ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 22 May 2011

သိချင်ဝယ်ဖတ် ဒဂျပ်(၁ိ/-)

၁။ စိုနေတဲ့ အ၀တ်တွေမြန်မြန်ခြောက်စေဖို့
   မျက်နှာသုတ်ပ၀ါထူထူနှစ်ထည်ရဲ့ကြားမှာ စိုနေတဲ့ အ၀တ်တွေကိုထားပါ။ ပြီးရင် ကြမ်းပြင်ပေါ်ချပြီး လေးလေးမှန်မှန်နင်းပေးပါ။ စိုထိုင်းမှုတွေကို မျက်နှာသုတ်ပ၀ါတွေက စုပ်ယူသွားတဲ့အတွက် အ၀တ်တွေ အရင်ကလောက်စိုနေတော့မှာ မဟုတ်တော့ပါဘူး။
၂။ နံနက်စောစော ဆန်ပြုတ်ပူပ
   ညစာထမင်းတွေပိုနေပြီဆိုရင် စိတ်မပူပါနဲ့။ ကျန်သမျှထမင်းအားလုံးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ မနက်ရောက်ပြီဆိုရင် သိမ်းထားတဲ့ ထမင်းကြမ်းကို ရေအသင့်အတင့်ထည့်ပြီး ဆန်ပြုတ်ဖြစ်လာတဲ့အထိ ကျိုပါ။ ကိုယ်နှစ်သက်ရာ အသား၊ ဒါမှမဟုတ် နို့၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ဆား စတာတွေထည့်ပါ။ ပူပူလေးနဲ့ အရသာရှိတဲ့ မနက်စာ ဆန်ပြုတ်ရပါပြီ။
၃။ ကျကွဲသွားတဲ့ ကြက်ဥတွေအတွက်

   ကြက်ဥ၊ ဘဲဥတွေ မတော်တဆကျကွဲသွားတဲ့အခါ ချွဲကျိကျိ၊ စိုဖတ်ဖတ်နဲ့ ရှင်းရ၊ သုတ်ရမလွယ်ကူတဲ့အတွက် စိတ်ညစ်ရပါတယ်။ အဲဒီအတွက် စိတ်ညစ်မနေနဲ့တော့။ ပေပွနေသမျှ အရည်၊ အနှစ်တွေပေါ်ကို ဆားများများဖြူးပြီး ၅မိနစ်လောက် ထားလိုက်ပါ။ ဆားဟာ အရည်၊ အနှစ်တွေကို ခြောက်စေတဲ့အတွက် ရှင်းရ၊ သုတ်ရ လွယ်ကူစေပါတယ်။
၎။ လှပစိုပြေ အသားအရေ
   အသားအရေခြောက်နေရင် ရေထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ထည့်ပြီး ရေချိုးပါ။ အသားအရေစိုပြည်လာပါလိမ့်မယ်။ အဆီပြန်တဲ့ အသားအရေဆိုရင်တော့ ရေထဲကို ဆားနည်းနည်းထည့်ပြီး ရေချိုးပါ။

၅။ ခရီးဆောင် ခရင်မ်ဘူး
   မျက်ကပ်မှန်ထည့်တဲ့ ဘူးအဟောင်းရဲ့ အသုံးဝင်ပုံကို သိချင်ပါသလား။ ခရီးသွားတဲ့အခါ နေ့လိမ်းနဲ့ ညလိမ်း ကရင်မ်တွေ ထည့်ယူသွားနိုင်ပါတယ်။ အလွယ်တကူ အဆင်တပြေသုံးနိုင်တဲ့ ပစ္စည်းလေးပါ။


၆။ ဆီသုတ်သတင်းစာ
   သားငါးတွေကို ဆီများများနဲ့ ကြော်ပြီးတဲ့အခါ ဒယ်အိုးကို စင်ကြယ်အောင် ဆေးဖို့ခက်ပါတယ်။ နည်းသိရင်တော့ လွယ်ပါတယ်တဲ့။ သတင်းစာကို လုံးခြေပြီး ဆီတွေကို ၁ကြိမ်၊ ၂ကြိမ်လောက် အရင်ဆုံးသုတ်ပစ်ပါ။ ရွှဲနေတဲ့ဆီတွေ တော်တော်စင်သွားပြီဆိုမှ ဆပ်ပြာရည်နဲ့ ဆေးကြောပစ်လိုက်ပါ။ လွယ်ကူပြီး ဆပ်ပြာရည် အကုန်သက်သာစေတဲ့နည်းပေါ့။


