ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 5 June 2011

ခွင့်ပြုပေးပါ

ဒီနေ့ အလုပ်ပိတ်တယ်ဗျ။ သိတဲ့အတိုင်းဘဲလေ စင်္ကာပူမိုးကလဲတစိမ့်စိမ့်ရွာလို့  ။ ငါးသလောက်အချည်ဆီပြန်ဟင်းနဲ့  ပဲဟင်းချိုသောက်စားပြီး ကောင်းကောင်းကြီးကို ဇိမ်ကျနေတာပေါ့ဗျာ။
္ဒ္ဒ‘‘ရှင် ဒီလိုပဲနေတော့ မလား..ဟင်းးး’’
‘‘ကျမအလုပ်သွားမယ် လိုက်ပို့ ’’ တဲ့။ ချစ်ဇနီးချောလေးက(နှုတ်ခမ်းကို ၀က်လိုစူထော်ပြီး) ပြော လာပါတယ်။
ကျနော်က တစ်ပတ်မှာ ဒီတစ်ရက်ပဲနားရတာဆိုတော့ စိတ်တိုတိုနဲ့ ပြန်ပြောပစ်လိုက်တယ်။
 ‘‘yes" လို့ ။
ကြောက်လို့ တော့ဖြင့် မဟုတ်ပါဘူး(ဟီး...ဟီးးးးး)။
ရထားပေါ်ရောက်တော့ပျင်းပျင်းနဲ့  ဘေးဘီလိုက်ကြည့်ငေးနေရင်း မျက်နှာချင်းဆိုင၊်မျက်စောင်းထိုးက မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရှည်ကြီးနဲ ကုလားအဖိုးကြီးကိုမြင်ပြီး ကျနော့စိတ်ထဲက တခွိခွိ ရယ်နေမိတယ်ဗျ။ပြုံးဖြီးဖြီးဖြစ်နေတဲ့ ကျနော့ကို မိန်းမက ဆွဲဆိတ်ပြီး မျက်စောင်းထိုးတယ်။
ဟာ..အထင်မလွဲပါနဲ့ ကွာ၊တရုတ်မလေးကိုပြုံးပြတာ မဟုတ်ဖူး။ ကုလားကြီးကိုမြင်မိတော့ဖတ်ဖူးတဲ့ ဟာသလေး သွားသတိရမိလို့ ဆိုပြီးပြန်ပြောပြရတယ်။ဘာလဲဆိုတော့....
ဒီလိုလေ..‘‘ တနေ့ မှာ လင်မယား နှစ်ယောက် နဲ့ ကလေးတွေ ပါတဲ့ မိသားတစု ဟာ အိန္ဒိယ စားသောက်ဆိုင်တခု မှာ စားသောက်နေကြသတဲ့ ။ အိန္ဒိယအစားအစာ ဆိုတော့ ထုံးစံ အတိုင်း ပဲဟင်း က ရှောင်မလွတ်ဘူးပေါ့ ။ ပူရီဟင်း ။ ချပါတီ ။ နံပြား ။ တို ရှည် ။ ဘာပဲ စားစား ပဲနီလေးတို့ ၊ ကုလားပဲ ဟင်းရည်တို့  ကတော့ ပါကြ တာလေ ။ ပြီးတော့ ချပ်သနီတို့  မန်ကျီးအချဉ်ရည် တို့  ရောပြီး ၊ ဟင်းဖတ်တွေကို ငှက်ပျောရွက်မှာ ထဲ့ ၊ ပြီးတော့ လက်နဲ့ အားရပါးရ တွယ်ကြရတာ ကိုး ။ ဒါတင်မက လက် ၅ ချောင်းစလုံး တပြွတ်ပြွတ် စုပ် တတ်ကြသေးသတဲ့ ။
 ဒီ မိသားစု အနားမှာ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရှည်ကြီးနဲ့  ကုလားအဖိုးကြီး တယောက် လဲ စားသောက်နေသတဲ့ ။
ကလေးဆိုတာက ထုံးစံ အတိုင်း စပ်စုတတ်ပေသမို့  သူတို့  အနားမှာရှိနေတဲ့ ကုလားအဖိုးကြီး ရှလူးရှလဲ အသံပေါင်းစုံ နဲ့  စားနေတာကို ငေးပြီးကြည့် နေကြသတဲ့ ။ ပြီးတော့ သူတို့ချင်းချင်း လက်တို့  ပြောရာက အငြင်းပွားလာကြသတဲ့ ။
အငယ်ကလေးက ပြောတယ် ။ ဟို အဖိုးကြီး က ပါးစပ်လဲ မပါပဲ ဘယ်လို စားသလည်း လို့ သူ့  အကို ကို မေးတာပေါ့ ။ဒါနဲ့ အကိုလတ်က အေးဟုတ်တယ်။ဘယ်လိုစားသလည်း မသိဘူး ။ငါလည်းသိချင်တယ်ပေါ့ ။
ဒီတော့ အကိုကြီး က သူ့ မှာ ပါးစပ်တော့ ပါမှာပေါ့ ။ ဒါပေမဲ့ ဘယ်နေရာမှာမှန်းမသိဘူး လို့ဆိုတယ် တဲ့ ။
ဒီလို နဲ့  တယောက် တပေါက် မေးရင်း ပြု ရင်း ဘာမှန်းမသိတော့ ကလေးသုံးယောက်စလုံး အဖိုးကြီးရှေ့ မှာ သွားထိုင် ပြီး တအံ့တသြ ကြည့်ကြသတဲ့ ၊ အဖိုးကြီး မုတ်ဆိတ်တခုလုံးလည်း ပဲဟင်းရည်တွေ နဲ့  ပေကျံ ရှုပ်ပွ နေလေတော့ ဘာနဲ့တူမှန်းမသိ ကြလို့  ။ မေမေရေ ၊ဒီအဖိုးကြီး မှာ ပါးစပ်လည်းမရှိဘူး ။ဒါပေမဲ့ လမ်းထိပ်က အရူးမကြီး အီးပန်းတုန်းက လိုမျိုး တူတူ ပဲ ဆို ပြီး သူ တို့  အမေ ဖြစ်သူ ကို လှမ်းအော် ပြောသတဲ့ ။ ဒီတော့မှ အဖိုးကြီးလည်း ရိပ်မိသွားတော့ ဒေါသတကြီး ပြန်ပြောတာ က
“ ဟဲ့ ကလေးတွေ ၊ ဒီ မှာ ကြည့် ကြ ။ ဒါ ငါ့ပါးစပ် မဟုတ်လို့  နင်တို့  အမေ X X ကြီးလား ဟဲ့ ” လို့ ဆိုလေသတဲ့ဗျ ။’’
ဟုတ်ကဲ့..ကျနော် နှုတ်ခမ်းမွှေး+မုတ်ဆိတ်မွှေး အရှည်ကြီးရှိတဲ့သူတွေမြင်ရင် ရယ်တတ်ပါတယ်။ခွင့်ပြုပေးပါ ဗျာ။

No comments:

Post a Comment