ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Friday 16 March 2012

ကိုယ့်လူ ကိုယ်ကြည့်ရှင်းကြတာပဲ ကောင်းပါတယ်။

မိတ်ဆွေတစ်ယောက်နဲ့  ကျနော် ခရီးတစ်ခုကို အတူသွားတယ်။ လမ်းမှာ ကျနော်က ရေဆာ လိုက်တာလို့  ငြီးတွားမိတော့ ခရီးသွားဖေါ်က သူ့ ရဲ့ ရေဘူးကို ထုတ်ပေးတယ်ပေါ့။  ရေဘူးက ရေတစ်ဝက်ပဲ ရှိတယ်။ ဒါကိုကျနော်က ရေတစ်ဝက်ပဲကျန်တော့မှ ပေးရသလားလို့  အပြစ်တင်လိုက်မယ်ဆိုရင် မိတ်ဆွေ ဘယ်လို ခံစားရမလဲ။
ဒီလိုမဟုတ်ပဲ ရေတစ်ဝက်ကြီးများတောင် ကျန်သေးတာပဲ။ Thanks ။ လို့  ပြောလိုက်မယ် ဆိုယင်ကော။

ဤကိစ္စကား အတော်မခံချင်စရာ ကောင်း၏။
ဤကိစ္စကား အခြားမဟုတ်။ ‘  ဆက်သွယ်မှုဧရိယာ ပြင်ပ ’ နှင့် ‘ ကြားလား ’ ဆိုသောကိစ္စ ဖြစ်လေ တော့သည်။

ကျနော်တို့ ဟာ ကိုယ်ကလည်းသွားဆက်သေး။ အဆက်ခံရတဲ့ဖုန်းက ‘ ဧရိယာ ပြင်ပ ’ လို့ ပြန်ပြောရင် ဘာမှန်းမသိဘဲ မခံချိ မခံချင် ဖြစ်သွားတတ်ကြပါတယ်။ နေရင်းထိုင်ရင်း အဲဒီဖုန်းပိုင်ရှင်အပေါ် မသင်္ကာဖြစ်ကြတော့တယ်။ ဘယ်ချောင် သွားတိုးနေတယ် မသိဘူးလို့ တွေးလိုက်ကြတယ်။ မဟုတ်တဲ့ တစ်နေရာရာတော့ ရောက်ကိုရောက်နေပြီလို့  ဘိုင်သေထင်ပစ်လိုက်ကြတယ်။ မခက်ဘူးလားဗျာ။

ကိုလူအေး စလုံးကိုရောက်နေတာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပြီဆိုတော့မိခင်နိုင်ငံမှာရှိတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့  လိုအပ်ချက်တွေကိုတတ်နိုင်သလောက် ကူညီပေးရပါတယ်။ ငွေကြေးအားဖြင့်ဖြစ်စေ၊ နေရေးထိုင်ရေး စီစဉ်ပေးခြင်း မျိုးဖြစ်စေပေါ့။ ဒါပေမယ့် အချို့ ပြဿနာမျိုးတွေမှာတော့ ‘ ဧရိယာ ပြင်ပ ’ လို့ ပြောရင် မခံချိ မခံချင် မဖြစ် စေချင်ပါ။  

တခါကပေါ့ မုဆိုးမ သားမိနှစ်ယောက်ရှိသတဲ့။ သမီးကလေးအရွယ်ရောက်လာတော့ အိပ်ခန်း ခွဲပြီး အိပ်ချင်တယ်လို့  အမေဖြစ်သူကို ပြောတယ်တဲ့။ အမေက ‘‘သမီးရဲ့  မိန်းမသားချည်းဆိုတော့  လူဆိုး သူခိုးရန်က ကြောက်ရတယ်ဟဲ့’’ လို့ ပြောတော့.....
‘‘ ဒါများ...ကြောက်စရာမလိုပါဘူး။ အရေးအကြောင်းဆို သမီးကိုလှမ်းခေါ်ပေါ့’’။ ဒီလိုနဲ့  တစ်ညမှာ သမီးဖြစ်သူဟာ သူ့ အခန်းထဲကို လူတစ်ယောက်ဝင်နေတာတွေ့ တော့ ‘‘ အမေရေ ဟောဒီမှာ ကျုပ်အခန်းထဲ လူဝင်နေတယ်တော့’’ လို့  အော်လိုက်တော့ ။ အမေဖြစ်သူကလည်း ပင်ပန်းမောဟိုက်နေတဲ့ အသံနဲ့ ပြန်အော်ရှာသတဲ့....
‘‘ ညည်းလူညည်း ကြည့်ရှင်းပေတော့ ကောင်မရေ၊
  ဒီမှာ ငါလည်း ငါ့လူ ငါကြည့်ရှင်းနေရတယ်’’  တယ်တဲ့လေ။

