ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။
Friday 24 February 2012
ပြောပြီးပါပကော လူလည်သံချောင်းပါလို့ ။
ကျနော်ဆိုတဲ့ ကောင်ကလဲ သိပ်ပီး အကျင့်ကမကောင်းဘူး။ မျက်စိထဲ အမြင်ကပ်လာရင် စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေလို့ တစ်ခုခု လုပ်လိုက်ရမှ ပြောလိုက်ရမှ ကျေနပ်တာ။
ဒီပိုစ့်ကို ရေးနေရင်းနဲ့တောင် စိတ်ရှုပ်လိုက်တာဗျာ၊ လဖွတ်!!!!!!!!!!!!!!!!
ရိုးသားတဲ့ ဖိုးသခွါးလေး ဒေါသထွက်ပြီး ပြောမိတာပါ။(ကန်တော့ ကန်တော့)။
‘လူလည်’ ။ ကျနော့ကို လူလည်ဆိုတဲ့စကားလုံးနဲ့   နှိပ်ကွပ်နေတာ  ခုတစ်လော  ခဏခဏကြားနေ   ရသဗျ။
အဲဒီမှာ ကျနော်လှန်ပြီးတွေးချင်စိတ်ပေါ်လာရော။ သြော်…တလွဲမထင်ပါနဲ့ ။ ဒီလိုလေ…..
ကျနော်ငယ်ငယ်က‘ ကြက်တူရွေး’ လို့   ဘာလို့ ခေါ်သလဲဆိုတာ  တွေးကြည့်ဘူး တယ်။       ကျနော့အကိုက အမြင်ကတ်လို့  ဝင်ကြပ်တယ်။ ကြက်တူရွေးအရောင်က  အစိမ်းကွ၊        သစ်ရွက်အရောင်ကလည်း  အစိမ်း။
အရွက်နဲ့ တူတဲ့ကျေးမို့  ‘ရွက်တူကျေး’ ‘ကျေးတူရွက်’ ‘ကြက်တူရွေး’ လို့ ခေါ်ကြတာတဲ့လေ။
ဒါကြောင့်    ကိစ္စတစ်ခုကို ‘ ဒဲ့ ’ စဉ်းစားလို့ /  လုပ်လို့ မရရင်၊    အဲဒီလို   လှန် လှန်ပြီးသာ  လုပ်ပစ်လိုက်တဲ့။
ကောင်းကြသေးရဲ့ လား။    ခုတော့ ကျနော့်မှာ လှန် လှန်တွေးတတ်/လုပ်တတ်တဲ့  အကျင့်ကြောင့်  ဒွတ်ခတွေ့ ပြီဗျို့ ။ ‘ လူလည် ’ ဆိုတော့ ‘ လည်လူ’ က ပါလာရော။
၁။ လူလည် ( ဂျင်တစ်လုံးလို မွတ်နေအောင်လည်ပြီး ရပ်တည်ခြင်းမျိုး)။
၂။ လည်လူ ( ကြေးစည်ကိုလက်ခတ်ဖြင့်အထုခံရခြင်းကြောင့် လည်သွားရခြင်းမျိုး)။
ဘာတစ်ခုမှ မကောင်းဘူး။ အဲဒီဘာတစ်ခုမှ မကောင်းတာနဲ့ များနှိုင်းရက်ကြသလားဗျာ။
လူလည်၊ လည်လူသံချောင်းအကြောင်းပြောပြမယ်။
(၁) လူလည် သံချောင်း။
တကယ့်သူ့ နာမည်အရင်းက    သံချောင်းရယ်။     လူကပိန်ပိန်သွယ်သွယ်၊    နှုတ်ခမ်းမွေးသဲ့သဲ့နဲ့    ခပ်နွဲ့ နွဲ့နေတတ် တယ်။သူက သူ့ ကိုသူ ဘဝစုံတယ်လို့  ပြောနေတတ်တဲ့ကောင်။
