ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။
Monday 30 July 2012
ငါတို့အိမ်(နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်)။
အိမ်၊ငါတို့အိမ် - ဓီရာမိုရ်
တေးရေး – အရိုး
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
>
အချစ်ဆိုသည်မှာ-ရတနာဦး+ချောစုခင်+ဆုန်သင်းပါရ်+ရှင်ဖုန်း
တေးရေး – စောခူဆဲ
အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ
ဆက်ဖတ်ရန် >>>
Saturday 21 July 2012
Because I'm A Girl (Korea Song)
I watch this without the lyrics and I felt really very touched . It was the first Korean song that I listen to.
He could just have given to her his one eyes !!!!
I think he felt guilty for her losing her beauty more than eye sight . After all, it was because he had failed to close the lid to the bottle with the chemicals in the first place.
Yes, He's a truly man.
Anyway, It's so sad if finally we can't see the face of our love..For anyone wondering what the guy said at the end, he says.......
'I'm in love with someone. Even though I can't be with her anymore, I still in love with her'
(English Version) lyrics
ဆက်ဖတ်ရန် >>>
Thursday 19 July 2012
မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ free message ပို့နိုင်သော application တစ်ခု
Boy (SG) : How much do you love me?      
Girl (MM): My heart is a mobile and you are its SIM
Boy (SG): Ooh my darling! I am sooooo lucky.. I love you too...I miss you .............
 ( He doesn't know that her mobile is dual sim :P )
                                                                      ဟီ..ဟိ...
***************************************************************
မိမိတို့၏ Andriod (or) IOS ဖုန်းများတွင် အင်တာနက်တပ်ဆင်ထားရုံမျှဖြင့် မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ message ပို့နိုင်သော application တစ်ခုအား Google play store တွင် ရှာဖွေပြီး install ပြုလုပ်နိုင်ပါသည်။
၁။ google play store တွင် txtmyanmar ဟု ရိုက်ပြီး ရှာဖွေပါ။
၂။ Install လုပ်ပါ။
၃။ ထို application အား open ပြီး register ပြုလုပ်ပါ။
Register ပြုလုပ်ပြီးအချိန်မှစ၍ မြန်မာလက်ကိုင်ဖုန်းများသို့ free message ပို့ခွင့် တစ်ပါတ် ရရှိပါမည်။
၎။ထို့နောက် facebook စာမျက်နှာပေါ်ရှိ txtmyanmar ၏ official page ( http://www.facebook.com/Txtmyanmar?ref=ts ) သို့ သွား၍ like ပြုလုပ်ပါ။
၅။ like ပြုလုပ်ပြီး page ၏ cover photo တွင်ပြထားသော ပုံအတိုင်း message ပို့ပါ။
message confirm ဖြစ်ပါက free message တစ်လ ထပ်မံရရှိပါမည်။
နောက်ပိုင်းဆက်လက်အသုံးပြုလိုလျှင် တစ်ပါတ်ကို ၃ဒေါ်လာ ဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသည်။
(မှတ်ချက်။ ။ မြန်မာပြည်မှ message လက်ခံမည့် ဖုန်းမှာ အင်တာနက် (လုံးဝ) တပ်ဆင်ထားစရာမလိုပါ။)
ဆက်လက်ပြီးသိရှိရသည်မှာ ထိုရောက်ရှိလာသော message အား မြန်မာပြည်မှ reply ပြုလုပ်ပြီး ပြန်ပို့ပါကလည်း ပြည်တွင်း mobile phone အချင်းချင်း message ပို့ခ 25ကျပ်သာ ဖြတ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
From Ko Htun
Source:International Social Network Myanmar
ဆက်ဖတ်ရန် >>>
Thursday 12 July 2012
လူတစ်ခု ပူမှုဆယ်ကုဋေ။
လူA  ပူမှုဆယ်ကုဋေတဲ့။   ( A = တစ်ခု၊ တစ်ကောင်၊ တစ်ယောက် )
သင်..ချစ်မြတ်နိုးသူအား တစ်ယောက်ဟု သုံးပါ။ ကြည့်မရသူအား တစ်ကောင်ဟုသုံးနိုင်သည်။ သင့်ကိုယ် သင်အား တစ်ခုဟု သုံးပါလော့။(အာ......ဟေ့လူ၊  ဘာငုံ့ ကြည့်နေတာတုန်း...ဟိ)
လောကဓံ။
လောကဓံနှင့်ပါတ်သက်လာလျှင် ကျနော်တို့ သည် ‘မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပဲ’ လောက်နှင့်သာ ပြီးသွားတတ်ကြသည်။
‘သူကျမကို အပျော်ကြံပါတယ်ရှင်’ ( အင်....!!!!!!!!!!!
