ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Wednesday 16 March 2016

၉၀၊၁၀ နည်းယာမ


တစ်ခါတလေမှာ အဆင်မပြေမှုတွေနဲ့ ကြုံလာရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို အရမ်းကိုပဲ စိတ်ပျက်ပြီး အားငယ်မိပါတယ်။ ဒီလိုပြဿနာတွေကို ငါ့ကိုမှ ရွေးပြီးတော့ ဘာလို့များလာဖြစ်စေရပါသလဲဆိုပြီးတော့ အပြစ်တင်ချင် စိတ်တွေ တဖွားဖွားလည်းပဲ ပေါ်လာမိပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကိုများ သွားပြီး အပြစ်တင်ရမယ်မှန်း မသိလေတော့အတော်လေးပဲ စိတ်ထဲမှာ ကသိကအောင့်တွေ ဖြစ်မိပါတယ်။
ဒီလိုနဲ့ပဲ တစ်နေ့မှာ မရည်ရွယ်ပဲနဲ့ မစ္စတာ စတီဗင် ကိုဗေးရဲ့ ၉၀၊၁၀ နည်းယာမ ဆိုတဲ့ဆောင်းပါးလေးတစ်ခုကို ဖတ်လိုက်မိပါတယ်။ ရေငတ်နေတုန်း ရေတွင်းထဲကျသွား သလိုပါပဲ။ ကိုရှာနေတဲ့ အဖြေတစ်ခုကိုမမြှော်လင့်ပဲ ရှာဖွေတွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ အားလုံးကိုလည်း ကျွှန်တော်ခံစားရတာလေးကို ပြန်လှယ် ဝေငှလိုစိတ်ရှိတာကြောင့် ဒီစာကိုရေးဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင်စွာနဲ့ ဒီစာကိုဖတ်လိုက်ရတဲ့ သူအတွက် တစ်စုံတစ်ခုသော် အကျိုးကျေးဇူးရရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်
မစ္စတာ စတီဗင် ကိုဗေးက ကျွှန်တော်တို့ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို လောကမှာ တွေ့ကြုံနေရတဲ့ဖြစ်ပျက်မှုတွေနဲ့ ဖန်တီးထားတာဖြစ်ပြီး၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီတွေ့နေရတဲ့ဖြစ်ပျက်မှုတွေကို ဘယ်လိုရင်ဆိုင် ရွေးချယ်တုန့်ပြန်သလဲဆိုတဲ့အရာနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
တကယ်တော့ ကျွှန်တော်တို့ဟာ ရှောင်လွှဲမရတဲ့ တွေ့ကြုံဖြစ်ပျက်မှုတွေနဲ့ပြုလုပ်ထားတဲ့ ၁၀ ရာခိုင်နှုန်းသော် ဘဝအပေါ်မှာ ဘာမှထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဖြစ်မယ့်အရာကတော့ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။
လမ်းသွားရင်းနဲ့ စီးလာတဲ့ကားက စက်ပျက်ချို့ယွင်းသွား နိုင်တယ်ဆိုတာတွေ၊ ဘက်စ်ကား ကလာရမယ့်အချိန်မှာ မလာပဲ နှောက်ကျနိုင်တာတွေ၊ လမ်းမှာ ကိုယ့်ကားကို တခြားကားတစ်စင်း အတင်းကျော်တက်သွားနိုင်တယ်ဆိုတာတွေ စတဲ့အဖြစ်အပျက်တွေနဲ့ပြည့်နေတဲ့ ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုမှ ထိန်းချုပ်လို့မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဘ၀ရဲ့ကျန်တဲ့ ၉၀ ရာခိုင်နှုန်ကတော့ ကိုယ်ကနေ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်။
