ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 11 January 2013

တရားမရှိသူက ယူရတာကို ပျော်တယ်။ တရားရှိသူက လှူရတာကို ပျော်တယ်။


 အတိတ်ကံဆိုတာ


အတိတ်ကံဆိုတာ ဖျက်လို့လည်းရတယ်၊ ဆက်လို့လည်းရတယ်၊ ဖျက်လို့မရရင် ရဟန္တာတို့ နိဗ္ဗာန်တို့မရှိနိုင်တော့ဘူး၊ 
ဗောဓိပက္ခိယတရား(၃၇)မျိုးမှာ ၀ိရိယပြဋ္ဌာန်းတဲ့ သမ္မပ္ပဓာန်(၄)မျိုးဆိုတာပါတယ်။ ဒီ(၄)မျိုးကို ဗမာလိုပြောပြမယ်။

၁။ ဖြစ်ပြီးခဲ့တဲ့ အကုသိုလ် မကောင်းမှုကံတွေကို ပပျောက်သွားအောင် အားထုတ်ရမယ်။ 
၂။ မဖြစ်သေးတဲ့ အကုသိုလ်ကောင်းမှုကံတွေကို မဖြစ်အောင် အားထုတ်ရမယ်။ 
၃။ မဖြစ်သေးတဲ့ ကုသိုလ်ကောင်းမှုကံတွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။


 အတိတ်ကိုလဲမပြန်နဲ့၊ အနာဂတ်လဲ မကြံနဲ့၊ ပစ္စုပ္ပန် တည့်တည့်ထား။
အတိတ်ပြန်တော့ ဒေါသဖြစ်တယ်၊ အနာဂတ်ကြံတော့ လောဘဖြစ်တယ်။

ဒါ့ကြောင့် ပစ္စုပ္ပန်ကာလသည်သာ အရေးကြီးတာ။ ၀ိပဿနာ လုပ်တဲ့ အခါမှာလဲ ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်းတိမ်မယ်ဆိုရင် အမှန်ချမ်းသာတယ်။(စွန်းလွန်းဆောင်ပုဒ်)

 

No comments:

Post a Comment