ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 24 July 2016

ရှမ်းအိုးစည်သံက ကလို့ကောင်းတယ်လေနော်... မြူးတယ်ပေါ့နော့..

💥⚡️⚡️ပြောပြချင်တာ...
နဂါးပူးတယ်တို့ နဂါးသိုက်တို့ဆိုတာ
အဲ့ဆေးတွေဖျန်းခံရပြီး သတိလွတ်သွားသူတွေ
တွန့်လိမ်နေကြတာပါ....လို့...
မယုံဘူးဆိုရင် သွားအဖျန်းခံကြပေါ့...⚡️⚡️💥



ခေါင်းလောင်းကြီးရှာတယ်ဆိုလား တွေ့ပြီဆိုလားပေါ့...
အဲ့ဒီနေရာမှာ လူတွေနဂါးပူးကြ နတ်ပူးကြဆိုတော့မှပြန်သတိရမိတယ်လေ...
လွန်ခဲ့တဲ့ ၂နှစ်လောက်က ထင်ပါရဲ့..
မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ ဘုရားပင့်တယ်ပေါ့...
အမျိုးသားက သူ့မိတ်ဆွေဆိုတော့ သွားဖူးမယ်ပေါ့...ဖူးဆိုတော့လည်း ဖူးပေါ့လေ...
လိုက်ရမှာပေါ့ လှူဆိုတော့လည်း လှူပေါ့လေ..အိမ်ကရင်း စာအိတ်နဲ့ ပိုက်ဆံထည့်ထားပြီး
လက်ကိုင်အိတ်ထဲ ထည့်ယူသွားတယ်ပေါ့...
ဟိုရောက်တော့ အရင်ဆုံး အပေါ်ထပ်တက်ဘုရားခန်းဝင်ပေါ့ ကန်တော့ပေါ့...
အဲ့ဒီမှာ ကျမကလည်း သိပ်နားမလည်တော့အလှူငွေအိတ်ကို ထုတ်လိုက်တယ်ပေါ့...
ပြီးတော့ အမျိုးသားက ကျမကိုလက်တို့တယ်..
ဘုန်းကြီးကို အထဲကျမှလှူပါဆိုတော့ ပြန်သိမ်းလိုက်တာပေါ့..
ချက်ချင်းဘဲ ဘုရားလူကြီးဆိုသူ(မြောက်ဒဂုံမှာနေတယ်လို့ပြော)...
ကျမဆီရောက်လာတယ်...
ရှင်စောပုဘုရင်မရဲ့သံလျက်ကိုကျမလက်ထဲထည့်ပေးတယ်..တစ်ပြိုင်နက်တည်း လက်ထဲကို 💥အနံ့ပြင်းပြင်းရေမွှေးပုလင်းနဲ့တရွှတ်ရွှတ်ဖျန်းလိုက်သေးတယ်...
ပြီးတော့...
အဲ့လူကပြောတယ် အဲ့သံလျက်ကိုလက်အုပ်ချီထည့်ထားပြီးအာရုံပြု သေချာဆုတောင်းပါ..တဲ့
ဆုတောင်း ဘယ်လိုပြည့်တယ် ဘာညာဘာညာပေါ့...
သူပြောသလို ကျမလည်း ကြောင်တောင်တောင်နဲ့လုပ်တယ်ပေါ့... အာရုံကတော့ သိပ်မရှိလှပါဘူး...
နဂိုကရင်း ကျမက ဘာမှဆုမတောင်းတတ်သူ..
ဆုမတောင်းလိုသူ...
အဲ့တော့ အဲ့ဒီလူတတွတ်တွတ်လာပြောတာကိုလည်းဘဝင်မကျဖြစ်နေမိတာတော့ အမှန်...
ကျမ ဆုတောင်းပြီးတာ့ ခလေးနှစ်ယောက်ကလည်း သူတို့လည်း ကိုင်ချင်တယ် ဆုတောင်းချင်တယ်ပေါ့..
စိတ်ကျေနပ်အောင် လုပ်ကြတယ်ပေါ့...
ခလေးတွေကိုတော့ အမွှေးနံ့သာမဖျန်းပေးပါဘူး...
ခဏနေတော့ အမျိုးသားဝင်လာတော့ပြောပြန်တယ်..ဆုတောင်းပေါ့ လက်ဖျန့်ပေါ့..
အမွှေးနံ့သာဖျန်းပေးပြန်တယ်...
💥မတူတာတစ်ခုက သူကျတော့ အဲ့သံလျက်ကို နဖူးမှာထောက်ပြီး ဆုတောင်းရမယ်တဲ့...
