ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Saturday 26 May 2012

စိတ်ထားကောင်းလျှင် ကံကောင်းမည်။

စဉ်းစားထင်မြင်မိသည့် အတိုင်း ဖြစ်ပေါ်မှုနှင့် စိတ်၏ ဆွဲဆောင် နိုင်မှုစွမ်းအား။ (WE GET WHAT WE EXPECT AND LAW OF ATTRACTION)

(Will Power) ဝီလ်ပါဝါ ခေါ် စိတ်၏တန်ခိုးထက်သန်ခြင်းပင်ဖြစ်သည်။

ကျနော်တို့ မှာ မကြာခဏ ဆိုသလို မိမိစိတ်ထဲမှ ထင်မှတ်လိုက်သည့် အတိုင်း ကိစ္စများ ဖြစ်ပေါ်လာတတ် တာကို တွေ့ကြုံဖူးပေလိမ့်မယ်။ ငါထင်သားပဲ ဟုလည်း ပြောဆိုဖူးကြပေမည်။
တစ်အိမ်လုံး ရှုပ်ပွနေတဲ့ အချိန်ဆိုယင် ဧည့်သည်တော့ ရောက်လာတော့မှာပဲဟု ထင်မိသည့်အတိုင်း မကြာမီ အမှန်ပင် ဧည့်သည်များ ရောက်လာတတ်ခြင်းမျိုးကို သင် ကြုံတွေ့ဖူးမည်။ ကိုယ့်မှာငွေကလေး ပိုပိုလျှံလျှံ ရှိလာလို့  စုမည်ဟု ကြံတိုင်း ငွေကုန်စရာ တစ်ခုခုတော့ ပေါ်လာတော့မှာပဲလို့  ထင်မှတ် ထားပါက ထိုသို့ ထင်မှတ်ထားသည့်အတိုင်း ကုန်စရာတစ်ခုခု ပေါ်လာတက်မြဲ ဖြစ်ကြောင်း သင် ကြုံတွေ့ဖူးပေလိမ့်မည်။
ကိုယ်ထင်မှတ်ထား၊ မျှော်လင့်ထား၊ စဉ်းစား ထင်မြင်ထား သည့်အတိုင်း ဖြစ်ပေါ်လာလေ့ရှိခြင်း တစ်မျိုးမျိုးသည် လူတိုင်းမှာ ရှိတတ်ကြသည်။
ထိုကဲ့သို့ ကိစ္စတစ်ခုခုကို ထင်လိုက်သည့်အတိုင်း ဖြစ်ပေါ် လာတတ်သည် ဆိုသည့် အချက်ကို စိတ်ထဲ၌ စွဲမြဲစွာ ယုံကြည်လာလေ မိမိ၏စိတ်က ထိုကဲ့သို့ ထင်ထားသည့် အတိုင်း ဖြစ်ပေါ်လာစေရန် အံ့သြဖွယ်ရာ ဆွဲဆောင် ဖန်တည်းပေးလေ ဖြစ်သည်။ ကောင်းသောစိတ်၊ မွန်မြတ်သောစိတ်၏တန်ခိုးထက်သန်ခြင်း ၊ မိမိ၏ကိုယ်ကျင့်သီလအပေါ် လိပ်ပြာလုံမှသာလျှင် မိမိစေတနာမှပေါက်ဖွါးလာသော ကောင်းသောကံ အကျိုးပေးလိမ့်မည်ဟု ယုံကြည်ပေလိမ့်မည်။ မည်သူ့ ကိုမျှလည်း စိုးရွံ့ ထိတ်လန့် နေလိမ့်မည်မဟုတ်ချေ။
ကိုယ်စောင့်နတ်က နှိုးဆော်တာဟု ကျနော်တို့  ပြောကြလေ့ရှိသည်မဟုတ်ပါလား။ တရားကို နတ်စောင့် သည်။ သူတော်ကောင်း နတ်ကောင်းစောင်မတယ်ဆိုတာတွေဟာ ဒီလိုစိတ်ရဲ့ ဆွဲဆောင်နှိုင်မှုစွမ်းအားတွေ ကြောင့်လို့ ကျနော်ထင်ပါသည်။
စိတ်ထားကောင်းကောင်း ထားလျှင် ကံကောင်းမည်။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။






No comments:

Post a Comment