ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Saturday 4 June 2011

ဝက်သား ဒုတ်ထိုး လုပ်စားကြစို့ 

ကျနော်တို့ ငယ်ငယ်က နွေရာသီကျောင်းပိတ်လို့ ရွာကိုပြန်တော့ ကျနော့အဖေကမေးတယ်တဲ့၊
သားတို့ …မင်းတို့ ကြီးလာရင် ဘာလုပ်စားကြမလဲကွတဲ့ (ကျနော်တော့  မမှတ်မိပါဘူး ၊လူကြီးတွေပြန်ပြောပြလို့ )
အမေ့ ရင်ခွင်ထဲဝင်ချွဲနေတဲ့  အငယ်ဆုံးသားကျနော်က အရင်ဆုံးခုန်ထပြီး ဖြေလိုက်တော့  (သားတွေကို
ဆရာဝန် အင်္ဂျင်နီယာ၊စစ်ဗိုလ်ဖြစ်စေချင်တဲ့  ကျနော့အဖေ ပက်လက်လန်သွားတယ်ဆိုဘဲ)။
ပြန်ပြောရမှာတော့ ခပ်ရှက်ရှက်ဘဲ ။ကျနော် ဖြေလိုက်တာက…

’’ ဘိန်းမုန့်  ဖုတ်စားမယ် ဖေဖေ ’’ တဲ့ ။
ဘာဘဲပြောပြော ခုထိစိတ်တော့ မလျော့ သေးပါဘူး။
ကဲဗျာ..၀က်သားဒုတ်ထိုးဘဲ လုပ်စားလိုက်တော့ မယ်ဗျို့ ။




လိုတာကတော့ 

၁။ ၀က်အူစုံ၊ကျောက်ကပ်၊သရက်ရွက်၊
ဝက်ပါးသား၊၀က်နားရွက်၊၀က်ပါးသား၊၀က်နားရွက် ၁- ပိဿာ

၂။ တောအရက်(ပထမဦးရေ)ပြင်းပြင်း ၁- ပုလင်း

၃။ ရေသန့်  ၃- ပုလင်း

၎။ သကြား( ကြွေဇွန်း ) ၅- ဇွန်း

၅။ ငရုပ်ကောင်းမှုန့် (ကြွေဇွန်း) ၃-ဇွန်း

၆။ ငရုပ်ကောင်း အစေ့လိုက်(ကြွေဇွန်း) ၂-ဇွန်း

၇။ ကြက် နုနုတစ်ကောင်(အရေခွံချွတ်ပြီး) ၇၀-ကျပ်သားခန့် 

၈။ ချင်း လက် ၂-ဆစ်

၉။ ဆား အနည်းငယ်

ချက်ပြုတ်နည်း

၁။ မြေအိုး(ခပ်ရွယ်ရွယ်)တစ်လုံးကို သန့် စင်အောင်ရေဆေးပြီး မြေသင်းနံ့ ပျောက်အောင် နေပူတွင်
လှန်းထားပေးပါ။(မြေအိုး အသစ်ဖြစ်လျှင်ပိုကောင်းသည်)

၂။ ထိုမြေအိုးထဲသို့  အခွန်သင်၍ ဓါးပြားရိုက်ထားသော ချင်း၊ ငရုပ်ကောင်းစေ့ ၊
ငှက်ပျောဖူးပုလင်းဖြင့် တောအရက် ၁-လုံး၊ရေ ၃-ပုလင်းထည့်လိုက်ပါ။

၃။ ကြက်တစ်ကောင်လုံး အရိုးများကျိုးကြေသွားအောင် နာနာထုရိုက်ပေးပါ။

၎။ ထိုကြက်ကောင်ကို ရေလုံးဝမထိပါစေနှင့်၊ ပြီးလျှင် ဓါးဖြင့်အနည်းငယ်မွှန်းပြီး ဆားအနည်းငယ်၊
ငရုပ်ကောင်းမှုန့် များများဖြင့် ၁၅မိနစ်ခန့် နာနာနယ်ထားပေးပါ။

၅။ ပြီးလျှင် အိုးထဲအကောင်လိုက်ထည့်ပြီး မီးမျှင်မျှင်ဖြင့် ၁၀-နာရီကြာအောင် ပြုတ်ရမည်။
ထိုသို့ ပြုတ်ပြီးသောအခါ ကြက်အကောင်ကို ဆယ်ယူပါ။(ကြက်အသား၊အရိုးတို့ တွင်အချိုရည်လုံးဝမရှိတော့ပါ)

၆။ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် တို့ ဖြင့်နယ်ထားသော ၀က်သားများကို ကြက်ပြုတ်အိုးထဲထည့်ပြီး
မီးမျှင်မျှင်ဖြင့် ၆-နာရီကြာအောင် ပြုတ်ရမည်။

၇။ ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပါ။ ဆီပွက်ပွက်ဆူလာလျှင် သကြားခပ်၊

အရက်မွှေး အနည်းငယ်ထည့်ပြီး အချိုရည်များဝင်နေသော ၀က်သားများကို အိုးကပ်လှိမ့်ပါ။ ထောင်းထားသော ချင်း၊ ငရုပ်ကောင်းမှုန့် ၊ ပဲငံပြာရည်(အနောက်) တို့ ကိုရောစပ်ပြီးထည့်လျှင် အနီရောင်သန်းလာပြီး မွှေးကြိုင်သင်းပျံ့  သော ၀က်သားဒုတ်ထိုးကို ရပါပြီ။


မှတ်ချက်။ ။ဒီနည်းစနစ်ဟာ professional ၀က်သားဒုတ်ထိုးသည်ရဲ့  လျှို့ ဝှက်recipe ပါ။

ကြက်ပြုတ်နေတုန်းမှာ အရက်နံ့ တစ်ထောင်းထောင်းထွက်နေလိမ့်မယ်နော့ ။ မစိုးရိမ်ပါနဲ့ ။
ကြက်ပြုတ်အချိုရည်ဟာ ခုနှစ်ကြိမ်တိတိ သုံးနိုင်ပါတယ်။
ဝက်သားဒုတ်ထိုး ဘယ်လောက်ကောင်းကောင်း အချည်ရည်မကောင်းရင်တော့လဲ အလကားပါဘဲ။

1 comment: