ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 28 December 2015

လိမ္မာရေးခြားရှိတဲ့ သားသမီးလေးကို ပိုင်ဆိုင်လိုပါသလား။


လိမ္မာရေးခြားရှိတဲ့ သားသမီးလေးကို
ပိုင်ဆိုင်လိုပါသလား။
***************************
တစ်ချို့မိဘတွေဟာ သားသမီးတွေကို ပစ္စည်း
ဥစ္စာအမွေတွေ၊ ဂုဏ်ဒြပ်တွေ အမွေပေးမယ့်အစား သူတို့ဘဝတစ်လျှောက်လုံး အသုံးချလို့ရမယ့် အသိတရားတွေ၊ လိမ္မာယဉ်ကျေးတဲ့အပြုအမူတွေကို အမွေပေးချင်ကြပါတယ်။

ဒါဆိုရင်တော့ အောက်ဖက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ဆုံးမကြည့်လိုက်ပါ။ အဖိုးဖြတ်လို့မရတဲ့ သားသမီးရတနာလေးတွေကို ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။ နိုင်ငံတကာက မိဘ
အတော်များများ လိုက်နာကျင့်သုံးနေတဲ့ နည်းဥပဒေသလေးတွေလည်း ဖြစ်ပါတယ်။

၁။ သူတို့ ပူဆာသမျှကို မလိုအပ်ဘဲ အလွယ်တကူ မဖြည့်ဆည်းပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်အတွက် ဘာမှ အပန်းမကြီးလို့ဆို ကလေးတွေ ပူဆာတိုင်း အလိုလိုက် ဖြည့်ဆည်းပေးနေမယ်ဆို သူတို့အရွယ်ရောက်လာတဲ့ အချိန်မှာ ဘာကိုမှ အလေးအနက်ထားတတ်တော့မှာ မဟုတ်တော့ပါဘူး။ အရာအားလုံး လွယ်လွယ် ရတယ်ပဲ ထင်ပြီး ဘဝကိုပေါ့ပေါ့လေးပဲ ဖြတ်သန်းသွားကြပါလိမ့်မယ်။ ဘယ်မိဘမှတော့ ကိုယ့်သားသမီး မျက်နှာညိုမသွား စေချင်ပါဘူး။
သို့ပေမယ့်လည်း (၃) ခါပူဆာရင် (၁) ခါလောက်ပဲ ဖြည့်ဆည်းပေးဖို့ အကြံပြုပါရစေ။

၂။ ကိုယ့်အပေးကျေးဇူးပြုဖူးသူတွေရဲ့ ကျေးဇူးတရားကို အမြဲအောက်မေ့သတိရနေအောင်
လေ့ကျင့်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေရဲ့ ကျေးဇူးတရားကို သိတတ်အောင် ကိုယ်တိုင်လည်း ကျေးဇူးရှင်တွေကို တလေးတစားဆက်ဆံဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့ အပြုအမူလေးတွေ၊ လက်ဆွဲနှုတ်ဆက်တာမျိုးလေးတွေ၊ တစ်ယောက်ကို တစ်ယောက် မျက်လုံးအမူအရာလေးတွေနဲ့ အသိအမှတ်ပြုတာမျိုးလေးတွေ ပြုလုပ်
်တတ်အောင် လေ့ကျင့်ပေးပါ။ သူတို့အတုယူနိုင်အောင် ကိုယ်တိုင်လည်း လူတိုင်းအပေါ် ရင်းနီးနွေးထွေးစွာ ဆက်ဆံပါ။ ကျေးဇူးတရားရဲ့ တန်ဖိုးကို အမြဲ အောက်မေ့နေပါ။

၃။ ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့်လေးတွေ ကိန်းအောင်းနေအောင် လေ့ကျင့် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်မှာရှိတဲ့ အရာလေးတွေ မျှဝေလှူဒါန်းတဲ့အခါ ကလေးတွေကို ပါဝင် လှူဒါန်းစေခြင်းဖြင့်
သူတို့ကိုလည်း ပေးကမ်းခြင်းမှာ မွေ့လျော်အောင် လေ့ကျင့်ပေးပါ။ ဒီလို မကြာခဏလှူဒါန်းခြင်းက ကိုယ့်ဘဝကို ပိုပြီး ရောင့်ရဲကျေနပ်စေသလို ၊ အခြားမပြည့်စုံတဲ့ သူတွေအတွက် ကိုယ်ချင်းစာတတ်တဲ့ စိတ်လေးတွေ ကိန်းအောင်းလာစေနိုင်ပါတယ်။

၎။ သားသမီးတွေကို မလိုအပ်ဘဲ အလိုလိုက်တဲ့ မိဘမျိုးတွေ အနားမှာ မနေပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~
မိမိပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သားသမီးတွေ ကိုင်တွယ်တဲ့ နေရာမှာ အလေးအနက်ထားတတ်သူတွေ ဖြစ်ဖို့လိုအပ်ပါတယ်။ အကယ်၍မိမိ ပတ်ဝန်းကျင်က မိဘတွေဟာ သားသမီးကိုင်တွယ်တဲ့ နေရာမှာ လျော့တိလျော့ရဲနဲ့ ဘာကိုမှ အလေးအနက် မထားဘူးဆိုရင်တော့ ကလေးတွေ အတုယူမှားသွားနိုင်ပါတယ်။

၅။ ကျေးဇူးတင်ကြောင်းကို စာရွက်လေးပေါ်မှာရေးပြီး အသိအမှတ်ပြုတတ်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုးတက်လာတဲ့ ခေတ်နဲ့အညီ အခုခေတ်ကလေးတွေဟာ အာရုံတွေက များနေတတ် တာကြောင့် တစ်စုံတစ်ယောက်ကို ကျေးဇူးတင်တဲ့အခါ စာရွက်လေးပေါ်ရေးမှတ်ပြီး အသိအမှတ်ပြုတတ်တဲ့ အကျင့်လေးတွေ ပြုလုပ်ပေးပါ။ ဒီနည်းလမ်းဟာ သိပ်ကို ရိုးရှင်းလှပေမယ့် ရေရှည် သူတို့စိတ်ထဲမှာ ကျေးဇူးတရားဆိုတာ ဒီလိုအမြဲ အသိအမှတ်ပြု နေရမယ်ဆိုတဲ့ စိတ်လေးတော့ စွဲသွားမှာ မလွဲပါဘူး။

၆။ သူတို့နဲ့ ပတ်သက်သမျှ ကိစ္စတွေကို ကိုယ့်ကချည်းပဲ အမြဲ ဆောင်ရွက် မပေးပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဘဝအကြောင်းကို နားလည်အောင် သင်ကြားပေးပါ။ တစ်ခုခုဆိုသူတို့ဘာသာ ရင်ဆိုင် ဖြေရှင်းခွင့်ပေးလိုက်ပါ။ ကိုယ်ကချည်းပဲ နေရာတကာ လိုက်ကာကွယ်ပေးမယ် ဆိုရင်တော့ သူတို့ဘဝ သူတို့ လျှောက်လှမ်းရမယ့် အရွယ်မှာ ဘာကိုမှ ဦးဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် အားတစ်ခုပဲ ဆိုတာကို သိအောင် သင်ကြားပေးဖို့ပဲ လိုအပ်တာပါ။

၇။ မလိုအပ်ဘဲ အပိုကိစ္စတွေကို အလိုမလိုက်ပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးဆိုတာတော့ ပူဆာလို့ရရင် ပူဆာတတ်တာ သဘာဝပါ။ ကိုယ်ကလူကြီးဆိုတော့ စဉ်းစားဆင်ခြင်ဥာဏ်ရှိတယ်။ တကယ်လိုအပ်နေတယ်ဆိုမှ ဖြည့်ဆည်းပေးပါ။ မဟုတ်ရင်တော့
ကြီးလာတဲ့ အခါ အရေးမကြီးတဲ့ အရာတွေအတွက် အသုံးအဖြုန်းကြီးတတ်တဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

၈။ အဖိုးအဖွားတွေကို လေးစားချစ်ခင်တတ်စေဖို့ ရှေ့ဆောင်လမ်းပြပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်တိုင်ကလည်း မိဘတွေကို လေးစား တန်ဖိုးထားတတ်မှ ကိုယ့်သားသမီးတွေ အလှည့်ကျရင်လည်း ကိုယ့်ကို ရိုသေလေးစားတတ်မှာ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ကလေးတွေနဲ့ အဖိုးအဖွားတွေဆီ သွားလည်ပြီး  ခြေဆုပ်လက်နယ် ပြုစုတာမျိုးလေးတွေ ပြုလုပ်ပေးပါ။ အရုပ်တွေနဲ့ ကစားနေမယ့်အစား မေတ္တာငတ်နေတဲ့ အဖိုးအဖွားတွေနဲ့ ရင်းနှီး နွေးထွေးစွာ နေထိုင်ဖို့
အချိန်ပေးလိုက်ပါ။

၉။ ငွေကို တန်ဖိုးထားတတ်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေကြေးနဲ့ ပတ်သက်ပြီး ငွေကို ဘယ်လို စီမံသုံးစွဲရတယ်၊ ပိုတဲ့ငွေကို ဘယ်လိုစုဆောင်းရမယ်။ တစ်ချို့တစ်ဝက်ကိုတော့ မရှိဆင်းရဲသားတွေအတွက် လိုအပ်သလို လှူဒါန်းပေးရတယ်ဆိုတာမျိုးလေးတွေ အသက်အရွယ်ကြီးသွားတဲ့ အထိ အလေ့အကျင့်ရသွားအောင် သင်ကြားပေးပါ။

၁၀။ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဗဟုသုတတွေ မျှဝေပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
သင်ဟာ ကြွယ်ဝချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူဆိုလည်း သင့်မိဘတွေ
ွလက်ထပ်က စီးပွားရေးတွေ ဘယ်လိုလုပ်ဆောင်ခဲ့တယ်၊ အကယ်၍ ချို့တဲ့ တဲ့ ဘဝက ဆင်းသက်လာတဲ့သူဆိုလည်း လောကဓံရဲ့ အထိုးအနှက်တွေကို ဘယ်လိုရုန်းကန်ခဲ့ရတယ်
ဆိုတာတွေကို မျှဝေပေးလိုက်ပါ။ ဒါဆိုရင်တော့ သူတို့လေးတွေ ဘဝအပေါ်ထားတဲ့ ခံယူချက်တွေ တဖြည်းဖြည်း ရင့်ကျတ် တည်ငြိမ်လာပါလိမ့်မယ်။

၁၁။ ကိုယ့်ဘဝအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ဘဝအကြောင်း ကောင်းကောင်းနားလည် သဘောပေါက်အောင် သင်ကြားပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~
အကယ်၍သင့်မှာ လိုချင်တာမရတိုင်း ဂျစ်တိုက်တတ်တဲ့ ကလေးတစ်ယောက်ရှိနေပြီ
ဆိုရင်တော့ ပထမဆုံး အပြစ်တင်ရမယ့်သူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း စိတ်မပျက်ပါနဲ့ ။ အကယ်၍ အရမ်းကြီး ဆိုးရွားတာမျိုးမဟုတ်ခဲ့ဘူး ဆိုရင်တော့
အထက်ဖော်ပြပါ နည်းလမ်းလေးတွေသုံးပြီး ပြုပြင်ဆုံးမလို့ ရနိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ သားသမီးတွေလည်း လိမ္မာရေးခြားရှိလာပြီး ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
_________________
Ref. ; Gandawin Magazine
ဆက်ဖတ်ရန် >>>

Sunday 8 November 2015

သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ် ll


ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု မုဒိန်းမှု ခလေးငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက် ပါသည်။

တို့ ဆေးဟု လူပြော များနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်း ဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှ နာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်း အတွင်းမှာ မူးဝေလာမည် အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့် တွဲခေါ်သူနောက် ပါသွားရတာပါ။

သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေးတွေကို များသော အားဖြင့်သုံးကြသည်။

အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြသည်၊ သူ့ အဆက်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါး ရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ် မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင် အလွယ်တကူဝယ်ရနိုင်၏။ တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက "အကိုနောက်လိုက်ခဲ့မယ်နော်" ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်း ရောက်သွားသည့် အခါ အမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။

အတူချိုးမယ်ဆိုလည်း လိုက်မည် မဟုတ်ပါ၊ မိန်းခလေး ရေချိုးသည့် အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေး အဆီရည် ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထား ပါလေသ ည်၊ ဒါအပြင် ဘီယာခွတ် အတွင်းမှာလည်ူ အစက်ချထားတတ်သည်။

ကုတင်ပေါ် အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေး မျက်နှာပေါ်ကပ်ရင်း မြူဆွယ်မည်၊ မူးနေတဲ့ငနဲကတော့ သိတဲ့အတိုင်း...ရင်သားတွေကို လျှာဖြင့် လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့် စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက် မိနစ်ပိုင်းအတွင် ခေါင်းတွင်း ချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ် သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာ ကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့ အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။

နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစု အပြင်ရောက်နေ ကြတုံး ၀တ်ကောင်း စားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက် အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့ ) ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူးရစ်ဆေး အသားတွင်း ရောက်သည် အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြသည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ် ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ

အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန် အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက် လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်း သွားရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။
ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။

(ရေး - မင်းဗမာ)
(အများလည်း အသိပွားပြီး သတိထားရအောင် လက်ဆင့်ကမ်း ဝေမျှလိုက်ကြပါဦး။)
သင့်အတွက်ကျန်းမာရေး
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ဆက်ဖတ်ရန် >>>

Thursday 29 October 2015

ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန်ll

ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန်
+++++++++++++++++++++++++

