ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Thursday 3 May 2012

ဘီယာအကြောင်း သိကောင်းစရာ


ဘီယာ၏ကောင်းခြင်း

ဘီယာကို ဘာလီ၊ မုယောစသည်တို့ နှင့်ကဇော်ဖေါက်ပြီး Hops ခေါ် တဆေးသီး (ဗျစ်ပွင့်)နှင့် ပေါင်းစပ် ချက်လုပ်ရသည်။ ဘီယာ၏ အနံ့ အရသာကောင်းဖို့ အတွက် ဗျစ်ပွင့်သည် အဓိကဖြစ်သည်။ဗျစ်ပွင့် အမျိုးအစား ကောင်းလေ ဘီယာကောင်းလေဖြစ်သည်။
ဗျစ်ပင်သည် နေရာတိုင်းမှာ မဖြစ်ထွန်း။ ဟော်လန်နိုင်ငံတွင် အကောင်းစားဗျစ်ပွင့်များထွက်သဖြင့် ဒတ်ခ်ျ ဘီယာနာမည်ကြီးခြင်းဖြစ်သည်။
ဘီယာ၏ကောင်းချက်မှာ တခြားအရက်တွေလို သောက်ပြီးလျှင်ရင်ပူခြင်း၊ ရေငတ်ခြင်းမရှိ။ ရင်ကို အေးမြ စေသည်။ ထူးခြားချက်မှာ သူ့ ထဲမှာ အာဟာရဓါတ်တွေ ပါဝင်နေခြင်းပင်ဖြစ်သည်။
ရေဆာနေတုန်းသောက်လျှင် ရေငတ်ပြေစေသည်။ ပင်ပင်ပန်းပန်းအလုပ် လုပ်ပြီးသည့်အချိန်သောက်လျှင် အမောကို ပြေစေ၏။ တကယ်ဆိုလျှင် ဘီယာကကြိုက်မယ်ဆိုလျှင် ကြိုက်ချင်စရာ။
သောက်လို့ က  အလွန်ကောင်းတာကိုး...................။



အရသာရှိအောင် ဘယ်လိုသောက်မလဲ

ဘီယာနှင့်လိုက်ဖက်သော အမြည်းများမှာ ကြွပ်ကြွပ်ရွရွကြော်ထားသော အသားများ၊ ဘဲကင်၊ ဝက်နံကင်၊ အာလူးကြော်၊ မြေပဲ၊ သီဟိုဠ်စေ့နှင့် ချိစ် စသည်တို့ ဖြစ်လေသည်။



တချို့ က အမြှုပ်မထအောင်ဆိုပြီး ဖန်ခွက်ကို မြှောက်၍ တစောင်းကိုင်ပြီးမှ ပုလင်းခေါင်းကိုတေ့ပြီး ငှဲ့ တတ် သည်။ နည်းစနစ်မှန်မှန်ဆိုလျှင် ဒီလိုမငှဲ့ ရပါ။ ဖန်ခွက်ကို စားပွဲပေါ်မှာ ငြိမ်ငြိမ်တင်ထားပါ။ ပီးတော့ အပေါ်မှ အသာကလေးလောင်းထည့်ရပါသည်။ အမြှုပ်ထလျှင်ထပါစေ။

အမြှုပ်ထခြင်းသည်ပင် ဘီယာ၏သရုပ်မှန်ခြင်းဖြစ်၏။

ထို့ ကြောင့် ဘီယာကိုအမြှုပ်မထနိုင်လောက်အောင် အေးစက်နေသည့်အနေအထားမှာ မသောက်သင့်ပါ။ လုံးဝမအေးလျှင်လည်း ရှတသည့်အရသာ မခံစားရဘဲ ရှိတတ်သည်။ အေးလည်းအေး၊ အမြှုပ်ကလေး တစီစီလည်း ထနေသည့်အချိန်သည် သောက်လို့ အကောင်းဆုံးဖြစ်သည်ဟုဆို၏။

ဘီယာသောက်သည့်အခါ အမြှုပ်ကို အပေါ်နှုတ်ခမ်းနှင့်ဖိချပြီး တဖြည်းဖြည်းမော့သောက်ရသည်။ ဖန်ခွက် ထဲမှာ လက်ကျန်ရှိနေသေးလျှင် ထပ်မဖြည့်ရ။ ကုန်အောင်သောက်ပြီးမှ ထပ်ဖြည့်ရသည်။

ဘီယာနှင့်တခြားအရက်များ မတူသည့်အချက်တစ်ခုမှာ တခြားအရက်တွေက သက်တမ်းကြာလေ ကောင်းလေ ဖြစ်သော်လည်း ဘီယာကတော့ လတ်လေကောင်းလေဖြစ်၏။ ပြီးတော့ ဘီယာက ငြိမ်ငြိမ်ကလေး နေရတာကို ကြိုက်သည်။ သူ့ ကိုမကြာခဏ ဟိုရွှေ့ ဒီရွှေ့ လုပ်လျှင်၊ သယ်ယူပို့  ဆောင်သည့်အခါမှာ သိပ်လှုပ်လွန်းလျှင် အရသာပေါ့သွားတတ်သည်။

ထို့ ကြောင့် အကောင်းဆုံးဘီယာ ကိုသောက်ချင်လျှင် ထိုဘီယာထုတ်လုပ်သည့်မြို့ မှာသာ သောက်သင့် သည်။

ဘီယာကို ပျော့လို့  သူ့ ချည်းမသောက်ချင်ဘူးဆိုလျှင်လည်း တခြားအရက်တွေနှင့်ရောလို့ ရသည်။ ဘီယာနှင့်ရောဘို့ အကောင်းဆုံးအရက်မှာ အိုးဘရန်ဒီဖြစ်သည်။

ဘီယာတစ်ပုလင်းထဲကို အိုးဘရန်ဒီ နှစ်ပက်လောက် ရောထည့်လိုက်လျှင် အနံ ပို၍မွှေးပျံ့လာပြီး အရသာ မှာလည်း ချိုပြင်းလေးမို့  ဘယ်အရက်မှ မမှီအောင် သောက်လို့ ကောင်းလှပေသည်ဟု  နိုင်ငံတကာ သို့ရောက်ရှိဘူးသော ဝါရင့်သောက်သုံးသူတစ်ဦးက ထုတ်ဖေါ်ပြောကြားဘူးသည်။
ကျေးဇူးကြီးပေတကား။

အရေးအကြီးဆုံးမှာ ဘီယာကိုရေခဲသေတ္တာရဲ့ အောက်ဆုံးထပ်မှာ သိုလှောင်ထားရမှာဖြစ်ပါတယ်။
ဒါမှ အနံ့ အရသာအပြင် မျက်စေ့အသာပါ ခံစားရပါလိမ့်မည် ဖြစ်ပါကြောင်း.......................................။
အရသာအစ မျက်စိက လို့ ဆိုတဲ့ ဝါရင့်ဂုရုကြီးတွေရဲ့ မိန့် မှာချက်ကို လေးစားလိုက်နာသောအားဖြင့်ပေါ့.. ။


No comments:

Post a Comment