ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 29 May 2011

ကျော်သူလင်း( ကျော်ပု ) မင်္ဂလာဆောင်

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ
ဆက်ဖတ်ရန် >>>

ဒူရီလေးတို့ မောင်နှမနှင့် လေဆိပ်မှာအမှတ်တရ

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ဆက်ဖတ်ရန် >>>

Myanmar Joke Dain Daung ၁၈နှစ်အောက် မကြည့်သင့်(dirty but funny!)-၂

ဆက်ဖတ်ရန် >>>

ရည်းစားဖြစ်ပြီးများမကြာမီ...

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ဆက်ဖတ်ရန် >>>

စုစု ဘွဲ့ ယူစဉ် အမှတ်တရ


ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ဆက်ဖတ်ရန် >>>

ချစ်ဇနီးချောလေး

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ဆက်ဖတ်ရန် >>>

ှအန်တီလေးမိသားစုနှင့် ပင်လယ်စာ ဆိုင်မှာအမှတ်တရ

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။
ဆက်ဖတ်ရန် >>>

Life Is Beautiful

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ပုံကြီးချဲ့ ရန် ကလစ်နှိပ်ကြည့်ပါ ။

ဆက်ဖတ်ရန် >>>

Friday 27 May 2011

အလှူတော်မင်္ဂလာ အောင်ပွဲခံ အငြိမ့် @ အရိုင်း

ဆက်ဖတ်ရန် >>>

Myanmar Joke Dain Daung ၁၈နှစ်အောက် မကြည့်သင့်(dirty but funny!)


ဆက်ဖတ်ရန် >>>

ဟ .. ဟ .. ဠ .. အ

၁ .. ၂ .. ၃ ... ၄ .. ကိုဖိုးအေး

၎ .. ၅ .. ၆ .. ၇ .. မလှမွန် ...

မလှမွန် ရွာထဲသွား ... ကိုဖိုးအေးနဲ့ ညား ...

ကိုဖိုးအေးကြီး အိပ်လို့ပျော် မျက်စိနှစ်လုံးပေါ်

မလှမွန် ကိုင်လို့ကြည့် ပျော့စိစိ ပျော့စိစိ ...

ပျော့စိစိ နဲ့ ကိုင်လို့ကောင်း ပူစီပေါင်း ပူစီပေါင်း

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ


နီနီရဲရဲ သဲသဲကြီး ဖရဲသီး ဖရဲသီး

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ

တရုတ်မကြီး ရေထဲငုတ် ဖင်ပေါ်လာတော့ ဓါးနဲ့ ခုတ် ဂေါ်ဖီထုပ် ဂေါ်ဖီထုပ်

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ

ဗိုက်ထဲမှာ အစာရှိလဲ နာ .. အစာ မရှိလဲ နာ ...
ဒါဆိုရင်တော့ ဗိုက်ကြီးတာပဲ ဖြစ်ရမယ် ..

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ

ဟ .. ဟ .. ဠ .. အ .....

တစ်ချောင်းဝင်လဲ အရည်ထွက် ... နှစ်ချောင်းဝင်လဲ အရည်ထွက် ... ကြံရည်စက် ကြံရည်စက်

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ ( တော်သေးတာပေါ့ ... ကြံရည်စက် ကယ်သွားလို့ )

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ

မလှသွင်ကြီး ရှုးပေါက်ချင် အပင်အောက်ကို ၀င် .. အပင်ပေါ်က ရုပ်ကစိုး ဆင်းပြီးတော့ ......

ပြောမပြဘူး ပြောမပြဘူး ..

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ

ဆရာမ ... သမီး ဗိုက်ကြီး ပူပူလာတယ် ...ဘယ်လို လုပ်ရမလဲ

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ


စက်ဘီးကလေး ကလင် ကလင် လမ်းကြိုလမ်းကြားဝင် ... စက်ဘီးကလေး ဘီးပေါက် ..ငါ့ရည်းစားလေး စိတ်ကောက် ... မကောက်ပါနဲ့ ချစ်ချစ်ရယ် .. ရှန်ပိန်ဝယ်တိုက်မယ် ... ရှန်ပိန်လေးက ချိုချိုလေး .. ငါ့ရည်းစားလေးကလေးမွေး .. မွေးတဲ့ ကလေး နာမည်ပေး ... ၀မ် ၀မ် ၀မ် ၀မ့် ၀မ်

ဟ .. ဟ .. ဠ .. အ ..... ဟ .. ဟ .. ဠ .. အ
ဟ .. ဟ .. ဠ .. အ .....
ဆက်ဖတ်ရန် >>>

Thursday 26 May 2011

သြော် .....မိန်းမ

မိန်းမများ၏သဘာဝကို ဘောလုံးနှင့်တူသည်ဟု ကျွန်တော်ထင်သည်။
သူတို့ သည် ကွင်းထဲအဝင်လူလယ်ခေါင်တွင် တင်းရင်းနေအောင် လေဖြည့်ထားပြီး
ကွင်းပြင်ရောက်သည်နှင့် လေလျှော့ထားတတ်၏။
အပျိုဘဝတွင် တင်းရင်းနေအောင်နေပြီး
အိမ်ထောင်သည်ဘဝယောက်သည်နှင့် ရှူးကနဲနေအောင်
လေလျှော့ ချလိုက်ပြီး
ပျော့ ပလစ်အောင်နေတတ်ကြပါသည်။

မှတ်ချက်။ ။ကျနော့မိန်းမ မပါ ( ဟီ ဟိ.. ကြောက်လို့  )
ဆက်ဖတ်ရန် >>>

Gtalk offline အစစ်လား offline အတုလား

ကိုယ့်ရဲ့
Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ်
offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။
offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။
ဆက်ဖတ်ရန် >>>

တောင်းတဲ့ဆုနဲ့  ပြည့်ပါစေ

ဘ၀ဆက်တိုင်း....
အင်္ဂလန်မှာ ဘောလုံးသမား...
ကိုရီးယားမှာ မင်းသား...
ဂျပန်မှာ ယာကူဇာ...
ယူအက်စ်မှာ မာဖီးယား...
မြန်မာနိုင်ငံမှာ လူကြီးသား ဖြစ်ပါရစေ အရှင်ဘုရား... :P


အချို့အချို့က ပြောတယ်ဗျာ....
မိန်းကလေး/ကောင်ကလေး များသည် အမျိုးမျိုး ပြောင်းလဲတတ်သည်တဲ့...
အမျိုးမျိုး မဟုတ်ပါဘူးနော်...
နှစ်မျိုးတည်း ပြောင်းတာပါ...
လိုတစ်မျိုး... မလိုတစ်မျိုး....
ဆက်ဖတ်ရန် >>>

သင်ခန်းစာ

တစ်နေ့မှာပေါ့ဗျာ လက်ထောက်မန်နေဂျာရယ် မန်နေဂျာကြီးရယ်ဘော့စ်ရယ် သုံးယောက် အစည်းအဝေးသွားဖို့ တူတူထွက်လာကြသတဲ့။ လမ်းမှာ အာလာဒင်မီးခွက်တစ်လုံး ကောက်ရကြသတဲ့။