ရှောင်လွှဲမရတဲ့တွေ့ကြုံဖြစ်ပျက်မှုတွေ အပေါ်မှာ ဘယ်လိုရင်ဆိုင်တုန့်ပြန်သလဲဆိုတာနဲ့ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။
မစ္စတာ ကိုဗေးက သူ့ရဲ့နည်းယာမကို မိသားစုနံနက်စာ စာပွဲတစ်ခုနဲ့ ဥပမာပေးခဲ့ပါတယ်။ ကျွှန်တော်ဟာ မိသားစုနဲ့အတူ မနက်စာ စားတယ်ဆိုပါစို့။ အဲလို စားနေတုန်း ရုတ်တရက် သမီးလေးက ကျွှန်တော်သောက်မယ့် ကော်ဖီခွက်ကိုမတော်တဆတိုက်မိပြီး ကျွှန်တော့်ရဲ့ အလုပ်သွားအ၀တ်စားအပေါ် ကော်ဖီတွေ စွန်းစေခဲ့ပါတယ်။
အဲလိုအဖြစ်မျိုးဆိုတာ ကြိုတင်မသိနိုင်လို့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ထိန်းချုပ်နိုင်ခွင့်မရှိဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီနေရာကနေ ရှေ့ဘာကို ဆက်ဖြစ်နိုင်မယ်ဆိုတာကတော့ ဒီကိစ္စကို ကျွှန်တော်ဘယ်လိုရင်ဆိုင် ရွေးချယ်တုန့်ပြန်မလဲဆိုတဲ့ အချက်အပေါ်မှာအရမ်းကိုမူတည်နေပါတယ်။
ကျွှန်တော်ဆဲဆိုကောင်းဆဲဆိုမိပါလိမ့်မယ်။ ပြီးတော့ ကော်ဖီခွက်တိုက်မိတဲ့ သမီးလေးကိုလည်း အတင်း အပြစ်တင်ဆူပူကြိမ်းမောင်းမိမယ်ထင်ပါတယ်။ အဲ ဒီအခါမှာ ထပြီးငိုပါလိမ့်မယ်။
ဒီလိုသမီးကိုဆူပူပြီးတဲ့အခါမှာ မိန်းမဘက်ကို လှည့်ပြီး ကော်ဖီခွက်ကို စားပွဲအစွန်းမှာ ထားရကောင်းမလားဆိုပြီး အပြစ်တင် ပွစိပွစိလုပ်မိပါလိမ့်မယ်။ အဲ ဒီတော့ မိန်းမနဲ့ကျွှန်တော် စကားတွေ ခဏလောက်တော့ များကြတော့မှာပေါ့။
ဒါတွေပြီးရင် ကျွှန်တော်ဟာ အိမ်အပေါ်ထပ်ကိုပြေးတက်ပြီး အ၀တ်အစားပြန်လဲ ရပါလိမ့်မယ်။ အ၀တ်အစားလဲပြီးလို့ အိမ်အောက်ပြန်ရောက်တဲ့အခါမှာ မပြီးနိုင်မစီးနိုင်ပဲ ငိုနေတဲ့သမီးကိုတွေ့ရပါလိမ့်မယ်။ ကျွှန်တော်ကသူ့ကိုအော်ဆူခဲ့မိတာကိုး။
ဒီတော့ကျောင်းကားမမီတော့ဘူးလေ။ အဆင်သင့်မဖြစ်လို့ လွတ်သွားပါပြီ။ မိန်းမကလည်း သူ့အလုပ်ကိုသွားရတော့မှာဖြစ်ပါတယ်။ ကဲ ဒီလိုဆိုတော့ ကျွှန်တော်ကပဲ သမီးကိုကျောင်းလိုက်ပို့ဖို့ပြင်ရပါတော့မယ်။
