉ်းစားမိတာက အဝှါပြုတယ်ဆိုတာ ၉ တန်းတုန်းက Physic မှာသင်ခဲ့ရတဲ့ အီနားရှား(Inertia) ဖြစ်စဉ်နဲ့ အတော်လေးဆင်တူတယ်ဗျ(ရပ်မြဲရပ်နေခြင်း၊ သွားမြဲသွားနေခြင်း)။ မစားဘူးတော့ အရသာကို ကောင်းကောင်းမသိသေးလို့ ထိမ်းချူပ်ထားလို့ရတယ်။ စားပီးသွားရင်တော့ ထပ်စားချင်တုန်းပဲ ဆိုတာဖြစ်ကုန်ရော။
နဲနဲပေါ်တင်ကြီးများ ဖြစ်သွားသလားမသိဘူး။ အားနာတယ်။
ကိုယ့်ဘာသာကိုယ် သွားတိုက်ဆေးဗူးကို လက်ကမျင်းပြီး ညှစ်ထုတ်။ ဘယ်လိုပြန်သွင်းရမှန်းမသိတော့မှ အဖေကယ်ပါ အမေကယ်ပါ ဆိုပြီး မိဘတွေကို ကယ်ပါဖြစ်အောင်လုပ်တဲ့ ကလေးမျိုးတွေကိုသာ ရည်ရွယ်ပြီးပြောတာပါ။
နောက်မှ ဆရာမ သမီးဗိုက်ထဲ အောင့်အောင့်လာတယ်ဆိုပြီး .......။

မိဘတော်တော်များများဟာ သမီးတွေနဲ့ ပတ်သတ်လာရင် သွန်သင်ပေးတာထက် တင်းကြပ်တဲ့ အုပ်ချူပ်မှုနဲ့ ထိန်းချူပ်တတ်ကြတယ်။ ဒီလိုထိန်းချူပ်တာဟာ အစွန်း နှစ်ဖက်မှာပဲရှိတယ်။ သမီးတွေက ပိပိပြားပြားဖြစ်ရင်ဖြစ်။ မဖြစ်ရင် ကန်ထွက်သွားပီး မိဘလစ်ရင် အစွမ်းကုန် ကဲတော့တာပဲ(ပိပိ ဖေါင်းဖေါင်းတွေ ဖြစ်ကုန်ရော)။
ပုံ။                                                           
အမည်မဖေါ်လိုသူ
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မေး။ ။ သမီးရယ် ကိုယ့်မှာ ငွေကြေးအတွက် အလုပ်အကိုင်လည်းရှိတယ်။ မိဘကလည်း ချမ်းသာတယ်။
         အဲ...ပိုက်ဆံမလိုဘူးပေါ့။ ဘာလို့  တရုတ်၊ ကုလား၊ ဗမာ ဘာလာလာ ဖြစ်နေရတာလဲ။

ဖြေ။ ။ ဟိုသီချင်းလိုပေါ့နော်၊ ရည်းစားနှစ်ယောက်ရှိရင်...ရည်းစားနှစ်ယောက်ရှိရင်...ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ဟီဟိ၊ပေါ့နော်။
‘ဘယ်လိုလဲဆိုတာပေါ့နော်၊ သိချင်တာပဲ ပေါ့နော်၊ ဒါပေမယ့် သူတို့ ကတော်ပါတယ်ပဲ ပြောရမှာပေါ့နော်၊ သူတို့က သူတို့ဟာကိုသူတို့ ထိမ်းထားတယ်ပေါ့နော်၊ သူတို့က သမီးကိုပေါ့နော်၊ ဘယ်လိုမှန်း မပြောတတ်တာနဲ့ ပေါ့နော်၊ အဲဒါဘဲပေါ့နော် ’ ဟူသတည်း။






No comments:

Post a Comment