တကယ်လည်းစုံပါတယ်။စာရင်းငှါးလုပ်ဖူးတယ်။ ကောက်ရိတ်ဖူးတယ်။လက်သမားလေးဘာလေးလုပ်ဖူးတယ်။
ရွာစဉ်ကိုးပေါက် ဖဲလည်ရိုက်ဖူးတယ်။မယ်ဒလင်လေးတီးပြီး   တွံတေးသိန်းတန်သီချင်းများဟဲရဦးမလား။     အဆိုကောင်း။      ပွဲဈေးကလက္ဘက်ရည်ဆိုင်မှာလည်း         စားပွဲထိုး  တောက်တိုမယ်ရ လိုက်လုပ်ဖူးတယ်။
ရွာကိုပြန်ရောက်တော့ လူလည်သံချောင်းရယ်လို့ ဖြစ်နေပြီပေါ့။
သူတို့   ရွာသူကြီး  ဦးတာတီးရဲ့ သမီး    မပန်းရုံဆိုတဲ့   မိန်းခလေးဟာအင်မတန်ရုပ်ချောတယ်ဆိုပဲ။
ဒါပေမယ့်ရွာက လူပျိုလေးတွေကသူမ  ကိုတိတ်တခိုးသာချစ်နေကြရတယ် သူကြီးသမီးဆိုတော့     ဘယ်သူမှ
မပြောရဲကြဘူးပေါ့။ သူကလေးကလည်း ‘ပိပိပြားပြားလေး’။  မပန်းရုံကပဲဖြစ်ဖြစ်      သူကြီးကပဲ ဖြစ်ဖြစ်
မကျေနပ်ခဲ့ရင်   ပြောမိတဲ့အကောင်ကတော့ထိပ်တုံးပဲမဟုတ်လား။ အင်း..
မပန်းရုံကိုခိုးပြီးချစ်နေသူတွေအထဲမှာက  တစ်ရွာတည်းသား    သံချောင်းဆိုတဲ့ကောင်လည်းပါတယ်တဲ့။
လူလည်သံချောင်းရဲ့ကြိုးစားပုံလေးက ဒီလိုတဲ့ဗျ....             
သူကရွာသူကြီးရဲ့အိမ်နောက်ဖက်   ခြုံထဲကနေပြီး မပန်းရုံကို    နေ့စဉ်ချောင်းကြည့်တယ်။    ဒီလိုနဲ့တစ်နေ့
မှာတော့ မပန်းရုံဟာအိမ်နောက်ဖေးပေါက်ကနေ အိမ်အောက်ကိုဆင်းပြီး   တောသူတွေရဲ့ဓလေ့အတိုင်း မြေပြင်မှာအပေါ့သွားပါလေရော။
ဒါကိုလည်းသံချောင်းကချောင်းကြည့်နေသေးတယ်။နှာဘူး။
မပန်းရုံကအပေါ့သွားပြီး အိမ်ပေါ်ပြန်တက်မယ်အလုပ်မှာ        သံချောင်းကခြုံထဲက ပြေးထွက်လာပြီး မပန်းရုံ အပေါ့သွားခဲ့တဲ့မြေပြင်ပေါ်က   ချိုင့်ခွက်လေးကို လက်ညိုးနဲ့ အကြိမ်ကြိမ်ထိုးနေလေတော့ မပန်းရုံကရှက်ပြီးအိမ်နောက်ဖေးပေါက်ကနေအိမ်ပေါ်ကိုပြေးတက်တာပေါ့။ စိတ်ထဲမှာလည်းကြိတ်ပြီး တော့ ဆဲတယ် မသာကောင်သံချောင်း တော်တော်မိုက်ရိုင်းတယ်ပေါ့။          
နောက်ပြီးတော့အိမ်နောက်ဖေးတံခါးကိုပိတ်လိုက်တော့မှသံချောင်းပြန်သွားတယ်။