နောက်ကျနေပြီဆိုတော့ မြန်မြန်မမောင်းသင့်တဲ့ လမ်းမပေါ်မှာ အရှိန်တင်ပြီး အမြန်မောင်းမိပါတယ်။ ဒီတော့ ယာဉ်ထိန်းရဲက တားပြီး ဒဏ်ငွေရိုက်တာကြောင့် ကျောင်းကို ၁၅ မိနစ်လောက် နောက်ကျပြီးမှရောက်ပါတယ်။ ကျောင်းရောက်တော့ သမီးလေးက လှည့်ကြည့်နှုတ်ဆက်ခြင်း မလုပ်ပဲ ကျောင်းထဲကို အတင်းပြေးဝင်သွားပါတယ်။
ရုံးကိုရောက်တော့ မိနစ် ၂၀ လောက်တော့ နောက်ကျနေပါပြီ။ ဒီအခါကျမှ ရုံးစာရွက်စာတမ်းထည့်ထားတဲ့ အိတ်ကို အိမ်မှာမေ့ကျန်ခဲ့ကြောင်း သတိထားမိပါတယ်။ ဒီလိုနဲ့ပဲ အဆင်မပြေတဲ့ နေ့တစ်နေ့ကို စခဲ့မိပါမယ်။
အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာပါလိမ့်မယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိန်းမနဲ့သမီးလေးက မနက်က အရှိန်နဲ့ ဆက်ဆံရေး မကြည်နိုင်တော့ပါဘူး။
ကဲ ဒါတွေဘာကြောင့် အခုလိုဖြစ်ရတာပါလိမ့်။
တကယ်တော့ မနက်က ကျွှန်တော့်ရဲ့ ရွေးချယ်တုန့်ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအဆင်မပြေတဲ့ နေ့တစ်ရက်တာကိုဘာကြောင့်ရခဲ့ရတာပါသလဲ။
၁။ ကော်ဖီကြောင့်လား ၂။ သမီးလေးကြောင့်လား ၃။ ယာဉ်ထိန်းရဲကြောင့်လား ၄။ ကျွှန်တော့်ကြောင့်လား။
အဖြေကတော့ရှင်းပါတယ်။ ကျွှန်တော့်ကြောင့်ပဲဖြစ်ပါတယ်။ ကော်ဖီခွက်မှောက်ကျတာကို ကျွှန်တော်ကြိုမသိနိုင်လို့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီ ၅ စက္ကန့်လောက်ရှိမယ့် အချိန်လေးတွင်းက အဖြစ်အပျက်အပေါ်မှာ ကျွှန်တော့်ရဲ့ ရွေးချယ်တုန့်ပြန်မှုက ကျွှန်တော့်အတွက် အဆင်မပြေတဲ့ နေ့တစ်ရက် ရရှိစေခဲ့တာဖြစ်ပါတယ်။ ကျွှန်တော့်ရဲ့ရွေးချယ်တုန့်ပြန်မှုကသာ တစ်မျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ နောက်ဆက်တွဲရလာဒ်ကလည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။
တကယ်တမ်းဖြစ်ခဲ့သင့်တာကေတာ့ ကော်ဖီခွက်တိုက်မိလို့မှောက်သွားတဲ့ အတွက် အဆူခံရတော့မှာကို ကြောက်ပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့သမီးလေးကို သမီးရယ် မငိုပါနဲ့ နောက်တစ်ခါကျ ဒီလိုမဖြစ်စေရအာင် သတိထားပေါ့လို့ ငြင်သာစွာပြောလိုက်ပြီး ပေကျံသွားတာကို လက်သုတ်ပုဝါနဲ့ သုတ်လိုက်ရုံပါပဲ။ ပြီးတော့ အိမ်ပေါ်ကိုတက် အ၀တ်အစားပြန်လဲ ရုံးသွားအိတ်ကို သတိတရနဲ့ယူပြီး အိမ်အောက်ထပ်ကို ပြန်ဆင်းလာခဲ့ရုံပါပဲ။ ကျောင်းကားပေါ်တက်ခါနီး လက်ပြနှုတ်ဆက်နေတဲ့ သမီးလေးကို ပြုတင်းပေါက်မှ ကြည့်ပြီးပြန်လက်ပြနိုင်မှာဖြစ်ပါတယ်။ ရုံးကိုလည်း ၅ မိနစ်လောက်စောရောက်ပြီး ရုံးသူရုံးသားတွေကို ပြုံရွှင်စွာနဲ့ နှုတ်ဆက်နိုင်ပါမယ်။
