ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 27 August 2012

မြောက်ဥက္ကာပတွင် အမျိုးသမီး ၂ဦးအား ခေါင်းလုံးဝ မရှိဘဲ တွေ့ ရခြင်း

ည ၁၂ နာရီခန့် တွင် မြောက်ဥက္ကာပအဝိုင်းကြီး၌ အမျိုးသမီး ၂ဦးအား ခေါင်းလုံးဝမရှိဘဲ တွေ့ ရှိကြတယ်လို့  မျက်မြင်သက်သေတစ်ဦးက ပြောကြားပါတယ်။(လူမဆန်လိုက်တာဗျာ) 
အဆိုပါ ခေါင်းမရှိသော အမျိုးသမီး ၂ဦးကို ဆိုက်ကားသမားများမှ ခေါ်ဆောင်သွားခဲ့ရပါတယ်လို့  အဆိုပါ မျက်မြင်သက်သေမှ ဆက်လက်ပြောကြားခဲ့ပါတယ်။(သူတို့ ကယ်ပေလို့ နော်...ဟင်း) 


အဟုတ်မှတ်လို့  စိတ်မကောင်းတွေဖြစ်၊ဒေါသတွေထွက်မနေနဲ့ ဗျို့ ။ ဒါတောင် ဖိုးထောင်တို့ အုပ်စုနဲ့  တွေ့ ပြီ ဖိုးလိုးဖက်လပ်ဖြစ်သွားတာတွေ ထပ်ပြောချင်ပါသေးသတဲ့။ ဒါပေမယ့် မပြောပြတော့ပါဘူးတဲ့ ခင်ဗျ။
 
xxxxxxxxxxxxxx
မင်္ဂလာပါ....။
စကားစကားပြောပါများ၊ စကားထဲကဇာတိပြဆိုတဲ့ လူကြီးများရဲ့ အဆိုရှိပါတယ်။ အဲဒါကြောင့်ကိုလူအေး စကားမပြောတော့ဘူးရယ်လို့ နေတာ(ကိုယ်ငပေါမှန်း လူသိမှာဆိုးလို့ .....ဟီး)။
 
‘‘မိန်းမတစ်ယောက်ဟာ တစ်ယောက်ထဲနေရင်း နှစ်ခြမ်းကွဲနေသတဲ့’’  ဘယ်ပညာရှိကမှ ဆိုမိန့် ခဲ့တာ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက် သူ့ မိန်းမကိုစိတ်ချဉ်ပေါက်ပြီး မရည်ရွယ်ဘဲပြောလိုက်တဲ့ စကားပါ။
 
သူငယ်ချင်းရဲ့ မိန်းမက သူ့ ယောက်ျားကိုအရမ်းချစ်တယ်။ အားလည်းကိုးတယ်။ သူ့ တို့ အိမ်ထောင်ရေးက ပျော်ရွှင်ကျေနပ်စရာ အတိပေါ့။ ဒါပေမယ့် မိခင်ဖြစ်သူရဲ့ ငယ်စဉ်ကတည်းက ငါတို့ အမျိုးက ယောက်ျားနိုင် ရတဲ့မျိုးရိုးဆိုတဲ့ဥာဉ်က သူမကိုဖိအားပေးနေလေတော့ စည်းမျဉ်းခံလင်စနစ်ကိုကျင့်သုံးဖို့  အမြဲ ကြိုးစားသတဲ့။ မအောင်မြင်ဘူး။(ဒီကောင်က ကိုလူအေးလို ငပေါကြီးမှ မဟုတ်တာ)။ မကျေနပ်တဲ့စိတ်က တစ်ဘက်ပေါ့။ အဲဒီလိုမျိုး နှစ်ခြမ်းကွဲနေတာကိုပြောတာပါတဲ့။

