ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Monday, 22 October 2012

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)

1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net


မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။

“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”




1st MM browser မှာ မြန်မာကီးဘုတ်မပါဝင်တဲ့အတွက်ကြောင့် browser ထဲမှာမြန်မာစာရိုက်ချင်တယ်ဆိုရင် Android မြန်မာစာကီးဘုတ်တစ်ခုခုကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။
Browser’s Features:
[✔] No need root user access.
[✔] No need to change UI font.
[✔] No need to install Zawgyi-One and WinInnwa font.
[✔] Support input text display (Zawgyi-One font).
[✔] Unlimited tabs (switch by swiping right/left)
[✔] Ad-blocker (See http://goo.gl/MK2Kd for more information and limitations)
[✔] Import/export from/to SD card/Android browser bookmarks
[✔] Search from URL bar
[✔] Plugins support (Flash)
[✔] Can retrieve bookmarks from Firefox Sync
အောက်မှာ 1st Myanmar Browser ကိုရယူဖို့ download link နှစ်ခုပေးထားပါတယ်။ Google Play Store ကနေ download ရယူဖို့အဆင်မပြေတဲ့သူတွေက Direct Download link ကနေ download ရယူနိုင်ပါတယ်။
1st MM Browser v0.3 အားရယူရန်(Google Play Store Link)
1st MM Browser v0.3 အားရယူရန် (Direct download link from 1stmm.net)
(လက်ရှိ 1st MM Browser v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ အခု version အသစ် v0.3 ကို Install လုပ်ပေးပါ။)
မြန်မာပြည်အင်တာနက် ခေတ်ဦးပိုင်းမှာ ဇော်ဂျီက ဦးအောင်ထွင်ပြီး နေရာယူလိုက်သလို ခုလို မိုဘိုင်း ဖုန်း တွေခေတ်စားလာခါစမှာ ယူနီကုဒ်သမားတွေကလက်ဦးမှုရအောင် လွယ်လွယ်ကူကူ installလုပ်ပြီးသုံးလို့ ရတဲ့ မြန်မာဖောင့်လို ကီးဘုတ်လိုမျိုး ရေးနိုင်ရင် ယူနီကုဒ်သမားတွေ နေရာရနိုင်ပါလိမ့်မယ်။ နောက်ကျခါမှ လိုက်ပြီး စနစ်မကျဘူး....ဘာ...ညာ ..လိုက်ပြောနေရင် အကျိုးမရှိပါဘူး။ လောလောဆယ်တော့ ဖေဇော်ဂျီသမားတွေကပဲဖုန်းမှာဦးအောင်နေရာယူတာတွေ့ ရပါတယ်ဗျာ။  ဖုန်းကနေ မြန်မာစာဖတ်လို့ ရပြီး ကြည့်နိုင်အောင် 1st MM Blower လေးကို မိမိဖုန်းထဲ Rum ထားရင် OK ပါတယ်။

No comments:

Post a Comment