အင်း....အချို့ ပြဿနာမျိုးတွေမှာတော့ ကိုယ့်လူ ကိုယ်ကြည့်ရှင်းလိုက်ကြတာပဲ ကောင်းပါတယ်ဗျာ။နော။

ပေးကမ်းခြင်းသည် အောင်မြင်ရာ၏။ ဒါပေမယ့် ရေဘူးတစ်ဝက်ပဲ ပေးနိုင်တယ် ဆိုရင်ကော...။

ယခုတလော ကျွန်ုပ်ကိုယ်တိုင်ကြုံနေရသည်မှာ အတော်မဟန်သော ကိစ္စဖြစ်သည်။
ပြောစရာဆိုစရာရှိ၍ တစ်ဖက်သို့ ခေါ်ရာ ဝင်သွားပြီး တစ်ဖက်မှကိုင်၏။ ထိုအခါ ‘ဟယ်လို’ဟူသော ဖုန်းပဋ္ဋိသန္ဓာရစကားမှစကာ ပြောစရာရှိတာ သုံးလေးခွန်းပြော၏။ သို့ သော် တစ်ဖက်မှ ကောင်းကောင်းမကြားရ၍ ဟယ်လို ဟယ်လို လုပ်၏။ ထိုအခါ ကျွန်ုပ်မှ ငါပြောနေတာမကြားရဘူးထင်တယ်ဟု ယူဆကာ ‘‘ကြားရလား’’ ဟုမေး၏။
တစ်ဖက်မှကြား၍‘‘အေး..ကြားတယ်’’ဟုဖြေ၏။
ကျွန်ုပ်လည်းဆက်ပြော၏။ တစ်ဖက်မှမကြားပြန်၍ ‘‘ဘာဖြစ်တယ်’’ လုပ်ပြန်၏။
ကျွန်ုပ်လည်း ‘‘ကြားရလား’’ လုပ်ရပြန်၏။ တစ်ဖက်ခမျာလည်း ‘‘ကြားတယ်’’ ဖြေရပြန်၏။
သို့ နှင့် ဆက်ပြောသော် မကြားပြန်ချေ။ ‘‘ကြားလား’’  ‘‘ကြားတယ်’’ လုပ်ကြပြန်၏။
နောက်ဆုံး ဖုန်းတစ်ကတ်ကုန်သွားသော် သူလည်းဝိုးတိုးဝါးတား၊ ကိုယ်လည်းရိပ်ဖမ်းသံဖမ်းနှင့်သာ။
ဤသို့ ဖြင့်  သိပ်မကျေနပ်သည်ရှိသော် ပြန်ဆက်ကာ ပြောကြပြန်၏။
သို့ သော်လည်း လိုရင်းမရောက်ပဲ ‘‘ကြားလား’’ ‘‘ကြားတယ်’’  နှင့်သာ ဖြစ်နေပြန်သည်။
သတ္ထုချသော် ကျွန်ုပ်ဖုန်းခေါ်သည်မှာ ကျွန်ုပ်ပြောချင်သောစကားကို ပြောရန်မဟုတ်ပဲ ကျွန်ုပ်အသံကြားသလား မေးရန်ဖြစ်နေတော့၏။ လိုင်းမမိ၍ မဟုတ်။ လိုင်းလည်းကောင်းကောင်းမိနေ လျက်က တခြားဟာပြောတာ မကြားရပဲ ‘‘ကြားလား’’  မေးမှ သွားကြားနေ နေသည်မှာ အတော်မခံချင်စရာ ကောင်း၏။

ဘာရယ်လို့ တော့ မဟုတ်ပါဘူး။ ခုတစ်လော မဒမ်လူအေး တစ်ယောက် ကိုလူအေး  တခြားဟာပြောတာ မကြားရပဲ ‘‘ကြားလား’’ မေးမှ သွားကြားနေ နေတာ ဘာကြောင့်လည်းလို့  စဉ်းစားမရလို့ ပါ။






No comments:

Post a Comment