အာ လုပ်ပြန်ပြီ....ဟေ့လူ၊ ရုပ်ရှင်ကြည့်မနေနဲ့ လေ၊ ဒီမှာစကားကြီး စကားကျယ်တွေ ပြောနေတာ ကို ....... )
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လောကဓံဆိုသည်မှာ လောကဓမ္မ၊ လောကတရားဖြစ်သည်။ လောကဓံ တရား ရှစ်ပါးရှိ၏။
ဤသည်တို့ကား.....
(၁)‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) ‘အလာဘော’ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၃)‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၄)‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၅)‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊
(၆)‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၇)‘သုခံ’ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၈)‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
ပြောသာပြောကြ၏ ။
လူ့လောကတွင်ကိုယ်၏ဆင်းရဲခြင်းကိုအတော်ပင်ခံနိုင်ကြ၏ ။ သို့ သော် စိတ်ဆင်းရဲ ခြင်းကိုမခံနိုင်ကြချေ။ ကိုယ်၏ဆင်းရဲခြင်းကြောင့်ရူးသွားသည်ဟုမရှိ။ စိတ်ဆင်းရဲခြင်း ကြောင့်သာ စိတ်မမှန်ရာမှ ရူးသွပ်သည် အထိဖြစ်ရသည်။ ကိုယ်၏ဆင်းရဲခြင်းကို မလွဲမရှောင်သာသော်လည်း စိတ်၏ ဆင်းရဲခြင်းကို လွဲရှောင်နိုင်သည်။
မိမိ၏စိတ်ကို မိမိဥာဏ်ဖြင့် ထိန်းသိမ်းပေးခြင်းဖြင့် စိတ်၏ဆင်းရဲခြင်းကို ပယ်ဖျက်နိုင်၏ ။ လျှော့ပေါ့နိုင်၏ ။
‘ This, too, will pass ’ ဒါလည်း ပြီးသွားမှာပါ။
အလွန်တန်ဖိုးရှိသော စကားပင်ဖြစ်၏။ကိုလူအေးတွင် လူမူရေး၊ စီးပွားရေး၊ ကျန်မာရေး စသော အကြောင်း တစ်စုံတစ်ခုကြောင့် စိတ်ထဲ၌ တနုံ့နုံ့ခံစားနေရသည့်အခါမျိုးတွင် ထိုစကားလေး ခေါင်းထဲပေါ် လာလျှင် စိတ်ထဲပေါ့ပါးသွားတတ်သည်။
‘ This, too, will pass ’
[အောက်စဖိုတ် (Oxford ဘိလပ်စကားက လျှာတယ်ယား သကိုး)အဘိဓါန်နှင့် ညှိနှိုင်းကာ ဘာသာပြန် ထားပါသည်။]
သောက
သောကဝေဒနာသည် လူတစ်ယောက်၏အလေ့အကျင့်ကြောင့် စွဲနေသော ရောဂါတစ်မျိုးဖြစ်သည်။ သောကဝေဒနာသည် အိမ်သုံးကားကို ကားရုံထဲထည့်ထားပြီး စက်နှိုးထားသည်နှင့်တူ၏။ စက်သည် တစ်ညဥ့် လုံးမောင်းနေသည်။မနက်မိုးလင်းသော်လည်း မူလနေရာတွင်ပင်ရှိနေ၏။သို့ ရာတွင်စက်အား ကား အများကြီးကုန်နေသည်။ ကားရုံလည်း စက်ဆီနံ့ များနှင့် အသက်ရှုရပင် ခက်နေပေတော့သည်။
သေသေချာချာသုးံသပ်ကြည့်လျှင်  ကျနော်တို့ ကိုဘယ်နေရာမှ ပို့ ဆောင်နိုင်ခြင်းမရှိသော  ထိုကားကဲ့သို့ ပင်။ ပူပန်မှု့ သည် ကျနော်တို့ ပြဿနာများကို ဖြေရှင်းမပေးနိုင်။ ပင်ကိုရှိသောစိတ်အင်အား၊ကိုယ်အင်အား များကို ဖြုန်းတီးပစ်ခြင်းပင်တည်း။ တစ်ကယ်ဘာမျှမဖြစ်သေးဘဲ  ‘သောက ’က အလျှင်ပေါ်နေတတ်သည်။ စိတ်ကူးဖြင့် ခေါင်ခေါင်တွေးတွေး တွေးတောပြီး ထိုစိတ်ကူးကြောင့်ဖြစ်ပေါ်လာသော သောကဝေဒနာ နှင့်သာ နပန်းလုံးနေရတတ်၏။
‘အားလုံးနောက်ကျသွားပါပြီ မောင်...အဟင့် ဟင့်’....(  အင်....!!!!!!!!!!!