ဇနီးနဲ့ပတ်သက်လို့ ရေးပေးပါဆိုလို့ ဖတ်ထားမှတ်ထားတာလေးတွေကိုဖိညစ်ပြီး ရေးသားတင်ပြလိုက်ပါတယ်။ ကြိုက်နှစ်သက်နိုင်ပါစေလို့ စုတောင်းပါတယ်။
မိန်းမနဲ့ယော့င်္ကျာံးဆိုတာက လိင်သဘာဝအရရော ထမ်းဆောင်ရမယ့်အိမ်ထောင်ရေးတာဝန်အရ ပါ ကွာခြားလွန်းပါတယ်။ ပုံမှန်အားဖြင့် အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယော့င်္ကျာံးအဖို့ အောင်မြင်မူရခါစ (သို့) ဘ၀တက်လမ်းတက်ခါစပဲ ရှိနေတတ်သေးတယ်။ သဘာဝအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ယော့င်္ကျာံးများဟာ လုပ်ငန်းစတင်အဆင်ပြေလာပြီး ဘ၀အတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။
ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါအချက်များကိုလေ့လာသင့်ပါတယ်။
ဇနီးများဒါလေးတွေဆောင်ထားကြပါစို့။
၁။ ယော့င်္ကျာံးကိုအရေးပေးတတ်ရမယ်။
ယော့င်္ကျာံးဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာ စော့ကစားတတ်ရင် ကိုယ့်ယော့င်္ကျာံးကို ကြိုက်သလိုခိုင်းစားလို့ရတယ်လို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။ ကိုယ့်ယော့င်္ကျားကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာအပြည့်အ၀ပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမဲ့ကိစ္စ ဖြစ်ပေမဲ့လို့ ကိုယ့်ယော့င်္ကျာံးဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ ယော့င်္ကျာံးမှန်ရင် အဲဒီမျက်နာရတဲ့ အရသာကိုအလွန်နှစ်သက်တတ်ပါတယ်။
၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရတယ်။
ကိုယ့်ယော့င်္ကျာံးရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့ ဇနီးဖြစ်သူနားလည်ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူမိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ့ တဖျစ်တောက်တောက် ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီကဆိုပါတယ်။
၃။ ဟင်ချက်တတ်အောင်သင်ထားမယ်။
ကိုယ့်ယော့င်္ကျာံးရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသားဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။ ဘယ်မှာပဲထ္မင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကိုသတိရအောင်ဖန်တီးရပါမယ်။
၎။ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်။
ဝင်ငွေကောင်းကောင်းမကောင်းကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။ မိသားစုအတွင်းမှာ “မှီခို”ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းမယ်။ စဉ်းစားတာနည်းမယ်။ ပတ်ဝန်းကျင်နဲ့လည်းတဖြည်းဖြည်း အဆက်အသွယ်ပြတ်လာမယ်။ ခန္ဓာကိုယ်တဖြည်းဖြည်းဝလာမယ်။ ကျန်းမာရေးချူချာလာမယ်။ မှတ်ဥာဏ်ယိုယွင်းလာမယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ခင်ပွန်းအပေါ်စွဆောင်မူဟာလည်း တဖြည်ဖြည်း လျှော့ကျလာမယ်ဆိုတာ သေချာပါတယ်။
၅။ အလှကိုတန်ဖိုးထားရပါမယ်။
ယော့င်္ကျာံးရပြီးပြီပဲ သိပ်ပြင်ဆင်စရာမလိုတော့ဘူးလို့ ယူဆရင် သင်မှားသွားပါလိမ်မည်။ ဖယိုဖရဲ နေထိုင်ခြင်းကို လုံးဝရှောင်ကျင်ပါ။ သပ်သပ်ရပ်ရပ် ဖြစ်အောင်အမြဲကျိုးစားပါ။ ဖယိုဖရဲနေထိုင်ခြင်းဟာ ကိုယ့်ယော့င်္ကျာံးကိုမောင်းထုတ်သလိုဖြစ်နေတတ်တယ်။
၆။ ပြုံးပြုံးရွှင်ရွှင် နေတတ်ရပါမယ်။
အိမ်ဆိုတာ ယော့င်္ကျာံးအတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာဋ္ဌာနေ တစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယော့င်္ကျာံး အိမ်ပြန်ချင်အောင် စွဲဆောင်နိုင်ပါတယ်။ မျက်နာအမြဲဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲဖေါ်ပြနေမယ်ဆိုရင် ယော့င်္ကျာံးအိမ်မကပ်ချင်တော့ပါဘူး။
ဒါလေးတွေကိုရှောင်ကြပါစို့။
သွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနှင့်
ယော့င်္ကျာံးဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ် ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။ သူ့ကို လွတ်လပ်ခွင့် အထိုက်အလျောက်ပေးထားသင့်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်နောက်ကျတိုင်း သာကြောင်းမာကြောင်း လေးတော့ ဖုန်းဆက်ဖို့မမေ့အောင် မာထားပါ။
ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနှင့်
ကိုယ်တိုင်ပိုက်ဆံရှာတတ်တဲ့ယော့င်္ကျာံးအဖို့ ကိုယ်တိုင်ပိုက်ဆံသုံးပိုင်ခွင့်လည်း ပေးထားသင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိမှ ယော့င်္ကျားတွေမျက်နာရှိတတ်တယ်။ ယော့င်္ကျားကို မျက်နာပေးတတ်အောင်လေ့လာထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယော့င်္ကျာံးကို သိပ်မချုပ်ချယ်တာ ကောင်းပါတယ်။
လက်ကိုင်ဖုန်းထဲကအကြောင်းအရာတွေကို မစုံစမ်း မချုပ်ချယ်ပါနှင့်
ယော့င်္ကျာံးဖုန်းနံပါတ်ကိုစစ်ဆေးတာမျိုး၊ massage ကိုစစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။ တော်တော်များများ ပြဿနာတွေဟာ သံတယစိတ်ကနေ စတင်ဖြစ်ပေါ်လာတာပါ။ တာဝန်ယူစိတ် ရှိတဲ့ယော့င်္ကျာံးတစ်ယောက်ဟာ သင်လိုပါပဲ မိသားစုကို ရှေ့တန်းတင်ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယော့င်္ကျာံးတွေရဲ့သဘာဝလို့ ဆိုပါတယ်။
+++++++++++++++++++++++++++++++++++++++
 Aung Ko Latt
ဆက်ဖတ်ရန် >>>

လွန်ကဲခြင်း သုံးပါးll

လွန်ကဲခြင်း သုံးပါး
++++++++++++

လောကနိယာမ သဘောအရ ဘာမဆို တန်ရင်ဆေး၊ လွန်ရင်ဘေး ဖြစ်စမြဲပါ။ မိမိရဲ့ ကလေးတွေကို ပြုစု ပျိုးထောင်တဲ့ နေရာမှာလည်း အတူတူပါ။ ကလေးကို ချစ်တာ သဘာဝလို့ ဆိုပေမဲ့ အချစ်လွန်ကဲသွားရင်၊ အလိုလိုက်လွန်ကဲသွားရင် ကလေးအပေါ် ဆိုးကျိုးများစွားဖြစ်ပေါ်စေနိုင်ပါတယ်။
၁။ အချစ်လွန်ကဲခြင်း
ကလေး အလွန်ငယ်စဉ်က စလို့ ကလေးလိုအပ်တာ အားလုံးဝယ်ပေးတယ်။ စားစရာ၊ ဆော့စရာ၊ သွားစရာ၊ အစစအရာအရာ လိုလေသေးမရှိ အားလုံး အဆင်ပြေအောင်ထားပေးတယ်။ တစ်မိသားစုလုံး က ကလေးကို ဖူးဖူးမုတ်ထားပါတယ်။ ကလေးတောင်းဆိုသမျှ အားလုံး ရစေရမယ်။ အိမ်ဖေါ် ထားရှိတဲ့မိသားစု၊ အလုပ်သမားများတဲ့ မိသားစု ဆိုပိုဆိုးတတ်ပါတယ်။
ကလေးက ” ရေ” အော်လိုက်ရင် ရေခွက်နဲ့ ရေက ရှေ့မှာ ရောက်ပြီးသား၊
မုန့်တစ်ခုခု ကျွေးထားတာမှ ဘာမှ မကြာသေးဘူး၊ ဆာပြီလား၊ ဘာစားချင်လဲလို့ လူကြီးတွေက ဆက်တိုက်မေးနေတတ်တယ် ။ ကလေးပိုက်ဆာမှာ စိုးလို့၊ ကလေး မစားတတ်မှာ စိုးလို့၊ ကလေးစိတ် ဆိုးမှာစိုးလို့ ၊ ကလေးငိုမှာစိုးလို့ ၊ စသည်ဖြင့် ကလေးကို ပြုစု အလိုလိုက်လာခဲ့ရာ ကလေးတ ဖြည်းဖြည်း ကြီးလာတော့ တစ်အိမ်သားလုံးရဲ့ ဗဟို ဖြစ်သွားပါတယ်။ အချစ်လွန်တော့ အနှစ်လွန်တော့တာပေါ့၊ ကလေးက ကိုယ်ကိုကိုပဲ သိတော့တယ်။ အတ္တကြီးတယ်။ စိတ်ဆိုးလွယ်တယ်။ တစ်ခုခုလိုချင်ရင် ရကိုရမှ၊ အဲဒါဆို အဲဒါမှ၊ ဗူးဆိုဖရုံးမသီးတော့ပါ။
ဖြစ်သင့်တာက ကလေးကို အလွန် အလိုမလိုက်သင့်ပါ။ သုတေသန အဆိုအရ ကလေးက ၀ယ်ပေးပါလို့ တောင်းဆိုတဲ့ တောင်းဆိုမူ အားလုံးရဲ့ ၃၀% အလိုလိုက်ရင်တောင် လုံလောက်နေပါပြီ။ ၅၀% ခန့် အလိုလိုက်ရင် တောင် တော်တော် များနေပြီလို့ ဆိုပါတယ်။ လိုချင်တဲ့ အရာ မရစေတာလည်း ကလေးအတွက် အလွန်လိုအပ်သော အတွေ့ အကြုံ ဖြစ်ပါတယ်။
၂။ အကာအကွယ်လွန်ကဲခြင်း
ကလေးကို ချစ်လွန်းတာ အပြစ်မရှိပါဘူး၊ အကာအကွယ်လွန်သွားရင်တော့ ကလေးကြီးလာရင် ကိုယ့်ကိုကို ဘာမှ မကာကွယ်တတ်တော့ဘူး။ ဘယ်သွားသွား မိဘတွေ အဒေါ်တွေ ကိုယ်တိုင်ပို့တယ်။ ဘာလိုလို လူကြီးတွေပို့ပြီး လိုက်ဝယ်ပေးတယ်။ ကလေးကြီးလာရင် လမ်းတောင်မမှတ်တတ်တော့ဘူး ။ ငယ်ငယ်တုန်းက မိဘနဲ့ ခွဲအိပ်ခိုင်းတာ စိတ်မချလို့ ဆိုတဲ့ ကလေးများဟာ ဆယ်ကျော်သက် ရောက်လာတဲ့ အခါကျရင်လည်း ကိုယ့်ကိုကို တစ်ယောက်တည်း မအိပ်ရဲဘူး။ ကလေးနဲနဲ ဖျားရင် တအိမ်သားလုံး ပျာယာခတ်ပြီး အကြီးကြီး ကုသပစ်တယ်။ နေကောင်းလာရင် အားဆေးတွေ အများကြီး တိုက်ပစ်တယ်။ ပိုးမွေးသလို မွေးတယ်လို့ မိဘတွေက ဂုဏ်ယူတတ်သေးတယ်။ မိဘများစဉ်းစားကြည့်ပါ။ ကလေးက တစ်ချိန်ချိန်မှာ လူကြီးဖြစ်လာမှာပဲ၊ ပိုးမွေးသလိုမွေးတော့ ပိုးကလေးတုန်းက ကိစ္စမရှိပါ။ ပိုးကြီးဖြစ်လာတဲ့ အခါကျရင် မိဘကမွေးနိုင်ပါသေးလား။
ဖြစ်သင့်တာက ကလေးကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့၊ လုပ်ကိုင်တတ်တဲ့ အရာ အားလုံးကို ကလေးကိုယ်တိုင် ပေးလုပ်သင့်ပါတယ်။ ကလေး ကိုယ့်ကိုကို အားကိုးတတ်ပါမှ ယုံကြည်ချက်တွေ တိုးပွားပြီး ဘ၀ ရင်ဆိုင်ဖို့ အရည်အချင်း ပြည့်စုံ နိုင်မှာ ဖြစ်ပါတယ်။
၃။ ကလေးအပေါ် မျော်လင့်ချက် လွန်ကဲခြင်း
ကလေးကို လုံးဝဖြစ်မြောင်စေချင်လွန်းတော့ ပန်းချီသင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ စန္ဒာယား သင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ တက်လိုက်တဲ့ ကျူရှင်တွေ၊ သွားလိုက်တဲ့ သင်တန်းတွေ၊ မိဘများစဉ်စားကြည့် ပါ။ ကလေးတွေ ဘယ်မှာ လာပြီး ပျော်ရွှင်တဲ့ ကလေး ဘ၀ ခံစားနိုင်တော့မလဲ၊ ကလေးဖြစ် ရူံးတာပေါ့၊ နောင်တစ်မျိုး ရှိသေးတယ်။ ကိုယ်က မအောင်မြင်ခဲ့တဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို မိမိ ကလေးတွေကို ပြောင်းလဲပြီး အကောင်အထည် ဖေါ်ခိုင်းတာမျိုး၊ မျက်နာပွင့်တယ်။ ဂုဏ်ရှိတယ်ဆိုပြီး ၀ါသနာမပါပဲ ဆေးတက္ကသိုလ်တို့၊ အင်ဂျင်နီယာ တို့ အတင်းတက်ခိုင်းတာမျိုး၊ ကလေးကြီးလာရင် ဟိုဟာဖြစ်ရမယ်။ ဒီဟာ ဖြစ်ရမယ် နဲ့ မျော်လင်ချက်ကြီးလွန်းရင် ကလေးအပေါ် ၀န်ပိပြီး မိမိကိုယ်ကို မိမိ ပျောက်ဆုံးသွားစေနိုင်ပါတယ်။
ဖြစ်သင့်တာက ကလေးကို ပျိုးထောင်တယ်ဆိုတာ ကလေးဘာဖြစ်ရမယ်ဆိုတာမျိုး မဟုတ်ပဲ ကလေး ဖြစ်သင့်တာကို အကောင်းဆုံးဖြစ်ဖို့ ပါဝင်ကူညီ ပံ့ပိုးခြင်းဖြစ်ပါတယ်။ ပါရမီကို ဖြည့်ဆီးပေးတဲ့ သဘောပါ။
ကျနော်ကဲ့သို့သော မိဘများ မမှားသင့်တဲ့ အမှားများ ကို မမှားမိဖို့ ဆင်ခြင် နိုင်အောင် တင်ပြလိုက်တာပါ။ တိုက်ဆိုင်သူတို့ အသုံးဝင်နိုင်ကြပါစေ။
Ref: Wechat
Aung Ko Latt
ဆက်ဖတ်ရန် >>>

