ကျုပ်ကလဲ ငယ်ငယ်ကတဲက စကားကို လိုရင်းတိုရှင်းပဲပြောတတ်တဲ့ကောင်ရယ် ။
သူများလို စကားအများကြီးလဲ သိပ်ပြောတတ်တာမဟုတ်ဘူး။
စကားနဲလွန်းလို့ ကျုပ်ကိုရပ်ကွက်ထဲက တောင်မှ
ကိုလူအေးလို့ နာမည်ပေးထားတာရယ်။ စကားဆိုတာကလဲ ပြောတိုင်းကောင်းတာ မဟုတ်ဘူးလေ။ စကား
စကားပြောပါများ စကားထဲက ဇာတိပြ ဆိုတဲ့ စကားပုံလဲ ရှိသေးတော့ ရှေးထုံးကိုလဲ မပယ်ကာင်း ဈေးသုံးကိုလဲ
မလွယ်ကောင်းဘူးပေါ့ဗျာ။
ကျုပ်က စကားပြောရင် လိုရင်းကို ဒဲ့ပြောတတ်တဲ့ကောင်လေ။ စကားအများကြီးပြောတော့
အမှား အများကြီး ပါတာပေါ့။ မပြောရင်လဲ မပြောဘူး။ ပြောရင်လဲ သိပ်ပြတ်သားတာ။ စကားအများကြီးမပြောတာကလဲ
လူမှု ရေးနားမလည်လို့တော့ မဟုတ်ပါဘူးဗျာ။
ကျုပ်နဂို ဗီဇကိုက စကားနည်းတာပါ။
ငယ်ငယ်ကဆို အဖေ နဲ့ အမေက
ကျုပ်စကားနည်းလွန်းလို့ တေမိဝင်စားတယ်လို့တောင် ထင်ကျတာဗျ။ ကျုပ် ကိုယ်တိုင်ကလဲ စကားနည်းသလို
ကျုပ်ကိုစကားအများကြီးလာပြောတဲ့သူကိုလဲ ကျုပ်ကသိပ် ကြည့် မရဘူးဗျ။
ခင်ဗျားတို့ပဲစဉ်းစားကြည့်လေဗျာ။
လိုရင်းကိုမရောက်ပဲ စကားတွေလျှောက်ပြော နေတော့ နားထောင်ရတဲ့သူမှာလဲ မသက်သာဘူးလေ။ ပြောရတဲ့လူလဲ
အာညောင်းတာပေါ့။
အဲ ဒါကြောင့် ကျုပ်ကစကားအပြောနည်းတာ။ ကျုပ်မိန်းမဆိုကျုပ်ကို ဆွံ့အတယ်လို့တောင်ထင်နေ
တာ။ စကားသိပ်မပြောလို့တဲ့ဗျာ။
ကဲ ... ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ကျုပ်က ပင်ကိုယ်ဗီဇ ကိုက စကားနည်းတာ
ကျုပ်အပြစ်လားဗျာ
.......ဟီ...ဟိ...။
ပုံ // မွေးရာပါစကားနည်းသူ အဘ
No comments:
Post a Comment