၈။ ငရုတ်သီးလှီးပြီးရင် လက်မပူရအောင်
   ငရုတ်သီးမလှီးခင် လက်ကို ဟင်းရွက်ဆီနည်းနည်းသုတ်လိမ်းထားပါ။ လှီးပြီးပြီးချင်း လက်ကိုရေဆေးပါ။
၉။ ကြွေထည်နဲ့ လက်သည်းဖျက်ဆေး
   ကြွေထည်တွေမှာ ပွန်းပဲ့ရာတွေ၊ အက်ရာတွေထင်ပြီး အရောင်မှိန်နေပြီဆိုရင် အဲဒီနေရာတွေကို လက်သည်းဖျက်ဆေး ခပ်ထူထူလေး သုတ်ထားပေးပါ။ အက်ကြောင်းတွေထဲမှာ ပိုးမွှားပေါက်ပွားတာကို ကာကွယ်နိုင်သလို အရောင်မှိန်တာမှလည်း သက်သာစေပါတယ်။
၁၀။ ကြယ်သီးစုမယ်
   ဘလောက်စ်အင်္ကျီအဟောင်းတွေကို မ၀တ်တော့ဘူးဆိုရင် ဒီအတိုင်းလွှင့်မပစ်ပါနဲ့။ ကြယ်သီးတွေကို ဖြုတ်ယူပြီး တွယ်ချိတ်ခပ်ကြီးကြီးမှာ စွပ်ထားပါ။ ဒါမှ အင်္ကျီတစ်ထည်ထည်အတွက် ကြယ်သီးလိုလာရင် အလွယ်တကူ သုံးနိုင်ပါလိမ့်မယ်။ ကြယ်သီးတွေစွပ်ထားတဲ့ ချိပ်ကြီးတော့ ပျောက်မသွားစေနဲ့နော်။ (ငယ်အကြံပေးရရင်တော့ လူငယ်တွေအတွက်လည်း အ၀တ်၊ ဒါမှမဟုတ် အိတ်တွေမှာ စတိုင်လ်ထုတ်တဲ့အနေနဲ့ ကြယ်သီးမျိုးစုံတပ်ပြီး လန်းလို့ရမယ်ထင်ပါတယ်နော်။)


 မီးပူတိုက်ရမှာ ပျင်းရင်
          မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းလေး တစ်ခုပေးချင်ပါတယ်။လျှော်ပြီးသားအ၀တ်ကို ရေထဲမှာ ၁၀မိနစ်
လောက် ကြာအောင်စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အကျီ င်္ချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ခြောက်သွားတဲ့ အကျီ င်္ကို မီးပူတိုက်စရာ
မလိုဘဲ ၀တ်နိုင်ပါတယ်။

ကော်တွေခွာမယ်
သင့်လက်ချောင်းတွေမှာ ကော်တွေ ခွာမရအောင် ကပ်နေပြီလား။ စိတ်မညစ်နဲ့။ လက်ချောင်းလေးတွေကို ရှလကာရည် စိမ်ထားတဲ့ အ၀တ်စတစ်စနဲ့ ပွတ်ပေးပါ။ ကပ်နေသမျှကော်တွေ ကွာသွားပါလိမ့်မယ်။



မူလအရောင်ပြန်ရမယ့်ခြေအိတ
                           အ၀တ်လျှော်စက်ထဲမှာ အကုန်ရောထည့်လျှော်တာကြောင့် ခြေအိတ်တွေ အရောင်ပြောင်းကုန်လို့ စိတ်ညစ်နေပါသလား။ အိုးတစ်အိုးထဲမှာ ရေထည့်၊ အဲဒီခြေအိတ်တွေထည့်၊ ရှောက်သီးနှစ်ကွင်း သုံးကွင်းလောက်ထည့်
ပြီး ပြုတ်လိုက်ပါ။ သဘာဝအရောင်ချွတ်ဆေး ဖြစ်တဲ့ ရှောက်သီးကြောင့် မူလအရောင်ပြန်ရလာပါလိမ့်မယ်။



အသားအရည်တွေမွဲခြောက်ခြောက်ဖြစ်နေရင်...........
            နေလောင်ဒဏ်ကြောင့် အသားအရေတွေမွဲခြောက်ခြောက်ဖြစ်နေရင်....ထောပတ်သီးအမည့်ကို အနစ်တွေယူပြီး ..မျက်နှာရဲ့ နေရာအနှံမှာ
သုတ်လိမ်းပြီး ..တစ်ညအိပ်လိုက်ပါ..မနက်မိုးလင်းတဲ့အခါ ကြိုက်တဲ့မျက်နှာသစ်ဆပ်ပြာနဲ့..မျက်နှာသစ်လိုက်၇င်..နူးညံပြီး အသားအေ၇တင်းတင်းလေးဖြစ်နေ
တဲ့သင့်မျက်နှာလေးကို..စိတ်ကျေနပ်စွာတွေ့မိပါလိမ့်မယ်..ချစ်ဖြူတော့အဲလိုလုပ်နေကျပါ..မျက်နှာပေါင်းတင်ဆေးတွေသုံးတာ..ချစ်ဖြူ ကအရည်ပြားပါး
တော့ နေပူတာနဲ့ မျက်နှာကနီသွားတာ..အဲဒါနဲ့ဒီနည်းကိုသူငယ်ချင်းတစ်ယောက်ကပေးလို့ ချစ်ဖြူ လုပ်ကြည့်တာမစဉ်ပြေပြီး ငွေကုန်သက်သာတဲ့အတွက်
တင်ပြလိုက်ပါတယ်.........