အာ လုပ်ပြန်ပြီ....ဟေ့လူ၊ ရုပ်ရှင်ကြည့်မနေနဲ့ လေ....................
ခေါင်ခေါင်တွေးတွေး တွေးတောပြီး စိတ်ကူးအလွဲသုံးစားလုပ်လို့  အပျိုကြီးတွေဖြစ်သွားရတာတွေ ပြောပြမလို့ ။
အပျိုကြီးတွေက အတော်ခက်တာဗျ။
ခင်ဗျား သူတို့ ကို စမ်းပြီးစာပေးကြည့်ပါလား။ခင်ဗျားကိုပြန်ကြိုက် တာမကြိုက်တာ အသာထား သူတို့ က မြေးတွေဘာတွေရတဲ့အထိ တွေးပြီးနေပြီိ။ ဘယ်အဆင်ပြေတော့ မှာလဲ။ ဥပမာဗျာ- အိမ်ထောင်ကျပြီးရင် ခင်ဗျားက အပြင်မှာကဲမှာလား၊ ခင်ဗျားရုပ်ကြည့်ရတာ ခလေးချစ် တတ်တဲ့ရုပ် မဟုတ်ဘူး။ သူတို့ ဘဲ ထိန်းရမှာ ဘာညာပေါ့။ မဟုတ်တာတွေဘဲ တွေးနေတော့တာ။
အဲဒီလို ကျွမ်းကျွမ်းကျင်ကျင် ပူပင်တတ်တော့ တစ်ခါတစ်လေကျရင် တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်း ရှိတော့သလိုလို တွေးပြီး သိမ်ငယ်တတ်ကြသေးဆိုဘဲ။
ကျနော်လည်း ရေးသာရေးရတယ်။ ခပ်ကြောက်ကြောက်။ အပျိုကြီးတွေ စိတ်ကောက်ရင် မလွယ်ဘူးဗျို့ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘာသာတရားမှာတော့  လောကတစ်ရိုးကလူတွေ သာယာအေးငြိမ်းသော သန္တိသုခကို တက်မက်သည်။ မင်္ဂလာရှိသောဘဝ၊ ကောင်းမြတ်သောဘဝကို ထူထောင်လိုကြသည်။ လူသည် လူကိုလူလိုရှုမြင်တတ်ဖို့  အရေးကြီးသည်ဆို၏။ သည်လိုမြင်တတ်ဖို့ ‘ဗြဟ္မစိုရ်’ မျက်စိရှိဖို့ လိုသည်။
အတ္တမျက်စိဖြင့် ‘လောက၏ မင်္ဂလာရှိသော ဘဝ’ကို မထူထောင်နိုင်ပါ။
မြို့ ထဲသို့ သွားကာ ရေခဲရည်သွားရောင်းမည့် ကလေးမနှစ်ယောက် ကားဂိတ်သို့ လျှောက်လာသည်။
‘ဘဘ..... အီလန်ကြီးမလာသေးဘူးလား’ ဟု
ကားစခန်းမှူးကြီးအား မေးရင်း တစ်ဆက်တည်းမှာ အငယ်ကောင်မလေးအား ...
