ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Saturday 5 October 2019

IRAS စာရွက်တွေကို သုံးပြီး အခွန်ကင်းလွတ်ခွင့်ရဖို့အတွက် procedure လေးတွေ

စင်ကာပူမှာ အလုပ်လုပ် ဝင်ငွေခွန် ဆောင်ထားတဲ့သူတွေအနေနဲ့ မြန်မာပြည်မှာ အိမ်ခြံမြေကားတွေ ဝယ်တဲ့အခါ IRAS စာရွက်တွေကို သုံးပြီး အခွန်ကင်းလွတ်ခွင့်ရဖို့အတွက် procedure လေးတွေ မျှဝေလိုက်ပါတယ်..
🔹အပိုင်း ၁ - IRAS
ပထမဆုံး ကိုယ်အလုပ်လုပ်ခဲ့တဲ့ နှစ်တွေအတွက် iras က NOA letter တွေ သိမ်းထားတာရှိလား.. မရှိရင် iras ရုံးမှာ ယူလို့ရပါတယ်.. iras ရုံးကို walk in or appointment သွားလို့ရပါတယ်..
iras website ကနေ appointment ယူလို့ရပါတယ်.. appointment ယူတဲ့အခါ အကြောင်းအရာမှာ NOA letter ဘယ်နှစ်ကနေ ဘယ်နှစ်အထိ လိုချင်ကြောင်း တစ်ခါထဲ ဖြည့်ထားလိုက်ပါတယ်.. appointment ရက်မတိုင်ခင် iras က ဖုန်းဆက်လာပြီး အဲရက်မှာ ကောင်တာနံပတ်ဘယ်လောက်ကိုသွားပြီး collection လုပ်ပါလို့ ပြောပါလိမ့်မယ်.. service fees SGD 13 ကျပါတယ်.. NOA letter ကတော့ တနှစ်ကို SGD 0.30 နဲ့ ကိုယ်လိုချင်တဲ့နှစ် အရေအတွက်အလိုက် ကျသင့်ပါမယ်.. print ထုတ်ပြီးသား အရံသင့်လုပ် ထားပေးတာ ဖြစ်လို့ စောင့်စရာမလိုပါဘူး..
walk in သွားရင် ရုံးရောက်မှ Q no ယူရပါမယ်.. service fees SGD 20 နဲ့ NOA letter တနှစ်အတွက် SGD 0.30 ပါ.. ဒါကတော့ ကိုယ်ရောက်မှ မေးမြန်းပြီး print ထုတ်ပေးတာပါ..
🔹အပိုင်း ၂ - စင်ကာပူသံရုံး - ရန်ကုန်မြို့ မြန်မာနိုင်ငံ
NOA letter တွေကို certify လုပ်ဖို့ မြန်မာနိုင်ငံက စင်ကာပူသံရုံးကို ဖုန်းဆက်ပြီး appointment အရင် ယူရပါမယ်.. certify လုပ်တာမှာလဲ တစ်နှစ်ချင်းလုပ်လို့ ရသလို ၃-၄-၅ နှစ်ပေါင်းချုပ်ပြီး တခါထဲ လုပ်လို့လဲ ရပါတယ်.. one true copy ကို USD 4 ကျပါတယ်.. တစ်နှစ်ချင်းလုပ်ရင် တနှစ်စာကို ၄ကျပ်ပေါ့.. ကိုယ်ပြချင်တဲ့နှစ် ပြလို့ရအောင်ဆိုရင်တော့ တစ်နှစ်ချင်း သတ်သတ်စီ လုပ်ထားတာကောင်းပါတယ်.. သံရုံးကို ကိုယ်စားသွားပေးမဲ့သူရှိရင်လဲ IC copy ပေးလိုက်ရင်ရပြီနော်..
🔹အပိုင်း ၃ - မြို့နယ်အခွန်ရုံး မြန်မာနိုင်ငံ
မြို့နယ်အခွန်ရုံးတွေမှာ
- passport အဟောင်း မူရင်း
- အလုပ်ခန့်စာ
- နိုင်ငံသား မှတ်ပုံတင်
- စင္ကာပူကေန ျမန္မာႏိုင္ငံကို ဘဏ္ကေနေငြလႊဲတဲ့ bank transaction statement
အဲဒါတွေ တောင်းပါတယ်.. ဝင်ငွေကို မြန်မာငွေ ပေါက်စျေးတွက်တဲ့အခါမှာ ၂၀၁၂ အထိကို ၆ ကျပ်နဲ့ပဲမြှောက်တယ်ပြောပါတယ်.. ၂၀၁၃-၂၀၁၄ ဆိုရင်တော့ ၇၅၀ လောက်နဲ့မြှောက်ပါတယ်.. ကိုယ်ငွေဖြူပြနိုင်တဲ့ ပမာဏ အပေါ် အခွန်ပေးစရာ မလိုပါဘူး..
ဒီအဆင့်တွေအားလုံးက ၂၀၁၉ နှစ်လယ်ထဲမှာပဲ လုပ်ထားတဲ့ procedure တွေပါ .. အားလုံး အဆင်ပြေကြပါစေ..


တစ်နှစ်စာ Income ရဲ့ ၇၅% ဟာ ဝယ်ယူမဲ့ ပစ္စည်းရဲ့တန်ဖိုးကို မကျော်ခဲ့ရင် တစ်နှစ်စာ income tax ကိုဘဲ သုံးဖို့လိုပါတယ်။ ကျော်သွားခဲ့ရင် အခြားနှစ်က income tex ကိုပါထုတ်သုံးရပါမယ်။
(ဘာဖြစ်လို့ ၇၅% အပေါ်ဘဲ တွက်လဲလို့ မေးစရာရှိပါတယ်၊
မြန်မာအစိုးရက ဝင်ငွေရဲ့ ၇၅% ကို စုငွေ၊ ၂၅% ကို စားငွေ အဖြစ် သပ်မှတ်ပါတယ်)
P/S
၂၀၁၂ ရှေ့ပိုင်း ဆောင်ထားတဲ့ အခွန်တွေက ဘာလို့ အကျုံးမဝင်တာလည်းဆိုရင် ၂၀၁၂ မတိုင်မှီထိ မြန်မာနိုင်ငံ အစိုးရရဲ့ တရားဝင်ငွေကြေးသပ်မှတ်ချက်က 1 USD = ၆ ကျပ် ဝန်းကျင်ဘဲ သပ်မှတ်ထားလို့ပါ။ ၂၀၁၂ နောက်ပိုင်းမှ 1 USD ကို ၉၀၀ ကျပ် နီးပါး တရားဝင် သပ်မှတ်တာပါ.. လို့ အခွန်ရုံးက တဆင့် သိခဲ့ရပါတယ်။
ဆက္ဖတ္ရန္ >>>