ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 24 June 2011

အိမ်ထောင်ရှင်ထီးလက်ရာ (မြည်းချင်စရာ)

ခုတလော ကျနော်အားနေတယ်ဗျ။ အိပ်တယ်ဗျာ တနေကုန်။ ပြီးတော့ စားချင်လာတယ် ။ကွန်ပြူတာကီးဘုတ် တဒေါက်ဒေါက်ခေါက်ပြီး လိုက်ကြည့်တော့
အိမ်ရှင်မတွေက သူတို့ စားချင်တာဘဲ ချက်ပြုတ်ပြီး ဖိတ်ကြွေးနေတာကိုဘဲတွေ့ ရတယ်။ အဲဒီတော့
ကျနော် အိမ်ထောင်ရှင်ထီးက ကိုယ်ကိုတိုင်စားဖို့  ကိုယ့်ဘာသာဘဲချက်လိုက်တော့မယ်။ ဒန်တန့် ..တန်...

တောကြောင်သားဟင်း။
ကဲ..ကျနော်တို့ ပထမရှာရမှာက တောကြောင်ပါဘဲ။ ဗမာပြည်အလည်ပြန်ချိန် ကျနော်စားရတုန်းကတော့ ကျနော်တို့ မှော်ဘီနား
ဝါးနက်ချောင်းရွာက မုဆိုးတွေဆီသွားပြီး အော်ဒါမှာရတယ် ။တောကြောင်ရှာဖမ်း၊မီးမြိုက်ပြီး လာပို့ ပေးဖို့ ။
၃-ရက်အတွင်းလိုချင်တယ်လို့ ။ "တကယ်လို့  ၃-ရက်ပြည့်လို့ မှ မရရင်ကော ဆရာ" တဲ့ ဦးလေးကြီးက မေးတော့ ၊ကျနော့အကိုက "သိပ်ခေါင်းရှုပ်ခံမနေပါနဲ့ ဗျာ၊ ခင်ဗျားအိမ်က ကြောင်ကြီးတောထဲလွှတ်ပြီး ဖမ်းလာပေးလဲ ရပါတယ်" တဲ့။
ဟီ.. ဟိ။ ကျနော်စားခဲ့တာ တောကြောင်ဘဲနေမှာပါ(မျက်စေ့မှိတ်ပြီးကို ယုံတယ်)။
တကယ် စားကောင်းတာဗျ။
imagebam.com

မီးသွေးမီး မသုံးဘဲ၊ကောက်ရိုးမီးနဲ့  မီးမြိုက်ရင် အနံ့ အရသာပိုထူးပါလိမ့်မယ်တဲ့။
imagebam.com

မီးခိုးနံ့ ပျောက်သွားဖို့  ဆပ်ပြာမွှေး(ကာဘော်လစ်)နဲ့ ကောင်းစွာဆေးကြောပြီး
နာရီဝက်ခန့် လောက်ရေထဲမှာစိမ်ထားပါတဲ့။
မြွေသားဟင်းတော့ ကျနော်လည်း မစားရဲဘူး။
imagebam.com
မှော်ဘီ မိဘတွေအိမ်ကနေ ၊ရန်ကုန်ယောက်ခမကြီးအိမ်ပြန်ရောက်ပြီး
ကြောင်သားဟင်းစားခဲ့ရတယ်လို့ ပြောမိလို့ 
ယောက်ဖ(ကျော်သူလင်း)က အကြံပေးတယ်။ဆနွင်းမှုန့် ကိုသာမန်အသားဟင်းထက် ပိုထည့်ရန်လိုပါတယ်ဆိုပဲ။
imagebam.com

အကိုလတ်က သူ့ အလုပ်သမားတစ်ယောက်ကို ဆိုင်ကယ်နဲ့ သွားခေါ်တယ်။
ကြောင်သားဟင်းချက် စပယ်ရှယ်လစ်တဲ့။
imagebam.com


ဒါက လုံးရည်ခမ်းခါနီးပေါ့။
imagebam.com
လုံးရည်ခမ်းသွားရင်
မီးပျော့ပျော့ ဖြင့်ကြွပ်နေအောင်ချက်ပါ။ အရသာထူးခြားသော အသားဟင်း။
"ထန်းရည်နဲ့  မြည်းရင် အရမ်းကောင်းပါ၏" တဲ့။ ကျနော်က မသောက်တတ်တော့ ပြောတတ်ဘူး။
အချိန်မရလို့  ထန်းရည်သောက်သင်တန်း မတက်ခဲ့ရဘူးဗျာ။

စာကလေးကြော်ကြွပ်ကြွပ်။

imagebam.com

imagebam.com

imagebam.com

imagebam.com


ရေဘဲသား ခြောက်ကြော်။
imagebam.com

ရေဘဲကို ရင်ခွဲဆားဖြူးပြီး တစ်နေလှမ်းရပါမယ်။
imagebam.com

imagebam.com


ဗျိုင်းကောင်လုံးကြော်။
imagebam.com

imagebam.com

No comments:

Post a Comment