‘အဲဒီ အီလန်ကြီးက ဖင်ဇိမ်တွေ့ တယ်အေ့၊
ခုံကြီးတွေက အိစိကြီးတွေနဲ့ ’ဟု ပြောလိုက်သည်။ အီလန်ကြီးဆိုသည်မှာ အီလန်ဆပ်ပြာမှုန့် ကြော်ငြာများပါသော အမှတ် ၆ ကားလိုင်းမှ မှန်လုံကားကြီးများကို ပြောခြင်းဖြစ်သည်။
တစ်ကယ်တော့လည်း လူတို့ သည် မွန်းကျပ်သောဘဝမျိုးပိုင်ဆိုင်ခဲ့သည့်တိုင် အလှတရားကို ရသလောက် ခံစားနိုင်ခွင့်ရှိကြပါသည်။
ဆက်ဖတ်ရန် >>>
Wednesday 11 July 2012
တစ်ကမ္ဘာလုံးမှာရှိတဲ့ Viber Install လုပ်ထားတဲ့ ဖုန်းတွေကို အခမဲ့ခေါ်လို့ရပါပြီ။
Viber on Android
Viber Application ကို မိမိဖုန်းထဲမှာ Install လုပ်ထားရင် Internet (3G or Wifi) ကို အသုံးပြုပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ Viber Install လုပ်ထားတဲ့ ဖုန်းတွေကို အခမဲ့ခေါ်လို့ရပါတယ်။
Viber Application ကို Android ဖုန်းတွေမှာ Install လုပ်ချင်ရင် Google Play Store မှာသွားရောက် Download လုပ်ယူပြီး Install လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Google Play Store ကိုအသုံးပြုလို့မရဘူးလို့ ပြောတဲ့အတွက် Viber Application ကို
ဒီနေရာကနေ Download လုပ်ယူလိုက်ပါ။
Download လုပ်လို့ပြီးသွားရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ပြီး Viber.apk ကို SD Card ထဲကို Copy ကူးထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ထားရာကဖြုတ်လိုက်ပါ။
ဖုန်းထဲက File Manager ကိုဖွင့်ပြီး တော့ SD Card ထဲက Viber.apk ကိုနှိပ်လိုက်ပါ။ Install ကိုရွေး လိုက်ပါ။
Install လုပ်လို့ပြီးသွားရင် Viber Application ကိုဖွင့်လိုက်ပါ။ Viber application ကိုမဖွင့်ခင်မှာ ဖုန်းကနေပြီး Internet ကိုအသုံးပြုလို့ရအောင် 3G or Wifi ချိတ်ထားရမှာဖြစ်ပါတယ်။
Continue ကိုနှိပ်ပါ။
Myanmar ကိုရွေးပြီး မိမိဖုန်းနံပါတ်ကို ဖြည့်ပြီး Continue ကိုနှိပ်ပါ။
မိမိဖုန်းနံပါတ် မှန်မမှန်စစ်ဆေးပြီး Approve ကိုနှိပ်ပါ။
Viber ရဲ့ Activation Code ကို SMS ပြန်ပို့တဲ့ Service က မြန်မာနိုင်ငံ အတွက် အသင့်မဖြစ်သေးတဲ့ အတွက် မိနစ်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
Activation Code SMS မရတဲ့အတွက် click here ကိုနှိပ်လိုက်ပါ။
Web Browser မှာ Viber Page ပွင့်လာပါလိမ့်မယ်။ အဲ့ဒီထဲက Get Code ကိုနှိပ်လိုက်ပါ။
အချိန်အနည်းငယ်အတွင်းမှာ Viber က ဖုန်းပြန်ခေါ်ပြီး Activation Code ကိုပြောမှာဖြစ်ပါတယ်။
ဖုန်းပြန်ခေါ်ပြီးရင် Viber ကိုပြန်ဖွင့်ပြီးတော့ Activation Code ကိုထည့်ပြီး Enter Viber ကိုနှိပ်လိုက်ပါ။
အဲ့ဒါဆိုရင်တော့ Viber Application ကို အသုံးပြုလို့ရပါပြီ။
Q.ကျွန်တော်အခု Viber ကို GMG ကန်းရိုးတန်း ဖုန်းမှာ ထည့်သုံးနေပါတယ်။ ဒါပေမယ့် အသံမကြားရဘူးဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ ခင်ဗျာ။
A.Viber သုံးလို့ရတာ မရတာက Internet Connection နဲ့ဆိုင်ပါတယ်။
Q.Activation Code ကို ပြောတာ မ ကြား လိုက် လို.ပါ။ အဲဒါ ဘယ်လို လုပ်ရ မှာ လဲ ရှင်။
A.Try again.