အဲဒီမှာသူတို့ကလည်း မီးခွက်ကို ပုံပြင်ထဲကလို ပွတ်ကြသတဲ့။ ဘီလူးများ ထွက်လာမလားလို့ပေါ့။ တကယ်ပဲ ဘီလူးတစ်ကောင် ထွက်လာတယ်ဗျ။ ဘီလူးကလည်း သူတို့သုံးယောက်ကိုတွေ့ရော ကဲ ပုံမှန်ကတော့ မီးခွက်ကိုပွတ်တဲ့သူက ဆု သုံးခုတောင်းခွင့်ရှိတယ်ပေါ့ ခက်တာက မင်းတို့က သုံးယောက်ဆိုတော့ တစ်ယောက်တစ်ခုတောင်းကြ ငါဖြည့်ဆည်းပေးမယ်လို့ ပြောသတဲ့။
အဲဒီမှာ ပထမဆုံး မန်နေဂျာကြီးက အော်သတဲ့ငါအရင်တောင်းမယ်ငါအရင်တောင်းမယ်လို့ ပြောပြီးတော့အခုချက်ချင်း ဘာလီကျွန်းမှာသွားအပန်းဖြေမယ် ရွက်လှေတစ်စင်းနဲ့ အပူအပင်ကင်းကင်းရောက်အောင် ပို့ပေး လို့ ဆုတောင်းသတဲ့အဲဒီတော့

ဘီလူးကလည်း မောင်မင်း ဆုတောင်းပြည့်စေ လို့ ပြောလိုက်တာနဲ့ ရှူး ဆိုပြီး မန်နေဂျာကြီး နေရာကနေ ပျောက်သွားသတဲ့ ဘာလီကျွန်းကို ရောက်သွားတာပေါ့လေ။
အဲ...မန်နေဂျာကြီးလည်း ပျောက်သွားရော လက်ထောက်မန်နေဂျာကြီးက ငြိမ်မနေနိုင်တော့ဘဲ ထအော်သတဲ့ငါကတော့ ငွေဆောင်ကမ်းခြေကို ခုချက်ခြင်းရောက်ပြီး မိန်းမလှလေးတွေ၊ အစားအသောက်၊ အရက်ပေါင်းစုံနဲ့ အပန်းဖြေချင်တယ် လို့ ဆုတောင်းသတဲ့။ ဘီလူးကလည်းခုနလိုပဲ မောင်မင်းဆုတောင်းပြည့်စေ ဆိုပြီး ပြောသတဲ့။ အဲဒီအခါ လက်ထောက်မန်နေဂျာကြီးလည်း ရှူး ဆို ပျောက်သွားပြန်ရောပေါ့ ဆုတောင်းတွေပြည့်ကုန်ကြတာလေ။

နောက်ဆုံး ဘော့စ် တစ်ယောက်တည်းလည်း ကျန်ရော ဘီလူးက ဘာဆုတောင်းမှာလည်းပေါ့။ ဘော့စ်က အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်ကဲဘီလူးရေဟိုငတုံးနှစ်ကောင်ကို ထမင်းစားချိန် ပြီးရင် ရုံးကိုပြန်လာဖို့ ပြန်ခေါ်လိုက်စမ်းပါတဲ့။

သင်ခန်းစာ ။ ဘော့စ်ကို ပထမဆုံး စကားပြောခွင့်ပေးရမည်။ သင် အရင်မပြောသင့်။

ပြောချင်တာက
အသက် ၉၀ အရွယ်ရှိ အဘိုးအို တယောက် ဆေးခန်းသို့ လာ၍ ဆရာဝန်အားပြောသည်။

အဘိုးအို ။ ။ ကျွန်တော့်မှာ အသက် ၁၈ နှစ်အရွယ် မိန်းမရှိပါတယ်ခင်ဗျာ။ အခု သူ ကိုယ်ဝန် ရှိနေလို့ပါဆရာ။ ဆရာ့ အနေနဲ့ ဘယ်လိုများ မြင်သလဲခင်ဗျာ၊

ဆရာဝန် သည် ခဏ တွေးတောပြီးနောက်

ဆရာဝန် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် တခုပြောပြမယ်နော်။ ကျွန်တော့မှာ အရမ်းခင်ရတဲ့ သူငယ်ချင်း တယောက်ရှိပါတယ်။ သူက အမဲ လိုက်ရာမှာ အရမ်း စိတ်အားထက်သန်တယ်ခင်ဗျ။ တနေ့ သူအမဲ လိုက်ဖို့လောလော လောလော နဲ့ထွက်သွားတုန်း ထီးရှည်တချောင်း ကို အမဲပစ် သေနတ် အဖြစ်နဲ့ မှားဆွဲသွားပါတယ်။ တောထဲ ရောက်တော့ ယုန်လေး တကောင် စမ်းချောင်းနားမှာ ထိုင်နေတာတွေတော့ စောစောက ယူလာတဲ့ ထီးနဲ တည့်တည့် ချိန်ပြီး သေနက် အောက်မေ့လို့ ပစ်လိုက်ပါတယ်။ အဲဒီ ထီးနဲတည့်တည့် ချိန်ပြီး ပစ်လိုက်တယ် ဆိုရင်ပဲ ဒိုင်း ဆို တဲ့ အသံနဲအတူ ယုံကလေး သေနတ် မှန်ပြီး သေသွားပါတယ်ခင်ဗျာ။ ဒီကိစ္စ ကို အဘိုးအနေနဲ့ဘယ်လို မြင်ပါသလဲခင်ဗျာ။

အဘိုးအို ။ ။ ဒါများ ဆရာရယ်။ ဒီကြား ထဲမှာ တယောက်ယောက်က ဆော်ထည့်လိုက်လို့နေမှာပေါ့။

ဆရာဝန် ။ ။ ဟုတ်ကဲ့ ကျွန်တော် ပြောချင်တာလဲ အဲဒါပါဘဲ ခင်ဗျာ။
 Red Devilရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ဆက်ဖတ်ရန် >>>