အင်တာနက် ခေတ်သုံးမြန်မာစာ ll

မသိသေးတဲ့ဘောဒါများအတွက်ရည်၇ွယ်သည် သိပြီးသားဆိုကျော်သွားလိုက်ပေါ့ဗျာ


မွင်းငါး = မုန့်ဟင်းခါး
ကွကိုယ် = ကိုယ့်ဟာကိုယ်
ဘွဘွ = ဘဝ ဘဝ
ခင်မာ = ကင်မရာ
လိန်ပျံ = လေယာဉ်ပျံ
အာ့ဆို = အဲဒါဆို
ဒါ့ပုံ = ဓာတ်ပုံ
မောထှာ = မောလိုက်တာ
ပျင်းထှာ = ပျင်းလိုက်တာ
မြိုက်ဘူး = မရိုက်ဘူး
ပွဆိတ် = ပုရွတ်ဆိတ်
ပျော်ဇာရီး = ပျော်စရာကြီး
ဘြာကြော် = ဘာယာကြော်
သံဗြာသီး = သံပရာသီး
ညုပ်သီး = ငရုတ်သီး
ဘုမ ဂုစိုက်ဘူး = ဘယ်သူမှဂရုမစိုက်ဘူး
ဟိုမှာကျန်း = ဟိုမှာကြည့်စမ်း
ကျန်းကျန်း = ကြည့်စမ်း ကြည့်စမ်း
ဖျားဖျား = ဘုရား ဘုရား
မြဝူး = မရဘူး
ဘိုလုပ်မဲ = ဘယ်လိုလုပ်မလဲ
ချားမား = စားမလား
သိဝူး = မသိဘူး
ဂယ်ပြောတာ = တကယ်ပြောတာ
ချစ်ချာရေး = ချစ်စရာလေး
ချာဝန် = ဆရာဝန်
ချာမ= ဆရာမ
ချာလုပ်နဲ့ = ဆရာ မလုပ်နဲ့ 
မတ်စိ = မတ်ဆေ့
အရေရိုက် = အလေရိုက်
တိုကြီး = ကိုကြီး
ညလေး = ညီမလေး
ညက်မှန် = မျက်မှန်
ေိေိ = ခိခိ = ရယ်သံ
ဘိုလုပ်သိ = ဘယ်လိုလုပ်သိ
အထုပဲ = အခုပဲ
ကျန်ကျောပါ = ပြန်ပြောပါ
ချိဘု = မရှိဘူး
တွေ့ရယ်ရေ = တွေ့တယ်လေ
မေ့တွားဘီ = မေ့သွားပြီ

(ချိတေးရင် ကွကိုယ် ထပ်ဖေ့နော်)
Credit:ZaYarHein
ဆက်ဖတ်ရန် >>>

မိဘများ ရှိသင့်သော အရည်အသွေးများ

မိဘများ ရှိသင့်သော အရည်အသွေးများ
+++++++++++++++++++++++++++

မိဘများဟာ ကိုယ့်ကလေးများကို တစ်ခါတစ်လေ ကိုယ်ပွားလေးတွေလို့ ချစ်စနိုးနဲ့ ခေါ် ဝေါ် တတ်ကြပါတယ်။ မိဘများ သိထားရမှာက ကိုယ်ပွားဆိုတာ အကျင့်ပါ ပွားသွားပါတယ်။ အော်ဟစ် ငေါက်ငမ်းတတ်တဲ့ မိခင် ရဲ့ သမီး ဟာ အနည်းဆုံးတော့ အသံဆူးရှတတ်ပါတယ်။ သားသမီးများဟာ ငယ်ငယ် ကတဲက မိဘကို အရမ်း အထင်ကြီးလေတော့ အတုမြင်အတတ်သင်ရုံ မကပဲ ကော်ပီပွားတဲ့ အလား အကျင့်တွေ တူနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ မိဘဖြစ်လာပြီဆိုရင် ကိုယ့်သားသမီးကို တကယ်ကောင်းစားစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း အရည်အသွေးရှိအောင် ကြိုးစားနေထိုင်ရမှာ ဖြစ်ပါတယ်။ သားသမီးတွေ အတွက် တကယ်အရေးကြီးတဲ့ သူတို့ဘ၀ကို ကူးစက်လွယ်တဲ့ မိဘများ လေ့ကျင့် သင့်တဲ့ အရည်အသွေး အချို့ကို တင်ပြလိုက်ရပါတယ်။
၁။ ပြောတဲ့ အတိုင်းလုပ်တယ်။ ( ကတိတည်ခြင်း)
အကျင့်စရိုက်အားလုံးထဲမှာ ရိုးသားခြင်းဟာ အခြေခံ အကျဆုံးပါ။ ရိုးသားမူထဲမှာ ကတိတည်ခြင်းဟာ ထိပ်ဆုံးက နေရာယူနေပါတယ်။ မိဘက တကယ်ကတိ တည်ရင် နောင်သားသမီးတွေလည်း တကယ်ကတိတည်သွားပါတယ်။ နောင်တစ်ချိန်မှာ သားသမီး တွေ တစ်ခုခု အမှားလုပ်မိလို့ ဖြစ်စေ၊ တစ်ခုခု ကို ဖြစ်မြောင်ချင်တဲ့ အခါ ဖြစ်စေ လမ်းမှန်ရောက်အောင်၊ ပြုပြအောင် သူတို့ကို ဂတိတောင်လိုက်ရုံပဲ၊ သူတို့က ပေးတဲ့ ကတိအတိုင်း တကယ်လုပ်တော့ မိဘများ များစွာ စိတ်ချမ်းသာ စေနိုင်ပါတယ်။ ဒါကြောင့် သားသမီးကို ကတိတည်စေချင်ရင် မိဘများ အရင်ကတိတည်ရပါမယ်။
၂။ စိတ်ရှည်ရှည် နားထောင်တတ်တယ်။ ( လေးစားခြင်း)
သူများကို လေးစားတတ်တဲ့ အကျင့်ဟာ ယဉ်ကျေးတဲ့ အပြုအမူ အားလုံးထဲမှာ ထိပ်ဆုံးကပါပါတယ်။ သူများပြောစကားကို လေးလေးစားစား စိတ်ရှည်ရှည် နားထောင်တတ်အောင်မွေးမြူထားခြင်းဟာ ယခုခေတ် ကလေးများအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေး ဖြစ်လာနေပါပြီ။ ကိုယ်ပဲ ဒိုင်ခံပြောချင်တဲ့ အကျင့်ဖြစ်စေ၊ သူများစကားပြောနေစဉ်မှာ ဖြတ်ပြောတတ်တာမျိုး ပြုပြင်သင့်ပါတယ်။
၃။ စည်းမျဉ်းအတိုင်း လုပ်ရှားခြင်း ( စည်းကမ်းရှိခြင်း)
စည်းမျဉ်း စည်းကမ်းအတိုင်း ပြုမူ နေထိုင်ခြင်းဟာ ယနေ့ ကမ္ဘာသူ ကမ္ဘာသားများအတွက် အလွန် အရေးကြီးတဲ့ အခြေခံ အကျဆုံးလည်းဖြစ်တဲ့ အရည်အသွေးပါ။ ဥပမာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်း၊ ဆိုင်ကယ်စီးရင် အရည်အသွေးမီတဲ့ ဦးထုတ်ဆောင်းပြီး စီးခြင်း၊ တန်းစီတတ်တဲ့ အကျင့်၊ လူများတဲ့ နေရာမှာ ဖုန်းပြောရင် တိုးတိုး ပြောတတ်တဲ့အကျင့်၊ ရောက်တဲ့ နေရာမှာ ဥပဒေကို လေးစားလိုက်နာတတ်တဲ့ အကျင့်၊ လူမျိုးရေးတို့ ဘာသာရေးတို့မှာ မျိုးတူတာကို တန်ဖိုးထားတတ်ပြီး မျိုးကွဲတာကို လေးစားတတ်တဲ့ အကျင့် စတဲ့စတဲ့ လူမူ စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်အောင် မွေးမြူထားရ ပါမယ်။
၎။ တစ်ပြားတစ်ချပ် မှအစ ချွေတာခြင်း ( ရပ်တည်တတ်ခြင်း)
ဆင်းရဲတာ ချမ်းသာတာ နဲ့ မသက်ဆိုင်ပါ။ ဘာကိုပဲ ချွေတာချွေတာ အရင်းအမြစ်ကို ချွေတာခြင်းဖြစ်ပါတယ်။ ငွေကျေးကို ချွေတာတတ်ခြင်း၊ ရေကို ချွေချွေတာတာ သုံးစွဲတတ်ခြင်း၊ မီးကို ချွေတာစွာသုံးစွဲတတ်ခြင်း စသည်တို့ အားလုံးဟာ မိမိအတွက် အကျိုးရှိရုံတင်မကဘဲ နောင်မျိုးဆက်အတွက်ပါ ကောင်းမွန်တဲ့ အကျိုးပြုစေတဲ့ အရည်အသွေးဖြစ်ပါတယ်။
၅။ ကျန်းမာရေး လိုက်စားခြင်း ( ကျန်းမာရေးသည် ပထမ )
ကျန်မာရေးကောင်းတယ်ဆိုတာ ဘာမှမဟုတ်သလို ခံစားနေရပေမဲ့ ကျန်းမာရေး မရှိရင်တော့ ဘာမှမရှိတော့ပါဘူး၊ ကျန်းမာရေးကို လိုက်စားတတ်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တတ်ဖို့ ၊ ညီညွတ်အောင် နေထိုင်တတ်ဖို့၊ မိသားစု အတွင်းမှာ မွေးမြူထားသင့်ပါတယ်။
၆။ အသုံးပြုပြီးပစ္စည်း သူ့နေရာနဲ့သူ ပြန်လည်ထားရှိခြင်း ( အစီအစဉ်ကျခြင်း)
ဘာပဲလုပ်လုပ် ကောင်းမွန်စွာ စတင်ပြီး ကောင်းမွန်စွာ အဆုံးသပ်တတ် တဲ့ အကျင့်ဟာ ကလေးတွေအတွက် အလွန်ခက်ခဲ ပါတယ်။ ဒါပေမဲ့ အလွန်အရေးကြီးပါတယ်။ ကလေးတွေရဲ့ တာဝန်သိစိတ်လည်းပျိုးထောင်ပြီးသားဖြစ်သွားတတ်ပါတယ်။
ရ။ အသေးအဖွဲကအစ ကျေးဇူးတင်တတ်ခြင်း ( ကျေးဇူးသိခြင်း)
ကျေးဇူးတင်တတ်သူ ( သို့ ) ကျေးဇူးသိတတ်သူဟာ တန်ဖိုးထားတတ်သူ ဖြစ်ပါတယ်။ မိမိက တစ်ခုခုကို ရလိုက်တာဖြစ်ဖြစ်၊ တစ်ဦးဦးက မိမိကို တစ်ခုခု ပြုလုပ်ပေးလိုက်တာဖြစ်ဖြစ် ကျေးဇူးတင်တတ်ခြင်း၊ ကျေးဇူးသိရှိခြင်း ဟာ ဘ၀ကို များစွာ ပိုမို အဆင်ပြေစေပါတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် ကျေးဇူးတင်တတ်တဲ့ အကျင့်နဲ့ အရင်ရူ့မြင်တတ်ခြင်းဟာ လူ့ဘ၀ မှာ စိတ်ချမ်းသာဖို့ ပျော်ရွှင်ဖို့ အတွက် အခြေခံ အကျဆုံးသော စိတ်ဓါတ်အရည်အသွေးဖြစ်ပါတယ်။
၈။ အစီအစဉ် ရေးဆွဲတတ်ခြင်း ( စနစ်ကျခြင်း )
မိသားစု အပမ်းဖြေ မခရီးထွက်တယ်ဆိုပါစို့ အစီအစဉ် ရေးဆွဲတတ်မယ်ဆိုရင် လေယာဉ်လက်မှတ်ကို အစောကြီးကတဲက ကြိုဝယ်ထားတော့ ဈေးနူန်းတော်တော် သက်သာတတ်ပါတယ်။ အသင့်တော်ဆုံးနေရာကို အကောင်းဆုံးအချိန်မှာ သွားလည်ပတ်တော့ ပျော်စရာလည်းကောင်းပါတယ်။ အခြားကိစ္စ အားလုံးဟာလည်း အတူတူ ပဲ ဖြစ်ပါတယ်။ အစီအစဉ် ကျကျ Plan ရေးဆွဲတတ်တဲ့ အကျင့် ပျိုးထောင်ထားပါ။ အဲဒါ လူ့ဘ၀အတွက် တကယ့် လိုအပ်တဲ့ အရည်အသွေးဖြစ်ပါတယ်။
Ref: Wechat
Aung Ko Latt
ဆက်ဖတ်ရန် >>>