ရေးသားသူ @Mandalar.Net
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဧဒင်ဥယျာဉ်
The Most Popular Myanmar Social Network.
July 6, 2012 ရက် ၊ 11:30 တွင် yelattkokoရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
  • မိမိဖုန်းဟာ iphone (or) android(or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက
    တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီuးpdate လုပ်နေပါတယ်။)
  • မိမိဖုန်းမှာ viber ဆိုတဲ့ freeခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet
    လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော်တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber softwareထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Androidအမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
  • မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင်
    ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက်ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖိုကျန်သွား ပါ တယ်။အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်.
  •  viberနဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။
  • oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီးကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viberနဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်ကအိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
    • အဲ့တော့
      ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone
      အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com
      ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊
      Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ
      viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ
      download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ
      လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့
      ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message
      ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate
      ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber
      ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း
      ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။
      အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို
      နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download
      လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ
      မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့
      လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ
      အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက်
      jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။
      ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့
      မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ
      တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊
      အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို
      လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone
      number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင်
      viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ
      ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
    ဆက်ဖတ်ရန် >>>
    Saturday 7 July 2012
    လူဖြစ်ရခြင်းရည်ရွယ်ချက်နှင့် (ရပ်ကွက်ထဲက အသံများ)
    ပုတုဇနော ဥမ္မတကော လူတွေအားလုံးဟာ အရူးတွေချည်းပဲတဲ့။         
    ဘ၀င်ရူး၊ ဥစ္စာရူး၊ အဆိုတော်ရူး၊ ပညာရှိရူး ၊မင်းသားရူး၊ သူဌေးရူး၊ လင်တရူး၊ မယားတရူး၊ အချစ်ရူး၊တစ်မျိုးစီရူးကြတယ်ဆိုပဲ။ ပြီးတော့ ရူးချင်ယောင်ဆောင်သူတွေလည်းရှိသေးသတဲ့။ ဒီလိုဆိုရင်ဖြင့် တွေးကြည့်ရသော် ကျနော်တို့ ကမ္ဘာ့ရွာကြီးတွင် အရူးများပေါချက်ကတော့ တအားဖြစ်နေပေလိမ့်မည်။
    မျိုးကောင်းသောခွေးသည် တစ်နှစ်လုံးနေမှ ဟိုစိတ်သည် တစ်လသာထသော်ငြား လူမူကား အရွယ်ရောက်သည်မှ စ၍ တစ်နှစ်တာကာလပတ်လုံး တရွရွဖြစ်ကြလျှက် အသက်ထွက်တော့မှသာ ငြိမ်လေသည်။ ထို့ ကြောင့်လူမှု့ ကျင့်ဝတ်စည်းကမ်းများ ထားရှိကြရ၏။ ရူးတတ်သောသတ္တဝါဖြစ် သောကြောင့် စိတ်ဖေါက်ပြန်သော် အငယ်အနှောင်း၊ မျောက်မွေးခြင်း စသည်စသည်ဖြင့် လူ့ လောကတွင် မုန်လာဥ ကိစ္စများ များပြားလေသည်ဟု ဟူသော်ရ၏။
    (မျောက် = အချို့ လူတို့ အတွက် အပျင်းပြေ နရင်းခေါ်ခေါ် တီး၍ရသောသတ္တဝါတစ်မျိုး)
    တစ်ခါတွင် ကော့သောင်းမြို့ ၊ သူဋ္ဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓ၏ တောကျောင်း လေးသို့ ရောက်လာသည်။
    ‘‘ဒကာကြီး...နာမည်ဘယ်လိုခေါ်သလဲ’’
    ‘‘ဦးဘုန်းမြင့်လို့  ခေါ်ပါတယ်ဘုရား’’
    ‘‘ဒကာကြီး အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ’’
    ‘‘အင်ဂျင်နီယာပါ ဘုရား’’
    ‘‘ဒကာကြီး..လူလာဖြစ်ရခြင်းရဲ့  အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့  တစ်ခုတည်းအတွက်လား’’
    (မေတ္တာရှင်၊ရွှေပြည်သာ)
    ကမ ၻာ့အတိုဆံုးတရားဟု ဆိုရေလမည္လား မသိ။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို ကျနော်တို့  ယောင်လို့ တောင် စဉ်းစားဘူးလိမ့်မည် မထင်။( သြော် ....ဆောရီး...ဆောရီး ခင်ဗျားမပါဘူး။ လေးစားပါတယ်ဗျာ။ )
    လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ ၊ အိပ်ဖို့ ၊ စားဖို့ ၊ ကာမဂုဏ်ခံစားဖို့ သက်သက် မဟုတ်။ ကုသိုလ်ပြုဖို့ သာဖြစ်သည်။
    ထိုသီလကုသိုလ်၊ ဒါနကုသိုလ်တို့ ကြောင့်သာလျှင် တိရစ္ဆာန်တွေထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။
    မေး။  သေရမှာ မကြောက်ဘူးလား
    ဖြေ။  သေရမှာထက် အောက်ကျ၊ နောက်ကျနေရမှာကို ပိုကြောက်ပါတယ်ဘုရား