လူ၏အစ ဘယ်က

မျိုးနဲ့ရိုးနဲ့
ဆိုဖီလေးတစ်ယောက် လူသားတွေ ဘယ်လို စတင်ဖြစ်လာသလဲဆိုတာကို အရမ်းသိချင်နေပါတယ်။
ဒါနဲ့ မိခင်ဖြစ်သူကိုမေးတော့ ''ဘုရားသခင်က အာဒံနဲ့ အေဝကို ဖန်ဆင်းပေးခဲ့တယ်။ သူတို့နှစ်ယောက်က ကလေးတွေရပြီး လူသားမျိုးနွယ်တွေ ဖြစ်ပေါ်လာတာပေါ့ သမီးရယ်'' လို့ ရှင်းပြပါတယ်။
နောက်နှစ်ရက်အကြာမှာ ဖခင်ဖြစ်သူကို ဒီမေးခွန်းပဲ ပြန်မေးတော့ '' ဟိုး... ကမ္ဘာဦးအစ မျောက်တွေကနေ အဆင့်ဆင့်ပြောင်းလဲလာလိုက်တာ အခု လူသားတွေဖြစ်တဲ့အထိပဲပေါ့'' ဆိုတဲ့ အဖြေကို ရပါတယ်။
အဖြေနှစ်ခုကြောင့် စိတ်ရှုပ်သွားတဲ့ ဆိုဖီက မိခင်ကို ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်ဟာက အမှန်လဲလို့ ထပ်မေးတော့ သူ့မေမေက ဒီလိုဖြေတယ်။
''သြော်.. သမီးရယ်.. အဖြေက ရှင်းနေတာပဲဟာ။ မေမေက အမေ့မိသားစု အကြောင်းပြောတာ။ သမီးအဖေက သူ့မျိုးရိုးအကြောင်း ပြောတာပေါ့အေ... ''
*******
`ဒီလိုကွ… ကမ္ဘာဦးပေါ်စက ကမ္ဘာပေါ်မှာ မင်းတို့ ပြောသလို လူတွေမရှိသေးဘူး။ သဘာဝအလှအပတွေ တောတောင်၊ မြစ်ချောင်းတွေတော့ရှိသတဲ့ကွ… ကောင်းကင်မှာတော့ နေမင်းသားလေးနဲ့ လမင်းသမီးလေးရှိတယ်။ သူတို့ဟာ အတူတူ နေကြရင်းနဲ့ ကြာလာတော့၊ တစ်ဦးကို တစ်ဦးသံယောဇဉ်ညိတွယ်ပြီး ချစ်ကြိုက်ခဲ့ကြတယ်။´
ကျောက်ဒိုးကကြားဖြတ်၍- `အလယ်တယ်ဟုတ်ပါလား ဆက်ပါဦး´ဟု ပြော၏။
`ဆက်ပါ့မယ်။ နားထောင်ပါ။ အဲဒါနဲ့ အချစ်နယ်လွန်ပြီး `လ´မင်းသမီးလေားမှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရင့်လာတော့ လမင်းသမီးလေးက လက်ထပ်ဘို့ပြောတယ်။ ဒါပေမယ့် နေမင်းသားက လက်မထပ်ချင်ဘူး။ အတွေ့မခံဘဲ ရှောင်တယ်။ နေမင်းသားလေးက ပြေး၊ လမင်းသမီးလေးက လိုက်၊ သူတို့မဆုံဖြစ်ကြတော့ဘူး။ အဲဒီအချိန်ကစပြီး `နေ့´နဲ့ `ည´ဆိုတာ ဖြစ်လာတယ်´တဲ့။ `အား အဲဒါ ယုတ္တိရှိတယ် စာရေးကြီးလို့´ ဘာမထီသာညီက ထောက်ခံ၏။
ကိုငှက်ကျားက `အဲဒါနဲ့ ဆက်ရရင် လမင်းသမီးလေးဟာ ၀မ်နည်းပူဆွေးစွာနဲ့ နေမင်းသားလေးရဲ့ ကိုယ်ဝန်ကို လွယ်ထားရတယ်။ ဖွားရက်ပေါ့ကွာ။ စေ့တော့ မအောင့်နိုင်တော့ဘဲ ကမ္ဘာမြေကြီးပေါ်ကို လ-ရဲ့ ဥတွေ ဥချလိုက်တယ်တဲ့။ အဲဒီ လ-ဥတွေကနေ လူတွေပေါက်လာတယ်။ ကဲ… ဒါဘဲ မင်းတို့ထဲက ဘယ်သူငြင်းမလဲ။ မင်းတို့သိထားရမှာက၊ လူဆိုတာ လ-ဥကနေဖြစ်တယ်ဆိုတာဘဲ။ `လ-ဥက လူဖြစ်တာ´ငြင်းမဲ့သူ ငြင်းဆိုတော့ အားလုံးခေါင်းတငြိမ့်ငြိမ့်နဲ့ `စာရေးကြီးတော်ပါတယ်။ အထောက်အထားခိုင်လုံပါတယ်´ဟု ကျောက်ဒိုးက ၀န်ခံပြီး `ကျနော်တို့ သုံးယောက်ရှုံးပါပြီ ကတိမပျက်ပါဘူး။ တပတ်လုံးပြုစုပါ့မယ်´လို့ လဲ ကတိပေးလိုက်ရော…။
ဂွမ်ဂွမ်က `စာရေးကြီးရယ် အဲဒီ လ-ဥတွေ ကျမမြင်ဖူးချင်လိုက်တာနော်´ဆိုတော့
ဘာမထီက `ဟဲ့… ဂွမ်ဂွမ်.. လ-ဥဆိုတာ မိန်းကလေးတွေ မကြည့်ရဘူး။
`ကြည့်ရင် ဘာဖြစ်တတ်လဲ… ဟင်´
`ဟာ… နင်ကလဲတယ် အမေးအမြန်းထူးလိုက်တာ။ ကြည့်ရင်- အကောင်မပေါက်တော့ဘူးတဲ့…´
`ဟား… ဟား… ဟား… ဟား´
လေးယောက်သား ပျော်ပျော်ပါးပါး ရယ်မောကြပါလေသတည်း….။
ကဲ စာဖတ်ပရိသတ်တို့ရေ… လူဆိုတာ လရဲ့ဥ၊ လ-ဥ ကနေပေါက်ဖွားလာတယ်ဆိုတာ ယုံကြည်ကြစေဖို့ အထောက်အထားနဲ့တကွ ဒီလတင်ဆက်လိုက်ရပါကြောင်း….။ ။
ရယ်မောရင်းနဲ့ ဘ၀အမောပြေနိုင်ကြပါစေ………………………suparman777
ဆက်ဖတ်ရန် >>>

Tuesday 24 May 2011

ဓါတ်လုံးပြဿနာ

ဗုဒ္ဓဟောကြား ကြီးပွားချမ်းသာကြောင်း လေးပါး

သက်ရှည်ကျန်းမာဖို့ ဆိုလျှင် …

၁။သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်။
၂။အချိန်မှန် အိပ်ရမည်။
၃။အချိန်မှန် စားရမည်။
၎။အာဟာရ ဖြစ်သော၊ အစာကြေညက်လွယ်သော အစားအစာ ဖြစ်ရမည်။
၅။အပျော်အပါးနှင့် အသောက်အစား ရှောင်ကြဉ်ရမည်။
၆။အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတက်ရမည်။

ဤအချက်များနှင့်ပြည့်စုံလျှင် အသက်ရှည် ကျန်းမာမည် ဖြစ်၏။
မည်သည့် ဓာတ်လုံးကိုမှ ဆောင်စရာမလိုအပ်ပေ။ ဤကား ဗုဒ္ဓပေးသော ‘အာယုသိဒ္ဓိ၊ အရောဂျ သိဒ္ဓိ’ ပင် ဖြစ်၏။

ဥစ္စာဓန ပေါများ၍ စည်းပွားလာဘ်လာဘ တက်ဖို့ဆိုလျှင်လည်း…

၁။ဥဌာနသမ္ပဒါ – ထကြွလုံ့လဝီရိယရှိစွာဖြင့် စီးပွားဥစ္စာကို ရှာဖွေရမည်။
၂။အာရက္ခသမ္ပဒါ – ရလောသော ဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
၃။သမဇီဝိတသမ္ပဒါ – ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
၎။ကလျာဏမိတ္တသမ္ပဒါ – မိမိကို ကူညီနိုင်သော မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်း ရှိရမည်။

ဤအချက်များနှင့် ပြည့်စုံလျှင် ဧကန်မုချ ဥစ္စာစည်းစိမ် စီးပွားလာဘ်လာဘများ တိုးတက်လာမည် ဖြစ်၏။ အပင်ပန်းခံ ဖိုထိုးနေစရာပင် မလို။ ဤကား ဘုရားပေးသော “ဓနသိဒ္ဓိ၊ လာဘသိဒ္ဓိ” များပင် ဖြစ်၏။ ထိုသို့ ဗုဒ္ဓပေးသည့် နည်းနာအတိုင်း မကြိုးစားဘဲ အားမကိုးအပ်သည်ကို အားကိုးမြဲ အားကိုးနေမည်ဆိုလျှင် ဒုက္ခရောက်ဖွယ် ရာသာရှိ၏။ ကောင်းမွန်လာစရာကား မရှိပေ။.