မပန်းရုံဟာသံချောင်းကိုမကျေနပ်ပေမယ့်ရှက်လွန်းတော့ဘယ်သူ့ကိုမှမပြောရဲခဲ့ဘူးလေ။ သံချောင်းကလည်း သူ့အိမ်ကိုပြန်ရောက်တာနဲ့ သူ့မိဘတွေကိုပြောတယ် ကျနော်တော့ သူကြီးသမီးနဲ့ လွန်လွန်ကျူးကျူးတွေဖြစ်ကုန်ပြီ မြန်မြန်သာတောင်းပေးပါတဲ့လေ။
မပန်းရုံကသူတို့သား သံချောင်းလိုကောင်နဲ့ ဒီလိုဖြစ်တယ်ဆိုတာ မိဘတွေက ဘယ်ယုံပါ့မလဲ။ ဒါနဲ့အပြန်ပြန်အလှန်လှန်မေးတယ်။သံချောင်းကတော့ဒီအတိုင်းပဲပြောတယ်မပြောင်းလဲဘူး။    ဒါနဲ့မိဘတွေကပြောတာပေါ့။ ကဲငါ့သား မင်းတကယ် ဟုတ်ရင်တော့ ဒို့လူကြီးတွေခေါ်ပြီး လိုက်တောင်းပေးမယ် မဟုတ်ခဲ့ရင်တော့ အားလုံးဟာရွာသူကြီးရဲ့ထိပ်တုံးစာမိမယ်ပေါ့။ ဒါလည်း သံချောင်းက မပြောင်းလဲဘူးဆိုတော့  မိဘတွေကဟုတ်ပြီပေါ့ နောက်နေ့ကျတော့ထုံးစံအတိုင်း ရွာသူကြီးရဲ့သမီး မပန်းရုံကိုတောင်းဖို့သွားကြတယ်လေရဲ့ ။ ကန်တော့ပွဲတို့၊ လက္ဘက်အစ်တို့အစုံနဲ့ ပေါ့။              
ရွာမိရွာဖတွေကလည်း(၁၀)ယောက်လောက်    ပါတယ်တဲ့။    သံချောင်းတို့လူစုတွေ  ရွာသူကြီးအိမ်ရှေ့ကို
မ၀ံ့မရဲနဲ့ရောက်လည်းသွားရော       သူကြီးကမေးပြီလေ။  
ဟေ့ဘာလာလုပ်တာလဲဆိုတော့ဖြေတာပေါ့။
သူကြီးသမီးကိုလာတောင်းရမ်းတာပါ။ သံချောင်းနဲ့သူကြီးရဲ့သမီး မပန်းရုံတို့က လူငယ်တွေသဘာဝ လွန်လွန်ကျူးကျူးတွေဖြစ်နေပြီလည်း ဆိုရော          သူကြီးက  ဒေါသပေါက်ကွဲပြီးမင်းတို့တွေက     ငါ့သမီး
ကိုတောင်ဒီလိုပြောဝံ့တယ်ဟုတ်ရင်တော့ဟုတ်ပေါ့ကွာမဟုတ်လိုကတော့  မင်းတို့ အားလုံး  ထိပ်တုံးပဲ ပေါ့၊  ရွာမိရွာဖတွေကလည်း   သူကြီးကိုကြောက်နေတယ်။        သူကြီးကလည်း ရွာမိရွာဖတွေကို  အားနာမှုနဲ့စိတ်လျှော့ထားရတယ်။    ဒါနဲ့လက္ခံစကားပြောကြလေရော  သူကြီးကလည်း        ရွာလူကြီးတွေကိုယ်တိုင်ပါလာတယ်ဆိုတော့ စဉ်းစားတာပေါ့။ ဟုတ်လိမ့်နိုးနိုးနဲ့လေ။ စကားပြောကြတာက သူကြီး၊သူကြီးကတော်နဲ့မပန်းရုံတို့ကတစ်ဖက်၊ရွာမိရွာဖတွေနဲ့သံချောင်းတို့ကတစ်ဖက်ပေါ့။
သူကြီး။     ကဲပြောကြစမ်းဘာတွေလွန်လွန်ကျူးကျူးဖြစ်တာလဲ၊  
သံချောင်း။ ကျနော် ပန်းရုံအပေါ်ကို..
