ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Thursday 18 October 2012

အရာဟောင်းကို ဆက်ခံသူ။





အင်တာနက်ပေါ်က သတင်းတွေလျှောက်ဖတ်ပြီး သက်ပြင်းတွေချလိုက်၊ ဒေါသတွေထွက်လိုက်၊ အနားမှာ ရှိတဲ့ ဘာမဆိုင်ညာဆိုင်လင်တော်မောင်ကို ရန်လုပ်လိုက်ဖြစ်နေတဲ့ မဒမ်လူအေးကိုကြည့်ပြီး ကိုလူအေး ဖတ်ဘူးတဲ့ ဆရာအဏ္ဏဝါစိုးမိုးရဲ့  ’ အရာဟောင်းကို ဆက်ခံသူ ’ ဝတ္ထုတိုထဲက ဇါတ်ပွဲလေးအကြောင်းကို သွားသတိရမိတယ်ခင်ဗျ။
သူတို့ နောက်ပိုင်း ဇါတ်ကြီးခင်းတော့ ဝန်ကြီးနှစ်ပါး ထွက်လာပြီး စကားပြောသတဲ့။
’’ ဝန်မင်းဗျား၊ အိမ်ရှေ့ ဥပရာဇာ သားတော်ကြီးဟာ တက္ကသိုလ်ပြည်ကို ပညာတော်သင်သွားတာ ပညာသာ မက ကြင်ရာပါစုံလို့  ပြည်တော်ပြန်လာတာကို ခရီးဦးကြိုဖို့ အတွက် ဝန်မင်းတို့ ၊ ကျုပ်တို့ အကြိုထောက်ဖို့  ထွက်လာခဲ့တာမဟုတ်လား ဝန်မင်း ’’

’’ ဟုတ်ပ..ဟုတ်ပါ့ ဝန်မင်းဗျာ။ မြို့ အဝင်မှာ သာယာလှပ၊ သန့် ရှင်းမှု့ အဝဝကို ဆောင်ရွက်ကြရမယ်လို့  အမိန့် တော်ကြီးနဲ့  လာခဲ့ကြရတာကိုး ဝန်မင်းရဲ့  ’’

’’ ဟုတ်ပါ့ဝန်မင်းဗျာ၊ သာယာသန့် ရှင်းမှု့ ကို ဆောင်ရွက်ကြမယ့် ဒီရွာက သူကြီးတို့ ဆယ်အိမ်ခေါင်းတို့ ကို ခေါ်ဗျာဝန်မင်း ’’

’’ ဟဲ့..ဒီရွာက သူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေ မရှိကြဘူးလားဟဲ့..’’

အဲဒီတော့ ပေါင်းချောပတ်ခေါင်းပေါင်း သျှောင်တစောင်းနဲ့  သူတစ်ယောက်ပြေးထွက်လာရော..

’’ ဟဲ့..လုလင် မောင်မင်းက ဘာလဲ ’’

’’ က္ဈန်တော်မျိုးဟာ ဒီရွာက သူကြီးပါခင်ဗျာ ’’

အဲဒီမှာတင် ပြဿနာစတော့တာပေါ့။ ’’ ဟေ..မင်းကိုငါမသိပါလား၊ မောင်မင်းကို ဘယ်သူက ခန့် တာလဲ ’’

’’ က္ဈန်တော်မျိုးရဲ့  မိန်းမက ခန့် တာပါခင်ဗျာ ’’

’’ သယ်..ဒီကောင်တော့ သေတော့မယ်၊ ရှင်အောင်လျှောက်တင်စမ်း ’’

" ဒီလိုပါ ဝန်မင်းခင်ဗျာ၊ က္ဈန်တော်တို့ ရွာ သူကြီးမင်း ကွယ်လွန်သွားတာ ခြောက်လလောက်ရှိပါပြီ၊ က္ဈန်တော်က သူကြီးအိမ်က လယ်သူရင်းငှါး နွားကျောင်းသားပါ၊ သူကြီးမရှိတော့ သူကြီးကတော်က က္ဈန်တော်မျိုးနဲ့  ယူလိုက်ပါတယ်"

" !!!!!! "

" အဲ့ဒါနဲ့  က္ဈန်တော့်မိန်းမက အရင်သူ့ ယောက်ျား လုပ်သွားတဲ့ နေရာဟောင်းကြီးကိုဘဲ ဆက်လုပ်ပါဆို လို့  ....... (I know what you're thinking. HAHA !!)
 က္ဈန်တော်မျိုးကြီး သူကြီးလုပ်နေပါတယ်ဘုရား "

" ဟင်...ခွေးမသား သေပေတော့..." ကဲ..ဇါတ်ထဲမှာတော့ သူကြီးအတုကို ဝိုင်းထောင်းကြသဗျ။ 

xxxxxxx

ခွင့်လွှတ်လိုက်ကြပါဗျာ။ ကျုပ်တို့ သမတကြီးက အရာဟောင်းကို ဆက်လုပ်နေရတာပါ။( ဟီ..ဟိ )
-->
လူထုမကြိုက်မယ့် (ဆန္ဒပြလာရင်လည်း အစိုးရကို မထိခိုက်လောက်တဲ့) အလုပ်မျိုးကို ရွေးလုပ်၊ အရိုးခံလူထုက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တော့ လူထုစကား နားထောင်တဲ့ အစိုးရအနေနဲ့ လူထုမကြိုက်တာ မလုပ်တော့ပါဘူးဆိုပြီး OIC ကိစ္စကို ခုတုံးလုပ်၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ထုတ်လိုက်တဲ့ သမတကြီးတို့ အခုလောက်ဆို ကွယ်ရာမှာ ပြုံးပြုံးကြီး လုပ်နေပြန်ဦးမှာပေါ့လေလို့ တွေးနေမိရဲ့။

တချက်ခုတ် နှစ်ချက်ပြတ်ဆိုတာက သမတကြီးအစိုးရအနေနဲ့ နိုင်ငံတကာအမြင်မှာ လူထုကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးထားတယ်လို့ အမြင်ရောက်စေတဲ့ အမြတ်တခုရပြီး ဆန္ဒထုတ်ဖော်တဲ့ အရိုးခံလူထုရဲ့ အမြင်မှာတော့ ဦးသိန်းစိန်အစိုးရ ငါတို့စကား နားထောင်တယ်ဆိုတဲ့ အမှတ်ပေးမှု နောက်အမြတ်တခုကို ရလိုက်တာပဲပေါ့။ ပြောရရင် သမတကြီ်းတို့ ၂၀၁၅ အတွက်များ ကြိုမဲဆွယ်နေသလားပေါ့လေ။ အမြတ်ထုတ်ခံလိုက်ရသူတွေကတော့ အရှိန်တက်နေဆဲမို့ အခုအထိ ခံလို့ခံရမှန်း သိချင်မှ သိကြပေဦးမယ်။

ဒီကြံ့ ဖွတ်ပါတီကို ရပ်ကွက်လူမိုက်တွေနဲ့  ဖွဲ့ ထားတော့ ကြောက်ပါရဲ့ ။




No comments:

Post a Comment