ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Thursday 26 May 2011

သင်ခန်းစာ

တစ်နေ့မှာပေါ့ဗျာ လက်ထောက်မန်နေဂျာရယ် မန်နေဂျာကြီးရယ်ဘော့စ်ရယ် သုံးယောက် အစည်းအဝေးသွားဖို့ တူတူထွက်လာကြသတဲ့။ လမ်းမှာ အာလာဒင်မီးခွက်တစ်လုံး ကောက်ရကြသတဲ့။

အဲဒီမှာသူတို့ကလည်း မီးခွက်ကို ပုံပြင်ထဲကလို ပွတ်ကြသတဲ့။ ဘီလူးများ ထွက်လာမလားလို့ပေါ့။ တကယ်ပဲ ဘီလူးတစ်ကောင် ထွက်လာတယ်ဗျ။ ဘီလူးကလည်း သူတို့သုံးယောက်ကိုတွေ့ရော ကဲ ပုံမှန်ကတော့ မီးခွက်ကိုပွတ်တဲ့သူက ဆု သုံးခုတောင်းခွင့်ရှိတယ်ပေါ့ ခက်တာက မင်းတို့က သုံးယောက်ဆိုတော့ တစ်ယောက်တစ်ခုတောင်းကြ ငါဖြည့်ဆည်းပေးမယ်လို့ ပြောသတဲ့။
အဲဒီမှာ ပထမဆုံး မန်နေဂျာကြီးက အော်သတဲ့ငါအရင်တောင်းမယ်ငါအရင်တောင်းမယ်လို့ ပြောပြီးတော့အခုချက်ချင်း ဘာလီကျွန်းမှာသွားအပန်းဖြေမယ် ရွက်လှေတစ်စင်းနဲ့ အပူအပင်ကင်းကင်းရောက်အောင် ပို့ပေး လို့ ဆုတောင်းသတဲ့အဲဒီတော့

ဘီလူးကလည်း မောင်မင်း ဆုတောင်းပြည့်စေ လို့ ပြောလိုက်တာနဲ့ ရှူး ဆိုပြီး မန်နေဂျာကြီး နေရာကနေ ပျောက်သွားသတဲ့ ဘာလီကျွန်းကို ရောက်သွားတာပေါ့လေ။
အဲ...မန်နေဂျာကြီးလည်း ပျောက်သွားရော လက်ထောက်မန်နေဂျာကြီးက ငြိမ်မနေနိုင်တော့ဘဲ ထအော်သတဲ့ငါကတော့ ငွေဆောင်ကမ်းခြေကို ခုချက်ခြင်းရောက်ပြီး မိန်းမလှလေးတွေ၊ အစားအသောက်၊ အရက်ပေါင်းစုံနဲ့ အပန်းဖြေချင်တယ် လို့ ဆုတောင်းသတဲ့။ ဘီလူးကလည်းခုနလိုပဲ မောင်မင်းဆုတောင်းပြည့်စေ ဆိုပြီး ပြောသတဲ့။ အဲဒီအခါ လက်ထောက်မန်နေဂျာကြီးလည်း ရှူး ဆို ပျောက်သွားပြန်ရောပေါ့ ဆုတောင်းတွေပြည့်ကုန်ကြတာလေ။

နောက်ဆုံး ဘော့စ် တစ်ယောက်တည်းလည်း ကျန်ရော ဘီလူးက ဘာဆုတောင်းမှာလည်းပေါ့။ ဘော့စ်က အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်ကဲဘီလူးရေဟိုငတုံးနှစ်ကောင်ကို ထမင်းစားချိန် ပြီးရင် ရုံးကိုပြန်လာဖို့ ပြန်ခေါ်လိုက်စမ်းပါတဲ့။

သင်ခန်းစာ ။ ဘော့စ်ကို ပထမဆုံး စကားပြောခွင့်ပေးရမည်။ သင် အရင်မပြောသင့်။

ပြောချင်တာက
အသက် ၉၀ အရွယ်ရှိ အဘိုးအို တယောက် ဆေးခန်းသို့ လာ၍ ဆရာဝန်အားပြောသည်။

အဘိုးအို ။ ။ ကျွန်တော့်မှာ အသက် ၁၈ နှစ်အရွယ် မိန်းမရှိပါတယ်ခင်ဗျာ။ အခု သူ ကိုယ်ဝန် ရှိနေလို့ပါဆရာ။ ဆရာ့ အနေနဲ့ ဘယ်လိုများ မြင်သလဲခင်ဗျာ၊

ဆရာဝန် သည် ခဏ တွေးတောပြီးနောက်

ဆရာဝန် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် တခုပြောပြမယ်နော်။ ကျွန်တော့မှာ အရမ်းခင်ရတဲ့ သူငယ်ချင်း တယောက်ရှိပါတယ်။ သူက အမဲ လိုက်ရာမှာ အရမ်း စိတ်အားထက်သန်တယ်ခင်ဗျ။ တနေ့ သူအမဲ လိုက်ဖို့လောလော လောလော နဲ့ထွက်သွားတုန်း ထီးရှည်တချောင်း ကို အမဲပစ် သေနတ် အဖြစ်နဲ့ မှားဆွဲသွားပါတယ်။ တောထဲ ရောက်တော့ ယုန်လေး တကောင် စမ်းချောင်းနားမှာ ထိုင်နေတာတွေတော့ စောစောက ယူလာတဲ့ ထီးနဲ တည့်တည့် ချိန်ပြီး သေနက် အောက်မေ့လို့ ပစ်လိုက်ပါတယ်။ အဲဒီ ထီးနဲတည့်တည့် ချိန်ပြီး ပစ်လိုက်တယ် ဆိုရင်ပဲ ဒိုင်း ဆို တဲ့ အသံနဲအတူ ယုံကလေး သေနတ် မှန်ပြီး သေသွားပါတယ်ခင်ဗျာ။ ဒီကိစ္စ ကို အဘိုးအနေနဲ့ဘယ်လို မြင်ပါသလဲခင်ဗျာ။

အဘိုးအို ။ ။ ဒါများ ဆရာရယ်။ ဒီကြား ထဲမှာ တယောက်ယောက်က ဆော်ထည့်လိုက်လို့နေမှာပေါ့။

ဆရာဝန် ။ ။ ဟုတ်ကဲ့ ကျွန်တော် ပြောချင်တာလဲ အဲဒါပါဘဲ ခင်ဗျာ။
 Red Devilရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

No comments:

Post a Comment