ယုံကြည်သက်ဝင်တဲ့ ကျမယောက်ျားကတော့ ဆုတွေတောင်းနေတယ်ပေါ့...
ကျမကတော့ စပ်စုစဉ်းစား အကဲခတ် အဖြေထုတ် သတိထား
အဲ့လိုလေးပေါ့ရှင်...
ဟော...!!!!
စလာပါပြီ ဇာတ်လမ်း...ဘုရားလူကြီးဆိုသူက ကျမနားလာပြောတယ်...
ဒီဘုရားတွေက ဘယ်လိုတန်ခိုးကြီးကြောင်း...
လိပ်ပြာလှသူ နဂါးဆက်ရှိသူ အစိမ်းရောင်ဝတ်သူတို့ကိုပူးတတ်ကြောင်း...
ကျမ ကိုယ့်ဟာကိုယ်ပြန်ကြည့်တယ်လေ..
ညကြီးမင်းကြီးတွေ့ကရာလုံချည်ဝတ်လာမိတာ
အစိမ်းရောင် အပွင့်တွေနဲ့...
အင်္ကျီကအစိမ်းနုပြောင်...
အမလေးးးးး!!!!
ပိုက်ဆံအိတ်ကလည်း အစိမ်းရောင်များများ..
ခြုံလာတဲ့ပုဝါ အစိမ်းရောင်အပွင့် အခက်တွေနဲ့..
😖😖😖
ထပ်ပြောသေးတယ် သူက...
ညနေက ၁ ယောက်ကိုပူးတာ ဟိုးဖက်ဘုန်းကြီးအခန်းထဲကနေ ဒီဘုရားခန်းထဲ မြွေလို နဂါးလိုလူးင်္ပြီးလာသတဲ့...
ဗုဒ္ဓော......!!!!!!
ကျမကို အဲ့လိုကြီးပူးနေရင် ဒုက္ခပါဘဲပေါ့...
သတိထားနေရတော့မယ်လို့ ပိုသိလိုက်ပြီလေ...
ဒီလူကြီး ကျမကိုပစ်မှတ်ထားနေတာ သေချာသွားပြီ...
😥😥😥
ခဏနေတော့ ဘုန်းကြီးကဟိုအခန်းမှာပေါ့
သွားပါ ဖူးပါပေါ့...
ကျမ မသွားချင်တော့တာအမှန်ဘဲ..
အတင်းလိုက်ပို့တော့လည်း ယက်ကန်ယက်ကန်နဲ့ပါသွားတယ်ပေါ့...
ကျမကို ဟိုးးးအတွင်းထဲဝင်ပါ ထိုင်ပါ..
ဆရာတော်နားသွားပါ ဘာညာပေါ့..
ကျမရဲ့ မျက်နှာရိပ်မျက်နှာကဲကို ဘယ်တော့မှမသိတဲ့ကျမချစ်ချစ်ကလည်း ဆရာတော်အနားကို လာပါလို့
အတင်းခေါ်နေတော့တာပေါ့...
ကျမအကြောင်းပြတာကတော့ ခလေးတွေကသိပ်ဆော့တယ် ဝင်လိုက်ထွက်လိုက်နဲ့ အားနာလို့ပါပေါ့..
တော်ပါသေးတယ် သူတို့ပါလို့...
ဆိုတော့ တံခါးပေါက်ဝ ရေချိုးခန်းရှေ့နားလေးမှာကျမထိုင်လိုက်တယ်ပေါ့...
ကျမရဲ့သဘာဝက သတိအရမ်းကြီးတယ်ဆိုရမလား..
သတိလက်လွတ် ဘယ်တော့မှမနေဘူးလေ..
ဒီမှာ ကျမမြင်လိုက်တယ်..
ဆရာတော်နဲ့အဲ့ဒီနောက်လိုက်လူကြီး မျက်လုံးချင်းဆုံပြီး
ပြောလိုက်တဲ့စကား...
ဒီတစ်ယောက် အလှည့်...
ဒီတစ်ယောက် အလှည့်..တဲ့..
ခံစားမိလိုက်တယ်...
😁😁😁
ဪ...
အခန်းထဲဝင်သွားချိန် အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ပူးပြီး ငိုလိုက် ကလိုက် လုပ်နေတာတွေ့ရတယ်...
မေးသမျှလည်း ငိုငိုပြီးဖြေနေတယ်..
အမျှဝေပေးပါလို့လည်း ပါးစပ်ကပြောနေတယ်....
မောင်းထုပေးပါလို့လည်း လက်ကလုပ်ပြနေတယ်....
(အဲ့ဒီမှာ ရှမ်းအိုးစည်သံထွက်လာပါတယ်..)