ဓါတ်လုံးပြဿနာ

“ပွတ်လိုက်ရင် ပြောင် ဆောင်ပြန်တော့လေး ရေစိမ်ကာ သောက်ပြန်တော့ သေးပေါက်တယ်လေး”
ကျွန်ုပ်တို့ငယ်စဉ်က ဖခင်က မကြာခဏ ရွတ်ပြလေ့ရှိသော ဓာတ်လုံးစွမ်းရည်ပြ ဂါထာလေးပင်ဖြစ်၏။ ဓါတ်လုံးမှန်သမျှတွတ် အထက်ပါ အစွမ်းသုံးခုကား သေချာပေါက်ရှိ၏။ အသက်ရှည်ခြင်း အာယုသိဒ္ဓိ၊ ဥစ္စာပေါခြင်း ဓနသိဒ္ဓိ၊ လာဘ်လာဘကောင်းခြင်း လာဘသိဒ္ဓိ စသည်တို့ကား ဓာတ်လုံးတွင် မရှိ၊ ဓာတ်လုံးကို ဆောင်ထားသူ၏ ပါးစပ်တွင်သာ ရှိတက်၏။ ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွှေဖြစ်သည်ဆိုသော အကြောင်းအရာမှာလည်း ကျမ်းအခိုင်အမာ ရှိသည်မဟုတ်။ ဖိုသမားတို့၏ နှုတ်ထွက် ဇာတ်လမ်းတစ်ခုသာ ဖြစ်၏။ အမှန်နှင့် ရောနေသော အမှားကို လူတို့သည် အဆင်အခြင်မရှိ အကန်းယုံ၊ အရမ်းယုံယုံတက်ကြ၏။ ဥပမာအားဖြင့် မြန်မာရာဇ၀င်တွင် ဘိုးတော်မင်းတရား ( ဦးဝိုင်း)သည် တကယ်ရှိခဲ့၏။
ထေရဝါဒဗုဒ္ဓဘာသာကို မှေးမှိန်အားနည်းစေနိုင်သော တန္တရ၊ မန္တရ အရည်းကြီးလက်ကျန် ပညာများ ဖြစ်သည့် ဗေဒင်၊ ဓာတ်ရိုက်၊ အင်း၊ အိုင်၊ ဘိုးတော်၊ ဝိဇ္ဇာအလုပ်များကို နိုင်ငံတော် တစ်ဝန်းပိတ်ပင်တားမြစ်ခဲ့ဖူး၏။ ဘုရင်အဆက်ဆက် မြို့ရိုးတံတိုင်းအောက်တွင် မြှပ်ထားကြသော အင်းမျိုးစုံကို ထုတ်ယူကာ ပြည်သူအများ ရှေ့မှာပင် ဧရာဝတီမြစ်အတွင်းသို့ ပစ်ချစေ၏။
ထိုအဖြစ်ကို ဝိဇ္ဇာ၊ ဘိုးတော်ဂိုဏ်းဝင်တို့ ဆတ်ဆတ်ခါနာခဲ့ကြ၏။ ဆီစိုနေသော သူတို့၏ ပါးစပ်များ ခြောက်သွေ့သွားခဲ့ရသောကြောင့်တည်း။ ထို့ကြောင့်လည်း နှောင်းလူတို့ ဘိုးတော်မင်းတရားကို လူဆိုးကြီးအဖြစ်မြင်ပြီး သူတို့ဘိုးတော်များကို လူစွမ်းကောင်းအဖြစ် ထင်ပေါ်စေရန် လုပ်ဇာတ်တစ်ခု ထွင်လိုက်ကြ၏။
ထိုလုပ်ဇာတ်ကား ဘိုးတော်မင်းတရားက ဘိုးဘိုးအောင်ကို ဖမ်းခိုင်းပြီး အသေသတ်ပုံ၊ ဘိုးဘိုးအောင်က သူ့အစွမ်းဖြင့် လွတ်မြောက်အောင် လုပ်ပြပြီး ဝ,လုံးကို ဖျတ်ခိုင်းပုံ၊ တစ်လုံး ဖျတ်လိုက်လျှင် နှစ်လုံးပေါ် လာပုံပင်တည်း။ ဘိုးတော်မင်းတရား အမှန်တကယ် ရှိခဲ့သော်လည်း ဘိုးဘိုးအောင်ကို အပြစ်မရှိ အပြစ်ရှာသတ်သော ဖြစ်ရပ်ကား တကယ်မရှိခဲ့ပေ။
ထို့ကြောင့် အမှန်နှင့် ရောနေသော ထိုအမှားကို လူတစ်ရာလျှင် ကိုးဆယ့် ကိုးယောက်လောက်က ယနေ့အထိ ယုံကြည်နေကြခြင်း ဖြစ်၏။ ဘိုးတော်မင်းတရားလက်ထက်က မင်းနှင့်ပြည်သူအားလုံး ငါးပါး သီလ လုံခြုံကာ ကိုယ့်ကျင့်တရား ကောင်းခဲ့ကြာ၏။ ဥပုသ်နေ့ဆိုလျှင် အမရပူရ တစ်နယ်လုံး သားငါးပင် ရောင်းချခွင့် မပြု။
ထို့ကြောင့်လည်း တစ်နယ်လုံးရှိ လူများ အသက်ရှည်ကြ၏။ ကျန်းမာကြ၏။ ငယ်ငယ်ရွယ်ရွယ်ရောဂါနှင့် သေသူ မရှိသဘောက်ရှားပါး၏။ ကိုးဆယ်ကျော် တစ်ရား နီးပါး ရောက်မှ သေကြ၏။ အသုဘချပွဲဆိုသည်မှာ တွေ့နိုင်ခဲသော အရာဖြစ်၍ “လူမသေသော မြို့” ဟုပင် ထင်စရာရှိနေ၏။ ထို့ကြောင့် အမရပူရမြို့ (သေခြင်းမရှိသောမြို့) ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်၏။
ဘိုးတော်မင်းတရားသည် သင်္ဂြိုဟ်ကိုးပိုင်းကို ကောင်းမွန်စွာ တက်ကျွမ်း နားလည်၏။ ထို့ကြောင့် ထေရဝါဒ၏ အခြေခံအချက် ဖြစ်သော ကုသိုလ်နှင့် အကုသိုလ်အကြောင်းကို ကိုယ်ပိုင် အသိဖြင့် လက်ခံယုံကြည်သူ ဖြစ်၏။ ထိုကဲ့သို့သော ဘုရင်တစ်ပါးက လူရေးလူရာ မဝင်သော ဘိုးတော်တစ်ယောက်ကို မရမက လိုက်လံဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားသည် ဆိုသော အချက်ကို ဟုတ်နိုင် မဟုတ်နိုင် စာရှုသူများ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်၏။
ယခုလည်း ပုဂံပြည်သည် အနော်ရထာမင်း၏ ထေရဝါဒ နည်းကျ အုပ်ချုပ်ခဲ့မှုကြောင့် စီးပွားဥစ္စာ ဆန်၊ ရေ၊ စပါး ပေါများခဲ့၏။ ထို့ကြောင့် ဘုရားစေတီပေါင်းများစွာ တည်ခဲ့ကြ၏။ ဤကား အမှန်တကယ်ရှိခဲ့သော ဖြစ်ရပ်ပင်။ ဤအမှန်ထဲသို့ ‘ရှင်အဇ္ဇဂေါဏ ဓာတ်လုံးအောင်၍ ရွှေဖြစ်သောကြောင့် ပုဂံမြို့သားတွေ ချမ်းသာပြီး ဘုရားတည်နိုင်တာ’ ဟူသော အမှားကို ထည့်မွှေပြီး ဖိုသမားတို့ကို မြှူဆွယ်ခဲ့၏။
