ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 22 April 2012

နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်မှာ “မင်္ဂလာ”ရှိစွာ ပျော်ရွှင်နိုင်ကြပါစေ။

ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့် နေပျော်တယ်။

ဂေါတမမြတ်စွာဘုရား မပွင့်သေးမီအချိန်တုန်းက လူသားများအဖို့ အနှစ်သာရရှိတဲ့အဖိုးတန် တရား စကား မျိုးကို ကြားနာခွင့် မကြုံခဲ့ရပါ။ “မင်္ဂလာ ဆိုတာ ဘာလဲလို့ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ဒိဋ္ဌသမားတွေက        = အမြင်ကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။       

သုတသမားတွေက    =  အကြားကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။
မုတသမားတွေက     = အနံ့ကောင်း အရသာကောင်း အတွေ့ကောင်းအာရုံကို မင်္ဂလာလို့   
                                 ငြင်းကြခုံကြပါတယ်။

ဒီလိုနဲ့ မိမိထင်ရာမြင်ရာကို ပြောဆို၍ ငြင်းခုံလာကြတာ အဖြေမှန်ကို ဖေါ်ထုတ်ပြောဆိုနိုင်သူ မပေါ်ခဲ့ပါဘူး။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ မင်္ဂလာရဲ့ အဓိပ္ပါယ်အမှန်ကို မဖွင့်ဆိုနိုင်ကြပါဘူး။ ဂေါတမမြတ်စွာဘုရား ပွင့်ပေါ်လာမှ ဤပြဿနာ ငြိမ်းအေးသွားပါတယ်။

မင်္ဂလာရဲ့ အဓိပ္ပါယ်ကို သိခွင့်ရကြပါတော့တယ်။ မင်္ဂလာတရားတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်ကြီးပေါ်မှာ အညတရ နတ်သားတစ်ဦးက လျှောက်ထား၍ မြတ်စွာဘုရားက ရှင်းလင်း ဟောကြားတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှေးခေတ် ရှေးအခါက မိုးလေဝသ ရာသီဥတု မှန်ကန်ညီမျှပြီး သယံဇာတ သဘာဝပစ္စည်း တွေ ပေါကြွယ်ရခြင်း၏ အဖြေကို ရှာကြည့်တဲ့အခါ မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ကြလို့ဆိုတဲ့ အဖြေကို တွေ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး သာယာဝပြောရအောင် လူတိုင်းကိုယ်စီ မင်္ဂလာတရားနဲ့အညီ ကျင့်သုံးနေထိုင်ကြပါစို့လို့ တိုက်တွန်းရင်း…..

မင်္ဂလာတရားတော် (၃၈) ဖြာ ကို အောက်မှာဆက်လက် ဖေါ်ပြလိုက်ပါတယ်။


(၃၈) ဖြာ မင်္ဂလာတရားတော်


ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (၃) ပါး။
      ၁။    လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း၊
     ၂။    ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း၊
     ၃။    ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်း၊

နေရေးထိုင်ရေးမင်္ဂလာ (၃) ပါး။
      ၄။    သင့်လျော်သောအရပ်၌ နေရခြင်း၊
      ၅။    ရှေ့၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း၊
      ၆။    မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း၊

သင်ကြားရေးမင်္ဂလာ (၄) ပါး။
      ၇။    လောကီလောကုတ် အကြားအမြင်များခြင်း၊
      ၈။    စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း၊
     ၉။    လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း၊
      ၁၀။    အပြောအဆို ချိုသာယဉ်ကျေးခြင်း၊

ပြုစုရေးမင်္ဂလာ (၃) ပါး။
      ၁၁။    မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊
      ၁၂။    သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း၊
      ၁၃။    အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း၊

လိုက်နာကျင့်သုံးရေးမင်္ဂလာ (၄) ပါး။
      ၁၄။    စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
      ၁၅။    သုစရိုက်တရားကိုကျင့်ခြင်း၊
      ၁၆။    ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊
      ၁၇။    အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်း၊

ရှောင်ကြဉ်ရေးမင်္ဂလာ (၄) ပါး။
      ၁၈။    မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊
      ၁၉။    မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း၊
      ၂၀။    မူးယစ်သေစာ မသောက်စားခြင်း၊
      ၂၁။    ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း၊

