ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 11 May 2012

အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ (အိပ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် )

အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပါပြီ ဆေးနည်းလည်းစုံနေပြီ အဲရောဂါ ကို လုံးဝပျောက်စေမယ့် ဆေးနည်းရှိရင် ရေးပေးပါ ခင်ဗျာ…………….

VY-teks -- Latin name for the Grape genus
try-FOH-lee-a -- three leaves, or each leaf divided into three parts
commonly known as: Indian privet, Indian wild pepper, simple-leaf chaste tree, three-leaved chaste tree • Gujarati: નગોડ nagod • Hindi: सम्भालू sambhalu • Kannada: ನಿರ್ಗುಣ್ಡಿ nirugundi, ನೀರುಲಕ್ಕಿ nirulakki • Malayalam: കരിനൊച്ചി karinocchi • Manipuri: urikshibi • Marathi: निगूड niguda, निर्गुंडी nirgundi • Oriya: svetasurasa • Punjabi: ਰਿੰਗਾ ringga • Sanskrit: अनन्ता ananta, सिन्दुवार sinduvara • Tamil: கருநொச்சி karu-nocci, நீலி nili, நீர்நொச்சி nir-nocci, நொச்சி nocci• Telugu: నీలవావిలి nilavavili, నీరవావిలి niravavili • Tibetan: si ndu ba ra





နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။

ရလာရင် ကြောင်ပန်း အရွက်တွေကို သပ်ချ၊ခြွေချပြီး ခေါင်းအုံးလေး အဖြစ် ဖန်တီးလိုက်ပါ။

ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။

ကြောင်ပန်းရွက် ခေါင်းအုံးလေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။

မျက်လုံးတွေ စင်းကျ၊မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။

သုတေသီဆရာငြိမ်း

 

2 comments:

  1. What t.o call cat flower in english and where can I find it thanks a lot

    ReplyDelete
    Replies
    1. Item Name : Indian Wild pepper (ကြောင်ပန်း(ကြောင်ပန်းငယ်))
      Category : Raw Material
      Botany Term : Vitex trifolia Linn
      Species Family : Verbenaceae

      Found In : မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။
      ပေါက်ရောက်ပုံသဘာဝအလျောက် ပေါက်ရောက်သည်။
      Appearance : အပင်ချုံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၅ ပေခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ညိုခြောက်ခြောက်အရောင်ရှိ၏။ အခေါက်ပါးသော်လည်း အနည်းငယ် ကြမ်းသည်။
      အရွက်၃ ရွက် မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်သည်။ ၃ ရွက်တွင် အလယ်ရွက်သည် ကျန်ဘေး ၂ ရွက်ထက် ပိုကြီး ပြီး ပို၍ ရှည်သည်။ ပုံသဏ္ဍာန်မှာ ထိပ်ဘက် ကျယ်သော ဘဲဥပုံရှိ၏ ။ အရင်းသွယ်၍ ထိပ်ဖျားချွန်သည်။ ရွက်ညှာ ၁ လက်မ၊ ၁ လက်မခွဲခန့်ရှိ၏။ အရွက်အောက်မျက်နှာပြင် မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာသည် အစိမ်းပုပ်ရောင် ရှိ၏။
      အပွင့်ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏ ။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။
      အသီးလုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ၀ါခေါင် ၊ တော်သလင်း တွင်သီးသည်။
      Useful Part : အရွက် ။
      Including Compound : - Usage : အာနိသင်
      မြန်မာဆေးကျမ်းများအလိုအရ ခါး၏ ၊ ဖန်၏ ၊ ပူ၏ ၊ ၀မ်းမီးကိုတောက်စေ၏ ၊ လေကိုနိုင်၏ ၊ အနာကို အသားနုတက်၍ ပျောက်စေ၏ ။ အဖျားကို နိုင်၏ ။ မီးယပ်မှန်စေ၏ ။ အားအင်တိုးပွား၏ ၊ အဆိပ်ကို ပြေပျောက်စေ၏ ။
      အသုံးပြုပုံ-အရွက်
      ၁ ။ အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။
      ၂ ။ ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
      ၃ ။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။
      ၄ ။ ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။
      ၅ ။ ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏ ။
      ၆ ။ ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏ ။
      ၇။ ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ၀မ်းဖောဝမ်းရောင် ၊ ၀မ်းကိုက်ရောဂါများ ပျောက်၏ ။
      ၈ ။ အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။
      ၉ ။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။

      Delete