ထို့ကြောင့်လည်း သေသေချာချာ တွေးတောဆင်ခြင်မှု မရှိသူများယခုတိုင်အောင် ယုံကြည်နေကြခြင်း ဖြစ်၏။ ဗုဒ္ဒ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့တွင် မင်္ဂဖိုလ်ရကြောင်း တရားများကို သာမက လောကီရေးရာ ကြီးပွားချမ်းသာကြောင်း တရားများကိုလည်း ဟောခဲ့သည်သာ ဖြစ်၏။
ဗုဒ္ဓဟောကြား ကြီးပွားချမ်းသာကြောင်း လေးပါး
သက်ရှည်ကျန်းမာဖို့ ဆိုလျှင် …
သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ရမည်။
အချိန်မှန် အိပ်ရမည်။
အချိန်မှန် စားရမည်။
အာဟာရ ဖြစ်သော၊ အစာကြေညက်လွယ်သော အစားအစာ ဖြစ်ရမည်။
အပျော်အပါးနှင့် အသောက်အစား ရှောင်ကြဉ်ရမည်။
အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတက်ရမည်။
ဤအချက်များနှင့်ပြည့်စုံလျှင် အသက်ရှည် ကျန်းမာမည် ဖြစ်၏။
မည်သည့် ဓာတ်လုံးကိုမှ ဆောင်စရာမလိုအပ်ပေ။ ဤကား ဗုဒ္ဓပေးသော ‘အာယုသိဒ္ဓိ၊ အရောဂျ သိဒ္ဓိ’ ပင် ဖြစ်၏။
ဥစ္စာဓန ပေါများ၍ စည်းပွားလာဘ်လာဘ တက်ဖို့ဆိုလျှင်လည်း…
ဥဌာနသမ္ပဒါ – ထကြွလုံ့လဝီရိယရှိစွာဖြင့် စီးပွားဥစ္စာကို ရှာဖွေရမည်။
အာရက္ခသမ္ပဒါ – ရလောသော ဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
သမဇီဝိတသမ္ပဒါ – ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
ကလျာဏမိတ္တသမ္ပဒါ – မိမိကို ကူညီနိုင်သော မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်း ရှိရမည်။
ဤအချက်များနှင့် ပြည့်စုံလျှင် ဧကန်မုချ ဥစ္စာစည်းစိမ် စီးပွားလာဘ်လာဘများ တိုးတက်လာမည် ဖြစ်၏။ အပင်ပန်းခံ ဖိုထိုးနေစရာပင် မလို။ ဤကား ဘုရားပေးသော “ဓနသိဒ္ဓိ၊ လာဘသိဒ္ဓိ” များပင် ဖြစ်၏။ ထိုသို့ ဗုဒ္ဓပေးသည့် နည်းနာအတိုင်း မကြိုးစားဘဲ အားမကိုးအပ်သည်ကို အားကိုးမြဲ အားကိုးနေမည်ဆိုလျှင် ဒုက္ခရောက်ဖွယ် ရာသာရှိ၏။ ကောင်းမွန်လာစရာကား မရှိပေ။
ကြားစေ၊ မြင်စေ အဖေဒီမှာ
မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ထဲမှ အဘွားညွှန့် အမည်ရှိ အဘွားကြီးတစ်ယောက်သည် အမျိုးသမီး ဖြစ်သော်လည်း အတွေးအခေါ်ပညာရှိ၏။ ကျွန်ုပ်ရန်ကုန်သို့ စာချဘုန်းကြီးအဖြစ် ကြွရောက်ခါနီးတွင် ယခုကဲ့သို့ မှာ၏။
“တစ်ခုပဲ မှာလိုက်ပါရစေ မောင်ဉ္စင်း၊ ဒီတစ်သက်မှာ ဘယ်သော အခါမှ ဖိုထိုးခြင်း အလုပ်ကို မလုပ်ပါလေနဲ့၊ တပည့်တော်မရဲ့ အသက် (၈၀)ကျော်အတွင်းမှာ ဖိုထိုးလို့ ရွှေဖြစ်သွားတာ၊ ထွက်ရပ်ပေါက်သွားတာ တစ်ခါမှ မကြုံဖူးဘူး၊ ဖိုထိုးပြီးသေလို့ ဓာတ်လုံးကို စွဲပြီး သရဲဖြစ်ရတဲ့သူတွေကို သာ အတွေ့ရ များတယ်” အဘွား၏ အမျိုးထဲမှ လူတစ်ယောက်နှင့် ရဟန်တစ်ပါး အကြောင်းကို မှတ်သားရဖူးသည်။
လူတစ်ယောက်အကြောင်းမှာ ၁၉၉၇ ခုနှစ်ခန့်က ဂျာနယ်တစ်စောင်တွင် သတင်းထူးအဖြစ် ဖတ်လိုက်ရခြင်းဖြစ်၏။ ခေါင်းစဉ်က ‘ကြားစေ၊ မြင်စေ အဖေဒီမှာ’ ဟုဖြစ်၏။
ပဲခူးနယ်ထဲမှာ အမျိုးသားတစ်ယောက်သည် ဖိုကိုသာ စွပ်ထိုးနေရာ အိမ်ရှိ စီးပွားဥစ္စာများလည်း ကုန်ပြီဖြစ်၏။ ရှိသမျှ အ၀တ်အစားများမှာလည်း မီးလောက်ပေါက်ချည်း ဖြစ်ကုန်၏။ သားသမီး ချွေးမများပင် အသက်လေးဆယ်ကျော်လောက်ရှိပြီဖြစ်ရာ ထိုအမျိုးသားကြီး၏ အသက်သည် ခြောက်ဆယ့်ငါးကျော်၍ ခုနစ်ဆယ်နားနီးပြီ ဖြစ်၏။ တစ်ညတွင် ဖိုဆွဲရင်း ဗိုက်နာလာသဖြင့် အိမ်သာ သွားတက်ရ၏။ ထိုအချိန်မှာပင် တစ်ရေးနိုးလာသော ချွေးမက မီးလင်းနေသော ဖိုရုံထဲသို့ ၀င်ကြည့်မိ၏ အဘိုးကြီးကို မတွေ့ရသော အခါ မီးခဲရဲရဲပေါ်မှာ လုံလေးကို စိတ်ဝင်စားသွားသဖြင့် ညှပ်နှင့် လှမ်းယူကြည့်လိုက်မိ၏။ သူ၏ နမော်နမဲ့နိုင်မှုကြောင့် လုံသည် အောက်သို့လွတ်ကျသွားက လုံထဲမှ အရာဝတ္ထုများအားလုံး ထွက်ကျ ပျောက်ဆုံးသွား၏။ ချွေးမဖြစ်သူသည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ထိတ်လန့်သွား၏။ နောက်မှ အဘိုးကြီး ပြောနေကျ စကားဖြစ်သော