 
 ရေခဲရေလောင်းရမယ့်သစ်ပင

                       အိမ်ထဲမှာ သစ်ပင်လှလှလေးတွေ  စိုက်တာကတော့ ကောင်းပါရဲ့။ ရေလောင်းရတာ အခက်ကြုံနေတယ်လို့ဆိုသူတွေ တစ်ပုံကြီးရှိနေပါတယ်။ ပန်းအိုးထဲက စိမ့်ထွက်ကျလာမယ့် ရေကွက်တွေက အိမ်ကြမ်း
ပြင်အလှကို ပျက်စေတာကိုး။ လွယ်ပါတယ်။ နောက်တစ်ခါဆို ရေမလောင်းပဲ ရေခဲပဲလောင်းပေတော့။ ရေခဲတုံးလေးတွေကို ထည့်ထားပေးရင် ရေဝေါကနဲလောင်းချလိုက်တုန်းကလို မဖြစ်တော့ဘူးပေါ့။ ရေခဲတုံးလေးလည်း
တဖြည်းဖြည်းပျော်၊ အပင်လည်း ရေစုပ်လို့ရ၊ကြမ်းပြင်လည်း အကွက်မထ ၊ဘယ်လောက်ကောင်းသလဲ။

ဖိနပ်မပွန်းအောင
                 ရှူးဖိနပ်အတွင်းသားအောက်ခံ (insole) တွေကြောင့် သင့်ဖနောင့်တွေပွန်းစားတာ၊ နာတာ၊ ဖြစ်နေပါသလား။
                 ရှူးဖိနပ် အတွင်းဘက် ဖနောင့်နေရာကို ဖယောင်းတစ်ခဲနဲ့ တိုက်လိုက်ပါ။ သွားရလာရတာ အဆင်ပြေသွားပါလိမ့်မယ်။

ဆားမရှိရင် ဂျင်းမစိမ်ပါနဲ့

                ဂျင်းဘောင်းဘီတွေ ဂျင်းအင်္ကျီတွေကို လျှော်ပြီးသွားလို့ ခြောက်သွေ့သွားတဲ့အခါ ၀တ်ကြည့်ရင်  မာခေါက်ခေါက်နဲ့မို့ အသားကို ရှစေပါသလား။ အဲဒီလိုမဖြစ်ရအောင် လျှော်တဲ့အခါ ဆပ်ပြာမစိမ်ခင်  ဆားတစ်ပန်းကန် ထည့်ဖျော်ထားတဲ့ ရေထဲမှာ အရင်စိမ်ပေးရပါမယ်။

   သားရေတွေပြောင်လာစေဖို့
       
            သားရေအိတ်၊ သားရေဂျာကင်တွေ ဟောင်းပြီး အရောင် မှိန်လာတယ် ဆိုရင် အ၀တ်စကို သံပုရာရည် နည်းနည်းဆွတ်ပြီး သားရေပေါ် သုတ်ပေးပါ။

ကတ္တရာကို ဖျောက်နိုင်တာက..............
         
           အ၀တ်အစားတွေ ကတ္တရာ စွန်းရင် ယူကလစ်ဆီ သုတ်လိမ်းပြီး လျှော်ကြည့်ပါ။ ပြောင်သွားပါလိမ့်မယ်။
 ကြာကြာခံမယ့်နို့
           သင့်ရဲ့နို့ပုလင်းကို ရက်အနည်းငယ် ပိုကြာရှည်ခံဖို့ဆိုရင် ဆားတစ်တို့လောက် ရောထည့်ထားလိုက်ပါ။
အဲဒီဆားဟာ နို့ရဲ့ အရသာကို မပျက်ပြယ်စေပါဘူး။ အချိန်မကျသေးဘဲ ပျက်စီးမသွားဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

  အလှမပျက်စေချင်လို့

           ကိတ်မုန့်ပေါ်က ခရင်မ်တွေကို အလှမပျက်ဘဲ လှီးချင်ရင် ကိတ်မုန့် မလှီးခင်
ဓားကို ဆူပွက်နေတဲ့ ရေထဲမှာ နွေးအောင် လုပ်ပြီးမှ လှီးပါ။ အစအနတွေမပဲ့ဘဲ သေသပ်တဲ့
ကိတ်မုန့်ချပ်လေးတွေကို ရပါလိမ့်မယ်။

No comments:

Post a Comment