ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday 26 March 2012

တနေ့ နေ့ တော့ ချောင်းအရိုက်ခံရမှာ မြင်ယောင်သေးရဲ့ ။

ကျနော်တို့ ဟာ.....
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။

ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်။

စည်ကမ်းနဲ့ ပေးသူကို ကပ်စေးနဲတယ်။

ဦးဆောင်နိုင်သူကို ဆရာ့ ဆရာ ဆရာကြီးလုပ်တယ်ရယ်လို့  အထင်မှားတတ်ကြပါတယ်။


ကျနော်ဆိုတာ ဘော်လီဘော ကွင်းထဲက ဒိုင်သူကြီးအတိုင်းဘဲ ခုံမြင့်ကြီးပေါ်မှာ ထိုင်ပီး အပေါ်စီးကနေ ကြည့်နေရတာ မြင်ကွင်းကို ရှင်းလို့။

ဒုက္ခရောက်တဲ့အခါ လက်သည်အစစ်ကို တွေ့ အောင်ရှာတတ်ဖို့  သိပ်အရေးကြီးတယ်မဟုတ်လား။

လူတွေဟာ ဒုက္ခတွေ့ တဲ့အခါ ‘ ဟိုလူ့ ကြောင့်၊  ဒီလူကြောင့်  ငါဒုက္ခရောက်ရတယ်  ’လို့  မဆိုင်သူတွေ၊ လက်သည်အစစ်မဟုတ်သူတွေကို လျှောက်စွပ်စွဲပြီး ဒုက္ခရောက်နေရတဲ့အထဲ စိတ်ဆင်းရဲခံကြပြန်တယ်။
ဒီလိုကနေ ဒေါသတွေ ဖြစ်လာပြီး အကုသိုလ်တွေ အဝင်ခံရပြန်ရော။  အကြောင်းရှိလို့  အကျိုးဖြစ်တယ်။ အဲဒီအကြောင်းနောက် တောက်လျှောက်လိုက်ကြည့်။

သဲလွန်စတွေက ပီပြင်နေမှတော့ အမှုက ဗူးပေါ်သလို ပေါ်ပြီပေါ့ဗျာ။ လို့  စုံထောက်ကြီး ဦးစံရှားလေသံနဲ့

ပြောရမလိုဖြစ်နေပြီ။ကိုယ့်ကိုဒီလိုဒုက္ခရောက်အောင်လုပ်လိုက်တဲ့သူအစစ်က ကိုယ်ပဲလေ။

အခွင့်အရေးဆိုတာ အချိန်အတိုင်းအတာ တစ်ခုပဲ ရှိတတ်ပါတယ်။ အပင်ပေါ်က သရက်သီးတွေလို အချိန် မလွန်ခင် ခူးအုပ်ရမှာ ဆိုတာမျိုးပေါ့။  အပင်ပေါ်မှာမှည့်ပြီး ငှက်စားခံရလို့  ဘုတ်ကနဲ ပြုတ်ကျသွားတော့မှ နှမြောရကောင်းမှန်းသိရင်တော့ စိတ်မကောင်းစရာပေပဲ။

စိတ်တူကိုယ်တူဆိုတာ ဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပါ။ အဲဒါမှ တကယ့်အရည်အချင်း မဟုတ်လား။

သားသမီးဆိုတာ ငယ်ရွယ်စဉ်အချိန်မှာသာ မိဘအုပ်ထိမ်းသူတွေရဲ့  ဝါးခွန့် ကျွေးတာကို ချိုမိုင်မိုင် လုပ်ပြရင်း
စားလိမ့်မယ်။အဲ........ အရွယ်ရောက်လာတဲ့သားသမီးကတော့ဒါကိုအန်ဖတ်တွေလို့ပဲမြင်တော့မပေါ့။ 
ပြောရရင်တော့  တင်းကြပ်တဲ့ အုပ်ချုပ်မှု့ နဲ့  ထိမ်းချုပ်လို့ မရနိုင်တဲ့၊
အိုင်ကျူမြင့်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေတဲ့ လူငယ်တွေကို နေရာပေးပြီးဆွေးနွေးညှိနှိုင်းတာက ပိုပြီးထိရောက် လိမ့်မယ်လို့ထင်ပါတယ်။
ကောင်းပြီ၊ ကောင်းပြီိ။ ကြောက်လည်းမကြောက်နဲ့ ။နောက်လည်းမဆုတ်နဲ့ ။ နောင်လည်းမလုပ်နဲ့  ကွယ့်။
လမ်းလျှောက်တတ်ကာစကလေးငယ်လမ်းလျှောက်နေတာကို ကျနော်တို့ ရှေးဦးသူနာပြု သေတ္တာပိုက်ပြီး
စောင့်ကြည့်နေကြရသလို။ လက်ခုပ်တီးပြီး အားပေးလိုက်ကြပါစို့ ။

တခါက ညတစ်ညမှာ ကောင်ကလေးက စိတ်ကောက်နေတဲ့ ကောင်မကလေးရဲ့ အဆောင်ရှေ့  သွားပြီး သီချင်းဆိုတယ်။ ဟန်ဆောင်စိတ်ကောက်နေတဲ့ ကောင်မလေးက စာတိုလေးတစ်စောင် ပြန်ပေး လိုက်တယ်ပေါ့။
ကို...ညည့်နက်နေပြီ ပြန်တော့နော်။ နေမကောင်း ဖြစ်နေအုန်းမယ်။
ဒါပဲနော်....
နောက်ထပ်ကျမကို စိတ်ဆိုးအောင်လုပ်ရင်  ‘‘ ဒီတစ်သက် အပြတ်ပဲ ’’ တဲ့။