“ဒီ ပြဒါးက ပြာဖြစ်သွားရင် ငါ့ကိစ္စ အားလုံးအောင်မြင်ပြီ” ဟူသော စကားသံကို ပြန်လည် အမှတ်ရသဖြင့် ဖိုဘေးမှ ပြာများကို လုံထဲသို့ မြန်မြန်ကြုံးထည့်ကာ လက်ရမပျက်ပြန်ထားပြီး ဖိုရုံထဲမှ အမြန်ပြန်ထွက်သွား၏ အဘိုးကြီး ပြန်ရောက်သော အခါ လုံထဲမှ ပြာများကို မြင်လိုက်ရသည်နှင့် ဝမ်းသာအားရဖြစ်ကာ “အောင်ပြီ၊ အောင်ပြီ”ဟု အသံကုန်ဟစ်ပြီး ကြွေးကျော်လိုက်၏။
ထို့နောက် လုံထဲမှ ပြာများကို ပုလင်းတစ်ခုထဲ သေချာထည့်ယူကာ ခြံထဲမှ ဆွေးမျိုးသားချင်းများ အားလုံးကို ညကြီးမင်းကြီး အကုန်လိုက်နိုး၏။ အိမ်အပေါ်ထပ်တွင် သားသမီးနှင့် ချွေးမများအားလုံး စုံလင်သောအခါ သူသည် ဝရံတာတွင် ရပ်လိုက်သည်။ အားလုံးကို နှုတ်ဆက် စကားပြော၏။
“ဒီနေ့ ဒီအချိန်ဟာ မင်းတို့ အဖေ့ကို နောက်ဆုံးတွေ့ရတာပဲ၊ အဖေနှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ လုပ်ငန်းဟာ ကနေ့အောင်မြင်ပြီ၊ သားတို့ သမီးတို့ကို နှုတ်ဆက်ပြီးတာနဲ့ ဟို ဟိမဝန္တာ တော်ထဲကို အဖေ တစ်သက်လုံး သွားနေတော့မယ်၊ ဟိုမှာ အဖေ့လိုပဲ ထွက်ရပ်လုပ်ငန်း အောင်မြင်သွားကြသူတွေ အများကြီးရှိတယ်၊ ဒါကြောင့် အဖေ့ကို နောက်ဆုံးအနေနဲ့ ကန်တော့နှုတ်ဆက်ကြ”
ပြာများ ကြုံးထည့်ခဲ့သော ချွေးမမှာ အမှောင်ထဲတွင် ပါးစပ်ကို လက်ကိုင်ပဝါနှင့်ပိတ်၍ ရယ်နေသောလည်း ကျန်လူများကား ဘာမှမသိကြသဖြင့် အဘိုးကြီးခိုင်းသည့်အတိုင်း လက်အုပ်ချီကာ ကန်တော့ လိုက်ကြ၏။ အဘိုးကြီးသည် မှာစရာ ရှိသည်များကို အတော်မှာကြားပြီးသည်နှင့် ပုလင်းထဲမှ ပြာအနည်းငယ်ကို လျှာပေါ်တင်လိုက်ပြီး ရေနှင့် သောက်ချလိုက်၏။ ထိုသို့ သောက်ပြီးသည်နှင့် ဝရံတာ လက်ရမ်းပေါ် တက်ရပ်ကာ ကောင်းကင်သို့ ခုန်တက်လိုက်၏။
အဘိုးကြီးသည် ပြဒါးပြာကို စားပြီးသည်နှင့် ဇင်ယော်ငှက်လေးကဲ့သို့ ကောင်းကင်တွင် ပျံသန်နိုင်မည်ဟု ထင်ရှာ၏။ တကယ်ဖြစ်သွားသည်ကား လက်ခြေများကို ကြိုးနှင့်စုတုတ်ထားသော ဝက်တစ်ကောင်ကို အိမ်ပေါ်မှာ ပစ်ချလိုက်သကဲ့သို့ပါပေတည်။ သူတို့အိမ်သည် တောင်စောင်း ခပ်ကျကျတွင် ဆောက်လုပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် အဘိုးကြီးသည် မြေကြီးပေါ်ကို အရှိန်နှင့် ဝက်ကျကျပြီးသည်နှင့် အောက်ဖက်သို့ လိမ့်ဆင်းသွားကာ ခြုံပုတ်ကြီး တစ်ခုထဲကို ဝင်သွား၏။ ပေါင်တစ်ချောင်း သွင်သွင်ကျိုးသွားသောကြောင့် ခြုံပုတ်ထဲတွင် ခေတ္တသတိလစ်သွား၏။ ထိုအခါမှ သားသမီးများလည်း ထိတ်ထိတ်ပြာပြာဖြစ်ကာ ဝိုင်းဝန်းရှာကြ၏။ မှောင်ကလည်း မှောင်၊ အဘိုးကြီးကလည်း ခြုံပုတ်ထဲရောက်နေသဖြင့် အတော်လေးကြာသည်အထိ မတွေ့ရသောအခါ သားသမီးများသည် စိတ်ပူလာပြီး “အဖေ၊ အဖေ ဘယ်နားမှာလဲ” ဟု အော်ဟစ်ခေါ်ကြ၏။ ဆယ်မိနစ်ကျော်ကျော်ခန့်ကြာသော အခါ အဘိုးကြီးသည် သတိရလာ၏။ သူ့ကို လှမ်းခေါ်နေသော အသံများကိုလည်း ကြားသွား၏။ ပိန်းပိတ်အောင် မှောင်နေသော ခြုံပုတ်ထဲတွင် သူ့ကိုယ်သူပင် ပြန်မမြင်ရ။ ထိုအခါ အဘိုးကြီး ထင်သွားသည်က ..
“သြော် .. ငါဓတ်ပြာ ဆေးတန်ခိုးကြောင့် ကိုယ်ပျောက်နေတာပဲ၊ ဒါကြောင့် သားတွေ သမီးတွေ ငါ့ကို မမြင်ကြတာနေမှာ” ဟုယုံကြည်သွားက ထိုအဘိုးကြီး လှမ်းအော်လိုက်သည်ကား …
“သားတို့ သမီးတို့ရေ .. ကြားစေ မြင်စေ အဖေဒီမှာ” ဟူ၏။
ဟိုတလောက လက်ဆောင်ရထားတဲ့ ဆရာတော် အရှင်ဇဝန၊ (မေတ္တာရှင်) ရွှေပြည်သာ ရေးသားသော“ထေရဝါဒ မှတ်ကျောက်” စာအုပ်မှ ဖတ်မိတာလေးကို ပြန်လည်မျှဝေပေးတာပါ။ .