သူကြီး။     ဟေ့ကောင် မင်းဘာစကားပြောတာလဲ
သံချောင်း။ ဟုတ်ကဲ့ပါသူကြီးရယ် ကျနော်ပန်းရုံအပေါ်တကယ်..
သူကြီး။    ခွေးမသား.... မင်း လူကြီးတွေရှေ့  ဒီလိုစကားပြောဝံ့သလား
သံချောင်း။ ခဗျာ...ဒါဆိုလည်း ပန်းရုံကိုသာ မေးကြည့်ပါခင်ဗျာ၊            
သူကြီး။     ပြောစမ်း အမိုက်မ ဟုတ်လား၊                
မပန်းရုံ။  သံချောင်းက သေးပေါက်တဲ့နေရာကိုလုပ်တာပါ အဖေရဲ့၊              
သူကြီး။ သြော်...နင်ကသေးပေါက်တဲ့နေရာမဟုတ်ပဲနင့်ပါးစပ်ကိုလုပ်****
          ဟာ...နင်တော်တော်မိုက်နော်၊
မပန်းရုံ။ မဟုတ်ဖူးအဖေ အိမ်နောက်ဖက်က......                
သူကြီး။သြော်...နင်နော်အိမ်နောက်ဖက်မဟုတ်ပဲဧည့်ခန်းမှာလုပ်ရမလားဟဲ့၊
မပန်းရုံ။ မြေကြီးပေါ်မှာလုပ်တာ         (သူကလည်းရှင်းအောင်မပြော၊ရှက်တာလည်းပါတာကိုး)
သူကြီး။ ဟင်...ဒီကိစ္စကိုမြေကြီးပေါ်မှာမလုပ်ပဲဘုရားစင်မှာလုပ်ချင်တာလားနင်က၊
          ကဲတော်ပြီကွာတော်ပြီ  ရှေ့ဆက်ပြောနေရင်အရှက်တွေကွဲပြီးရစရာတောင်ရှိတော့မှာမဟုတ်ဖူး။
         ကဲ...ရှင်မရေနင့်သမီးကိုသံချောင်းနဲ့သာ ပေးစားလိုက်တော့ဟာ။ 
ပြောပြီးပါပကော လူလည်သံချောင်းပါလို့ ။
မပန်းရုံက သံချောင်းကို မျက်စောင်းထိုးတယ်။ သံချောင်းက ရူးချင်ယောင်ဆောင်ပြတယ်။ ဟာဟ။
ကောင်းပါ၏။   ကောင်းပါ၏။    ကောင်းပါ၏။ ကောင်းပါ၏။ ကောင်းပါ၏။ ကောင်းပါ၏။ ကောင်းပါ၏
(၂)လည်လူသံချောင်း
 ။ရူးချင်ယောင်ဆာင်ရပြီဆိုမှတော့ သူ့ အတွက်သိပ်မကောင်းလှတာ သေချာနေပြီ။
ဒီလိုနဲ့ .....
ကာလသားတွေ ခဲဖိုးတောင်းတဲ့ည။ မင်္ဂလာဦးည။
သံချောင်း သုံးနှစ်သုံးမိုး ပွဲဈေးမှာတောက်တိုမယ်ရလုပ်ရင်း သင်လာခဲ့တဲ့ ဘာသာစကားနဲ့ ပြောရရင် ဘာလဂျာနှိုက်(Bachelor Night) ကိုရောက်လို့ ဖြင့်လာပါပြီ။
မပန်းချုံလေးက မေးတယ်။
ဒါလေးက ဘာလေးလည်း...တဲ့။ ဒါတောင်သူမသိရှာဘူး ဟီဟိ။ ဒါမှ ငါကွ။
သံချောင်းတစ်ယောက် လက်ခမောင်းထခတ်ပြီပေါ့ ဖတ်...ဖတ်...ဖတ်...ဖတ်....။ 
အင်း လူနံပိန်ဆိုတော့လည်း လက်ဝှေ့ သမားကြီးတွေလို ဖျောင်း..ဖျောင်း...ဖျောင်း ဘယ်မည်မလဲ။
တရေးနိုးလိုက် ငါကွဆိုပြီး ဖတ်...ဖတ်...ဖတ်...။
တရေးနိုးလိုက် ငါကွဆိုပြီး ဖတ်...ဖတ်...ဖတ်...။လက်ခမောင်းခတ်တာကို ပြောပါတယ်။
ဒီိလိုနဲ့ ....