Thursday 22 October 2015

အသွားစေခိုင်းသူ ၊ အစွယ်လိုသူနဲ့ လေးပစ်သူများသို့

အသွားစေခိုင်းသူ ၊ အစွယ်လိုသူနဲ့ လေးပစ်သူများသို့

|| ဒေါက်တာခင်မောင်ညို ||
≡ နိဒါန်း
ကြွက်ထောင်ချောက်ဆိုတဲ့ ပုံပြင်လေးကို ကြားဖူးနားဝရှိကြမှာပါ ။ ပုံပြင်လေးရဲ့ ရည်ရွယ်ချက် ကောင်းလွန်းလို့ ပြန်ပြောပါရစေ ။
တစ်ခါက ရွာလေးတစ်ရွာက အိမ်လေးတစ်အိမ်မှာ ကြွက်လေးတစ်ကောင်း ရှိတယ်။ ဒီကြွက်လေးဟာ အတော်လေးကို သောင်းကျန်းလို့ အိမ်ရှင်က မြို့သွားတဲ့အခါ ကြွက်ထောင်ချောက်တစ်ခု ၀ယ်လာသတဲ့ ။ ဒါကို လူတွေနဲ့ ရင်းရင်းနှီးနှီး အနေကြာလာတဲ့ ကြွက်လေးက သိသတဲ့ ။ သူ့ကို ဒုက္ခပေးမယ့် ပစ္စည်းမှန်းသိတော့ ကြောက်တာပေါ့ ။ ဒီတော့ သူဟာ အနီးအနားမှာရှိတဲ့ တိရစ္ဆာန်တွေကို ရင်ဖွင့်တာပေါ့ ။ ပထမ သူဟာ အိမ်မှာမွေးထားတဲ့ ကြက်ဖကြီးနဲ့ သွားတွေ့သတဲ့ ။
“ကြက်ဖကြီးရေ ၊ အိမ်မှာ ကြွက်ထောင်ချောက်ကြီး ရောက်နေပြီဗျ”
ဒါကိုကြားတော့ ကြက်ဖကြီးဟာ အူကြောင်ကြောင် ဖြစ်သွားတယ် ။ ဒါပေမဲ့ အလိုက်သင့်တော့ ပြန်ပြောတာပေါ့ ။
“အေး ၊ ကြွက်ထောင်ချောက်ဆိုတာ တို့ကြက်တွေနဲ့ မဆိုင်ဘူးကွ ၊ မင်းတို့နဲ့ပဲ ဆိုင်တယ် ။ မင်း သတိထားနေ” လို့ ပြောလိုက်တယ် ။
ဒါနဲ့ ကြွက်ကလေးဟာ စိတ်မကောင်းဖြစ်သွားပြီး အိမ်မှာ မွေးထားတဲ့ ၀က်ကလေးကို သွားပြောတယ် ။
“ကိုဝက်ရေ ၊ အိမ်မှာ ကြွက်ထောင်ချောက်ကြီး ရောက်နေပြီဗျ” လို့ ပြောပြသတဲ့ ။
ဒါကိုကြားတော့ ၀က်ကြီးက “အေး ၊ ကြွက်ထောင်ချောက်ဆိုတာ တို့ဝက်တွေနဲ့တော့ မဆိုင်ဘူးကွ ၊ မင်းတို့နဲ့ပဲ ဆိုင်တယ်” လို့ ပြန်ပြောတာပေါ့ ။ ဒီအခါ ကြွက်လေး စိတ်မကောင်းဖြစ်သွားတယ် ။ ဒါကိုမြင်တော့ ၀က်ကလေးက “အေးကွာ မင်း သတိထားနေပေါ့” လို့ ပြောလိုက်တယ် ။ ဒါနဲ့ ကြွက်ကလေးဟာ စိတ်သက်သာရာ ရလိုရငြား အိမ်မှာမွေးထားတဲ့ နွားကြီးဆီ သွားပြောတယ် ။
“ကိုနွားကြီး ၊ ကိုနွားကြီး”
“ဟေ ၊ ဘာတုန်း”
“အိမ်မှာ ကြွက်ထောင်ချောက်ကြီးတစ်ခု ရောက်နေပြီဗျ”
“ဟေ ၊ ဟုတ်လား ၊ အေးကွာ သတိထားပေါ့ ။ ကြွက်ထောင်ချောက်ဆိုတာ တို့နွားတွေနဲ့တော့ မဆိုင်ဘူးကွ” လို့ ပြောလိုက်တယ် ။
ဒီလိုနဲ့ ကြွက်ကလေးဟာ အိမ်ထဲပြန်ဝင်ပြီး သူပုန်းနေကျ ချောင်ထဲ ၀င်ပုန်းနေတာပေါ့ ။
အိမ်ရှင်လင်မယားက ကြွက်ထောင်ချောက်ကိုဆင်ပြီး ဒိန်ခဲကို အစာအနေနဲ့ ထည့်ထားသတဲ့ ။ ညဘက်ရောက်တော့ ကြွက်ထောင်ချောက်က “ထောက်” ခနဲ အသံကြားတယ် ။ ဒီအသံကိုကြားတဲ့ အိမ်ရှင်မဟာ ကြွက်တော့မိပြီလို့ သူထောင်ထားတဲ့ ကြွက်ထောင်ချောက်ဆီကို အပြေးသွားတယ် ။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘူး ။ မြွေတစ်ကောင် ဖြစ်နေတယ် ။ မြွေဟာ ကြွက်ထောင်ချောက်ပေါ် ကနေ ဖြတ်သွားမိလို့ အမြီးဟာ ထောင်ချောက်ထဲ ညပ်မိနေတာ ဖြစ်တယ် ။
အိမ်ရှင်မဟာ အမှောင်ထဲ မမြင်မစမ်းနဲ့ ကြွက်ထောင်ချောက်ကို သွားကိုင်တော့ ဒေါသဖြစ်နေတဲ့ မြွေက ပေါက် လိုက်တော့တယ် ။ ဒါနဲ့ အိမ်ရှင်မကို ဆေးရုံတင်လိုက်တာပေါ့ ။ အဲဒီခေတ်က ဆေးရုံမှာ မြွေဆိပ်ဖြေဆေးလည်း မရှိလေတော့ အိမ်ရှင်မရဲ့ရောဂါက တိုးပဲတိုးလာတယ် ။ နောက်ဆုံး ရိုးရာနည်းနဲ့ပဲ ကုမယ်ဆိုပြီး အိမ်ကိုခေါ်ချလာတယ် ။ အိမ်ရောက်တော့ တိုင်းရင်းဆရာက အားရှိအောင် ကြက်စွပ်ပြုတ်လေး တိုက်ဖို့ပြောတော့ ကြွက်ထောင်ချောက် ဟာ သူနဲ့ ဘာမှမဆိုင်ဘူးလို့ပြောတဲ့ ကြက်ဟာ စွပ်ပြုတ်ဖြစ်သွားရှာတယ် ။
ဒီလို မြွေပေါက်ခံရတဲ့ အကြောင်းကိုကြားတော့ ရပ်နီးရပ်ဝေး က ဆွေတွေမျိုးတွေ အိမ်ကိုသတင်းလာမေးတယ် ။ ဒီအခါ ကြွက်ထောင်ချောက်ဟာ သူနဲ့မဆိုင်ဘူးပြောတဲ့ ၀က်ကိုပေါ်ပြီး တချို့ကို ချက်ကျွေးတယ် ။ တချို့ကိုလည်း ဆေးကုစရိတ် ရအောင် ရောင်းစားရတာပေါ့။
ဒါပေမဲ့ အိမ်ရှင်မဟာ မြွေဆိပ်နဲ့ပဲ ဆုံးပါးသွားတယ် ။ ဒီအခါ သူတို့ဆီက ထုံးစံအတိုင်း ရက်လည်မှာ တစ်ရွာလုံးအတွက် ကျွေးမွေးရတယ် ။ ဒီအတွက် ကြွက်ထောင်ချောက်ဟာ သူနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆတဲ့ နွားဟာလည်း အမဲသားဖြစ်သွားရရှာတယ် ။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေဟာ တို့တစ်တွေနဲ့ အားလုံးဆိုင်တတ်ပါတယ် ။
≡ ကဒါဖီနဲ့ လစ်ဗျား
အရင်ခေတ်ကတော့ တစ်စုံတစ်ခု လုပ်တဲ့အခါ မဆိုင်သလိုနေကြသူတွေ အများကြီးပါပဲ ။ ခိုင်းတာလုပ် ပေးတာယူ ၊ ကျွေးတာစား ၊ ခံမပြောနဲ့ဆိုတဲ့ခေတ်လည်း ရှိခဲ့တယ် ။ လူမှုအသိုင်းအ၀ိုင်းဟာ အားလုံးက ၀ိုင်းလုပ်ရတဲ့ နေရာပါ ။ တစ်ယောက်ယောက်က လူလည်ကျရင်တော့ အဲဒီနိုင်ငံက ဆင်းရဲတော့တာပါပဲ ။ အထူးသဖြင့် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အာဏာနဲ့ လက်နက် ရှိနေလေတယ် ။ သူတို့အနေနဲ့ ပြည်သူတွေဟာ သူတို့ပြုသမျှ နုရမယ်လို့ ထင်နေကြတယ် ။ သူတို့ဟာ လောဘတွေနဲ့ ပြည်သူတွေကို လှည့်စားကြတယ် ။ ဒီလို ပြသ၁နာမျိုးကို နိုင်ငံများစွာမှာ အကြိမ်ကြိမ် တွေ့ဖူးပြီဖြစ်တယ် ။
ဥပမာအနေနဲ့ တင်ပြရရင် ကဒါဖီနဲ့ လစ်ဗျားကိစ္စပဲပေါ့ ။ ကဒါဖီဆိုတာ တစ်ချိန်က လစ်ဗျားနိုင်ငံရဲ့ ခေါင်းဆောင်ပါပဲ ။ လစ်ဗျားမှာ ရေနံထွက်တယ် ။ တစ်နေ့ကို ဒေါ်လာသန်း နှစ်ရာကျော် ၀င်ငွေရှိတဲ့ နိုင်ငံပါပဲ ။ ဒီပမာဏဟာ အင်မတန်များပါတယ် ။ ဒါပေမဲ့ အာဏာရော ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရော ပိုင်ဆိုင်ထားတဲ့ ကဒါဖီဟာ ပြည်သူတွေကို လှည့်ဖြားပြီး ပြည်သူပိုင်ငွေတွေကို မောင်ပိုင်စီးတော့တာပဲ ။ လစ်ဗျားမှာ ချမ်းသာသင့်တဲ့ ပြည်သူတွေဟာ ဆင်းရဲနေကြတယ် ။ နောက်ဆုံး တော်လှန်ရေး ဖြစ်ပေါ်ပြီး ကဒါဖီဟာ သူ့ရဲ့ ရွှေသေနတ်နဲ့သူ အလုပ်ကြံခံခဲ့ရတယ် ။ ဒီနေရာမှာ ပြသ၁နာပြီးသွားရင် တော်သေးတာပေါ့ ။ ဒါပေမဲ့ ယနေ့တိုင် လစ်ဗျားမှာ ငြိမ်းချမ်းမှု မရှိပါဘူး ။
ဒီနေရာမှာ သတိထားရမှာက ကဒါဖီကို နှစ်ပေါင်း ၃၀ လောက် အာဏာရှင် လုပ်ခွင့်ပေးခဲ့ကြလို့ပါပဲ ။ ဒီနှစ် ၃၀ မှာ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး အစစအရာရာ နိမ့်ကျတဲ့ လစ်ဗျားနိုင်ငံသားတွေဟာ ပြည်တွင်းစစ် သံသရာထဲကို ကျရောက်သွားရှာလေတော့တာပါပဲ ။ ကျွန်တော်တို့ကော ဘာထူးလို့လဲ ။ အလုယူခံထားရတယ် ။ ကျွန်တော်တို့ဟာ နှစ် ၅၀ ကျော် အဖျက်ဆီးခံထားရတယ် ။ ချမ်းသာတဲ့ နိုင်ငံတစ်ခုကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ဖြစ်သွားတယ် ။ ခု ဒီမိုကရေစီလမ်းကြောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကြံစည်ကြတယ် ။ အင်မတန် ကောင်းပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အစိုးရကို စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆတယ် ။
≡ ဂျာနယ်လစ်တွေ
ပွင့်လွင်းမြင်သာမှသာ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မှာ ဖြစ်တယ် ။ အစိုးရရဲ့ လုပ်ဆောင်တာတွေကို ပြည်သူတွေကို ချပြဖို့လိုတယ် ။ ဒီတာဝန်ကို စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မီဒီယာက ထမ်းဆောင်ရပါတယ် ။ ဒီအတွက် ဂျာနယ်လစ်တွေ လိုတယ် ။ တကယ်တော့ ဂျာနယ် ၊ သတင်းစာ မီဒီယာဆိုတာ ပြည်သူနဲ့ အစိုးရအကြား ပေါင်းကူးပါပဲ ။ ဒါပေမဲ့ ဂျာနယ်လစ်တွေကို အစိုးရတွေက မရှိမကောင်း ၊ ရှိမကောင်းလို့ ယူဆတယ် ။ သူ့အနေနဲ့ ဂျာနယ်လစ်တွေရဲ့ မကောင်းတာကိုသာ မြင်တတ်တယ် ။ ဒါကြောင့် အစိုးရနဲ့ မီဒီယာသမားတွေ မတည့်ကြဘူး ။ မီဒီယာရဲ့ လုပ်ဆောင်ချက်တွေဟာ အစိုးရစည်းကမ်းလွတ် လုပ်တာတွေကို ချပြနိုင်တဲ့ အနေအထားတွေမှာ ရှိတယ် ။
ဒီအတိုင်းပဲ အခွန်ရှောင်တဲ့ ခရိုနီတွေ ၊ ပြည်သူကို နှိပ်စက်တဲ့ သူဌေးတွေဟာ မီဒီယာကို မုန်းတယ် ။ ဒီလိုမုန်းရုံနဲ့တော့ ဘာမှ မထိခိုက်တတ်ပါဘူး ။ ဒါပေမဲ့ မီဒီယာတွေကြောင့် ထိခိုက်သူများကတော့ မီဒီယာကို ဖြိုဖျက်ချင်ကြတယ် ။ ဒါကြောင့် နိုင်ငံတကာမှာ ဂျာနယ်လစ်တွေဟာ တစ်နှစ်ကို ငါးဆယ်ကနေ တစ်ရာအထိ ချေမှုန်းခံနေရတာ ကို တွေ့ရတယ် ။ သူတို့ဟာ အသတ်ခံရတဲ့အပြင် ထောင်ကျတာတွေ ၊ ပြန်ပေးဆွဲ တာတွေလည်း ရှိတယ် ။
≡ ဂရုစိုက်ဖို့ပါ
ပြီးခဲ့တဲ့နှစ်က ဂျာနယ်လစ်ကိုပါကြီးဟာ အတိုက်အခိုက် ခံရပြီး သေဆုံးသွား တယ်လို့ သိရတယ် ။ အမှုက စစ်ဆေးဆဲမို့ ဘာကြောင့် ဘယ်လို သေဆုံး တယ် ဆိုတာကို ပြောခွင့် မရှိပါဘူး ။ ဒါက နယ်စပ်မှာ ဖြစ်တာပါပဲ ။ ယနေ့မှာတော့ ရန်ကုန်မြို့မှာပါ လက်ရဲ ဇက်ရဲ ဖြစ်လာတာ ကို တွေ့လာရတယ် ။ Eleven Media ရဲ့ စီအီးအိုကို တိုက်ခိုက်တဲ့ ကိစ္စပါပဲ ။ “ခုံးသီး”တွေနဲ့ အသေပစ်တယ်ဆိုတာကို ပတ်ဝန်းကျင်က သတိထားမိတယ် ။ သေအောင်ပစ် ၊ မှန်ကွဲအောင်ပစ်လို့ ပြောပြီးပစ်တယ်လို့ ကာယကံရှင်က ကြားခဲ့ပါတယ် ။ သေသေချာချာ စီစဉ်ထားတဲ့ Organized Crime ပါပဲ ။ ကားတွေပိတ်ဆို့နေတဲ့ ရန်ကုန်လို မြို့မှာ လုပ်ကြံလို့ အင်မတန်လွယ်တယ် ။ ဒါဟာ တို့နဲ့မဆိုင်ဘူးလို့ လျစ်လျူရှုထားကြမှာလား ။
≡ မသေပါနဲ့ဦး
တကယ်တော့ ဒီလိုလူတွေ တိုင်းပြည်အတွက် အများကြီးလိုပါတယ် ။ ကျွန်တော်တို့ဆီ နားမလည် ပါးမလည် လုပ်ကြံခံရ ၊ အသတ်ခံရနဲ့ သေဆုံးသူတွေ အများကြီးရှိတယ် ။ ဥပမာ ဂီတနက်သန် ကိုစောညိန်းဆိုရင် ၃၀ ကျော်နဲ့ ကွယ်လွန်ရတယ် ။ သူ့ရဲ့ အနုပညာကို ရိုက်သတ် လိုက်သူက မသိဘူး ။ သူဟာ စာရေးဆရာ ၊ သီချင်းရေးဆရာ အနုပညာရှင်ဖြစ်တယ် ။ သူ့ကို ခဏနဲ့ သတ်လိုက်လို့ ရတယ် ။ သူလို ပညာရှင်တွေ နှစ်တစ်ရာမှာ တစ်ယောက် မွေးဖွားမလာနိုင် ပါဘူး ။ ဒီအတိုင်းပါပဲ ။ သိပ္ပံမောင်ဝ ဆိုရင် ခေတ်စမ်းစာပေ စာရေးဆရာပါပဲ ။ သူဟာ အစိုးရ၀န်ထမ်းဖြစ်တယ် ။ သူ့ကို ဓားပြက သတ်လိုက်တယ် ။ သတ်တဲ့ ဓားပြဟာ သိပ္ပံမောင်ဝဟာ မြန်မာစာပေကို ဘယ်လို အကျိုးပြုနေလဲဆိုတာကို သိတာ မဟုတ်ဘူး ။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ အဖွဲ့ကတော့ ဗိုလ်ချုပ်ကို မသိကြတာ များတယ် ။ သူတို့ သေနတ်နဲ့ပစ်တာ ဘယ်သူတွေကို ပစ်တာလဲဆိုတာကို သူတို့မသိကြ ဘူးတဲ့ ။ သူတို့လည်း ခိုင်းတာကို လုပ်သွားတာပါပဲ ။ လူချစ်လူခင် အင်မတန် များတဲ့ ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရတာကတော့ ပြည်သူတွေ အဓိကနစ်နာရပါတယ် ။ တိုင်းပြည်လည်း ဆုံးရှုံးတာပါပဲ ။
≡ အဆုံးရှုံးခံမှာလား
လီကွမ်ယုဟာ စင်ကာပူနိုင်ငံကို ထူထောင်တော့ ရန်ကုန်ကို နမူနာယူပါတယ် ။ သူ့ရဲ့ အစည်းအဝေးတစ်ခုမှာ ခေါင်းဆောင်တွေ မဆုံးရှုံးအောင် စောင့်ရှောက်ရမယ်ဆိုတာကို အတိအလင်း ပြောသွားတယ် ။
“ခင်ဗျားတို့ သေသေချာချာ မှတ်ထားရမှာက မြန်မာပြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရလို့ ဒီလိုဖြစ်တာပါ” တဲ့ ။ အရှေ့တောင်အာရှမှာ အလားအလာ အရှိဆုံး နိုင်ငံဟာ အောက်ဆုံးရောက် သွားတာကို လီကွမ်ယု သုံးသပ်ခြင်းပါပဲ ။
ဒီတော့ ကျွန်တော်တို့ရဲ့ နောက် ထပ်ခေါင်းဆောင်တွေကို ဆုံးရှုံးခံလို့ မဖြစ်ဘူး ။ လုပ်ကြံတာကို Assassin လို့ ခေါ်ပါတယ် ။ Assassin ဆိုတာ လူသတ်မှုပါ ။ သတ်ရန် ကြံစည်ကြိုးစားတာတွေကို တွေ့နေရပါတယ် ။ ခေါင်းဆောင်တွေကို အဆုံးအရှုံး မခံကြပါနဲ့ ။ သူတို့ကို ဆုံးရှုံးလိုက်ရင် ဆက်တိုက်နစ်နာမှုတွေ အများကြီးပဲ မဟုတ်လား ။ ဒါကြောင့် ဦးဆောင်ဦးရွတ်ပြုမယ့်သူများဟာ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ် ။
≡ နိဂုံး
နိဂုံးမှာ ပြောရရင်တော့ မေတ္တာတရားပေါ့လေ ။ လူလူချင်း ထားသင့်တဲ့ ချစ်ချင်းမေတ္တာ ကို မေ့မနေပါနဲ့ ။ ဘယ်ဟာကိုမှ အမုန်းနဲ့ ဖြေရှင်းလို့ မရပါဘူး ။ ကိုယ်ချင်းစာနာကြရမယ် ။ အထူးသဖြင့် အများအကျိုး အတွက် ဆောင်ရွက်နေသူတွေကို ကူညီဖေးမဖို့ လိုတယ် ။ မနှောင့်ယှက်ရပါဘူး ။ ဒါက အရေးအကြီးဆုံးပါပဲ ။ ဒါပေမဲ့ အမှောင်တွေက ဖုံးကွယ်နေ တယ် ။ လုပ်သင့် မလုပ်သင့် မသိတော့ဘူး ။ မသိတာကို မောဟ လို့ ခေါ်တယ် ။ မောဟဆိုတဲ့ အမိုက်မှောင်ဖုံးပြီးနေတာပါ ။ တစ်ချိန်တည်းမှာ လောဘဆိုတဲ့ လိုချင် တပ်မက်မှုဟာ ဘယ်သူ့ကိုမှ ကောင်း ကျိုးမပေးပါဘူး ။ မြန်မာပြည်ကြီး နိမ့်ကျနေတာ အားလုံးသိပါတယ် ။ ကူညီကြပါ ။ အသွားစေခိုင်းသူရော ၊ အစွယ်လိုသူရော ၊ လေးပစ်သူပါ သင်ခန်းစာယူနိုင်ကြပါစေ ။
ဒေါက်တာခင်မောင်ညို
The Ladies News Journal ပါ ဆောင်းပါး
ဆက်ဖတ်ရန် >>>

