ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 2 May 2016

ဟောက်တတ်တာ ရောဂါလား။

ဟောက်တတ်တာ ရောဂါလား။



ဟောက်တာနှစ်မျိုး ရှိပါသည်။
၁။ ရိုးရိုးဟောက်ခြင်း။
၂။ အိပ်နေရင်း အသက်ရှူရပ်ပြီး ဟောက်ခြင်း။

နံပါတ် ၁-ဖြစ်တဲ့ ရိုးရိုးဟောက်တာမျိုးကတော့ ကျန်းမာရေးအတွက် ဒုက္ခမပေးပေမယ့်
နံပါတ် ၂-ဖြစ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ပြီး ဟောက်ခြင်းကတော့ ကျန်းမာရေးအတွက် ဒုက္ခပေးပါတယ်။ ရောဂါလက္ခဏာတရပ်အဖြစ် ယူတတ်ကြပါတယ်။

ဝတဲ့သူတွေဟာ ပိုပြီးဟောက်တတ်ပါတယ်။ ဝတဲ့သူတွေဟာအသက်ရှူလမ်းကြောင်းမှာအဆီတွေပိတ်နေတတ်ပါတယ်။
လေဝင် လေထွက်ကို ပိတ်တတ်လို့ အသက်ရှူခြင်း ခေခတ္တရပ်သွားတတ်ပါတယ်။ အသက်ရှူရပ်ခြင်း ၁၀-စက္ကန့်ထက်ပိုရင် အဆုတ်ကို အောက်ဆီဂျင်  မရောက်လို့ အဆုတ်မှာ လေဝင် လေထွက်မရှိဖြစ်တတ်ပါတယ်။ အောက်ဆီဂျင် ရရှိမှုနည်းရင် ဦးနှောက်ကို အောက်ဆီဂျင်ရောက်ရှိမှု နည်းပါမယ်။
ဒီအခါမှာ နှလုံးခုန်မမှန်တာတို့၊ အသက်ရှူမဝတာတို့ ဖြစ်တတ်ပါတယ်။ နောက်ဆုံး အဆုတ်ကိုပါ ထိခိုက်နိုင်ပါတယ်။

အဲဒီအကျိုးဆက်ကတော့ လူတေါပြောပြောနေတဲ့ အိပ်ရေးမဝဘူးဆိုတဲ့ ပြဿနာပါပဲ။
ညဘက်မှာ အိပ်ရေးဝဝ အိပ်တာက အသားအရေရဲ့ ကျန်းမာ လှပရေးကို အထောက်အကူ ပြုကြောင်း သိပြီး ဖြစ်မှာပါ။
အလုပ်ထဲမှာ အာရုံမစိုက်နိုင်ဘဲ ထိုင်းမှိုင်းနေတတ်ပါတယ်။ နောက်ဆုံး အလုပ်လုပ်ရမှာ ပျင်းတယ်ဆိုတာမျိုးထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတတ်ပါတယ်။
ရောဂါအနေနဲ့ကတော့ နှလုံး သွေးတိုးနဲ့ ပန်းသေ ပန်းညှိုးရောဂါတွေ ဖြစ်တတ်ပါတယ်။

ဟောက်တာကို ကာကွယ်ကုသနိုင်သလား--- ကာကွယ်ကုသနိုင်ပါတယ်။
အဲဒီ ရိုးရိုးဟောက်ခြင်းကို ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲဆိုရင် မိမိရဲ့အိပ်ဖော်ကို မေးကြည့်ရပါမယ်။
မိမိဟောက်စဉ် ဘယ်အနေအထားနဲ့ အိပ်စဉ်မှာ ဟောက်သလဲဆိုတာပါ။ ပက်လက်အနေအထားမှာ လူတွေဟာ ပိုပြီး ဟောက်တတ်ပါတယ်။ အကယ်၍ ပက်လက်အနေအထားမှာ ဟောက်တယ်ဆိုရင် ညာဘက်ကို စောင်းအိပ်လိုက်ပါ။ ညာဘက်အိပ်လို့ ဟောက်တတ်ရင်ဘယ်ဘက်ကို စောင်းအိပ်လိုက်ပါ။

ဒုတိယတမျိုးဖြစ်တဲ့ ဟောက်ရင်းနဲ့ အသက်ရှူရပ်သွားခြင်းမျိုး ဖြစ်လာရင်တော့  ခွဲစိတ်ကုသလို့ ရနိုင်ပါတယ်။ လေရှူပြွန်ပိတ်တာကို ခွဲစိတ်ပေးနိုင်ပါတယ်။ အချို့ကတော့ နှခေါင်းပိတ်လို့ အသက်ရှူကျပ်တတ်တာ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ လေဝင်လေထွက်လမ်းကြောင်းကို ပိတ်စေတဲ့အကြောင်းရင်းကို ရှာဖွေရပါတယ်။ အဖြေရှိရင် ဆေးရှိပါတယ်။ အကြောင်းရင်း ရှာတွေ့ပြီဆိုရင် ရောဂါကို ကုသလို့ရနိုင်ပါတယ်။

ဝသူ ဝိတ်လျှော့၊ အိပ်ဆေးနဲ့ အရက်ကိုရှောင်၊
အိပ်ရာ ခေါင်းရင်းကို မြှင့်ထားပါ
သွေးစုတာကို လျော့ကျ စေပြီးမျက်လုံးအောက်မှာ ဖောင်းအစ်တာကို လျော့ကျစေ ပါတယ်။ ဒါ့အပြင်  အသက်ရှူ လမ်းကြောင်းကို ပွင့်စေတာကြောင့်  ဟောက်တာကို သက်သာစေ ပါတယ်။ သင့်တော်တဲ့ အနေအထားနဲ့ အိပ်ပြီး အိပ်ရင်း အသက်ရှူရပ်ကာ ဟောက်ခြင်းရောဂါမှ ကင်းဝေးကြပါစေဟု...
....................
from GMAIL ...
ဆက်ဖတ်ရန် >>>