ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 6 May 2012

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့် ။

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..


၁။ လူတစ်ချို့ က စကားကို ပြောသင့်ချိန်မှန်းမသိ၊ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်။

၂။ လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မည်( သူတို့အထင်အမြင်အတို်င်းပေါ့၊)။

၃။ လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်းပြောကြသလို တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့    ပြောကြဆိုကြ လိမ့်မည်။

၎။ လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မည်။

၅။ လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊   အောင်မြင် နေတာကို   မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မည်လို့  မှတ်သားရဖူးသည်။

ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ......
သူတို့ ဘာပြောပြောကိုယ့်ဘက်ကအတန်းမရှိတဲ့စကားကို မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အ မှား မဖြစ်စေနဲ့ပေါ့)။ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။ မုန်းတာတို့ ၊မခေါ်ချင်တာတို့  မျက်နှာ မကြည့်ချင်တာတို့  ဆိုတာတွေက အပေါစားစကားတွေလို့  ကျနော်ထင်ပါတယ်။

သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်ကမခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ။တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ၊ စိတ်သဘောထား ကြီးမြတ်သူ ဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်မလှုပ်ရှိနိုင်ရမှာပါ။ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေ ဖြစ်နေပါလိမ့်မယ်။

ရန်လိုမှု၊ မုန်းတီးမှု၊ မကျေနပ်မှု၊ မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်လို့  ဆိုပါတယ်။။ဒါကတော့ ဗုဒ္ဓဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ။
မကျေမနပ်ဖြစ်ချိန်မှာ....
မကျေနပ်တဲ့အတွက်ကြောင့် ပြုမူပြောဆိုနေမိချိန်မှာ အကုသိုလ်တွေ တစ်ပုံတစ်ပင်ဖြစ်ရသလို၊ ကိုယ်ရောစိတ်ပါမချမ်းမသာဖြစ်ကြရမှာသေချာလှပါတယ်။
'See no evil, hear no evil, speak no evil'
ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ် အရပ်မှ ရှောင်ကြဉ်ရာ၏။
မြင်းကိုကား အတောင်တရာမှ ကြဉ်ရာ၏။
အစွယ်ရှိသော ဆင်ကိုကား အတောင်တထောင်မှ ကြဉ်ရာ၏။
သူမကောင်း(သူယုတ်မာ)ကိုကား အရပ်ကိုစွန့် သဖြင့် ရှောင်ကြဉ်ရာ၏။

မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သော စကားကိုဆိုတတ်သော
(မကောင်းသော အဆွေခင်ပွန်း ၊ မကောင်းသော အမျိုး ၊မကောင်းသောကျွန်)ထိုသူတို့ သည် ၊အတွင်းရန်သူ ဖြစ်သည်။ ရှောင်ကြဉ်အပ်၏။ အဆိပ်အိုးကို ပျားကရှောင်သကဲ့သို့ ပင်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်” တဲ့။
ဘုရားရှင်ဟာ သူကိုယ်တိုင်လည်း ဘုရားအဖြစ်သို့ ရောက်တော် မူသည့် အချိန်ကနေ ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် စကား (၆) ခွန်းအနက် ပယ်ရမယ့် (၄)ခွန်းကို လုံးဝမပြောခဲ့ဘဲ ကျန်တဲ့ (၂)ခွန်းကိုသာ တစ်သက်တာပတ်လုံး “ဆောင်” သွားခဲ့ပါတယ်။
ဒီ စကားကြီး (၆) ခွန်းကတော့ -
(၁) ဟုတ်မှန်ခြင်း / မဟုတ်မှန်ခြင်း (၂) အကျိုးရှိခြင်း / အကျိုးမရှိခြင်း (၃) အပြောခံရသူ နှစ်သက်ခြင်း / မနှစ်သက်ခြင်း (၃)မျိုးအပေါ်မှာ အခြေခံပါတယ်
(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်။
(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်၏။
(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်။
(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်၏။
(၂)ခွန်း ကိုဆောင်
(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်။
(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး။





၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။

လူထုစိန်ဝင်း

No comments:

Post a Comment