ဒီစာကို ဖတ်ပြီး တဲ့နောက် ကောင်ကလေးဟာ ကောင်မကလေးကို လုံးလုံးလှည့်မကြည့်တော့ဘူးဗျို့ ။
‘‘ဒီတစ်သက် အပြတ်ပဲ’’ ဆိုတဲ့ စာကြောင်းမှာ ပြတ်ကို ယရစ် ပြုတ်ကျကျန်ခဲ့တော့……။

အဲဒီမှာ ကျနော်တစ်ခုသတိထားမိတာက ‘တစ်ဖက်သတ်’ဆိုတဲ့ စကားပါပဲ။ ပြတ်မှာ ယရစ် ဘာကြောင့် ပါမလာရသလဲဆိုတာ မမေးသင့်ဘူးလား။ ကိုယ့်ချင်း ကိုယ့်ချင်းပဲဟာ။
တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကို‘သတ်’ လိုက်တာပေါ့။ သားသမီးနဲ့  မိဘဆိုမှတော့ ဘယ်သူပဲ အသတ်ခံရ ခံရ နှစ်ဖက်စလုံး သေသွားပြီး ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်ပါတယ်။
လူငယ်တွေကလည်း မိဘများ ကိုယ့်အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို မသတ်လိုက်စေချင်တာ စေတနာပါ။
အောင်မာ အောင်မာ သူများပြောဘို့ လည်းချန်ထားပါဦးနော်။ သူများတို့ က လုပ်စရာရှိရင်သာ နေ့ ရွှေ့ ညရွှေ့ ၊ ခံစရာရှိလို့ ကတော့ အံကြိတ်ခံလိုက်တာလို့ တော့ တလွဲနေရာမှာဆံပင် မကောင်းစေချင်ပါဘူး။
သတိနဲ့ ယှဉ် ၊ ဥာဏ်နဲ့ ဆင်ခြင်ပီး ဆုံးဖြတ်နိုင်ကြပါစေ။
ကျနော်တို့  သုဝဏ္ဏသျှံဇာတ်တော်ကို ဖတ်ဖူး၊ နာကြားဖူးကြတာပဲ။
မိဘတွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတဲ့သူတွေဟာ မိမိတို့ ရဲ့  အတိတ်အကုသိုလ်ကံ တစ်ခုခုကြောင့် အင်မတန်ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ တွေ့ ရတာတောင် နာလန်မထူနိုင်အောင် ဒုက္ခရောက်မသွားဘူး။ ကယ်မမယ့်သူတွေ တစ်နည်းနည်းနဲ့ ပေါ်လာပေးရတယ်ဆိုတာ ဒီဇာတ်တော်အရ ထင်ရှားပါတယ်။။

ဒီလိုဘဲပေါ့ဗျာ လူကြီးတွေက‘ပိုးသာကုန် မောင်ပုံ စောင်းမတတ်။’ လို့  အော်ကျယ်အော်ကျယ်ပြောနေချိန်မှာ လူငယ်တွေရဲ့  စိတ်ထဲမှာ‘ အချိန်တန်တော့ နပိန်ကန်တယ်ဆိုတဲ့ စကားရှိတယ်မဟုတ်လား။’ လို့  စိတ်ထဲက ပွစိပွစိပြောနေလိမ့်မယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘမျိုးဘိုးတူ။
ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ တစ်ခုခုစားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ ဘယ်တော့မှ ထွေးမပစ်ချေ။ ပါးလုတ်ရည်ကို မျိုချလိုက်သည်သာ ဖြစ်၏။ 

ကျတော်က “ဘိုးလုပ်ပုံဟာ သူများနဲ့ မတူဘူး။ မရွံဘူးလား ဟု မေးသောအခါ “ဟ … ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါ့လခွီးတဲ့၊ လည်ပင်းလှီးပစ်ဖို့သာ ရှိတော့တာပေါ့ကွ ဟု ပြန်ဖြေပါသည်။ 

ကျနော်က အတ္တကြီးတယ်။ လက်ခံမယ့်သူကိုပဲ ပေးချင်တယ်။ စေတနာဗလပွ မထားတတ်ဘူး။ အဲဒီတော့ လူအမြင်ကပ်ခံရတယ်။ ဒဲ့ပြောရရင် လူမုန်းများတယ်ပေါ့။
ကျနော်က ဆရာကြီးလုပ်တတ်တယ်။ ကိုယ့်စကားနားမထောင်ရင် (ဆရာကြီးလုပ်လို့  မရရင်)

နေ့ စေ့လစေ့ကိုယ်ဝန်သယ်ကြီးလို တံတွေးတပျစ်ပျစ်နဲ့ 

ဘေးထိုင်ပြီး ဘုပြောရတာကို ဝါသနာကြီးတယ်။ တနေ့ နေ့ တော့ ချောင်းအရိုက်ခံရမှာ မြင်ယောင်သေးရဲ့ ။ဟီဟိ။
 

No comments:

Post a Comment