May 21, 2011 ရက် ၊ 2:56pm တွင် ပန်းပျိုးလက် ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ဆက်ဖတ်ရန် >>>

Monday 23 May 2011

Who's first

ဟီးးး....ဟီး...............။
ဆက်ဖတ်ရန် >>>

Sunday 22 May 2011

သိချင်ဝယ်ဖတ် ဒဂျပ်(၁ိ/-)

၁။ စိုနေတဲ့ အ၀တ်တွေမြန်မြန်ခြောက်စေဖို့
   မျက်နှာသုတ်ပ၀ါထူထူနှစ်ထည်ရဲ့ကြားမှာ စိုနေတဲ့ အ၀တ်တွေကိုထားပါ။ ပြီးရင် ကြမ်းပြင်ပေါ်ချပြီး လေးလေးမှန်မှန်နင်းပေးပါ။ စိုထိုင်းမှုတွေကို မျက်နှာသုတ်ပ၀ါတွေက စုပ်ယူသွားတဲ့အတွက် အ၀တ်တွေ အရင်ကလောက်စိုနေတော့မှာ မဟုတ်တော့ပါဘူး။
၂။ နံနက်စောစော ဆန်ပြုတ်ပူပ
   ညစာထမင်းတွေပိုနေပြီဆိုရင် စိတ်မပူပါနဲ့။ ကျန်သမျှထမင်းအားလုံးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ မနက်ရောက်ပြီဆိုရင် သိမ်းထားတဲ့ ထမင်းကြမ်းကို ရေအသင့်အတင့်ထည့်ပြီး ဆန်ပြုတ်ဖြစ်လာတဲ့အထိ ကျိုပါ။ ကိုယ်နှစ်သက်ရာ အသား၊ ဒါမှမဟုတ် နို့၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ဆား စတာတွေထည့်ပါ။ ပူပူလေးနဲ့ အရသာရှိတဲ့ မနက်စာ ဆန်ပြုတ်ရပါပြီ။
၃။ ကျကွဲသွားတဲ့ ကြက်ဥတွေအတွက်

   ကြက်ဥ၊ ဘဲဥတွေ မတော်တဆကျကွဲသွားတဲ့အခါ ချွဲကျိကျိ၊ စိုဖတ်ဖတ်နဲ့ ရှင်းရ၊ သုတ်ရမလွယ်ကူတဲ့အတွက် စိတ်ညစ်ရပါတယ်။ အဲဒီအတွက် စိတ်ညစ်မနေနဲ့တော့။ ပေပွနေသမျှ အရည်၊ အနှစ်တွေပေါ်ကို ဆားများများဖြူးပြီး ၅မိနစ်လောက် ထားလိုက်ပါ။ ဆားဟာ အရည်၊ အနှစ်တွေကို ခြောက်စေတဲ့အတွက် ရှင်းရ၊ သုတ်ရ လွယ်ကူစေပါတယ်။
၎။ လှပစိုပြေ အသားအရေ
   အသားအရေခြောက်နေရင် ရေထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ထည့်ပြီး ရေချိုးပါ။ အသားအရေစိုပြည်လာပါလိမ့်မယ်။ အဆီပြန်တဲ့ အသားအရေဆိုရင်တော့ ရေထဲကို ဆားနည်းနည်းထည့်ပြီး ရေချိုးပါ။

၅။ ခရီးဆောင် ခရင်မ်ဘူး
   မျက်ကပ်မှန်ထည့်တဲ့ ဘူးအဟောင်းရဲ့ အသုံးဝင်ပုံကို သိချင်ပါသလား။ ခရီးသွားတဲ့အခါ နေ့လိမ်းနဲ့ ညလိမ်း ကရင်မ်တွေ ထည့်ယူသွားနိုင်ပါတယ်။ အလွယ်တကူ အဆင်တပြေသုံးနိုင်တဲ့ ပစ္စည်းလေးပါ။


၆။ ဆီသုတ်သတင်းစာ
   သားငါးတွေကို ဆီများများနဲ့ ကြော်ပြီးတဲ့အခါ ဒယ်အိုးကို စင်ကြယ်အောင် ဆေးဖို့ခက်ပါတယ်။ နည်းသိရင်တော့ လွယ်ပါတယ်တဲ့။ သတင်းစာကို လုံးခြေပြီး ဆီတွေကို ၁ကြိမ်၊ ၂ကြိမ်လောက် အရင်ဆုံးသုတ်ပစ်ပါ။ ရွှဲနေတဲ့ဆီတွေ တော်တော်စင်သွားပြီဆိုမှ ဆပ်ပြာရည်နဲ့ ဆေးကြောပစ်လိုက်ပါ။ လွယ်ကူပြီး ဆပ်ပြာရည် အကုန်သက်သာစေတဲ့နည်းပေါ့။


၈။ ငရုတ်သီးလှီးပြီးရင် လက်မပူရအောင်
   ငရုတ်သီးမလှီးခင် လက်ကို ဟင်းရွက်ဆီနည်းနည်းသုတ်လိမ်းထားပါ။ လှီးပြီးပြီးချင်း လက်ကိုရေဆေးပါ။
၉။ ကြွေထည်နဲ့ လက်သည်းဖျက်ဆေး
   ကြွေထည်တွေမှာ ပွန်းပဲ့ရာတွေ၊ အက်ရာတွေထင်ပြီး အရောင်မှိန်နေပြီဆိုရင် အဲဒီနေရာတွေကို လက်သည်းဖျက်ဆေး ခပ်ထူထူလေး သုတ်ထားပေးပါ။ အက်ကြောင်းတွေထဲမှာ ပိုးမွှားပေါက်ပွားတာကို ကာကွယ်နိုင်သလို အရောင်မှိန်တာမှလည်း သက်သာစေပါတယ်။
၁၀။ ကြယ်သီးစုမယ်
   ဘလောက်စ်အင်္ကျီအဟောင်းတွေကို မ၀တ်တော့ဘူးဆိုရင် ဒီအတိုင်းလွှင့်မပစ်ပါနဲ့။ ကြယ်သီးတွေကို ဖြုတ်ယူပြီး တွယ်ချိတ်ခပ်ကြီးကြီးမှာ စွပ်ထားပါ။ ဒါမှ အင်္ကျီတစ်ထည်ထည်အတွက် ကြယ်သီးလိုလာရင် အလွယ်တကူ သုံးနိုင်ပါလိမ့်မယ်။ ကြယ်သီးတွေစွပ်ထားတဲ့ ချိပ်ကြီးတော့ ပျောက်မသွားစေနဲ့နော်။ (ငယ်အကြံပေးရရင်တော့ လူငယ်တွေအတွက်လည်း အ၀တ်၊ ဒါမှမဟုတ် အိတ်တွေမှာ စတိုင်လ်ထုတ်တဲ့အနေနဲ့ ကြယ်သီးမျိုးစုံတပ်ပြီး လန်းလို့ရမယ်ထင်ပါတယ်နော်။)


 မီးပူတိုက်ရမှာ ပျင်းရင်
          မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းလေး တစ်ခုပေးချင်ပါတယ်။လျှော်ပြီးသားအ၀တ်ကို ရေထဲမှာ ၁၀မိနစ်
လောက် ကြာအောင်စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အကျီ င်္ချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ခြောက်သွားတဲ့ အကျီ င်္ကို မီးပူတိုက်စရာ
မလိုဘဲ ၀တ်နိုင်ပါတယ်။