Tuesday 22 September 2015

နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ
 သေသူအတွက် ရည်စူးကုသိုလ်ပြုလုပ်ပေးရာတွင်မည်ကဲ့သို့ အကျိုးကျေးဇူးရှိမှု နှင့် မည်ကဲ့သို့ရည်စူးကုသိုလ် ပြုလုပ်ပေးသင့်ပါသနည်း ════════════════════════════════════════ ရည်စူးကုသိုလ် ****************
 (မေး) -------- အရှင်ဘုရား သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။

 (ဖြေ) ------- သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။ အရိယာပုဂ္ဂိုလ်များမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ်။ - လူ့ဘ၀ - နတ်ဘ၀ (ဗြဟ္မာဘ၀လည်း အကျုံးဝင်ပါသည်။) - ငရဲဘ၀ - တိရစ္ဆာန်ဘ၀ - ပြိတ္တာဘ၀ (အသူရကာယ်ဘ၀လည်း အကျုံးဝင်ပါသည်။) ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိအားလျော်စွာ လူ့ဘ၀ နတ်ဘ၀ဆိုတဲ့ ကောင်းရာသုဂတိဘ၀တွေကို လားရောက်ရပြီး အကုသိုလ်နဲ့သေတဲ့သူက အကုသိုလ်သတ္တိအားလျော်စွာ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိဘ၀တွေကို လားရောက်ရပါတယ်။ သေလွန်ပြီး ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်။ နတ်ဖြစ်သွားတယ်ဆိုရင် ဒါမှမဟုတ် အကုသိုလ်အကျိုးပေးကြောင့် ငရဲကျသွားတယ် တိရစ္ဆာန်ဖြစ်သွားတယ်ဆိုရင် ကျန်ရစ်သူတွေကသူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကို သူလုံးဝခံစားခွင့် မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်ရည်စူးပြီးကုသိုလ်ပြုနေတာကို သူလုံးဝမသိနိုင်တော့လို့ပါပဲ။ တကယ်လို့ အကုသိုလ်ကံအကျိုးပေးမှုကြောင့် ပြိတ္တာဘုံရောက်သွားမယ်ဆိုရင်တော့ကျန်ရစ်သူတွေက သူ့အတွက်ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူ အပြည့်အ၀ခံစားခွင့် ရှိပါတယ်။ ပြိတ္တာလေးမျိုး --------------- (၁) ခုပ္ပိပါသိကပြိတ္တာ – ထမင်းဆာလောင်ခြင်း၊ ရေမွတ်သိပ်ခြင်းနှိပ်စက်မှုဒဏ်ကို အမြဲမပြတ်ခံနေရတဲ့ အငတ်ခံပြိတ္တာ။ (၂) နိဇ္ဈာမတဏှိကပြိတ္တာ – ပူပြင်တဲ့ မီးတောက်မီးလျှံတွေရဲ့လောင်ကျွမ်းဝါးမြိုက်မှုဒဏ်ကို အကြားမလပ်ခံနေရတဲ့ အလောင်ခံပြိတ္တာ။ (၃) ကာလကဉ္စိကပြိတ္တာ – အသူရကာယ်လို့ခေါ်တဲ့ အကြီးစားပြိတ္တာ တွေဟာ ပြိတ္တာဖြစ်ပေမယ့် ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းမရှိကြတဲ့အတွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ဘာမှခံစားခွင့် မရှိပါဘူး။ (၄) ဗိမာန်ရှင်ပြိတ္တာ – သူတစ်ပါးပေးတဲ့ အစားအစာကိုအမှီပြုပြီး အသက်ရှင်နေရတဲ့ အပေးခံပြိတ္တာ (ပရဒတ္တူပဇီဝိကပြိတ္တာ) တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့တွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ခံစားခွင့်ရှိပါတယ်။ ဝေမာနိကပြိတ္တာ လို့ အများကသိကြပါတယ်။ ရည်စူးကုသိုလ်တစ်ခုက အရည်စူးခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အင်္ဂါငါးချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ (၁) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလစတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်။ (၂) အလှူပေးပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီကုသိုလ်ဟာ တမလွန်ဘ၀ပြောင်းသွားတဲ့ ဘယ်သူ့အတွက်ရည်စူးပါတယ်လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်။ (၃) လှူဖွယ်ပစ္စည်းအမျိုးအစား စုံလင်ရမယ်။ (၄) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်းပေးဝေရမယ်။ (၅) တမလွန်ဘ၀မှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ်။ ဒီအင်္ဂါငါးရပ်နဲ့ပြည်စုံပြီဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တပြိုင်နက် အလှူပွဲမှာ ပါဝင်လှူဒါန်းထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး အမျိုးအစားအလွန်ကောင်းမွန်၊ အရေအတွက် အဆများစွာသာလွန်တဲ့ပစ္စည်းပေါင်းများစွာကို တမလွန်ဘ၀က အရည်စူးခံ ပုဂ္ဂိုလ်သေချာပေါက် ရရှိခံစားရပါတော့တယ်။ သို့ပေမယ့် လှူဖွယ်ပစ္စည်း အမျိုးအစားစုံလင်ဖို့ သိပ်အရေးကြီးပါတယ်။ သေလွန်သူကို ရည်စူးတဲ့အလှူပွဲတစ်ခုမှာ အောက်ဆုံးထစ်ဆုံးအားဖြင့် - - စားစရာအတွက် ဆွမ်းတစ်ပန်းကန် (သို့) မုန့်တစ်ခု၊ - သောက်စရာအတွက် ရေတစ်ဖန်ခွက်၊ - ၀တ်ရုံစရာ အ၀တ်အထည်အတွက် လက်သုတ်ပ၀ါတစ်ထည် (သို့) လက်ကိုင်ပ၀ါတစ်ထည်၊ - ခိုဆောင်းစရာ အဆောက်အအုံအတွက် ထီးတစ်လက် (သို့) ယပ်တောင်တစ်ချောင်း၊ - စီးနင်းသွားစရာ ယာဉ်အတွက် ဖိနပ်တစ်ရံ အနည်းဆုံးလှူဖွယ်ပစ္စည်းငါးမျိုး။ ပါဝင်ရပါမယ်။ ဒါမှ စားရေး၊ သောက်ရေး၊ ၀တ်ရေး၊ နေရေး၊ သွားလာရေး အဆင်ပြေသွားမှာပါ။ - ကျန်းမာရေးပါပြည့်စုံသွားအောင် လျက်ဆားတစ်ထုပ်လောက်ထည့်ချင်ရင် ထည့်လိုက်ပါဦး။ မိမိကိုရည်စူးပြီးပြုတဲ့ အလှူဒါနအမျှအတန်းကို သာဓုခေါ်တဲ့ပြိတ္တာတစ်ဦးဟာ ပြိတ္တာဘ၀က ကျွတ်လွတ်ထိုက်တဲ့ကံပါရင် သာဓုခေါ်ပြီးတာနဲ့ တပြိုင်နက်ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကံအားလျော်စွာ နတ်ပြည်၊ လူ့ပြည်ရောက်သွားနိုင်ပါတယ်။ ကျွတ်လွတ်ထိုက်တဲ့ကံမပါသေးရင်တော့ ပြိတ္တာဘ၀မှာပဲ ကျန်ရစ်သူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့အလားတူ အမည်တူ အမျိုးကောင်း အဆတိုးပစ္စည်းတွေကို သုံးဆောင်ခံစားခွင့်ရသွားပါတယ်။ အထူးသတိပြုရန်မှာ – ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့စိတ်အစဉ်မှာ ပူပင်သောက ကင်းရှင်းနေဖို့ပါပဲ။ သောကတွေ မျက်ရည်တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံရှောရှောရှူရှူရောက်ဖို့ သိပ်မသေချာလှပါဘူး။တကယ်လို့ရောက်ခဲ့ရင်လည်း အရည်အသွေးညံ့ညံ့ပဲ ရောက်သွားမှာပဲ။ ကုသိုလ်ပြုစဉ်မှာသေလွန်သူအပေါ်စွဲလမ်းတွယ်ငြိတဲ့ သံယောဇဉ်နဲ့ စိတ်နှလုံးပူလောင်နေမယ်၊ မျက်ရည်ကျ ငိုကြွေးနေမယ်ဆိုရင် ကိုယ်ပြုတဲ့ကုသိုလ်ဟာ အရည်အသွေးညံ့ဖျင်းတဲ့ကုသိုလ် အကုသိုလ်ခြံရံတဲ့ကုသိုလ် ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ရထားတဲ့ကုသိုလ်ကို သေလွန်သူထံပို့ပေးရတာမို့ သေလွန်သူရတဲ့ ကုသိုလ်ဟာလည်း အညံ့စားကုသိုလ် အပေါစားကုသိုလ် အပူစားကုသိုလ်ပဲ ဖြစ်တော့မှာပေါ့။ ၀မ်းနည်းပူဆွေးငိုကြွေးနေတာဟာ သေလွန်သူကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေပါတယ်။ ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းကောင်းပေးနိုင်မှာမို့ သေလွန်သူထံ ရည်စူးကုသိုလ်ကောင်းကောင်း ပို့ပေးလိုသူတိုင်း ကုသိုလ်ပြုနေစဉ်မှာ တွယ်ငြိစွဲလမ်း အသည်းကျွမ်းမှုတွေ၊ ၀မ်းနည်းပူဆွေးငိုကြွေးမှုတွေ ကင်းနိုင်သမျှ ကင်းရှင်းအောင် အထူးသတိထားကြရပါမယ်။ သေလွန်သူကို ကောင်းကျိုးချမ်းသာတွေပြည့်စုံစေချင်တဲ့ မေတ္တာဓါတ်၊ ဆင်းရဲဒုက္ခတွေ လွတ်မြောက်စေချင်တဲ့ ကရုဏာဓါတ်၊ ကုသိုလ်ကံရဲ့စွမ်းရည်သတ္တိကို မမှိတ်မသုန်ယုံကြည်တဲ့ သဒ္ဓါဓါတ်၊ ကုသိုလ်ကံကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့ ပညာဓါတ်၊သူတော်ကောင်းဓါတ်တွေနဲ့ စိတ်နှလုံးအေးချမ်းစွာပြုတဲ့ ရည်စူးကုသိုလ်မျိုး ဖြစ်ရပါမယ်။ ပြိတ္တာနွယ်ဖွား တမလွန်သူ၊ တမလွန်သားတွေကို ဘာပစ္စည်းပေးပေးတိုက်ရိုက်ပေးလို့မရပါဘူး။ လက်နဲ့ကိုင်ပြီးပဲဖြစ်ဖြစ်၊ စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ်သွားတင်ပြီးပဲဖြစ်ဖြစ်၊ ပုံစံတူပစ္စည်းအတုတွေ၊ စက္ကူတွေကို မီးရှို့ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့ မရပါဘူး။ ပေးလို့ရတယ်လို့ ယုံကြည်ပြီးပေးလည်း အဲဒီယုံကြည်မှုဟာ တလွဲယုံကြည်မှု (အယူလွဲမှု)မျှသာဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ငွေခန်းရုံကလွဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်းဖြစ်တာမှ မဟုတ်ဘဲ။ ဒါ့ကြောင့် တမလွန်ရောက်ကျေးဇူးရှင်တွေကို တကယ်ကျေးဇူးဆပ်ချင်တယ်၊ တမလွန်ရောက်ချစ်ခင်သူတွေကို တကယ်အကျိုးရစေချင်တယ်ဆိုရင် လွဲမှားတဲ့ပေးနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး သူတော်ကောင်းဂုဏ်နဲ့ပြည့်စုံတဲ့ ရဟန်းသံဃာ (သို့) လူဝတ်ကြောင်တွေကိုမိမိပေးလိုရာပစ္စည်းများ ပေးလှူခြင်းဖြင့် ဒါနကုသိုလ်ကို ကိုယ်ကအရင်ရအောင်ယူပါ။ ပြီးမှ အဲဒီဒါနကုသိုလ်ကိုတမလွန်ရောက် ကိုယ့်ကျေးဇူးရှင် ကိုယ့်ချစ်ခင်သူတွေကို အတိအကျရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ။ အပ္ပမာဒေန သမ္မာဒေထ။ - အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ( ရည်စူးကုသိုလ် စာအုပ်မှ -) dhammaransi မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ (ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ ပါစေခင်ဗျာ)
ဆက်ဖတ်ရန် >>>

Thursday 17 September 2015

ပဌာန်း ပါဠိတော်

ပဌာန်း ပါဠိတော် ---------------------(share လုပ်ခြင်းဖြင့် ကုသိုလ်ယူပါ)

Posted by နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများ on Saturday, September 12, 2015
ဆက်ဖတ်ရန် >>>