ရှမ်းအိုးစည်သံက ကလို့ကောင်းတယ်လေနော်...
မြူးတယ်ပေါ့နော့..
😜😜😜
အယုံအကြည်မရှိတဲ့အတွက် ဘာကြောင့်ဒီလိုဖြစ်နေတာလဲလို့ဘဲ ကျမစဉ်းစားအဖြေရှာနေမိတယ်...
ထူးခြားတာ ဘာတွေ့သလဲမေးရင်...
ရေမွှေးပုလင်းကို ဂုတ်တွေ မျက်နှာတွေမှာဖျန်းတယ်
အဲ့အချိန် အဲ့အမျိုးသမီး ငိုတယ်...
ပြီးလည်းပြီးရော စားပွဲပေါ်ကရေခွက်လေးတိုက်လိုက်တော့အဲ့အမျိုးသမီး သတိပြန်ရှိ လာတာတွေ့ရတယ်...
သူသတိပြန်ရလာတော့ ပြောတယ်...
"ကျမဖြစ်တော့မယ်ဆိုတာ သိတယ်...
မေးတွေလေးလာတယ်...."တဲ့...
"ရှက်လိုက်တာ ဘယ်လိုပူးသွားလဲ မသိတော့ပါဘူး...."တဲ့..
ဟော!!!
ကျမတို့အုပ်စု ဘုန်းကြီးကန်တော့ရမဲ့အလှည့်ရောက်ပြီ..
လက်အုပ်ချီပါ အာရုံပြုပါ လိုက်ဆိုပါပေါ့...
မကြာပါဘူး...လက်အုပ်ချီရင်း...
ကျမ မေးတွေလေးလာပြီး မူးလာတယ်....
အသက်ရှူကြပ်လာတယ်..
💥ကျမ ချက်ချင်းသတိရလိုက်တာ...
ကျမ လက်ထဲလာဖျန်းတဲ့အနံ့ကြောင့်ဆိုတာဘဲ...
ဒါနဲ့ လက်ကို ကော်ဇောမှာပွတ်တယ်...
ကျမရေချိုးခန်းရှေ့မှာထိုင်နေတော့ လက်ဝင်ဆေးလိုက်မှနဲ့ တူတယ်လို့လည်း စဉ်းစားမိတယ်...
မသင့်တော်ပါဘူးလေ..
ဘုန်းကြီးတက်ဖို့ အိမ်သာများလား မဝင်သင့်ပါဘူးလေပေါ့..
ဒါနဲ့ဘဲ အိတ်ထဲက wet tissue ကိုထုတ်ပြီး
ပွတ်နေလိုက်တယ်...
ကျမ ဂဏှာမငြိမ်ဖြစ်နေမှာတော့ အသေချာ...
တံတွေးမြိုရတာတောင်ခက်လာတယ်...ခံစားရတဲ့ ခံစားချက်က ခလေးမွေးချိန် ခါးရိုးမှာ
💥ထုံဆေးထိုးလိုက်ရင် လည်ပင်းအထိတောင့်လာပြီးအသက်ရှူကြပ်လာသလိုမျိုး အတူ တူဘဲ...
မတတ်နိုင်တော့ဘူးလေ...
သမီးကို အပြင်ထွက် အပြင်ထွက်လို့ ကြိတ်ပြောပြီးကျမ အဲ့အခန်းထဲက ထွက်လာတယ်..
အိတ်ထဲက ပရုပ်ရည်နဲ့လက်ကိုပွတ်ပစ်တယ်...ဟိုလူ ကျမနောက်လိုက်လာတယ်...
ဘာဖြစ်လို့လဲပေါ့...
ကျမလည်း စကားကို အလှပြောလိုက်တယ်..ခလေးတွေမငြိမ်လို့ အားနာလို့ပေါ့...
အဲ့လူ ကျမကို အတင်းဧည့်ခံတယ်..
အပြင်မှာခင်းကျင်းထားတာတွေ စားပါပေါ့...
အများစားဖို့ ခင်းထားတာမို့ ကျမခလေးတွေကစားချင်နေတော့ ပေးစားလိုက်တယ် ကျမလုံးဝ မစားဘူး...
ခဏနေတော့ ရေခပ်လာတိုက်တယ်..လှေကားကယူလာတာမြင်ကတည်းက
ခလေးတွေကို ဘာတိုက်တိုက်လုံးဝမသောက်ရဘူးလို့ကပ်ပြီးပြောလိုက်တယ်...
နောက်ဆက်တွဲ ကော်ဖီလာတိုက်တယ်...ဗန်းထဲမှာ ၃ခွက်ထဲပါတယ်...
ကျမ ကော်ဖီမသောက်တတ်ဘူးလို့ ပြောလိုက်တယ်..
