ဘ၀င်ရူး၊ ဥစ္စာရူး၊ အဆိုတော်ရူး၊ ပညာရှိရူး ၊မင်းသားရူး၊ သူဌေးရူး၊ လင်တရူး၊ မယားတရူး၊ အချစ်ရူး၊တစ်မျိုးစီရူးကြတယ်ဆိုပဲ။ ပြီးတော့ ရူးချင်ယောင်ဆောင်သူတွေလည်းရှိသေးသတဲ့။ ဒီလိုဆိုရင်ဖြင့် တွေးကြည့်ရသော် ကျနော်တို့ ကမ္ဘာ့ရွာကြီးတွင် အရူးများပေါချက်ကတော့ တအားဖြစ်နေပေလိမ့်မည်။
မျိုးကောင်းသောခွေးသည် တစ်နှစ်လုံးနေမှ ဟိုစိတ်သည် တစ်လသာထသော်ငြား လူမူကား အရွယ်ရောက်သည်မှ စ၍ တစ်နှစ်တာကာလပတ်လုံး တရွရွဖြစ်ကြလျှက် အသက်ထွက်တော့မှသာ ငြိမ်လေသည်။ ထို့ ကြောင့်လူမှု့ ကျင့်ဝတ်စည်းကမ်းများ ထားရှိကြရ၏။ ရူးတတ်သောသတ္တဝါဖြစ် သောကြောင့် စိတ်ဖေါက်ပြန်သော် အငယ်အနှောင်း၊ မျောက်မွေးခြင်း စသည်စသည်ဖြင့် လူ့ လောကတွင် မုန်လာဥ ကိစ္စများ များပြားလေသည်ဟု ဟူသော်ရ၏။
(မျောက် = အချို့ လူတို့ အတွက် အပျင်းပြေ
တစ်ခါတွင် ကော့သောင်းမြို့ ၊ သူဋ္ဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓ၏ တောကျောင်း လေးသို့ ရောက်လာသည်။
‘‘ဒကာကြီး...နာမည်ဘယ်လိုခေါ်သလဲ’’
‘‘ဦးဘုန်းမြင့်လို့  ခေါ်ပါတယ်ဘုရား’’
‘‘ဒကာကြီး အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ’’
‘‘အင်ဂျင်နီယာပါ ဘုရား’’
‘‘ဒကာကြီး..လူလာဖြစ်ရခြင်းရဲ့  အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့  တစ်ခုတည်းအတွက်လား’’
(မေတ္တာရှင်၊ရွှေပြည်သာ)
ကမ ၻာ့အတိုဆံုးတရားဟု ဆိုရေလမည္လား မသိ။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို ကျနော်တို့  ယောင်လို့ တောင် စဉ်းစားဘူးလိမ့်မည် မထင်။( သြော် ....ဆောရီး...ဆောရီး ခင်ဗျားမပါဘူး။ လေးစားပါတယ်ဗျာ။ )
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ ၊ အိပ်ဖို့ ၊ စားဖို့ ၊ ကာမဂုဏ်ခံစားဖို့ သက်သက် မဟုတ်။ ကုသိုလ်ပြုဖို့ သာဖြစ်သည်။
ထိုသီလကုသိုလ်၊ ဒါနကုသိုလ်တို့ ကြောင့်သာလျှင် တိရစ္ဆာန်တွေထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။
မေး။ သေရမှာ မကြောက်ဘူးလား
ဖြေ။ သေရမှာထက် အောက်ကျ၊ နောက်ကျနေရမှာကို ပိုကြောက်ပါတယ်ဘုရား
‘ သီလ၊ သမာဓိ၊ ပညာ ’........လူ့ တန်ဘိုးအစစ်သည် ဤသုံးခုတွင်ရှိ၏။
သီလဆိုတာ ကိုယ်ကျင့်တရား။ သမာဓိဆိုတာ စိတ်တည်ကြည်မှု။ ပညာဆိုတာ အကောင်းအဆိုး ခွဲခြားသိတတ်သော စွမ်းရည်ပင်တည်း။
မိမိ ယုံကြည်ရာ ကိစ္စတစ်ခုအတွက် လိုအပ်လျှင် သတ္တိကောင်း ရပါသည်။ သို့ သော် ခေါင်းမာ၊ စိတ်ကြီးဝင်၊ ဘဝင်လေဟပ်ခါ ပေါက်တတ်ကရ နေထိုင်လုပ်ကိုင်၍မရပါ။ (ပေါက်လွတ်ပဲစား ထင်ရာ လျှောက်မလုပ်နဲ့ ဟူသောစကားကို ယဉ်ကျေးစွာဘာသာပြန်ထားခြင်းဖြစ်သည်။)
လူသည် အလုပ်တစ်ခုခု လုပ်ကိုင်နေခြင်းအားဖြင့် ပျင်းရိခြင်းကင်းသော အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ပိုင်ဆိုင်နေရမည်။ လူသည်တစ်ခါတစ်ရံ လိုအပ်ချက်များအတွက် ရောင့်ရဲနိုင်ရမည်ဖြစ်၍ အချိန်တန်လျှင် လူပီသအေးချမ်းစွာ အိုမင်းသေဆုံးသွားရ မည်သာဖြစ်လေ၏။

ထိုင်၍တွေးတွေး၊ ထ၍တွေးတွေး၊ အရိယာပုဒ် လေးပါးလုံးသုံး၍တွေးတွေး လူဆိုသောသတ္တဝါများသည် အလွန်ပင် အမှတ်သညာနည်းကြောင်းတွေ့ ရသည်။
ဒီမှာ....မိတ်ဆွေ။ ကမ္ဘာဆိုတဲ့ ‘အလုံးကြီး’ ပေါ်မှာ ကျုပ်တို့ ကပ်ရပ်နေကြရတာပါ။ ဒါတောင်မှ တစ်ယောက်ကို တစ်ယောက် ဘာလို့ ကပ်တီးကပ်ဖဲ့လုပ်ချင် နေရသတုန်းဗျ။
နိုင်ငံတကာ(IQ)အဆင့်သတ်မှတ်ချက်
၁၁၅ - ၁၂၄ = သာမန်အဆင့်
၁၂၅ - ၁၃၄ = ပင်ကို ဥာဏ်ရည်ဥာဏ်သွေးပဲရှိ
၁၃၅ - ၁၄၄ = ကောင်းမွန်တဲ့ ပင်ကို ဥာဏ်ရည်ဥာဏ်သွေးရှိ
၁၄၅ - ၁၆၄ = ပါရမီရှင်
၁၆၅ - ၁၇၉ = ထူးချွန်ပါရမီရှင်
၁၈၀ - ၂၀၀ = အဆင့်မြင့် ထူးချွန်ပါရမီရှင်
အိမ်ရာတည်ထောင်လူတို့ဘောင်ဆိုပြီး သီတင်းကျွတ်မှာ အစွံထုတ်ဖို့ကြံတာလည်း လူပဲ။
(ရပ်ကွက်ထဲက အသံများ)
‘ကျင်းစိမ်ရင် လက်ငြိမ်ရတယ်ကွ......ဂလောက်’ (ဒန်...တန့် ...ဒန်...)တီးလုံးသံ....။
‘ခွေးကိုက် ခံရလို့ တဲ့’
‘ချစ်တယ်ကွယ်...သိတယ်ဟလား..ဟင်း ဟင်း...’
‘အမှိုက် အမှိုက် အမှိုက် ပစ်ဦးမလား’
‘ဒါမျိုးကြီးတွေက ထောင့်ငါးရာ၊ ဝယ်ပြီးရင် လှည့်ကြည့်စရာမလိုဘူး’
‘ဘာလဲ ပျက်ရောလား၊ ဟား..ဟား...ဟားးးး’ (ဟင်... ရယ်စရာလည်းမကောင်းဘဲနဲ့ )
‘ဂိုး.....’ (ရှူး၊ တိုးတိုး...ခင်ဗျားကလည်းဗျာ)
‘ဒုန်း...ဒုန်း...ဒုန်း....လက်သမားတွေကလဲ တစ်ချိန်လုံးထုနေတာပဲ’ (လက်လုပ်၊လက်စားလေးတွေ သနားပါတယ်)

‘ဝေါ့..ထွီ၊ ဟင်းတွေသိုးကုန်ပြီဟ’
‘ဝှပ်တိုင်းမ် အစ်စ်(ထ)’ (ဟယ်... ငပိသံ မပါအောင်ပြောနိုင်တယ်ဟ ..အံ့ရော...အံ့ရော....)
‘ဟင်း၊ ငါဒီနှစ်ယောက်စလုံးကို ကြည့်လို့ မရတော့ဘူးနော်..ငါ...တယ်၊ မပြောလိုက်ချင်ဘူး။ ငါယူတဲ့ လင်လိုက်ယူ၊ ငါ့အိမ်ရှေ့ ကားတဝီဝီနဲ့ .....ကောင်မ၊ သေပါစေတော်..’
အဘိုးကဆေးလိပ်သောက်နေတယ်။ နှာခေါင်းထဲက မီးခိုးတွေ ပြန်မှုတ်ထုတ်နေတာကို မြေးလုပ်သူက လှမ်းဝေဖန်တယ်။
‘နှာခေါင်းက မီးခိုးထွက်တဲ့လူဟာ နှာဘူးတဲ့ အဘိုးရဲ့ ’
‘ဘာကွ’
‘ခင်ဗျား ဘဝမှာ အိပ်ချိန်၊ စားချိန်၊ ဗာဟီရ ကိစ္စတွေရဲ့ အချိန်တွေကိုပေါင်းရင် ခင်ဗျားအသက်ရဲ့  သုံးပုံ တစ်ပုံ ကုန်သွားပါပြီ’...( တက်ကျမ်းထဲတွင်လား၊ ဆရာကြီး၏ ဝတ္ထုထဲကလားမသိ။ ဖတ်ဖူး၏)
Ref: အရိုး၏ ဆိုသည်မှာ
Ref: အရိုး၏ ဆိုသည်မှာ
No comments:
Post a Comment