    ‘ သီလ၊ သမာဓိ၊ ပညာ ’........လူ့ တန်ဘိုးအစစ်သည် သုံးခုတွင်ရှိ၏။
    သီလဆိုတာ ကိုယ်ကျင့်တရား။ သမာဓိဆိုတာ စိတ်တည်ကြည်မှု။ ပညာဆိုတာ အကောင်းအဆိုး ခွဲခြားသိတတ်သော စွမ်းရည်ပင်တည်း။
    မိမိ ယုံကြည်ရာ ကိစ္စတစ်ခုအတွက် လိုအပ်လျှင် သတ္တိကောင်း ရပါသည်။ သို့ သော် ခေါင်းမာ၊ စိတ်ကြီးဝင်၊ ဘဝင်လေဟပ်ခါ ပေါက်တတ်ကရ နေထိုင်လုပ်ကိုင်၍မရပါ။ (ပေါက်လွတ်ပဲစား ထင်ရာ လျှောက်မလုပ်နဲ့ ဟူသောစကားကို ယဉ်ကျေးစွာဘာသာပြန်ထားခြင်းဖြစ်သည်။)
    လူသည် အလုပ်တစ်ခုခု လုပ်ကိုင်နေခြင်းအားဖြင့် ပျင်းရိခြင်းကင်းသော အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ပိုင်ဆိုင်နေရမည်။ လူသည်တစ်ခါတစ်ရံ လိုအပ်ချက်များအတွက် ရောင့်ရဲနိုင်ရမည်ဖြစ်၍ အချိန်တန်လျှင် လူပီသအေးချမ်းစွာ အိုမင်းသေဆုံးသွားရ မည်သာဖြစ်လေ၏။
    ထိုင်၍တွေးတွေး၊ ထ၍တွေးတွေး၊ အရိယာပုဒ် လေးပါးလုံးသုံး၍တွေးတွေး လူဆိုသောသတ္တဝါများသည် အလွန်ပင် အမှတ်သညာနည်းကြောင်းတွေ့ ရသည်။
    ဒီမှာ....မိတ်ဆွေ။ ကမ္ဘာဆိုတဲ့ ‘အလုံးကြီး’ ပေါ်မှာ ကျုပ်တို့ ကပ်ရပ်နေကြရတာပါ။ ဒါတောင်မှ တစ်ယောက်ကို တစ်ယောက် ဘာလို့ ကပ်တီးကပ်ဖဲ့လုပ်ချင် နေရသတုန်းဗျ။
    နိုင်ငံတကာ(IQ)အဆင့်သတ်မှတ်ချက်
    ၁၁၅ - ၁၂၄ = သာမန်အဆင့်
    ၁၂၅ - ၁၃၄ = ပင်ကို ဥာဏ်ရည်ဥာဏ်သွေးပဲရှိ
    ၁၃၅ - ၁၄၄ = ကောင်းမွန်တဲ့ ပင်ကို ဥာဏ်ရည်ဥာဏ်သွေးရှိ
    ၁၄၅ - ၁၆၄ = ပါရမီရှင်
    ၁၆၅ - ၁၇၉ = ထူးချွန်ပါရမီရှင်
    ၁၈၀ - ၂၀၀ = အဆင့်မြင့် ထူးချွန်ပါရမီရှင်
    အိမ်ရာတည်ထောင်လူတို့ဘောင်ဆိုပြီး သီတင်းကျွတ်မှာ အစွံထုတ်ဖို့ကြံတာလည်း လူပဲ။
    (ရပ်ကွက်ထဲက အသံများ)
    ‘ကျင်းစိမ်ရင် လက်ငြိမ်ရတယ်ကွ......ဂလောက်’ (ဒန်...တန့် ...ဒန်...)တီးလုံးသံ....။
    ‘ခွေးကိုက် ခံရလို့ တဲ့’
    ‘ချစ်တယ်ကွယ်...သိတယ်ဟလား..ဟင်း ဟင်း...’
    ‘အမှိုက် အမှိုက် အမှိုက် ပစ်ဦးမလား’
    ‘ဒါမျိုးကြီးတွေက ထောင့်ငါးရာ၊ ဝယ်ပြီးရင် လှည့်ကြည့်စရာမလိုဘူး’
    ‘ဘာလဲ ပျက်ရောလား၊ ဟား..ဟား...ဟားးးး’ (ဟင်... ရယ်စရာလည်းမကောင်းဘဲနဲ့ )
    ‘ဂိုး.....’ (ရှူး၊ တိုးတိုး...ခင်ဗျားကလည်းဗျာ)
    ‘ဒုန်း...ဒုန်း...ဒုန်း....လက်သမားတွေကလဲ တစ်ချိန်လုံးထုနေတာပဲ’ (လက်လုပ်၊လက်စားလေးတွေ သနားပါတယ်)
    ‘ဝေါ့..ထွီ၊ ဟင်းတွေသိုးကုန်ပြီဟ’
    ‘ဝှပ်တိုင်းမ် အစ်စ်(ထ)’ (ဟယ်... ငပိသံ မပါအောင်ပြောနိုင်တယ်ဟ ..အံ့ရော...အံ့ရော....)
    ‘ဟင်း၊ ငါဒီနှစ်ယောက်စလုံးကို ကြည့်လို့ မရတော့ဘူးနော်..ငါ...တယ်၊ မပြောလိုက်ချင်ဘူး။ ငါယူတဲ့ လင်လိုက်ယူ၊ ငါ့အိမ်ရှေ့ ကားတဝီဝီနဲ့ .....ကောင်မ၊ သေပါစေတော်..’
    အဘိုးကဆေးလိပ်သောက်နေတယ်။ နှာခေါင်းထဲက မီးခိုးတွေ ပြန်မှုတ်ထုတ်နေတာကို မြေးလုပ်သူက လှမ်းဝေဖန်တယ်။
    ‘နှာခေါင်းက မီးခိုးထွက်တဲ့လူဟာ နှာဘူးတဲ့ အဘိုးရဲ့ ’
    ဘာကွ
    ‘ခင်ဗျား ဘဝမှာ အိပ်ချိန်၊ စားချိန်၊ ဗာဟီရ ကိစ္စတွေရဲ့ အချိန်တွေကိုပေါင်းရင် ခင်ဗျားအသက်ရဲ့  သုံးပုံ တစ်ပုံ ကုန်သွားပါပြီ’...( တက်ကျမ်းထဲတွင်လား၊ ဆရာကြီး၏ ဝတ္ထုထဲကလားမသိ။ ဖတ်ဖူး၏)
    Ref: အရိုး၏ ဆိုသည်မှာ
    ဆက်ဖတ်ရန် >>>