ကျနော် အင်တာနက်ပေါ်မှာ ဖတ်ခဲ့ရတဲ့ ဟာသလေးပါ။ ဘယ်ဆိုဒ်ကမှန်း မမှတ်မိတော့ပါဘူး။
တခါက သဘောင်္ပေါ်မှာ ၂နှစ်လောက်
တောက်လျှောက် အလုပ်လုပ်ပြီး ပြန်ရောက်လာတဲ့ သဘောင်္သား တစ်ယာက်ဟာ သူ့ကိုယ်ပေါ်မှာ ၀တ်ထားတဲ့
ရွှေဆွဲကြိုး ၊Hand chain ၊အကောင်းစားလက်ပတ်နာရီ တွေကို ကြွားချင်တာနဲ့ လက်ကိုကား ရင်ကိုမောက်ပြီး
ကားယား ကားယား နဲ့လမ်းသလားနေသတဲ့။
အဲဒါကို အနီးက လဘက်ရည်ဆိုင်မှာ
ရေနွေးကြမ်းထိုင်သောက်နေတဲ့ အသက်၇၀ခန့် လောက်ရှိ တဲ့ အဘိုးကြီး တစ်ယောက်က မြင်ပြီး.......
" မောင်ရင်လေးဘယ်လိုဖြစ်တာလဲ....လမ်းလျှောက်တာ ကောင်းကောင်း လျှောက်လဲ ရပါတယ်
"
ဆိုပြီး လှမ်းပြောသတဲ့....
ဒါပေမဲ့
အဲဒီသဘောင်္သားက သူကြွားချင်တာကိုလူသိမှာစိုးလို့
"အာ!!..အဘကလည်းဒုံးဝေးရန်ကော......သဘောင်္ပေါ်မှာရှိနေချိန်လှိုင်းလေလာလို့သဘောင်္လူးတဲ့အချိန်မှာ လဲကျမသွားအာင် အခုလိုဘဲထိန်းလျှောက်ရင်း အကျင့် ပါနေပြီဗျ " လို့..
လှမ်းပြီးဆင်ခြေပေးသတဲ့....
အဲဒီမှာ
အဘိုးအိုလဲ နဂိုက လမ်းလျှောက်တာ အချိုးမပြေလို့မြင်ပြင်းကပ်နေတာနဲ့ ရုတ်တရက် ထရပ်ပြီး..
" ဟေ့! မောင်ရင်...မင်းပြောသလိုသာ..အကျင့်ပါရမယ်ဆိုရင်...
ငါ
မိန်းမရပြီး ညတိုင်း အဝှါပြုလာ တာနှစ်ပေါင်း ၅၀ ရှိပြီ...မောင်ရင့်လိုသာဆိုရင်...အဘလဲ
ဟော့သလို ဟော့သလို လျှောက်ရတော့မယ်" ဆိုပြီး...
ကော့လန် ကော့လန်နဲ့ လျှောက်ပြလိုက်လို့....အနားကလုတွေဝိုင်းဟားတာနဲ့....
သဘောင်္သားဟာ နောက်တောင်လှည့်မကြည့်ဘဲ
တချိုးတည်းပြေးတော့တာဘဲတဲ့လေ။
ကိုလူအေး ငယ်ငယ်ကကြွားခဲ့ဘူးတာ အမှတ်ရမိလို့ ပါ။
ငယ်ဆို ‘‘ မိုင်နိမ်းအစ်စ် မောင်လူအေး ’’ လို့ တတ်ကာစ အရွယ်ကပေါ့...
အကိုကြီးကပြောတယ် ယဉ်ကျေးတဲ့သူတွေက အေ့..လို့ လေချဉ်တက်မိရင် ဆောရီးလို့ ပြောရသတဲ့။ ဘူ..လို့  လေလည်မိရင်တော့ သိုင်ကျူးပေါ့။ ဘာပြောကောင်းမလဲ။ ဆန်စက်မှာစပါးလာကြိတ်တဲ့ ကုန်သည် တွေထဲ သမီးငယ်ငယ်ချောချောကလေးများခေါ်လာလို့ ကတော့ မိုင်နိမ်းအစ်စ် မောင်လူအေးတစ်ယောက် အနားမယောင်မလည်နဲ့ သွားပြီး အေ့..လို့ လေချဉ်တက်လိုက်၊ ဆောရီးလို့ ပြောလိုက်နဲ့ အလုပ်ရှုပ်နေ တော့တာပေါ့ဗျာ။
ကိုယ်နဲ့ နှိုင်း မရိုင်းနဲ့ ဆိုသလို ခုခေတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့  ထိပ်တန်းပညာတွေသင်ယူ တတ်မြောက်ကြတယ်။ ပြီးတော့ အထက်မတက်ပဲ လှေကားကြီးတရမ်းရမ်းနဲ့  ဟိုပြေးလိုက်၊ ဒီပြေးလိုက် လုပ်ပြနေတာကို နားလည်ပေးရတော့မပေါ့လေ။
သို့ ပေတဲ့ ကာလ၊ဒေသ၊ပယောဂ မညီညွတ်ချိန်မှာတော့ ဘုရားအလောင်းတော် မဟော်သဓါပညာရှိ တောင်မှ အိုးဖုတ်သူတို့ ရဲ့ အလုပ်ခွင်မှာ ရွံ့ အလူးလူးနဲ့  အိုးဖုတ်ခဲ့ရသေးမဟုတ်လား ကွယ်တို့ ။