အပ်ချလောင်း...Spass...EP...PR ရစေဗျား။
ကိုအင်္ဂျင်နီယာဆိုတဲ့...လူကြီး ထတော့၊မနက်၆နာရီထိုးပြီ..ထတော့။
တောက်...အိမ်မက်က ကောင်းခန်းရောက်မှကွာ။
၅မိနစ်လောက်ပြန်နှပ်လိုက်တာ၊ ၁၅မိနစ်ဖြစ်သွားပြီ။တေပြီ ဆရာ။
တယ်တော်တဲ့..ငါပါလား။ ၁၀မိနစ်နဲ့  သွားတိုက်၊မျက်နှာသစ်၊ရေချိုး၊အ၀တ်လဲနိုင်တဲ့ ငါ..တယ်တော်ပါလား။
၇နာရီခွဲ ဖို့  ၃မိနစ်ဘဲလိုတော့တယ်။ အလုပ်ချိန်ကို အပိုအလိုမရှိ အလုပ်တက်နိုင်တဲ့ငါ တယ်တော်ပါလား။
၁၁နာရီ( Tea Time)တောင်ရောက်ပြီဘဲ။ ဖြစ်ချင်တာဖြစ် ကော်ဖီ၁၀ပြားဖိုး
ဝယ်သောက်ပစ်လိုက်အုံးမယ်။
ငါကွ စိတ်ကြီးတယ်။ ဟီ ဟိ။
စားကြ ၀ါးကြမယ်ဆိုတဲ့ နေ့ လည်၁နာရီ။
အဲဒီလိုနဲ့  လုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်လုပ်ကြရင်းနဲ့ ....
ည၇နာရီ၄၅မိနစ် မှာအလုပ်ပြန်လို့ ပါပြီ ခင်ဗျ။ နဲနဲလေးသွက်လိုက်ရအောင်။ အ၀တ်တွေ လျှော်ရအုန်းမယ်။
ဘာမှ မပူနဲ့ ကို့ လူ။ ည၉နာရီဆို အိမ်ပြန်ရောက်ပြီ။
ညစာ ထမင်းချက်မစားချင်လဲရတယ်။ တီဗွီကြည့် အပန်းဖြေရင်း ကော်ဖီနဲ့  ပေါင်မုန့် စားပေါ့နော။
ပျော်ပျော်ပါးပါးပေါ့။
ကိုကိုရေ..ဖုန်းလာနေတယ်.....အဲ..မှားပြန်ပြီ။
ကိုအင်္ဂျင်နီယာဆိုတဲ့...လူကြီး အိပ်တော့၊၊ ည၁၂နာရီထိုးပြီ..အိပ်တော့။
ဟုတ်ကဲ့ ခင်ည အိပ်ပါတော့မယ်။
ကျနော်က စင်္ကာပူမှာ အလုပ် လုပ်နေတဲ့အင်္ဂျင်နီယာဗျ ။ ‘‘ခေသူမဟုတ်’’ ဘူး ။
တယ်တော်တဲ့ ငါပါလား။ ဟီ ဟိ။
No comments:
Post a Comment