ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 11 May 2012

ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်

လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင်  စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။
လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။
သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။
ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။
လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည်။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ်လက်မခန့်အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။
ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်အောင့်ပါသည်။
သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ်(Endorphins)များ ထွက်စေသဖြင့်ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း ဝေဒနာများကို ပျောက်စေကြောင်း တွေ့ရပါသည်။
ထို့ကြောင့် ခေါင်းကိုက်ခြင်း၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်ညှိုး၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ်၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည်။

ဆေးနည်းမှာ....
ရေးနွေးကြမ်း တစ်ခွက်ထဲသို့ သံပရာသီး တစ်စိတ်ခန့် ညှစ်ထည့်ပြီးပူပူလေ မှုတ်သောက်ရခြင်း ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်သူများ အတွက်သောက်သုံးနိုင်ပါသည်။


ဒေါက်တာအောင်နိုင်(ဆေးသုတေသန)

No comments:

Post a Comment