Monday 29 June 2015

လူတစ်ယောက်ရဲ့အဆင့်အတန်း

"အပေါ့စွန့်ခြင်း အနုပညာ”
ရဝေနွယ် (အင်းမ)
     တစ်ခါတုန်းက လက္ခဏာဗေဒင်ကျွမ်းကျင်တဲ့ လက္ခဏာဆရာတစ်ယောက်ရှိပါတယ်။ အထူးသဖြင့် ခြေရာကိုကျွမ်းကျင်တဲ့သူပါ။ ခြေရာတစ်ခုကို ကြည့်ရုံနဲ့လည်း ခြေရာရှင်ရဲ့ကံကြမ္မာ ကောင်းကျိုး ဆိုးပြစ်ကို ပြောဟောနိုင်ပါတယ်။
    တစ်နေ့တော့ ခရီးသွားရင်း လမ်းမှာ ခြေရာတစ်ခုကို တွေ့ရပါတယ်။ ခြေရာကိုစစ်ဆေးလိုက်တော့ ခြေရာမှာ ရှင်ဘုရင်ဖြစ်မယ့်လက္ခဏာ ပါနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဒါကြောင့်လက္ခဏာဆရာက “အင်း … သူ့ကို ရှင်ဘုရင်ဖြစ်မယ့်အကြောင်း သွားဟောပြောလိုက်ရရင်တော့ ဘုရင်ဖြစ်တဲ့အခါ ငါ့ကို ကောင်းကောင်းချီးမြှောက်မှာပဲ” ဆိုတဲ့ အတွေးကိုတွေးရင်း ကိုယ့်စိတ်ကူနဲ့ကိုယ် ခြေရာနောက်ကို တကောက်ကောက်လိုက်ခဲ့ပါတယ်။ လိုက်ရင်းလိုက် ရင်းနဲ့ လမ်းဘေးတစ်နေရာရောက်တော့ ခြေရာရှင်က ကျင်ငယ်ကို မတ်တပ်ရပ် လက်ကြားညှပ်ပြီး ပေါက်နေပါသတဲ့။
    ဒီတော့ လက္ခဏာဆရာက သက်ပြင်ချရင်း ခေါင်းခါရင်းနဲ့ အပေါ့စွန့်တာပြီးတဲ့အထိ စောင့်နေပါတယ်။ ပြီးပြီ ဆိုမှ “မိတ်ဆွေက ဘာအလုပ်များလုပ်လဲ” လို့ မေးလိုက်ပါတယ်။ ခြေရာရှင်က “ဇာတ်ထဲမှာလိုက်ပါတယ်” လို့ ပြန်ဖြေပါတယ်။ လက္ခဏာဆရာက ဆက်ပြီး “ဇာတ်ထဲမှာ ဘာလုပ်လဲ” လို့မေးလိုက်တော့ “ရှင်ဘုရင်လုပ်ပါတယ်” လို့ ပြန်ဖြေလိုက်ပါသတဲ့။
လက္ခဏာဆရာက သက်ပြင်းတွေထပ်ချရင်း “မင့်မှာ ရှင်ဘုရင်ဖြစ်မယ့်လက္ခဏာတော့ ပါပါရဲ့၊ ဒါပေမယ့် ကျင်ငယ်စွန့်ပုံ နည်းမဟုတ်တာကြောင့် ရွှေထီးမပြောနဲ့ ထီးစုတ်တောင် ဆောင်းရမှာမဟုတ်ဘူး” လို့ ပြောလိုက်ပါ သတဲ့။
(သင်္ဂဇာ စကားပုံပေါင်းချုပ်)
သင်္ဂဇာဆရာတော်ဘုရားကြီးက ဒီပုံပြင်လေးကို ကိုယ်တိုင်ပဲဖန်တီးပြီးပြောခဲ့လေသလား၊ ဒါမှမဟုတ် အစဉ် အဆက်ဆက်ကရှိခဲ့တဲ့ မြန်မာ့ရိုးရာ ပုံပြင်တစ်ပုဒ်ကိုပဲ လက်ဆင့်ကမ်းပြောခဲ့လေသလား မသိပါဘူး၊ မြန်မာ့ ယဉ်ကျေးမှုကော နေထိုင်မှုပုံစံကော ကံကြမ္မာကောင်းကျိုး ဆိုးပြစ်တွေကော ဆင်ခြင်တွေးဆစရာတွေကော ရောပြွမ်း နေတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ။
     တကယ့်ရှင်ဘုရင်အစစ်ဆိုရင်တော့ ရာဇဣနြေ္ဒအပျက်ခံပြီး မတ်တတ်ရပ် လက်ကြားညှပ် ပေါက်မယ်တော့ မထင်ပါဘူး။ ခုတော့ သူတို့ဗေဒင်ဆရာတွေရဲ့အမြင်မှာ ယတြာကျေနေတယ်လို့ပဲ တွက်ဆတော့ မှာပါ။
     ပုံပြင်တော့ ပုံပြင်ပါပဲ၊ ဒါပေမယ့် လက်တွေ့ဘဝနဲ့ နီးစပ်လွန်းပြီး ခေတ်အဆက်ဆက် ရှင်သန်နေမယ့် ပုံပြင်လေးတစ်ပုဒ်ပါ။ အတိတ်ကံအကျိုးပေးဖို့ ဘယ်လိုပဲပါခဲ့ပါခဲ့ ပစ္စုပ္ပန်ဘဝမှာ နေထိုင်မှုပုံစံမကျရင် အတိတ်ကံ လည်း အကျိုးပေးခွင့်မသာဘူးဆိုတဲ့သဘောပါ။ ဒါကိုထောက်ပြီး လူတစ်ယောက် ပစ္စုပ္ပန်ဘဝနေထိုင်မှုပုံစံကလည်း သိပ်ပြီးအရေးကြီးနေပါတယ်။ အပေါ့စွန့်ပုံ ပုံစံမကျတာကြောင့် ရှင်ဘုရင်နဲ့လွဲရတာတော့ မတန်လှပါဘူး။
     လူတစ်ယောက်ရဲ့အဆင့်အတန်းကို သူ့ရဲ့အပြောအဆိုအပြုအမူတွေကိုကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့ အနေအ ထားမှာရှိနေပါတယ်။ စိတ်ထဲမှာဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်းမထားဘဲ အပြင်လက်တွေ့မှာ ပြောချလိုက်မယ် ပြုမူချ လိုက်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာရှိနေတာကို ဖွင့်ပြောလိုက်သလို ဖြစ်ရုံမကဘဲ ကိုယ်ရဲ့ကံကြမ္မာကောင်းကျိုး ဆိုးပြစ် ကိုပါ ဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။
     တခါတလေများ ကိုယ့်ရဲ့မဆင်မခြင်ပြောဆိုမှုကြောင့် ဘဝအတွက် ကြီးမားတဲ့အခွင့်အရေးကြီးတွေ လွဲသွားရ တာတွေလည်း အများကြီးရှိတတ်ပါတယ်။ ဒါကြောင့် အပြောအဆိုအပြုအမူပိုင်းကို အထူးသတိထားရပါမယ်။ စိတ်ထဲမှာ မြုံထားဖို့မဟုတ်ပါဘူး။ စိတ်ထဲမှာမြုံထားရင် စိတ်ကပိုပင်ပန်းပါတယ်။
ပုထုဇဉ်ပီပီ စိတ်ထဲမှာဖြစ်တာတော့ ဖြစ်လိုက်တာပါပဲ၊ စိတ်ထဲမှာဖြစ်တာကို စိတ်ထဲမှာပဲ ရှင်းပစ်နိုင်ရပါမယ်။ ရှင်းပစ်နည်းတွေလည်း အများကြီးရှိနေတာပါ။ အချိန်ကာလလေးတစ်ခု စောင့်လိုက်တာတို့ ဆင်ခြင်တတ်သလို ဆင်ခြင်လိုက်တာတို့ ရှုမှတ်ပစ်လိုက်တာတို့ စသည်ဖြင့်အများကြီးပါ။
     စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်းပြောချလိုက်ရင် ခံရတဲ့သူက တစ်သက်လုံးမမေ့တော့ပါဘူး။ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားတော့တာပါ။ မှားမှန်းသိလို့ ပြန်တောင်းပန်ပေမယ့်လည်း ပြန်ပြီးယုံကြည်မှု တည်ဆောက်လို့ မရတော့ပါဘူး။ ကြိုးတစ်ချောင်းပြတ်သွားလို့ ပြန်ဆက်တဲ့အခါ ဆက်ရာဆက်ထုံးလေးတော့ ကျန်နေခဲ့သလိုပါပဲ။ ကိုယ့်ရဲ့အပြောအဆို အပြုအမူကို အထူးသတိထားနေကာမှ တော်ကာကျတာပါ။
     ကိုရင်စာသင်သားဘဝက ရန်ကုန် ဝိသုဒ္ဓါရုံမှာ ဥပုသ်နေ့ည ရောက်ပြီဆိုရင် ပဓာနနာယက ဆရာတော်ဖြစ်တဲ့ ဆရာတော်ဦးကောဏ္ဍညက သြဝါဒပေးလေ့ရှိပါတယ်။ သြဝါဒပေးတဲ့အခါ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင် စည်းမျဉ်းစာအုပ်ကို အပိုဒ်လိုက် အပတ်စဉ်ဖတ်ပြသွားတာပါ။ အမြဲကြားနေရတာရယ် ဥပုသ်နေ့နားရမှာ မနားရတာ ရယ်ကြောင့် သိပ်ငြီးငွေ့တာပါပဲ။ (၉) နှစ်လောက်နေခဲ့တာဆိုတော့ သြဝါဒစည်းမျဉ်းတွေကို အလွတ်နီးပါးလောက်ကို ရနေတာပါ။
     သိပ်ငြီးငွေ့ခဲ့တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင်စည်းမျဉ်းတွေကို အခုနေ ပြန်အာရုံပြုကြည့်လိုက် တော့ လက်တွေ့ဘဝထဲမှာ ကျင့်သုံးစရာတွေဖြစ်နေပါတယ်။
ဥပမာ များ (၈) များကို ပယ်ရမယ်ဆိုတဲ့ စည်းမျဉ်းသြဝါဒမျိုးပါ။
၁။ စကားများ
၂။ အရယ်များ
၃။ အအိပ်များ
၎။ အစားများ
၅။ နဝကမ္မများ
၆။ ပစ္စည်းများ
၇။ ရှင်ငယ်လူငယ်တို့နှင့် ရောနှောများ
၈။ အလယ်အာပတ်များ ဆိုတဲ့ များ (၈) များကို ပယ်ရမယ်တဲ့။
အဲဒီ များ(၈)များထဲကဆို စကားများတာလည်း မကောင်းသလို အစားများတာလည်း မကောင်းပါဘူး။ စကား များတော့ အမှားတွေပါတတ်သလို အစားများတော့လည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ ဒါတွေဟာ လက်တွေ့ဘဝထဲမှာ အပြောအဆိုအပြုအမူပိုင်းနဲ့ပတ်သက်လို့ တကယ့်အသုံးချစရာတွေပါ။ ပြန်တွေးတိုင်း လွမ်းစရာ တွေချည်းပါပဲ။
ေ    ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒတွေထဲမှာ ကျယ်(၅)ပါးကိုပယ်ဖို့၊ ကြမ်း(၉)ပါးကိုပယ်ဖို့ စသည်တွေ လည်း ရှိပါသေးတယ်။ စကားပြောကျယ်၊ အရယ်ကျယ်၊ အခေါ်ကျယ် စသည်တွေနဲ့ စိတ်ကြမ်း၊ နှုတ်ကြမ်း၊ ကိုယ်ကြမ်း၊ အစားကြမ်း၊ အအိပ်ကြမ်း၊ အရယ်ကြမ်း စသည်တွေပါ။ တကယ့်လက်တွေ့ လူမှုဆက်ဆံရေး နယ်ပယ် ထဲမှာ ကျင့်သုံးလို့ရတဲ့ ကျင့်စဉ်တွေပါ။ စကားပြောကျယ် အခေါ်ကျယ်တွေကလည်း သိက္ခာရှိတဲ့လူတစ်ယောက် အတွက် နှုတ်ဣနြေ္ဒပျက်စေပါတယ်။ ကြားရတဲ့သူအတွက်လည်း နားပင်ပန်းလှပါတယ်။ အဝေးရောက်နေလို့ တဖက် လူကြားအောင် လှမ်းခေါ်ရတာမျိုးကျတော့ တမျိုးပါ။ စိတ်ကြမ်း နှုတ်ကြမ်းကိုလည်း ဘယ်သူကမှ မကြိုက်ပါဘူး၊ မိတ်ဆွေအဖြစ်လည်း ဘယ်သူမှမခင်ချင်ကြပါဘူး၊ စိတ်ပူလောင်လို့ပါ။      တစ်ယောက်တည်းတင် လောင်တာမဟုတ် ပါဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံး လောင်တာပါ။ ရဟန်းတစ်ပါးအတွက် လူတစ်ယောက်အတွက် အပြောအဆို အပြုအမူ နဲ့ပတ်သက်လို့ ထောင့်စေ့အောင် သြဝါဒလမ်းညွှန်ပေးထားတာပါ။
