သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ..
လူမိုက်အားပေး
ဆောင်ပုဒ်ဖြစ်ပါသည်..
တစ်နည်းအားဖြင့်...
သင်ဆိုးလျှင် ကျွန်ုပ်လည်းဆိုးမည်ဟူသော.. အဓိပ္ပါယ်ရပါသည်။
အဆိုး
သံသရာလည်မည့် ခံယူချက်ပင်..
ကျွန်ုပ်၏
ခံယူချက်မှာ..သင်ကောင်းကောင်း..
မကောင်းကောင်း.. ကျွန်ုပ်ကောင်းပါမည်။
သင်ဆိုးလည်း..
ကျွန်ုပ်ကောင်းနေပါမည်။
ကျွန်ုပ်ကောင်းပါလျှက်..
သင်ဆိုးနေလျှင်.. ကျွန်ုပ်တကယ်မကောင်းသေးခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ကျွန်ုပ်
တကယ်ကောင်းနေပါလျှက် သင် ဆက်ဆိုးနေလျှင် သင်နှင့် ဝေးရာသို့ ရှောင်ခွာနေပါမည်။
သင်၏ဆိုးခြင်းသည်..
သင်ပိုင်ဆိုင်သော.. သင်နှင့်သာဆိုင်သော အရာတည်း..။
ကျွန်ုပ်ထံ
ကူးစက်လာမည်ကို မလိုလားပါ..မည်သည့်အတွက်မှ..
ကျွန်ုပ်၏စိတ်ကို မကောင်းမှုများဖြင့်.. ညစ်နွမ်းမခံနိုင်ပါ..။
တစ်ဦးတစ်ယောက်အတွက် 'ဓါတ်စာ'ဟာ၊တစ်ဦးတစ်ယောက်အတွက်တော့'အဆိပ်' လည်းဖြစ်နိုင်ပါတယ်။
‘‘ဟယ်လို...ကြော်ငြာဋ္ဌာနပါလားခင်ဗျာ’’
‘‘ဟုတ်ပါတယ် ဘာများဆောင်ရွက်ပေးရမလဲ၊ အမိန့် ရှိပါရှင်’’
‘‘အဲ..အဟဲ၊ ကျနော်က လူပျိုကြီးပါ....
ကျနော့မှာ....အင်မတန်သန့် ရှင်းလတ်ဆတ်.......’’
ဂွပ်။
‘‘ဟဲလို...ဟဲလို...ဟဲလို..............................’’။
မိတ်ဆွေတယောက်ကတော့
အားနာခြင်းဆိုတာဟာ တဖက်လူကို ကိုယ်နဲ့နှိုင်းပြီး စာနာတတ်သော စိတ်ကနေ ပေါက်ဖွားလာတာလို့
ဆိုပါတယ်။ ကောင်းတဲ့သဘောပေါ့။
တနည်း
အားနာတယ် ဆိုတာ သူများကို ဝန်မပိုစေတာကို မူလ အစဖြစ်မယ်လို့လည်း တွေးမိပါသေးတယ်။
သူများ
အိမ်သွားလည် ပြီး သူတို့က မနိုင်ရင်ကာ မုန့်တွေ လုပ်ကျွေးတာကို အားနာတာ။ ( သူတို့ အလုပ်ရှုပ်မှာကို
အားနာတာ။ သိပ်မပြည့်စုံတဲ့သူက ကိုယ့်ကို တကူးတက ဧည့်ခံတာကို အားနာတာ။) ဒါမျိုးကို ပဲ
အားနာ မှု လို့ခေါ်သင့်တယ် ထင်တာပါပဲ။ သူများကို ကိုယ့်အတွက်ကြောင့် ကရိကထများပြီး အလုပ်ပိုဖြစ်မှာကို
စိုးရိမ်မိတာကိုသာ “အားနာမှု” လို့ခေါ်သင့်ပါတယ်။
သင်..အားနာတတ်ပါသလား…????‘‘မကောင်းသော
အားနာခြင်းမျိုးများ၊ ရှိပါသေးသည်။”
အခုတော့
သူများက ကိုယ့်ကို တစ်ခုခု လုပ်ခိုင်းတာ တစ်ခုခု တောင်းဆိုတာကို လိုက်လျောလိုက်ရတာ ကိုလည်း
အားနာ လို့ဆိုပြီးပြောကြပါသေးတယ်။ပြီးတော့မှ အားနာလို့ ခါးပါရပါတယ်ဆိုပြီး ငိုပြကြတော့တာ ပါပဲ။
ဒီလိုအားနာခြင်းကတော့ စိတ်ထဲမှာရှုပ်ထွေးခြင်း (a state
of confusing)၊ ကွဲကွဲပြားပြား ပိုင်းခြား မသိခြင်းကနေ အခြေခံတယ်လို့ဆိုပါတယ်။ မကောင်းတဲ့သဘောကို
ဆောင်ပါတယ်။
အဲဒီလို
ကိစ္စတွေမှာ “အားနာတယ်” ဆိုတာက တကယ်တော့…
၁)ဝန်လေးတာ(ပြောသင့်မပြောသင့် ကိုယ့်ဖာသာမဆုံးဖြတ်နိုင်။ အပြတ်ပြောဖို့လည်း ကိုယ့်ကိုကိုယ် မယုံကြည်)
ဥပမာ-(က)
တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။သို့သော်
ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း
အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ငွေပြန်မရမချင်း
သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ ပကတိ စိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ
ကုသိုလ်မရသည့်အပြင်
အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။
ဥပမာ-(ခ)
ဤနေရာတွင်
စကားစပ်လျဉ်း၍ စာရေးသူ၏ အတွေ့အကြုံတခုကိုပြန်လည်ဖောက်သည်ချချင်ပါသည်။
တနေ့တွင် မိတ်ဆွေတယောက်အားစင်ကာပူလေဆိပ်သို့
လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံ ကိုအောက်ပါအတိုင်း
ကြားခဲ့ရပါသည်။
“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က ထညက် (ထန်းလျက်)
လေးပိဿာကြီးတောင်ထည့်ပေးလိုက်လို့
တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”
ထိုစကားကို
ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ စာရေးသူမှာတွေးမိတိုင်း
အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။
လူကြုံပေးသူကလည်း
အားမနာပါးမနာ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာသယ်လာခဲ့ပြီးမှ
ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။
၂)ကြောက်တာ
( ငြင်းလိုက်ရင် တစ်ခုခု ဖြစ်သွားမှာ ကြောက်တာ )
ဥပမာ-
မိမိ၏အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ကျူတန်းစီရာ၌မိမိရှေ့တွင်ကြားဖြတ်၍တန်းစီသူကို မလုပ်ရန်ပြောဖို့
ဝန်လေးကြသည်။
၃)စကားလုံးရှာမရတာ
( အချည်ခံရတာ။ သူက ပြောနေတာ ဟုတ်သလိုလို လုပ်ပေးရမလိုလိုကို ကိုယ်က ဘယ်လိုပြန်ပြောမရ
ဝေခွဲမရ ဖြစ်နေတုံးမှာ သဘောတူညီချက် ပေးလိုက်ရသလိုဖြစ်သွားတာ )
ဤအားနားခြင်းသည်
လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်း မဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။
ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ
ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို
မသိလောက်အောင် ထူ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။
မိမိတွင်
ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။
၎)ဖိအားပေးခံရတာ
( ရှင်းပါတယ်။ အပေးအယူသဘောမျိုးဖြစ်ဖြစ် အခြေအနေတစ်ခုမှာ ဖိအားပေး ထားတာ )
ဥပမာ-
သင်သည်ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏သမီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ရန်ဆိုကာသင့်လစာ မှ ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။
၅)ရှက်တာ
( ငြင်းလိုက်ရင် ရိုင်းတယ်လို့အထင်ခံရမှာလား၊ ငြင်းလိုက်ရင်တစ်ခုခု ပြန်ပြောတာခံရမှာလား၊
ငြင်းလိုက်ရင် အတ္တများတယ် အထင်ခံရမှာလား စသည် )
ဥပမာ-
*သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ၊လမ်းမကျ ဟိန်းဟောက်သည်ကိုမျက်နှာအောက်ချ၍
ခံနေပေမည်။
*
သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကိုသိသိနှင့်
ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။
*သင်သည် သာသနာရေးအတွက်အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ဖြတ်ပိုင်းနှင့်လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း