စိတ်ထားရေးမင်္ဂလာ (၅) ပါး။
      ၂၂။    ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း၊
      ၂၃။    မိမိကိုယ်ကို နှိမ့်ချရခြင်း၊
      ၂၄။    ရောင့်ရဲလွယ်ခြင်း (လောဘအပို အလိုမလိုက်ခြင်း)၊
      ၂၅။    သူတစ်ပါးကျေးဇူးကို သိခြင်း၊
      ၂၆။    သင့်လျော်သောအခါ တရားနာခြင်း၊

သည်းခံရေးမင်္ဂလာ (၄) ပါး။
      ၂၇။    သည်းခံရခြင်း၊
     ၂၈။    ဆုံးမလွယ်ရခြင်း၊
      ၂၉။    ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း၊
      ၃၀။    သင့်လျော်သောအခါ တရားဆွေးနွေးခြင်း၊

ခြိုးခြံရေးမင်္ဂလာ (၄) ပါး။
      ၃၁။    ခြုံးခြံချွေတာခြင်း၊
      ၃၂။    မြတ်သောအကျင့်ကို ကျင့်ခြင်း ၊
      ၃၃။    သစ္စာလေးပါးကို သိခြင်း၊
      ၃၄။    နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊

စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ (၄) ပါး။
      ၃၅။    လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓါတ် မတုန်လှုပ်ခြင်း၊
      ၃၆။    မစိုးရိမ်ခြင်း၊
      ၃၇။    ကိလေသာမြူကင်းခြင်း၊
      ၃၈။    ဘေးကင်းခြင်း။

လူတွေဆိုတာက အစိတ်အပိုင်းကြီးတစ်ခုထဲမှာ တို့တွေလည်းအပါအ၀င် ဖြစ်တယ်လို့ ခံစားတတ်ဖို့လိုပါတယ်။ ကိုယ်က လူတွေကို ဂရုတစိုက်ဆက်ဆံရင် လူတွေကလည်း ကိုယ့်ကို ဂရုတစိုက် ပြန်ဆက်ဆံလာကြမှာပါပဲ။
လူတစ်ယောက်နဲ့ ဆက်ဆံရေးအဆင်မပြေရုံနဲ့ လူတွေနဲ့ မဆက်ဆံချင်ဘူးလို့ တော့ မတွေးလိုက်ပါနဲ့ ။
ဆက်ဆံရေးတိုင်းဟာ သီးခြားစီ ဖြစ်နေတတ်တယ်။
ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူ တစ်ယောက်နဲ့ပဲဖြစ်ဖြစ် ဆက်ဆံရေးအဆင်မချော တော့ဘူးဆိုရင် အဲဒီဆက်ဆံရေးဟာ အခြားဆက်ဆံရေးတွေနဲ့ မဆက်စပ်ဘဲ သူ့ဟာနဲ့သူသီးသီးခြားခြား ရှိတယ်လို့ သဘောထား တတ်ဖို့ လိုပါတယ်။
ပျော်ရွှင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့ အရေးပါတဲ့လိုအပ်ချက်တွေထဲမှာ မိတ်ဆွေတွေနဲ့ ဘယ်လောက် ရင်းရင်းနှီးနှီး ဆက်ဆံတတ် သလဲ။
မိသားစုနဲ့ရော ဘယ်လောက်နွေးနွေးထွေးထွေးနေလဲ။
နောက်ပြီး ကိုယ့်လုပ်ဖော် ကိုင်ဘက်တွေနဲ့ အိမ်နီးချင်းတွေ အပေါ်မှာ ဘယ်လိုဆက်ဆံသလဲဆိုတဲ့ အချက် တွေလည်းပါပါတယ်။ အဲဒီလို ရင်းနှီးဆက်သွယ်မှုတွေကို ပေါင်းစုလိုက်တဲ့ ပမာဏဟာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေ ပျော်ရွှင်မှုမှာ ၇၀ ရာခိုင်နှုန်းလောက်အထိ အရေးပါနေတယ်။
သတိထားကြည့်လိုက်ပါ သင်လိုချင်တာ သင့်မှာရှိပြီးဖြစ်မှာပါ။

