ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Thursday 12 July 2012

လူတစ်ခု ပူမှုဆယ်ကုဋေ။


လူA  ပူမှုဆယ်ကုဋေတဲ့။   ( A = တစ်ခု၊ တစ်ကောင်၊ တစ်ယောက် )
သင်..ချစ်မြတ်နိုးသူအား တစ်ယောက်ဟု သုံးပါ။ ကြည့်မရသူအား တစ်ကောင်ဟုသုံးနိုင်သည်။ သင့်ကိုယ် သင်အား တစ်ခုဟု သုံးပါလော့။(အာ......ဟေ့လူ၊  ဘာငုံ့ ကြည့်နေတာတုန်း...ဟိ)

လောကဓံ။
လောကဓံနှင့်ပါတ်သက်လာလျှင် ကျနော်တို့ သည် ‘မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပဲ’ လောက်နှင့်သာ ပြီးသွားတတ်ကြသည်။
‘သူကျမကို အပျော်ကြံပါတယ်ရှင်’ ( အင်....!!!!!!!!!!!
အာ လုပ်ပြန်ပြီ....ဟေ့လူ၊ ရုပ်ရှင်ကြည့်မနေနဲ့ လေ၊ ဒီမှာစကားကြီး စကားကျယ်တွေ ပြောနေတာ ကို ....... )
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လောကဓံဆိုသည်မှာ လောကဓမ္မ၊ လောကတရားဖြစ်သည်။ လောကဓံ တရား ရှစ်ပါးရှိ၏။
ဤသည်တို့ကား.....
(၁)‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) ‘အလာဘော’ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၃)‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၄)‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၅)‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၆)‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၇)‘သုခံ’ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၈)‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
ပြောသာပြောကြ၏ ။
လူ့လောကတွင်ကိုယ်၏ဆင်းရဲခြင်းကိုအတော်ပင်ခံနိုင်ကြ၏ ။ သို့ သော် စိတ်ဆင်းရဲ ခြင်းကိုမခံနိုင်ကြချေ။ ကိုယ်၏ဆင်းရဲခြင်းကြောင့်ရူးသွားသည်ဟုမရှိ။ စိတ်ဆင်းရဲခြင်း ကြောင့်သာ စိတ်မမှန်ရာမှ ရူးသွပ်သည် အထိဖြစ်ရသည်။ ကိုယ်၏ဆင်းရဲခြင်းကို မလွဲမရှောင်သာသော်လည်း စိတ်၏ ဆင်းရဲခြင်းကို လွဲရှောင်နိုင်သည်။

မိမိ၏စိတ်ကို မိမိဥာဏ်ဖြင့် ထိန်းသိမ်းပေးခြင်းဖြင့် စိတ်၏ဆင်းရဲခြင်းကို ပယ်ဖျက်နိုင်၏ ။ လျှော့ပေါ့နိုင်၏ ။


‘ This, too, will pass ’ ဒါလည်း ပြီးသွားမှာပါ။

အလွန်တန်ဖိုးရှိသော စကားပင်ဖြစ်၏။ကိုလူအေးတွင် လူမူရေး၊ စီးပွားရေး၊ ကျန်မာရေး စသော အကြောင်း တစ်စုံတစ်ခုကြောင့် စိတ်ထဲ၌ တနုံ့နုံ့ခံစားနေရသည့်အခါမျိုးတွင် ထိုစကားလေး ခေါင်းထဲပေါ် လာလျှင် စိတ်ထဲပေါ့ပါးသွားတတ်သည်။

‘ This, too, will pass ’
[အောက်စဖိုတ် (Oxford ဘိလပ်စကားက လျှာတယ်ယား သကိုး)အဘိဓါန်နှင့် ညှိနှိုင်းကာ ဘာသာပြန် ထားပါသည်။]


သောက
သောကဝေဒနာသည် လူတစ်ယောက်၏အလေ့အကျင့်ကြောင့် စွဲနေသော ရောဂါတစ်မျိုးဖြစ်သည်။ သောကဝေဒနာသည် အိမ်သုံးကားကို ကားရုံထဲထည့်ထားပြီး စက်နှိုးထားသည်နှင့်တူ၏။ စက်သည် တစ်ညဥ့် လုံးမောင်းနေသည်။မနက်မိုးလင်းသော်လည်း မူလနေရာတွင်ပင်ရှိနေ၏။သို့ ရာတွင်စက်အား ကား အများကြီးကုန်နေသည်။ ကားရုံလည်း စက်ဆီနံ့ များနှင့် အသက်ရှုရပင် ခက်နေပေတော့သည်။