     ဆရာတော် ဦးကောဏ္ဍညက ရွှေကျင်ဆရာတော်ကြီးရဲ့ ဆုံးမသြဝါဒတွေတင်မကပါဘူး ဆရာတော့်အနေနဲ့ လည်း သီးခြားသြဝါဒပေးတတ်ပါသေးတယ်။ ဥပမာ “မင်းတို့တွေ ဖောဋ္ဌ်မရ ဓမ္မဆုံး မဖြစ်စေနဲ့” (ဖွတ်မရ ဓါးမဆုံးမဖြစ်စေနဲ့) ဒီစကားကိုတော့ ထပ်ခါထပ်ခါ မိန့်လေ့ရှိပါတယ်။ တကယ့်ဖွတ်ကောင်လည်းမရ ထင်းခုတ်တဲ့ဓါးမ လည်းမရလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဖောဋ္ဌ်ဆိုတာ ဖောဋ္ဌဗ္ဗာရုံကိုပြောတာပါ၊ ဖောဋ္ဌ် ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ် အတွေ့အထိလည်းမရ ဓမ္မဆိုတဲ့ တရားဓမ္မလည်းလည်းဆုံးလို့ ဆိုလိုတာပါ။ လူငယ်စကားနဲ့ ရှင်းအောင်ပြောရရင် တော့ မိန်းမလည်းမရ တရားဓမ္မလည်းမရ မဖြစ်စေနဲ့လို့ ပြောလိုရင်းပါ။
ကြားရဖန်များတော့ ကိုရင်အချင်းချင်း “ကိုရင်… ဖွတ်နဲ့ဓါးမ တစ်ခုခုတော့ ရမှဖြစ်မယ်နော်” လို့ပြောရင် တခြားတစ်ပါးက “တပည့်တော်တော့ ဖွတ်ပဲယူတော့မယ်” လို့ ပြန်နောက်တတ်ပါတယ်။
ငယ်ငယ်က အပြောင်အပျက်စကားတွေက ကြီးလာတော့ တွေးဆစရာတွေ ဖြစ်လာခဲ့ပါတယ်။ နှစ်ခုလုံးရှုံး နေရင် ရဟန်းဝတ်ရတာ မတန်ဘူးဆိုတဲ့သဘောကိုပြနေပါတယ်။
     တစ်ခုကိုစွန့်လွှတ်ထားပြီး တစ်ခုကို မရဘူးဆိုရင်လည်း အဓိပ္ဗါယ်မရှိပါဘူး။ ဒါကြောင့် တချို့ရဟန်းတော်တွေ လူထွက်သွားကြတာလားမသိပါဘူး။
တကယ်တော့ ရဟန်းတစ်ပါး လူထွက်သွားရင် နှစ်ခါသုံးခါမက ရှုံးရတဲ့ဘဝပါ။ ကိုယ်တိုင် အနာဂတ်လမ်း ကြောင်းကို မရွေးချယ်နိုင်သေးတဲ့ ကိုရင်လေးအရွယ်မှာပဲ လေးတန်းအောင်လို့ ငါးတန်းဆက်မတက်ဘဲ ဘုန်းကြီးစာ ကိုပဲ ဆက်သင်ခဲ့ရတဲ့အတွက် လောကီပညာကို ကလေးဘဝမှာပဲ စွန့်လွှတ်ခဲ့ရပါတယ်။ ဓမ္မာစရိယတွေအောင်လို့ စာချဘုန်းကြီးတွေဖြစ်လို့ မပျော်လို့လူထွက်တဲ့အခါ လောကီဘွဲ့မရတဲ့အတွက် အပြင်မှာ အလုပ်ကောင်းကောင်း မရနိုင်တဲ့အတွက် ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းရပါတယ်။ ဓမ္မာစရိယဘွဲ့ကို အပြင်မှာ ရေးတတ်ဖတ်တတ် အဆင့်ပဲ ထားတာပါ။
     လူထွက်တဲ့အခါ ဘာပိုက်ဆံမှ မရှိတဲ့အတွက် ရင်းနှီးစားသောက်ဖို့လည်း ခက်ခဲရပြန်ပါတယ်။ ဒါတင်မက ပါဘူး “လူထွက်ရပါ့မလား”ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရှုပ်ချမှုကို ခံရပြန်ပါသေးတယ်။ လူထွက်သွားရင် အရှုံးအဆင့် ဆင့်ရှုံးပြီး ဘဝအာမခံချက် မရှိတဲ့သဘောပါ။
“လူထွက်သော ရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအသင်း” ဆိုပြီး ဘယ်သူကမှလည်း တည်ထောင်ပေး မထားပါဘူး။ အစကတည်းက သဘာဝအရှုံးအဆင့်ဆင့်ကို စတေးပြီး ဘုန်းကြီးဝတ်ခဲ့ကြရတာပါ။
     လူသားတစ်ယောက်ဟာ လောကပြစ် ဓမ္မပြစ် မလုပ်ဘူးဆိုရင် လူ့အဆင့်အတန်းတစ်ခုအနေနဲ့ ဘယ်ဘဝမှာ ပဲ ရှိနေရှိနေ လူ့ဝန်းကျင် လူ့အသိုင်းအဝိုင်းက တန်ဘိုးထားရမှာပါပဲ။
ငယ်ငယ်က စာသင်သားဘဝကို ပြန်သတိရသွားလို့ပါ။
နွားကျောင်းသားတစ်ယောက် အပေါ့စွန့်တာ မတ်တတ်ရပ်စွန့်လို့ ပြဿနာမရှိပေမယ့် လူလေးစားခံရသူ တစ်ယောက်ကျတော့ အဆင်မပြေလှပါဘူး။ ဒါကလည်း မြန်မာပြည်အတွေးနဲ့ပါ။ နိုင်ငံခြားမှာရှိတဲ့ အိမ်သာအားလုံး နီးပါးကတော့ ထိုင်စွန့်ဖို့ကော မတ်တတ်စွန့်ဖို့ကော နှစ်မျိုးလုံး စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် အားလုံး လုံလုံခြုံခြုံ ဆိုတော့ ဣနြေ္ဒရပါတယ်။
     သီဟိုဠ်ကျွန်းမှာ ဝဋ္ဋဂါမဏိမင်း စစ်ရှုံးတော့ မိဖုရားတွေနဲ့အတူ တောထဲကိုပြေးရပါတယ်။ စစ်ပြေးတဲ့အထဲမှာ မိဖုရား သောမဒေဝီလည်း ပါပါတယ်။ မိဖုရား သောမဒေဝီက ထိန်ပွင့်နဲ့တူတဲ့အပွင့်ရှိတဲ့ ခြုံပုတ်ထဲ ပုန်းနေတုန်း ခပ်လှမ်းလှမ်းမှာ ကိုရင်လေးတစ်ပါးကို လှမ်းတွေ့လိုက်ရပါတယ်။ တောထဲမှာ ကိုရင်လေးတစ်ပါးတွေ့လိုက်ရတော့ တအံ့တသြနဲ့ သတိထားကြည့်နေလိုက်ပါတယ်။ ကိုရင်လေးက ဆောင့်ကြောင့်လေးထိုင် သင်္ကန်းကိုလုံအောင်ဖုံး လက်ကလေးပါကာပြီး ကျင်ငယ်စွန့်တာကို တွေ့လိုက်ရပါတယ်။ မိဖုရား သောမဒေဝီက ကိုရင်လေး ကျင်ငယ်စွန့်ပုံ လေးကို ကြည်ညိုသဘောကျသွားပါတယ်။ ဒါကြောင့် ကိုရင်လေး ကျင်ငယ်စွန့်တဲ့နေရာမှာပဲ ကျောင်းဆောက်လှူ ပါတယ်။ ကျောင်းကိုလည်း သောမဝိဟာရလို့ နာမည်ပေးလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းလေးပါးဒကာမ အဖြစ်လည်း ခံယူလိုက်ပါတယ်။
ကျင်ငယ်စွန့်ပုံ သဘောကျလို့ ကျောင်းဆောက်လှူရုံတင်မကဘဲ ပစ္စည်းလေးပါး ဒကာမအဖြစ်ပါ ခံယူလိုက် တော့ အပေါ့စွန့်တာလေးကလည်း လူတယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲကို အများကြီး ပြောင်းလဲပစ်လိုက်တာပါ။
     တကယ်လို့များ ကိုရင်လေးက တောထဲဘယ်သူမှ မရှိပါဘူးလေဆိုပြီး မတ်တတ်ရပ်စွန့်လိုက်မယ်ဆိုရင်တော့ သောမဝိဟာရကျောင်းကြီး ဖြစ်ချင်မှဖြစ်လာမှာပါ။ ကိုယ့်ရဲ့အပြောအဆို အပြုအမူလေးတွေက ကိုယ့်ရဲ့အဆင့် အတန်းကို ဖေါ်ပြနေသလို ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုလည်း ဖန်တီးဖန်တီးနေတယ်ဆိုတာ အပေါ့ စွန့်ပုံ ဝတ္ထုလေးနှစ်ပုဒ်က သက်သေသာဓက ပြနေပါတယ်။ အပေါ့စွန့်တာလေးတောင် ဒီလောက်ကောင်းကျိုး ဆိုးပြစ်ဖြစ် နေရင် တခြားအမူအရာတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။
     ဗိုလ်ချုပ်အောင်ဆန်းက ဆရာဒဂုန်တာရာကိုပြောပါတယ် “အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့၊ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ၊ အနုပညာမြောက်မှ တော်လှန် ရေးလည်း တကယ့်တော်လှန်ရေးအစစ်ပဲ”
ဗိုလ်ချုပ်စကားကို သိပ်သဘောကျလို့ အမြဲမှတ်မိနေပါတယ်။ ဒါဆိုရင် အပေါ့စွန့်တာလည်း အနုပညာပါမှ အဆင်ပြေမယ့်သဘောရှိပါတယ်။ အနုပညာမဲ့ရင် အဆင်မပြေပါဘူး။
စာရေးသူ ရိပ်သာတရားစခန်းမှာ ယောဂီတွေအတွက် ကော်ဖီစင်တာ (၂) ခု လုပ်ပေးထားပါတယ်။ ကော်ဖီ (၁၂)မျိုး (၁၃) မျိုးလောက်အပြင် အိုဗာတင်း မိုင်လို ကွေကာအုပ် လဘက်ရည်စသည်တွေပါ စုံနိုင်သမျှ စုံအောင် ထားပေးထားပြီး နေ့လည် (၁၂) နာရီ မထိုးမချင်း ကြိုက်သလောက်သောက်လို့ ပြောထားပါတယ်။
     ဒီလိုပါပဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာ မုပ္ပလင်က သဘာဝကျောက်စားပွဲ ကျောက်ထိုင်ခုံတွေကို ယောဂီတွေထိုင် ဖို့ ချပေးထားပါတယ်။ မြို့ထဲမှာ စိတ်ပန်း ရုပ်ပန်းနဲ့ အပူတွေကြားထဲမှာ တဒင်္ဂလေး စိတ်ချမ်းသာမှု ရသွားစေချင်တဲ့ သဘောပါ။ ဒါလည်း ဗိုလ်ချုပ်စကားအရဆို အနုပညာတစ်ခုလို့ပဲ ခံယူထားပါတယ်။ ယောဂီတွေ တရားအားထုတ်တဲ့ အခါ သဘာဝပတ်ဝန်းကျင် အနုပညာတွေကလည်း အစိတ်ပိုင်းတစ်ခုအနေနဲ့ အထောက်အကူပြုနေမှာပါ။
ဘာပဲပြောပြောလေ ကိုယ့်ရဲ့အပြောအဆို အပြုအမူလေးတွေမှာ အနုပညာလေးတွေပါနေရင် ကိုယ့်ရဲ့အဆင့် အတန်းကို ဖေါ်ပြနေသလို ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုလည်း ဖန်တီးဖန်တီးပေးနေတယ်ဆိုတာလေးကို တော့ တွေးရင်းတွေးရင်း တွေးနေဖို့ပါပဲလေ။
ရဝေနွယ် (အင်းမ)
News Watch ဂျာနယ်
၂၃၊ဇွန်လ၊ ၂၀၀၁၅
ဆက်ဖတ်ရန် >>>

