ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 24 September 2012

Best Stress Relief Exercises Ever



ပျော်ချင်သလား...?
အဲသလိုမေးရင် လူတိုင်း၊ လူတိုင်းက ပျော်ချင်တယ်ဘဲ ဖြေမှာပေါ့။ ဘယ်သူကမှ အလကားနေရင်း စိတ်ညစ်မနေချင်ပါဘူးခင်ဗျ။ ဒါ အလွန်သဘာဝကျပါတယ်။ 
ကျနော်တို့ ဟာ နေ့ စဉ်နဲ့ အမျှ တကုန်းကုန်း တကုတ်ကုတ်အလုပ်လုပ်နေကြရတော့  လုပ်ငန်းခွင်ထဲမှာ တစ်ခါတစ်ရံ အလုပ်ရဲ့ stress ၊ဒါမှမဟုတ် ကိုယ်ခန္ဓာပင်ပန်းနွမ်နယ်တာတွေကို ခံစားကြရတဲ့အခါ........... ဒီ Exercise  ကို လုပ်ပေးဖို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) တိုက်တွန်းလိုက်ပါတယ်။


It is good for stress relief   :-)


 ဟီး..ဟီးးး....

xxxxxxxx 


ပျော်စေ၊ ပျက်စေဟာသလေးတစ်ခု ဆိုပေမယ့်လဲ တစ်ကယ်တန်းစဉ်းစားကြည့်မယ်ဆိုရင်......။

 ဗုဒ္ဓအဘိဓမ္မာအလိုအရ...

‘‘အတ္တဟိအတ္တနော နာထော’’ ကိုယ့်အကျိုးစီးပွါးဖြစ်ရာဖြစ်ကြောင်းကို ကိုယ့်စေတနာ၊ ကိုယ့်ကံကပဲ ပြဋ္ဌာန်း ပါလိမ့်မယ်။ ပြုဆဲအခါ စေတနာ၊ ပြုပြီးသောအခါ ကံတဲ့။

ကိုယ့်ရဲ့ စေတနာအဆိုးအကောင်းကြောင့်ဖြစ်လာရတဲ့ ကောင်းကံက ကောင်းတဲ့အကျိုးပေး၊ ဆိုးကံက ဆိုးတဲ့အကျိုးပေးခံစား၊ စံစားနေကြရတဲ့ လူသားအားလုံးမှာ့ အလိုအပ်ဆုံးက ဘာလဲ....?။ တစ်မျိုးထဲတော့ ဘယ်ဟုတ်ပါမလဲခင်ဗျာ။ အများကြီး ရှိမှာပေါ့။ ကျန်းမာဖို့ ၊ စားဝတ်နေရေးပြည့်စုံဖို့  အများကြီးပါ။ အများကြီးထဲမယ် ကိစ္စတော်တော်များများနဲ့  ပတ်သက်ယှက်နွယ်နေတာက ‘ ငွေ ’ ပဲခင်ဗျ။

ဘာကြောင့်လဲ....ကျနော်တို့   ဆေးရုံ၊ ဆေးခန်းသွားမယ်။  Shopping Mall သွားမယ်။ နေစရာ အိမ်။ ဒါတွေအတွက် ပိုက်ဆံဆိုတာ လိုတယ်မဟုတ်လား။
ပိုက်ဆံမရှိလို့  ကတော့...  အိုးမဲသုတ်တန်းပဲ ကစားကြရအောင် ဒေါက်တာကြီးရေလို့  အိမ်ကဒယ်အိုးကြီး ရွက်သွားလို့ ရတာမှ မဟုတ်ပဲလေ။ အရေးရယ် အကြောင်းရယ် ဆိုရင် ဟိုလက်ဖြန့် ရ၊ ဒီလက်ဖြန့် ရ။ ဟိုလူ မျက်နှာချိုသွေး၊ ဒီလူမျက်နှာချိုသွေး ရတဲ့ဘဝမျိုးမရောက်အောင် .........


ငွေဆိုတာမက်သင့်တယ်။ ချစ်သင့်တယ်။ ချွေတာသင့်ပါတယ်။

ဒါကြောင့်..ကြိုးစားထား မဒမ်လူအေးရေ...
တစ်ခါတစ်ရံ အလုပ်ရဲ့ stress ၊ဒါမှမဟုတ် ကိုယ်ခန္ဓာပင်ပန်းနွမ်နယ်တာတွေကို ခံစားရတဲ့အခါ........... 
ဒီ Exercise  ကို လုပ်ပေးဖို့ ပဲလိုပါတယ်ကွာ။












No comments:

Post a Comment