ဘယ်လိုပြောရမလဲ။ကျနော်က ပြောသလိုလုပ်ပြီး၊ လုပ်သလောက်သာ ပြောတတ်တဲ့ လူမျိုးကိုလေးစားတယ်။
ကျနော်ဖတ်ဖူးတဲ့ ဆရာနေမျိုးအေးရဲ့ ကာတွန်းလေး ထဲကလိုပေါ့။
တပည့်တစ်ယောက်က ဆရာ့ထံပါးမှာခွင့်တောင်းတယ်။
‘‘ ဆရာကြီးကို ရိုသေလေးစားပါရစေ ဆရာကြီး’’ တဲ့။
‘‘ ကြံကြံဖန်ဖန်ကွယ်၊။။။။ ရိုသေလေးစားချင်တာများ ခွင့်တောင်းနေသေးသလားကွယ့်။ ရိုသေပေါ့၊ လေးစားပေါ့’’ လို့ ဆရာကြီးက မိန့် မိန့် ကြီးပြန်ပြောတယ်... ဒီတော့မှ တပည့်ဖြစ်သူက....
‘‘ဟုတ်ကဲ့၊ ရိုသေ လေးစားရအောင် နေဖို့ ၊ ပြောဖို့  သတိပေးတာပါ ဆရာကြီးရဲ့ ’’ တဲ့လေ။
လူကြီးပြီး အချိန်မစီးဘူးလို့  အရပ်စကားနဲ့  ပြောရမှာပေါ့နော။
ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီအတောအတွင်း အသိနဲ့ အကျင့်အကြောင်းလေး စဉ်းစားမိလို့ ပါ။
‘‘ချစ်သားတို့  သင်လည်းသင်ပါရဲ့ ၊ သိလည်းသိပါရဲ့ ၊ ဟောလည်းဟောပါရဲ့  ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်လို့  မခေါ်သေးဘူး။ သိရုံတင်မကဘူး၊
ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ပုဂ္ဂိုလ်လို့  ခေါ်တယ်’’ လို့  ဘုရားရှင် ဟောကြားခဲ့ပါတယ်။ ဘဘောက တော့ အသိနဲ့  အကျင့်ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။ဒီနေရာမှာ အသိနဲ့ အကျင့် ပေါ်မူတည်ပြီး လူတော်လူကောင်း၊ လူတော်နဲ့  လူကောင်းရယ်လို့  ကျနော်တို့ ခွဲထုတ်ကြည့်ကြပါစို့ ။
လူတော်ဆိုတာ ဘာသာရပ်တစ်ခုခု အပေါ်မှာ၊ ဒါမှမဟုတ် ဘာသာရပ်တော်တော်များများအပ်ါမှာ ကျွမ်းကျင် တတ်မြောက်တာပါ။ အသိပညာရှင် အတတ်ပညာရှင်ရယ်လို့  ခေါ်ရမှာပေါ့။
လူကောင်းဆိုတာ ကိုယ့်ရဲ့ ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး ......
ကိုယ်တိုင်လည်း အကုသိုလ် မဖြစ်အောင်နေတယ်။
ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်။
နောက်...ကိုယ့်ကိုယ်ကိုလည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါးကုသိုလ်ဖြစ်အောင် နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။ သာဓုဗျာ..သာဓု၊ သာဓု။
လူတော်ဖြစ်ဖို့ ရာ ဆန္ဒ၊ကံ၊ဥာဏ်၊လုံ့ လတွေ သာမကဘဲ မိဘ၊ဆရာတွေရဲ့ အားပေး ပံ့ပိုးမှုတွေနဲ့  ပြည့်စုံမှပါ။
ခက်ခက်ခဲခဲကြိုးစား ကြရတယ်။ ကောင်းပြီ။
အတိတ်ကံအရ ကျနော်တို့  လူတော်ဖြစ်တယ်။ လူကောင်းဖြစ်ဖို့  ဆက်မစဉ်းစားသင့်ဘူးလား။
အတိတ်ကံအရ ကျနော်တို့  လူတော်ဖြစ်ခွင့်မရခဲ့ဘူး။ ဘာများအားငယ်စရာလိုလို့ လဲ လူကောင်းဖြစ်ခွင့် ရှိပါသေးတယ်။
ဘာမှ အပန်းမကြီးပါဘူး။ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးရှိလိုက်ဖို့ ကလေးပါပဲ။ လွယ်ပါတယ်ဗျာ။ လူတစ်ယောက်ရဲ့ ဘဝကို ကံသုံးပါးက အဓိကပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို ဂရုစိုက်လိုက်ရင်ပဲ အိုကေမှာ စိုပြေသွားပြီပေါ့ ကိုယ့်လူရယ်။
အားလုံးသိတဲ့ အတိုင်းဘဲ လူ့ ဘဝဆိုတာ ခဏလေးပါ။ သေတော့လည်း ထားခဲ့ကြရတာပဲ။ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက ကတော့ ကောင်းချင်တဲ့ စိတ်ကလေး ရှိလိုက်ဖို့ ပါပဲလေ။
ဇာတ်သမတွေ ပွဲဆက်များလို့ ထမီတွေကိုမလျှော်အားတဲ့အခါ နင်တို့ ထမီတွေက ယမ်းနံ့ ကို ညှော်နေ ပြီိလို့  ပြောတတ်ကြသတဲ့ ။
ကောင်မတွေ လျှော်ကြဦးဟဲ့။ပေါ့။
No comments:
Post a Comment