သေသေချာချာသုးံသပ်ကြည့်လျှင်  ကျနော်တို့ ကိုဘယ်နေရာမှ ပို့ ဆောင်နိုင်ခြင်းမရှိသော  ထိုကားကဲ့သို့ ပင်။ ပူပန်မှု့ သည် ကျနော်တို့ ပြဿနာများကို ဖြေရှင်းမပေးနိုင်။ ပင်ကိုရှိသောစိတ်အင်အား၊ကိုယ်အင်အား များကို ဖြုန်းတီးပစ်ခြင်းပင်တည်း။ တစ်ကယ်ဘာမျှမဖြစ်သေးဘဲ  ‘သောက ’က အလျှင်ပေါ်နေတတ်သည်။ စိတ်ကူးဖြင့် ခေါင်ခေါင်တွေးတွေး တွေးတောပြီး ထိုစိတ်ကူးကြောင့်ဖြစ်ပေါ်လာသော သောကဝေဒနာ နှင့်သာ နပန်းလုံးနေရတတ်၏။

‘အားလုံးနောက်ကျသွားပါပြီ မောင်...အဟင့် ဟင့်’....(  အင်....!!!!!!!!!!!

အာ လုပ်ပြန်ပြီ....ဟေ့လူ၊ ရုပ်ရှင်ကြည့်မနေနဲ့ လေ....................
ခေါင်ခေါင်တွေးတွေး တွေးတောပြီး စိတ်ကူးအလွဲသုံးစားလုပ်လို့  အပျိုကြီးတွေဖြစ်သွားရတာတွေ ပြောပြမလို့ ။
အပျိုကြီးတွေက အတော်ခက်တာဗျ။
ခင်ဗျား သူတို့ ကို စမ်းပြီးစာပေးကြည့်ပါလား။ခင်ဗျားကိုပြန်ကြိုက် တာမကြိုက်တာ အသာထား သူတို့ က မြေးတွေဘာတွေရတဲ့အထိ တွေးပြီးနေပြီိ။ ဘယ်အဆင်ပြေတော့ မှာလဲ။ ဥပမာဗျာ- အိမ်ထောင်ကျပြီးရင် ခင်ဗျားက အပြင်မှာကဲမှာလား၊ ခင်ဗျားရုပ်ကြည့်ရတာ ခလေးချစ် တတ်တဲ့ရုပ် မဟုတ်ဘူး။ သူတို့ ဘဲ ထိန်းရမှာ ဘာညာပေါ့။ မဟုတ်တာတွေဘဲ တွေးနေတော့တာ။
အဲဒီလို ကျွမ်းကျွမ်းကျင်ကျင် ပူပင်တတ်တော့ တစ်ခါတစ်လေကျရင် တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်း ရှိတော့သလိုလို တွေးပြီး သိမ်ငယ်တတ်ကြသေးဆိုဘဲ။
ကျနော်လည်း ရေးသာရေးရတယ်။ ခပ်ကြောက်ကြောက်။ အပျိုကြီးတွေ စိတ်ကောက်ရင် မလွယ်ဘူးဗျို့ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘာသာတရားမှာတော့  လောကတစ်ရိုးကလူတွေ သာယာအေးငြိမ်းသော သန္တိသုခကို တက်မက်သည်။ မင်္ဂလာရှိသောဘဝ၊ ကောင်းမြတ်သောဘဝကို ထူထောင်လိုကြသည်။ လူသည် လူကိုလူလိုရှုမြင်တတ်ဖို့  အရေးကြီးသည်ဆို၏။ သည်လိုမြင်တတ်ဖို့ ‘ဗြဟ္မစိုရ်’ မျက်စိရှိဖို့ လိုသည်။

အတ္တမျက်စိဖြင့် ‘လောက၏ မင်္ဂလာရှိသော ဘဝ’ကို မထူထောင်နိုင်ပါ။



မြို့ ထဲသို့ သွားကာ ရေခဲရည်သွားရောင်းမည့် ကလေးမနှစ်ယောက် ကားဂိတ်သို့ လျှောက်လာသည်။
‘ဘဘ..... အီလန်ကြီးမလာသေးဘူးလား’ ဟု
ကားစခန်းမှူးကြီးအား မေးရင်း တစ်ဆက်တည်းမှာ အငယ်ကောင်မလေးအား ...

‘အဲဒီ အီလန်ကြီးက ဖင်ဇိမ်တွေ့ တယ်အေ့၊
ခုံကြီးတွေက အိစိကြီးတွေနဲ့ ’ဟု ပြောလိုက်သည်။ အီလန်ကြီးဆိုသည်မှာ အီလန်ဆပ်ပြာမှုန့် ကြော်ငြာများပါသော အမှတ် ၆ ကားလိုင်းမှ မှန်လုံကားကြီးများကို ပြောခြင်းဖြစ်သည်။

တစ်ကယ်တော့လည်း လူတို့ သည် မွန်းကျပ်သောဘဝမျိုးပိုင်ဆိုင်ခဲ့သည့်တိုင် အလှတရားကို ရသလောက် ခံစားနိုင်ခွင့်ရှိကြပါသည်။


No comments:

Post a Comment