ဆင်ခံ၊မြင်းခံဘုရားပြဿနာ




ဆင်ခံ၊မြင်းခံဘုရားပြဿနာ

ဘာသာရေးနှင့်ပတ်သက်သော အပြုအမူ ဆောင်ရွက်ချက်များကိုထေရ၀ါဒဗုဒ္ဒအလိုကျ ဟုတ်မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခု ရှိ၏ ။ ထိုမှတ်ကျောက်ကား -

ယင်းအပြုအမူသည် လောဘ ၊ ဒေါသ ၊ မောဟ စသောကိလေသာကုန်ကြောင်း ဖြစ်လျှင်
ထေရ၀ါဒ စစ်မှန်၏ ။ လောဘစသော ကိလေသာတိုးပွားကြောင်း ဖြစ်လျှင် ထေရ၀ါဒမဟုတ် ဟု မှတ်ရမည် ဖြစ်၏ ။
ယခုခေတ်တွင်ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏အသစ်အဆန်းထွင်မှုကြောင့်-
ဆင်ခံဘုရား ၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။
          ထိုထက်ပိုပြီး ဘက်စုံ ကြီးပွား ချမ်းသာလိုသူများ ကား ဆင်စီးမြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသောသဒ္ဓါစိတ်ဖြင့်ထု လုပ်ခြင်းဖြစ်သော်လည်း သင့်တော်၏ ၊ မသင့်တော်၏ကို နှိုင်းချိန်စဉ်းစားသင့်ပါ၏ ။ ထေရ၀ါဒနှင့် ညီ၏ ၊ မညီ၏ကိုလည်း ဆန်းစစ်သင့်၏ ။ ထိုပုံကို ထုလုပ်ကိုးကွယ်သူ များသည် သက်တော်ထင်ရှားဘုရားရှင်ကို တိရစ္ဆာန်ဖြစ်သော ဆင်ပေါ် မြင်းပေါ်သို့ တက်ထိုင် ခိုင်းဝံ့သည်အထိ ဂါရ၀ ၊ နိဝါတနည်းပါးနိုင်ကြ မည်လော ။ ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် တိရစ္ဆာန်တွေအပေါ်ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို မထုလုပ်သင့်ကြောင်းထင်ရှား၏ ။
            ထိုရုပ်တုကိုထုလုပ်ခြင်းသည် သူတစ်ပါးထက် စီးပွားတက်ဖို့ဖြစ်၏ ။ စီးပွားတက်လို သောစိတ်သည် လောဘစိတ်ဖြစ်၏ ။ စီးပွားရေးလုပ်ရင်း လောဘဖြစ်ရသည်မှာ သဘာဝကျ၏ ။
            သို့သော် ဗုဒ္ဓရုပ်ပွားတော်ကို အကြောင်းပြုပြီး လောဘ ဖြစ်နေသည်ကား သဘာဝမကျပါ ။ ဗုဒ္ဓ သည်လူသားများ လောဘ ၊ ဒေါသ ၊ မောဟကုန်ရာ နိဗ္ဗာန်သို့ရောက်စေရန်အတွက် ပွင့်တော်မူ လာခြင်း ဖြစ်၏ ။ ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် ဆင်ခံ ၊ မြင်းခံစသောဘုရားပုံများထုလုပ်ခြင်းသည် လောဘပွားစီးဖို့အတွက်သာ ဖြစ်သောကြောင့် ထေရ၀ါဒနှင့်မညီဟုလည်း သိသင့်၏ ။ သရက် တောတိုက် ၊ ဖျာပုံတိုက်သစ်ဆရာတော်သည် အထက်ပါပြဿနာမျိုးကို သဘာဝကျကျ ရှင်း လင်းပေးတော်မူဖူး၏ ။ ဆရာတော် ပြုစုရေးသားသော “ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း “ တွင်အကျယ် ဖတ်ရှုနိုင်ပါ၏ ။ ဤ၌ကား အကျဉ်းကိုသာ ဖော်ပြပါမည် ။
             တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသောရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုး တစ်ဦးက လာလှူ၏ ။ ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံနေတော်မူနေပုံ ဖြစ်၏ ။ ဆူးလေဘုရားဂေါပကအဖွဲ့ဝင်လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှမတွေ့ဖူးသဖြင့်ဘုရား ပေါ်တွင် အပူဇော်ခံထားသင့် ၊ မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထို့ကြောင့် ဆူးလေစေတီတော် သြ၀ါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထား ကြ၏ ။ ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော်သြ၀ါဒါ စရိယဆရာတော်တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက-
          “ အပူဇော်ခံထားလိုက်ပါ ၊တစ်ခြား ဆင်ခံဘုရား ၊ မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ ၊ အခု ဥဒေါင်းခံဘုရား ဆိုတာ လည်း အထူး အဆန်း မဟုတ်တော့ပါဘူး “ ဟု မိန့်တော်မူကြ၏ ။            ကျမ်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မလွှတ်တမ်းအသုံးပြု နေရသည့်
 “ သုတေသန သရုပ်ပြအဘိဓာန် “ ကျမ်းပြုဆရာတော် ၊ ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသ ထံသို့ ရဟန်းပရိတ်သတ် ၊ လူပရိတ်သတ်အားလုံး၏မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏ ။ ဆရာတော်ကြီးထံမှ လေးနက်တည်ကြည်သောစကားများသည် တစ်ခွန်းချင်းထွက် ပေါ်လာ၏ ။ -
“ ရဟန်းပုဂ္ဂိုလ် ၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့တင်ပြချင် ပါတယ် ။ ပိဋကတ်သုံးပုံ ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါမြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှ မတွေ့ မိပါဘူး ။ မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့်ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျင်ကြွတာပဲ များပါတယ် ။ တိရစ္ဆာန်ပေါ်ကိုတက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ဆွဲတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ် ။ မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ် ။
           ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တ၀ါအားလုံးပေါ်မှာအညီအမျှထား တော်မူတဲ့ “ မဟာကရုဏာတော် “ ကြောင့်ပဲ ဖြစ်ပါတယ် ။
           ရိုးရိုး ကရုဏာမဟုတ်ပါဘူး ။ မဟာတပ်ထားတဲ့ “ ကြီးကျယ်တဲ့ ကရုဏာ “ ပါ ။
           ဒီ မဟာကရုဏာတော်ကြီးကို အလေးဂရု မပြုလို့ မရပါဘူး ။ တိရစ္ဆာန်စီးနေတဲ့ ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့် မြတ်စွာဘုရား ရဲ့ သတ္တ၀ါတိုင်း အပေါ်ထားတဲ့ မဟာဂရုဏာတော်ကို ထိခိုက်စော်ကားရာ ရောက်ပါတယ် ။ ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကိုကြည့်ပြီး “ ဗုဒ္ဓ ဟာ သတ္တ၀ါအားလုံးအပေါ် မှာ သနားကရုဏာရှိတယ်လည်းပြောသေးတယ် ၊ တိရစ္ဆာန်ပေါ်တက်စီးတာပဲလား " ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ် ။ ဒီဥဒေါင်းခံရုပ်ပွားကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာကျားခံတဲ့ ရုပ်ပွားမျိုးတွေ ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတောမသတ်နိုင်အောင် ပေါ်လာနိုင်ပါတယ် ။ ဒီ အချက်တွေကြောင့် ဥဒေါင်းခံတဲ့ရုပ်ပွားကို ဒီအတိုင်းအပူဇော်ခံမထားဖို့ ပြောကြားလိုပါတယ် “ ဆရာတော်၏သဘာဝကျလှသော သြ၀ါဒကြောင့် ဂေါပကလူကြီးများသည်ဥဒေါင်း ကိုဖယ်ထားပြီးရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင်အပူဇော်ခံထားပါသည် ။

 Credit to ကိုဦး(ထားဝယ်)
ကျမ်းညွှန်း - မေတ္တာရှင် (ရွှေပြည်သာ ) - ထေရ၀ါဒမှတ်ကျောက် စာ - ၂၂ ................................................................................
ဆက်ဖတ်ရန် >>>

Wednesday 15 April 2015


ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။
ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။

မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။
ရှိမခိုးဘဲ နေလိုက နေနိုင်သည်။
ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။

လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။
ထိုသို့ရှိခိုးရတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဘို့သာလိုပါသည်။
ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ ချည်းနှီးဖြစ်သည့်အတွက်
ရှိခိုးခြင်းကို ဦးစားမပေးပါ။
သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။
ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။

ဥပုသ်စောင့်ရခြင်း
==============
ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။
ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။
သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။
အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။
ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။
ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။
ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။
ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊
ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။
 ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလ စောင့်ထိန်းက ထိုငါးပါးသီလစောင့်ထိန်းသူသည်
ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို။
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာ မခိုးရ။
(၃) သူတပါး သားမယား စိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။
ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။
ထာဝရဘုရားသခင်ကို မယုံကြည်။
မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊
ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။
ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော
တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ
လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။
၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။
အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။
ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။
၃။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။
ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။
ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။
မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။
မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။
ဒေါက်တာအရှင်ဣန္ဒက
(Dhamma Garden)
(နေ့စဉ်ကုသိုလ်ယူတင်ဆက်ပေးနေသော
တရားဓမ္မများအား သူတော်စင်မန်ဘာတို့အနေဖြင့် Like & Share ပေး၍ ပြန်လည်ဝေမျှပေးခြင်းဖြင့် သာသနာတော်ပြန့်ပွားစေရန် တတ်အားသမျှ တစ်နိုင်တစ်ပိုင် ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗုဒ္ဓတရားတော်ဒေသနာများနှင့် အောင်မြင်ခြင်းလမ်းမ
အွန်လိုင်း သာသနာပြုအဖွဲ့)
ဆက်ဖတ်ရန် >>>