ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Wednesday 9 January 2013

ဒေါသ နှင့် မေတ္တာ


ဒေါသတိုင်းမှရသော ရလဒ်သည်........ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။
ဒေါသကိုပိုင်ထားသူတိုင်း အပူသောကနှင့် စိတ်ဆင်းရဲနေပေလိမ့်မည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်........အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။
မေတ္တာကိုပေးတတ်သောသူနှင့် လက်ခံတတ်သောသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှု့ ကို ရရှိကြ၏။


ဥစ္စာဓန ပေါများ၍ စည်းပွားလာဘ်လာဘ တက်ဖို့ဆိုလျှင်…


၁။ဥဌာနသမ္ပဒါ – ထကြွလုံ့လဝီရိယရှိစွာဖြင့် စီးပွားဥစ္စာကို ရှာဖွေရမည်။
၂။အာရက္ခသမ္ပဒါ – ရလာသော ဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
၃။သမဇီဝိတသမ္ပဒါ – ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
၎။ကလျာဏမိတ္တသမ္ပဒါ – မိမိကို ကူညီနိုင်သော မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်း ရှိရမည်။

ဤကား ဗုဒ္ဓဟောကြားသော ကြီးပွါးချမ်းသာရစေကြောင်းလေးပါး ဂါထာတော်ကြီးတည်း။

No comments:

Post a Comment