ဒီလိုဆိုတော့လည်း အဟုတ်သား။ သူတို့ မှာစိတ်အလိုကျမှု့ နဲ့ စိတ်အလိုမကျမှု့ တွေက နှစ်ဖက်လွန်ဆွဲနေ တတ်ပြီး နှစ်ခြမ်းကွဲနေတတ်ကြရှာတယ်။ ကိုယ်ကိုတိုင်လဲ စာမတတ်၊ ယောက်ဖဖတ်ပြတော့လည်း မကျေနပ်ဆိုတာလို သွန်သင်ဆုံးမလို့ ရတာမဟုတ်တော့ အခက်သားကလား။ ဘာပြောပြော ‘အိုင်ဒုန့် ကဲ ယား’’ ဆိုတဲ့ဘိလပ်စကားကို မအေ့ဘိုက်ထဲမှာကတည်းက သင်လွှတ်လိုက်သလားမှတ်ရတယ်ဗျို့ ။

ကိုလူအေးကြည့်ဘူးခဲ့တဲ့ အငြိမ့်လူရွှင်တော်တွေရဲ့ ပျက်လုံးကလေးကို ပြန်ပြောပြချင်မိတယ်ခင်ဗျ။ ဒီလိုပါ.. ‘‘ဟ....ကောင်မလေး အငြိမ့်ခုံစွန်း သွားမကနဲ့  မတော်လို့ လိမ့်ကျသွားရင် ကာလသားတွေက ပွေ့ ပြီး  ပြေးရော။ ငါတို့ က....
ကျူပ်တို့ မင်းသမီးကိုချခဲ့ကြပါဗျို့ လို့  အော်လိုက်ရင်လည်း သူတို့ ကိုအားပေးသလို ဖြစ်နေပြန်ရော’’ တဲ့။
အသားလိုလို့  အရိုးတောင်းတယ်။
အရိုးလိုလို့  အရိုးတောင်းတယ်။
အရိုးပဲရမှာမို့ လို့  အရိုးတောင်းတယ်။

အင်း...ကိုလူအေးတို့ အရွယ်ရောက်လာတော့ ဖခင်ကြီးဆုံးမခဲ့သလို သူနဲ့ လင်မယားဖြစ်ရင်ပြီးရောဆိုတဲ့ အဖြစ်မျိုးနဲ့ ကတော့ သူတောင်းစားကတောင် မိန်းမယူဖို့ ဝန်လေးမှာမဟုတ်ပါဘူးတဲ့။တန်ဘိုးရှိတဲ့မိသားစု ၊ ပျော်ရွှင်ကြည်နူးစရာအိမ်ထောင်ရေးဖြစ်ဖို့ တာဝန်ယူတတ်ရမတဲ့။
ပြဿနာတစ်ခုဖြစ်လာရင် ပရမ်းပတာ လက်တုန့် ပြန်ချင်တာမျိုး၊ သွေးရူးသွေးတန်းရန်တွေ့ ချင်တာမျိုး ဖြစ်လာတဲ့အခါ ကိုလူအေးနားထောင်နေကျ သီချင်းလေးတစ်ပုဒ်ရှိတယ်ခင်ဗျ။
 
အရိုးရဲ့  ‘‘ဥ’’ သီချင်းလေးပါ။


  နောက်တခါ ကြက်တွေ မဥအောင် လုပ်ထားကွာ..
(သူတလှည့် ကိုယ်တလှည့် ရန်ဖြစ်ရတာ မောလို့ဗျို့ )


 
 
 
မှတ်ချက်။   ။ You Tube မှာတင်ထားတာကို ပြန်ပြီး ပေါက်ကရလုပ်ထားတာပါ။
 
ဆက်ဖတ်ရန် >>>

Saturday 4 August 2012

ဝါကျွတ်ရင်တော့…ယောက်ျားယူမယ်…။♪ ♫ ♪…


ကိုယ်လေတစ်ယောက်ထဲပျင်းတယ်….. မနေနိုင်တော့ဘူးဟယ်….
 
မည်သူ့ ကိုမှ မရည်ရွယ်ပါ။
 
....♪   အဖေအမေကလည်းနားမလည်….
ဘာလိုနေလဲ အလိုက်မသိကြပါကွယ်…...(ဟီးးးးး)
ဆက်ဖတ်ရန် >>>