နေဝင်လိုက်....နေထွက်လိုက်....ညဖြစ်လိုက်....နေ့ ဖြစ်လိုက်နဲ့ ...ပေါင်းသင်းလာလိုက်ရင်း ။ တနေ့ သား သံချောင်းတို့ လင်မယား တစ်ခြားရွာက အလှူကိုသွားကြရော။ ပြန်လာတော့ နေဝင်ချိန်ရောက်နေပြီ။ အဲဒီမှာ မထင်မှတ်ပဲ မပန်းချုံရဲ့  ညီမ သင်္ချိုင်းဇရပ်အိုကြီးဘေးက ချုံတွေကြားတိုးဝင်သွားတာတွေ့ လိုက်ရတယ်။ ဒီနေရာကို ဒီလိုအချိန် ဒီိလိုတစ်ယောက်ထဲ လာတာဟာ တစ်ခုခုတော့ တစ်ခုခုဘဲ။
မပန်းရုံလည်း အပြေးလိုက်သွားတယ်။ အစ်မကြီးအမိရာ ဆိုတဲ့အတိုင်း သူ့ ညီမနဲ့ ဟိုငနဲတို့ ပီတိတွေဖြာ နေတုန်း အတင်းဝင်ဆွဲပါတော့တယ်။  ညီမနဲ့ အစ်မဆိုတော့ ဝါစဉ်အရ တစ်ပန်းသာနေတာမို့  ညီမ  ဖြစ်သူ   လည်း ထမီမနိုင်ပဝါမနိုင်နဲ့ ပါလာတော့တာပေါ့။ သံချောင်းလည်း ရှေ့ ဆက်ကြည့်မကောင်းတာနဲ့  ချုံပုတ် အကွယ်က ချောင်းကြည့်နေလေရဲ့ ။
‘‘ ဒီမယ်.. ခင်တင့်ရဲ့  မိန်းကလေးတစ်ယောက်ရဲ့ တန်ဘိုးဟာ အိနြေ္ဒပဲ။ နင်ဒီလိုဖြစ်ပျက်နေတာ
ဘယ်လောက်   ရှက်ဘို့  ကောင်းသလဲဟင်။ ကောင်မ...နင် တော်တော်ထပါလားဟဲ့။’’
‘‘ အဟင့်..ဟင့် ’’
‘‘ တိတ်စမ်း...ခုမှ လာငိုပြ မနေနဲ့  ’’
‘‘ ဒါတော့ မမ မတရားဘူး။ မမတုန်းက ကျမ အိပ်ချင်ယောင် ဆောင်ဆောင်နေရတာ။’’
‘‘ ဟဲ့ နင် ဘာစကားပြောတာလဲ’’
‘‘ ဟုတ်တယ်လေ၊ ကိုခင်ထွန်းနဲ့ မမ အခန်းထဲမှာ ချိန်းတွေ့ တိုင်း ကျမအိပ်ချင်ရောင်ယောင် ဆောင်နေရ တာ။ မမတို့ ချိန်းတွေ့ ကြတာအကြိမ်ကြိမ်ဘဲ။ ဟွန်း မပြောချင်ဘူး။ ဟိုက သူ့ မိန်းမကြီးလိုက်လာပြီး ပြန်ခေါ် သွားမှပဲ ရပ်တော့တယ်။’’
‘ ဒိန်း’
‘ဒိန်း ’
သံချောင်း နားနှစ်ဖက်ကို မိုးကြိုးပစ်သွားတာလေ။ ဟာ ဟ။
ပြောပြီးပါပကော လည်လူသံချောင်းပါလို့ ။