ကော်တွေခွာမယ်
သင့်လက်ချောင်းတွေမှာ ကော်တွေ ခွာမရအောင် ကပ်နေပြီလား။ စိတ်မညစ်နဲ့။ လက်ချောင်းလေးတွေကို ရှလကာရည် စိမ်ထားတဲ့ အ၀တ်စတစ်စနဲ့ ပွတ်ပေးပါ။ ကပ်နေသမျှကော်တွေ ကွာသွားပါလိမ့်မယ်။



မူလအရောင်ပြန်ရမယ့်ခြေအိတ
                           အ၀တ်လျှော်စက်ထဲမှာ အကုန်ရောထည့်လျှော်တာကြောင့် ခြေအိတ်တွေ အရောင်ပြောင်းကုန်လို့ စိတ်ညစ်နေပါသလား။ အိုးတစ်အိုးထဲမှာ ရေထည့်၊ အဲဒီခြေအိတ်တွေထည့်၊ ရှောက်သီးနှစ်ကွင်း သုံးကွင်းလောက်ထည့်
ပြီး ပြုတ်လိုက်ပါ။ သဘာဝအရောင်ချွတ်ဆေး ဖြစ်တဲ့ ရှောက်သီးကြောင့် မူလအရောင်ပြန်ရလာပါလိမ့်မယ်။



အသားအရည်တွေမွဲခြောက်ခြောက်ဖြစ်နေရင်...........
            နေလောင်ဒဏ်ကြောင့် အသားအရေတွေမွဲခြောက်ခြောက်ဖြစ်နေရင်....ထောပတ်သီးအမည့်ကို အနစ်တွေယူပြီး ..မျက်နှာရဲ့ နေရာအနှံမှာ
သုတ်လိမ်းပြီး ..တစ်ညအိပ်လိုက်ပါ..မနက်မိုးလင်းတဲ့အခါ ကြိုက်တဲ့မျက်နှာသစ်ဆပ်ပြာနဲ့..မျက်နှာသစ်လိုက်၇င်..နူးညံပြီး အသားအေ၇တင်းတင်းလေးဖြစ်နေ
တဲ့သင့်မျက်နှာလေးကို..စိတ်ကျေနပ်စွာတွေ့မိပါလိမ့်မယ်..ချစ်ဖြူတော့အဲလိုလုပ်နေကျပါ..မျက်နှာပေါင်းတင်ဆေးတွေသုံးတာ..ချစ်ဖြူ ကအရည်ပြားပါး
တော့ နေပူတာနဲ့ မျက်နှာကနီသွားတာ..အဲဒါနဲ့ဒီနည်းကိုသူငယ်ချင်းတစ်ယောက်ကပေးလို့ ချစ်ဖြူ လုပ်ကြည့်တာမစဉ်ပြေပြီး ငွေကုန်သက်သာတဲ့အတွက်
တင်ပြလိုက်ပါတယ်.........

 
 ရေခဲရေလောင်းရမယ့်သစ်ပင

                       အိမ်ထဲမှာ သစ်ပင်လှလှလေးတွေ  စိုက်တာကတော့ ကောင်းပါရဲ့။ ရေလောင်းရတာ အခက်ကြုံနေတယ်လို့ဆိုသူတွေ တစ်ပုံကြီးရှိနေပါတယ်။ ပန်းအိုးထဲက စိမ့်ထွက်ကျလာမယ့် ရေကွက်တွေက အိမ်ကြမ်း
ပြင်အလှကို ပျက်စေတာကိုး။ လွယ်ပါတယ်။ နောက်တစ်ခါဆို ရေမလောင်းပဲ ရေခဲပဲလောင်းပေတော့။ ရေခဲတုံးလေးတွေကို ထည့်ထားပေးရင် ရေဝေါကနဲလောင်းချလိုက်တုန်းကလို မဖြစ်တော့ဘူးပေါ့။ ရေခဲတုံးလေးလည်း
တဖြည်းဖြည်းပျော်၊ အပင်လည်း ရေစုပ်လို့ရ၊ကြမ်းပြင်လည်း အကွက်မထ ၊ဘယ်လောက်ကောင်းသလဲ။

ဖိနပ်မပွန်းအောင
                 ရှူးဖိနပ်အတွင်းသားအောက်ခံ (insole) တွေကြောင့် သင့်ဖနောင့်တွေပွန်းစားတာ၊ နာတာ၊ ဖြစ်နေပါသလား။
                 ရှူးဖိနပ် အတွင်းဘက် ဖနောင့်နေရာကို ဖယောင်းတစ်ခဲနဲ့ တိုက်လိုက်ပါ။ သွားရလာရတာ အဆင်ပြေသွားပါလိမ့်မယ်။

ဆားမရှိရင် ဂျင်းမစိမ်ပါနဲ့

                ဂျင်းဘောင်းဘီတွေ ဂျင်းအင်္ကျီတွေကို လျှော်ပြီးသွားလို့ ခြောက်သွေ့သွားတဲ့အခါ ၀တ်ကြည့်ရင်  မာခေါက်ခေါက်နဲ့မို့ အသားကို ရှစေပါသလား။ အဲဒီလိုမဖြစ်ရအောင် လျှော်တဲ့အခါ ဆပ်ပြာမစိမ်ခင်  ဆားတစ်ပန်းကန် ထည့်ဖျော်ထားတဲ့ ရေထဲမှာ အရင်စိမ်ပေးရပါမယ်။

   သားရေတွေပြောင်လာစေဖို့
       
            သားရေအိတ်၊ သားရေဂျာကင်တွေ ဟောင်းပြီး အရောင် မှိန်လာတယ် ဆိုရင် အ၀တ်စကို သံပုရာရည် နည်းနည်းဆွတ်ပြီး သားရေပေါ် သုတ်ပေးပါ။

ကတ္တရာကို ဖျောက်နိုင်တာက..............
         
           အ၀တ်အစားတွေ ကတ္တရာ စွန်းရင် ယူကလစ်ဆီ သုတ်လိမ်းပြီး လျှော်ကြည့်ပါ။ ပြောင်သွားပါလိမ့်မယ်။
 ကြာကြာခံမယ့်နို့
           သင့်ရဲ့နို့ပုလင်းကို ရက်အနည်းငယ် ပိုကြာရှည်ခံဖို့ဆိုရင် ဆားတစ်တို့လောက် ရောထည့်ထားလိုက်ပါ။
အဲဒီဆားဟာ နို့ရဲ့ အရသာကို မပျက်ပြယ်စေပါဘူး။ အချိန်မကျသေးဘဲ ပျက်စီးမသွားဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

  အလှမပျက်စေချင်လို့

           ကိတ်မုန့်ပေါ်က ခရင်မ်တွေကို အလှမပျက်ဘဲ လှီးချင်ရင် ကိတ်မုန့် မလှီးခင်
ဓားကို ဆူပွက်နေတဲ့ ရေထဲမှာ နွေးအောင် လုပ်ပြီးမှ လှီးပါ။ အစအနတွေမပဲ့ဘဲ သေသပ်တဲ့
ကိတ်မုန့်ချပ်လေးတွေကို ရပါလိမ့်မယ်။

ဆက်ဖတ်ရန် >>>