အဲ့ဒီလူ မလုံမလဲကျမကိုပြောပြန်တယ်...
သူတို့ဟာ ဘုရားကိုလှူတဲ့ပစ္စည်းတွေကို စောင့်ရှောက်ကြောင်း...မယူကြကြောင်း....
ကျမ တစ်ခုခုသံသယဝင်လို့ပြေးပြီဆိုတာ
သူသိသွားပြီလေ...
ပြောသေးတယ် တချို့ဆိုရင် ယုံကြည်သက်ဝင်ပြီးဝတ်ထားတာတွေချွတ်လှူသွားတာ သူတို့ မမှတ်မိဘူး
ဒါကြောင့် စီစီတီဗွီတပ်ထား ဆိုဘဲ...
သူတို့ကိုယ်တိုင်ချွတ်လှူတာကို အငြင်းမပွါးရအောင်...တဲ့လေ...
💥အနံ့ပြင်းပြင်းရေမွှေးပုလင်းက အတော်စွမ်းနော်..
😜😜😜
ဦးxxx ရဲ့သမီး ဒေါ်xxx ဆိုရင်
ဒီဘုရားကိုမြင်တော့ သူ့အိမ် ၃ရက်ပင့်မယ် ဆိုသတဲ့...
သူတို့ရောက်သွားတော့ ရှူပ်ရှူပ်ယှက်ယှက် ငါဘယ်တုန်းက
ပင့်လို့လဲလို့ ဆိုသတဲ့...
သူဆိုလိုတာက တန်ခိုးကြီးလို့ မသိစိတ်က
ကြည်ညိုသက်ဝင်သွားတယ်ပေါ့...
ဒီနေရာမှာ ကျမထပ်သိလိုက်တာ ဟိုအနံ့ပြင်းရေမွှေးပုလင်းစာသူတို့လည်း
မိသွားကြပြီ ဆိုတာဘဲ...
ကျမထင်တာမမှားဘူး...
အဲ့ဒီပုလင်းထဲကအရည်က💥မေ့ဆေးထုံဆေးကိုအခြေခံတဲ့
ဆေးအနံ့ပြင်းပြင်းကို အပေါစားရေမွှေးခပ်ပြင်းပြင်းနဲ့
ဖုံးအုပ်ထားတာ...
စားပွဲပေါ်က ဖြေဆေးအရည်က သံပုရာသီးကို
အခြေခံထားတဲ့အရည်ဘဲ ဆိုတာ...
💥⚡️⚡️ပြောပြချင်တာ...
နဂါးပူးတယ်တို့ နဂါးသိုက်တို့ဆိုတာ
အဲ့ဆေးတွေဖျန်းခံရပြီး သတိလွတ်သွားသူတွေ
တွန့်လိမ်နေကြတာပါ....လို့...
မယုံဘူးဆိုရင် သွားအဖျန်းခံကြပေါ့...⚡️⚡️💥
ဘယ်သွားသွား ဘာလုပ်လုပ်
ကိုယ်တိုင်သတိရှိနေဖို့က အရေးအကြီးဆုံးပါဘဲလေ...
ကိုယ့်ကိုလာဖျန်းတဲ့ 💥အမွှေးနံ့သာတွေကိုလည်း
သတိထားကြပါ....
တို့ဆေးတို့ ဘာတို့နဲ့ သဘောတရားတူတူပါဘဲ...
ကျမတော့ အဲ့ကတည်းက ဘုရားပင့်တဲ့
ဘယ်အိမ်မှ မသွားရဲတော့ဘူး...
သူတို့လည်း လူရွေးမှားသွားတယ်ဆိုရမပေါ့..။
ရှင်စောပုဘုရင်မရဲ့ ဘာညာဘာညာ အသံကြားတာနဲ့
ကျမ အဲ့ဒီအနံ့ကို ပြန်ပြန်ရပြီး..
လည်ပင်းက အသက်ရှူကြပ်လာတာ မေးလေးလာတာကို
ပြန်ခံစားလို့ ရနေသလိုပါဘဲလေ.....
😖😖😖
💥💥အနံ့တွေဖျန်းပေးပြီ လက်အုပ်ချီ အာရုံပြု ဆုတောင်းခိုင်းနေတာ ကျမကို ဆေးအာနိသင် အပြည့်ရအောင် လုပ်နေခြင်းပါ...ကျမကလည်း ဆုတောင်းတတ်သူမဟုတ်လို့
ဆေးအပြည့်မရှူမိလိုက်တာပါ.....💥💥

By-https://www.facebook.com/nichole.shinnthant/posts/1146756635381271


ဆက်ဖတ်ရန် >>>