ကောင်းပါလေ့။ ကောင်းပါလေ့။ ကောင်းပါလေ့။ ကောင်းပါလေ့။ ကောင်းပါလေ့။ ကောင်းပါလေ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သြော်...မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီး ငိုနေတဲ့ လူလည်၊ လည်လူသံချောင်းရဲ့ ငိုချင်းလေး နားဆင် ကြရအောင်။
‘‘ ပန်းရုံ..ပန်းရုံ...၊ မင်းဟာ တကယ်တော့  ပန်းချုံကြီးဖြစ်နေပါလားကွယ်။ အဟီးးးဟီးးးဟင့်။ရွှတ်။
 ခွေးသေးပန်းခံထားရတဲ့ ပန်းချုံကြီး။ မပန်းချုံကြီးရဲ့ ။
 အမေ့ ချွေးမလေးက ‘ ပိပိပြားပြားလေး ’ ဆို။ ခုတော့ ‘ ပိပိဖေါင်းဖေါင်းကြီး ’ ။(ကန်တော့ ကန်တော့    သံချောင်းငိုတဲ့အတိုင်း ပြောရတာ)ဟီဟိ။ ဘာတဲ့ ဒါလေးက ဘာလေးလဲ တဲ့။ ဟုတ်လား။
သူကြီးသမီးကို လူလည်ကျပြီးယူတဲ့ ဟောဒီသံချောင်းမှာ....ဟာ....ချောင်လည်လို့ နေပါပြီ။အဟီးးးဟီးးးဟင့်။ရွှတ်။ ’’
တော်ပြီိဗျာ..လက်ညောင်းတယ်။ အရည်မရ အဖတ်မရနဲ့ ။
‘‘ ယောက်ျားတွေက နှာဘူးတွေ ’’ 
တစ်ခါကပေါ့ ဘကြီးက ခံငြင်းတယ်။ ဘာပြောကောင်းမလဲ ။
နောင်ဂျိန်း..နောင့်ဂျိန်..နောင်ဂျိန်း..နောင့်ဂျိန်.. မကြီးမငယ်ကြီးတွေတဲ့ ဆော်ပလော်တီး ကုန်ကြတော့တာပဲ။
ကြီးတော်ကြီးက သားသမီးတွေ၊ မြေးတွေဆွဲထုတ် ။ ဗုံကလေးများလို တန်းစီပြပြီး။
ဒါ တော်နှာဘူးကျထားတာမဟုတ်လို့  ကျမက ဘယ်မှာ ဟိုးဒင်းဟိုဟာပြုပြီး ရတာတွေတုန်း ကှိုနှာဘူးရဲ့  ဆိုပြီးပေါ့။ဘေးအိမ်တွေက တခွီးခွီးနဲ့  ရယ်လို့ ။ လုပ်တုန်းက လုပ်ပြီး..ခုမှ...
အပယ်ကြောက်နေတဲ့ အဒေါ်ကြီးတဲ့။ ကောင်းရော။
လောက...လောက...လူ့ လောကကြီးဟာ တယ်ပီးလဲ ဂွကျပါလားနော်။
ဖိနပ်ခိုးတဲ့ အမှုလောက်မိတာကို ပြောမဆုံးဖြစ်။
တကယ်လေယာဉ်ပျံပေးဆွဲထားတာကြတော့ ရူးချင်ယောင်ဆောင်နေ ကြလေရဲ့  ။
ဂွကျတာတွေထက် ပိုပီးဂွကျနေရင် ကွင်းလုံးကျွတ်ကျဖို့ပဲကျန်တော့မယ်။ ...........တောက်....!!!!!..........။
No comments:
Post a Comment