ကျွန်တော်တို့တွေဟာ တစ်ခါတလေကျရင် သြော် ငါဘယ်နေရာကနေစလာခဲ့တာလဲ၊ ခုတော့ ငါဘယ် လောက် ခရီးရောက် နေပြီလဲဆိုတာမျိုးကို ပြန်တွေးကြည့်ဖို့တောင် မေ့နေတတ်ကြပါတယ်။ လူ့သဘာဝဆိုတာကိုက ရလေလိုလေ အိုတစ္ဆေဖြစ် တတ်ပါတယ်။ အဲဒီအခါ အကောင်းဆုံးစဉ်းစားနည်းတစ်ခုက ငါဘယ်နေရာကနေ စခဲ့တာလဲ၊ ခုတော့ငါ့မှာ ဘယ်လောက် အထိ ပြီးမြောက်နေပြီလဲဆိုတာကို ပြန်ပြီး သုံးသပ်ကြည့်ဖို့ပါပဲ။
ပျော်စရာအတိပင်။
လူ့ ဘဝဆိုသည်မှာ အဘယ်မျှဒုက္ခများပါစေ ပျော်စရာရှိ ပျော်လိုက်တာကအကောင်းဆုံးမဟုတ်ပါလား။



ဆက်ဖတ်ရန် >>>

Monday 9 April 2012

အတိုကြိုက်တဲ့ မမ (တိုလေ ကြိုက်လေဘဲ ဟီး..ဟီးး)



facebook မှ မူရင်းအတိုင်းကူးယူဖော်ပြပါသည်။

တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ် လို့ ခံရ တာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်း ပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။

ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်)


နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက  ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။

တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လို သုံးရ မှန်း ကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။

ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တဲ့ တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ် လဲတော့ မသိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။

ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ၀တ်ရင်လည်း တော်ရုံဝတ်ကြပါလို့။   တော်ရုံ

မ၀တ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။။

__________________________________________________________________________


တော်သေးတာပေါ့.....ကိုရွှေကုလားက
ဘိုကေမှာ သန်းရှာမသွားလို့ လေ။ ဟီဟိ။


ဆက်ဖတ်ရန် >>>

Sunday 1 April 2012

အဝေရာ-ရန်မရှိသည်သာ ဟောတု-ဖြစ်ပါစေတည်း။


ကိုယ်ဒေါသထွက်မိသူကို စိတ်ထဲပေါ်လာသလို တုံ့ ပြန်တာဟာ အညံ့ဆုံးဒေါသထွက်နည်း ဖြစ်တယ်။

အထိရောက်ဆုံး တုံ့ ပြန်နိုင်မယ့်နည်းလမ်းကို စဉ်းစားမယ်။ ဖြည်းဖြည်းပေါ့။ ဓါးသွေးသင့် သွေးပေါ့။ (ဟီး ဟီး...နောက်တာ)။
အင်း... ယတြာဆောင်သင့် ဆောင်ပေါ့။ ဘာခက်တာ လိုက်လို့ နော့။
အဝေရာ-ရန်မရှိသည်သာ  ဟောတု-ဖြစ်ပါစေတည်း။
အထူးသဖြင့် လင်မယားပြဿနာတွေမှာ ဝေ့လယ်ကြောင်ပတ် လုပ်ပစ်ရမယ်ဗျာ။ လောလောဆယ် သွေးဆူနေတဲ့ စိတ်တွေကို ရှောင်လွှဲလိုက်တာ ပေါ့။
အလျှင်စလို ဖြေရှင်းလို့ မကောင်းတာတွေက များသားဗျ၊ သွေးအေးသွားတဲ့ အချိန်ကျမှာ စိတ်တွေကို လျှော့ပီး ရှင်းတာ ပြေလည်ဖို့ ပိုပြီးနီးစပ်ပါတယ်။


ဆက်ဖတ်ရန် >>>

စင်ကာပူနိုင်ငံတွင် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်

စင်ကာပူနိုင်ငံတွင် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သော အလုပ်သမားဦးရေ တိုတးက်များပြားမှုကြောင့် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်ဖြစ်ကြောင်း စင်ကာပူအရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ကုမ္ပဏီများတွင် လာရောက်လုပ်ကိုင်နေသော ပြည်ပအလုပ်သမား များ ဦးရေးကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လောလောဆယ်၌ ပြည်ပအလုပ်သမားဦးရေ ၆၅ ရာခိုင်နှုန်းခန့် ရှိနေသည်။
ဝန်ဆောင်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်လည်း ပြည်ပအလုပ်သမားဦးရေများ သိသိသာသာ လျှော့ချသွားမည်ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

Source: Myamar Express

ဆက်ဖတ်ရန် >>>