ကဲ ဘယ်လိုကွာခြားသလဲဆိုတာကို သိမြင်နိုင်မယ် ထင်ပါတယ်။
မတူညီတဲ့အဖြစ်အပျက်နှစ်ခု အစတူပြီး အဆုံးသတ် တစ်မျိုးစီနဲ့အဆုံးသတ်ခဲ့ပါတယ်။ အဲဒါဘာကြောင့်လို့ထပင်ါသလဲ။ မတူညီတဲ့ ကျွှန်တော့်ရဲ့ အခြေအနေကို ရင်ဆိုင် ရွေးချယ်တုန့်ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ဖြစ်ပျက်လာတဲ့ အခြေအနေ ဘ၀ရဲ့ ၁၀ ရာခိုင်နှုန်းကို မတားဆီးနိုင်ပေမဲ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ မှန်ကန်စွာ ရင်ဆိုင်ရွေးချယ် တုန့်ပြန်မှုက အဆုံးအဖြက် ပေးသွားတာဖြစ်ပါတယ်။
ဒီ ၉၀၊၁၀ နည်းယာမကို ဘယ်လို အသုံးချရမလဲ ဆိုတာကို ဥပမာ အချို့ပေးချင်ပါတယ်။ အကယ်၍များ တစ်ယောက်ယောက်က ကိုယ့်ကို မကောင်းပြောဆိုလာမယ်ဆိုရင် ရေမြုတ်တစ်ခုလို မတုန့်ပြန်သင့်ပါဘူး။
မှန်သားပြင်တစ်ချပ်လို တင်လာတဲ့ ရေသီးရေပေါက်တွေကို လိမ့်ကျစီးသွား စေသင့်ပါတယ်။ မကောင်းတဲ့ပြောဆိုမှုတွေက ကိုယ်အပေါ် သက်ရောက်မှုမရှိစေရပါဘူး။
မှန်ကန်စွာ ရွေးချယ်တုန့်ပြန်မှုဖြင့် ကိုယ့်ရဲ့တစ်ရက်တာကို မပျက်ဆီးရအောင် လုပ်ဆောင်ရပါမယ်။ မှားယွင်းစွာ ရွေးချယ်တုန့်ပြန်မှုဟာ မိတ်ဆွေတွေကို ဆုံးရှူံးစေနိုသင်လို အလုပ်ပြုတ် ဆူပူခံရခြင်း စိတ်ဖိစီးမှုဝေဒနာများ ကိုသာ ရစေမှာ ဖြစ်ပါတယ်။
အကယ်၍များ ကိုယ့်ကိုလမ်းမှာ တခြားကားတစ်စင်း အတင်းကျော်ခဲ့တယ်ဆိုပါက ဘယ်လိုတုန့်ပြန်မိမလဲ။ စိတ်များဆိုးမိမလား။ ကားလက်ကိုင်ဂွေကို အတင်းထုရိုက်ပြီး သွေးနထင်တိုးစေမလား။ အလုပ်ကို နည်းနည်းလောက်နောက်ကျပြီး ရောက်တော့ ဘာများအဆိုးဆုံးဖြစ်နိုင်မှာလဲ။ ဒီလိုကိစ္စများနဲ့ ဘာလို့ကိုယ့်ရဲ့နေ့ရက်ကိုပျက်စီးစေမလဲ။
၉၀၊၁၀ နည်းယာမကို သတိရမယ်ထင်ပါတယ် မပူပန်ပါနဲ့။
အလုပ်ပြုတ်ပါပြီလို့ အပြောခံရရင်တောင်မှ စိတ်မပျက်ပါနဲ့။ အိပ်ရေးပျက်လို့ စိတ်ဖိစီးသောကရောက်လို့ကော ဘာထူးမှာလဲ။ ဒီလိုအတွက် ကုန်ခမ်းသွားမယ့် အားအင်တွေကို အလုပ်သစ်ရှာဖွေခြင်းအတွက် အသုံးချတာကမှ ပိုပြီးအကျိုးရှိပါတယ်။
ဒါကြောင့်မို့လို့ တိုက်တွန်းချင်တာကတော့ ဒီ ၉၀၊၁၀ နည်းယာမ ကိုနားလည် သဘောပေါက်ပြီး အသုံးချစေချင်ပါတယ်။
အရှူံးမရှိနိုင်ပါဘူး။ ရလာဒ်ကတာ့ ကိုယ့်ဘာသာကိုယ့်ပဲ ခံစားကြည့်ကြပါလို့ ပြောချင်ပါတော့တယ် ။

No comments:

Post a Comment