အားနာ၍ ထည့်လိုက်ပေမည်…။
စသည့်
နည်းမမှန်သော
အားနာမှုကြောင့်
မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသောအဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း
ဆိုလျှင်ပင် လွန်မည်မထင်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အိမ်ရှင်မ
= “ညည်းက အိမ်ဖော်အသစ်ဆိုတော့ ငါတို့် မိသားစုအကြောင်း သိအောင်တော့ ပြောထားရဦးမယ်၊
ငါတို့ မနက်စောစော ထကြတယ်၊ မနက်စာကိုလည်း စောစောစီးစီးပဲ စားတတ်ကြတယ်။’’
အိမ်ဖော်သစ် = “ဟုတ်ကဲ့ အန်တီ ဒါဆိုလည်း ရပါတယ်။
ကျွန်မ အိပ်ရာက မနိုးသေးရင် အန်တီတို့ စားနှင့်ကြနော်၊ ကျွန်မကို အားမနာပါနဲ့ ’’
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီလိုရှိတယ်ဗျ။
ကျနော်တို့ မျိုးရိုးက အလွန့် ကို လူတစ်ဖက်သားကိုအားနာတတ်တဲ့ မျိုးရိုးပါပဲ။ စိတ်လည်းညစ်ပါတယ်ဗျာ။ ကျနော့်အထက်က အကိုဆို မြင်းလှည်းစီးရင် ဖင်ရှုံ့ စီးသတဲ့။ ပြောရရင်လည်းဘယ်သူမှ ယုံကြမှာမဟုတ်ဘူး။မြင်းလှည်းစီးရတာ မြင်းအားနာလို့ တဲ့လေ။ကျနော်တစ်ယောက်တည်းပဲ အဲဒီစိတ်မျိုး မရှိတာ။ ဒါတောင် ကျနော်ကသူများလေလည်တာကို ကြားကဝင်ပြီး အနေခက်တတ်တဲ့ ကောင်မျိုး ရယ်။
ကျနော်ကြားဘူးတာပြောပြချင်ပါတယ်။
တစ်ခါကရွာတစ်ရွာမှာ အကျင့်သီလနှင့်ပြည့်စုံတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးရှိသတဲ့။ သည်းခံခြင်း သည် မြတ်သောတရား ဖြစ်သောကြောင့် ဘယ်ကိစ္စမဆို သည်းခံကြရန် ဟောပြောဆုံးမလေ့ရှိသတဲ့။ ဒါ့အပြင် ရွာသားတွေ အမြဲသတိရှိစေဖို့  .....
‘ခန္တီပရမံ တပေါသိက္ခော-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း’ လို့  ဆိုင်းဘုတ်ရေးပြီး ကျောင်းရှေ့ မှာ ဆွဲချိတ်ထားစေတယ်တဲ့။
တစ်ညမှာ ထန်းရည်မူးလာတဲ့ ဆိုးသွမ်းလူငယ်တစ်စုဟာ ဘုန်းတော်ကြီး ဘယ်လောက် သည်းခံနိုင်သလဲ ဆိုတဲ့ အကြောင်းပြချက်နဲ့  တစ်ညဥ့်လုံး ကျောင်းကိုခဲတဲ့ ပေါက်ကြလေသတဲ့။ မိုးလင်းလို့  ရပ်ရွာ လူကြီးတွေကိုအခေါ်လွှတ်တော့ ကျောင်းအဝက ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီး ’’တစ်ခါတစ်လေ လူငယ်တွေမိုက်တာ သည်းခံတော်မူပါဘုရား’’ လို့ လျှောက်ထားကြလေသတဲ့။ဘုန်းတော်ကြီးလည်း ဘာမျှမပြောတော့ဘဲ အခန်းထဲဝင် ကျိန်းစက်တော်မူသတဲ့။ တစ်ညဥ့်လုံး အိပ်ရေးပျက်ခဲ့ရတာကိုး။
ကျိန်းစက်ရာက နိုးလာတော့မှ ကျောင်းဝက ဆိုင်းဘုတ်အောက်မှာ နောက်တစ်ခု ထပ်ရေးရရှာတော့သတဲ့။
အဲဒါကတော့......
‘ခန္တီပရမံ တပေါသိက္ခော-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း’
‘သို့ သော် ခံသင့်မှ ခံရာသည်’....တဲ့လေ။
ကျိန်းစက်ရာက နိုးလာတော့မှ ကျောင်းဝက ဆိုင်းဘုတ်အောက်မှာ နောက်တစ်ခု ထပ်ရေးရရှာတော့သတဲ့။
အဲဒါကတော့......
‘ခန္တီပရမံ တပေါသိက္ခော-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း’
‘သို့ သော် ခံသင့်မှ ခံရာသည်’....တဲ့လေ။
No comments:
Post a Comment