ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 31 July 2011

Burmese Pork Curry(Wetha See Byan)

Had this recipe for sometime from a cook book. Thought I give it a try with my own tiny adjustments.
 1 kg pork (shoulder or butt)


As you can see from this picture top, this pork curry is quite dry and rich, the texture is similar to Malaysian Rendang without the rich coconut milk. It was very tasty indeed.

Method:
  • Prepare the spice paste. Peel the onion/shallots, garlic and ginger. De-seed the fresh and dried chillies. Soak the dried chillies in warm water till softened. Then cut the spices into small chunks then put all (incl. ground turmeric/ tomato paste if that's what you are using) in a mini blender, liquidiser or food processor and blitz till smooth, if the blender is a bit struggling add some water and blitz again till you get a smooth paste like this.

Here's my side dishe. " Pig's Tail Soup "


                                                Wetha See Byan(sweet)







ဆက်ဖတ်ရန် >>>

Thursday 28 July 2011

ဘ၀ဟူသည်။

"နင့်အဖေ ထမင်းစားရအောင်"
မိဂျမ်းခေါ်သံကို ကြားကြောင်း ငတော ခေါင်းညိတ်ပြသည်။
တောမှ သူ ခူးလာသော ဟင်းညိုနားဋောင်းရွက်များကို တောင်းကြီးတစ်လုံးထဲ ငတော ထည့်ရာ တောင်း ပြည့်လျှံသွားသည်။ တစ်အိမ်သားလုံး အားပါးတရ စားနိုင်ရန် ငတော လောဘတကြီး ခူးလာခဲ့သော ညိုနားဋောင်းရွက်များမှာ တောင်းကြီး မောက်မောက်လျှံလျှံ။
"ငလုံးတို့အဖွဲ့ကော စားပြီးပြီလား"
ထမင်းဝိုင်း ထိုင်ထိုင်မေးမေး မေးလာသော ငတော စကား။
"နင့်အဖေလာမှ စားမယ်ပြောပေမဲ့ ကျုပ် ဇွတ်ခူးကျွေးထားပြီးပြီ"
"ဒါဖြင့် နင့်အမေကော မစားရသေးဘူးပေါ့၊ တစ်ခါတည်းပြီးအောင် စားလိုက်လေ"
"စားပါ တော် ဝ,အောင် စားပြီးမှ သိမ်းရင်းဆည်းရင်း ကျုပ်စားပါ့မယ်"
မိဂျမ်းပြောလာသော စကားကြောင့် ငတော် ရုတ်တရက် စဉ်းစားသည်။ မိဂျမ်းသည် မိန်းမပီပီ တိုက်ရိုက် မပြောတတ်သောအခါရှိသည်။ မိန်းမသားတစ်ဦး သွယ်ဝိုက်ပြောပြီဆိုလျှင် ယောကျာ်းသားက တစ်ခါတစ်ရံ ပြောင်းပြန်လှန် အဓိပ္ပာယ်ကောက်မှ သူတို့ မိန်းမသား စကားကို ငတောတို့လို ယောကျာ်းဘသားတွေ နားလည်သည်။ တစ်ခါတစ်ရံ ကွက်ကျော် မြင်ကြည့်တတ်မှ မိန်းမစကားကို ယောကျာ်းသား နားလည်သည်။
ပေါင်းသင်း လာသည်မှာ ကြာပြီပဲ။ သည်မိန်းမ ဘာကိုဆိုလိုကြောင်း ငတော ကွက်ကျော်မြင်သည်။ ဧကန္တ ထမင်း မလောက်ဟု သူ ပြောလိုဟန်ရှိသည်။ ထမင်း မလောက်၍ ကလေးတွေကို ဇွတ်ခူးကျွေး၊ ငတောကျွေး၊ ငတော စားကျန်မှ အိုးကပ်အင်ကပ် လူးကာ သူ ဖြစ်သလို စားမည်ဟူသော အဓိပ္ပာယ် ရည်ညွှန်းကာ မိဂျမ်းပြောကြောင်း သဘောပေါက်သည်။
သူ့ ဇနီးသည် မိဂျမ်းအား ငတော ကြင်နာ လေးစားစွာ ကြည့်မိသည်။
မိဂျမ်းက ငတောကို ခေါ်သော အမည်နာမ များစွာ ရှိခဲ့ပါ၏။
ဒီမှာ ဒီမှာ ဆိုတော့လည်း ငတောကိုပါပဲ။
အိမ်ကလူကြီး ဆိုတာလည်း ငတောကိုပါပဲ။
ဟို တစ်ယောက် ဆိုတာလည်း ငတောကိုပါပဲ။
ဒေါသ ထွက်သောအခါ ငတောကို မိဂျမ်းခေါ်သာ ကိုယ်စားပြု အမည်တွေ များစွာ ရှိပါသေးသည်။
မည်သို့ခေါ်ခေါ် မည်သို့ပြောပြော မိဂျမ်းသည် ငတော၏ အိမ်သူ ဇနီးကောင်း တစ်ယောက်ဖြစ်ကြောင်းကိုမည်သူသိသိ မသိသိ ငတော သာလျှင် အသိဆုံး ဖြစ်ပါသည်။
မိဂျမ်းသည် ဇနီး၊ မိဂျမ်းသည် ရုန်းဖော်ကန်ဖက်၊ မိဂျမ်းသည် သစ္စာကြီးသော တိုင်ပင်ဖော် တိုင်ပင်ဖက်၊ မိဂျမ်းသည် အနွံအတာ များစွာ ခံသော၊ နားလည်သော ထွက်ပေါက်ကို သူ့နည်းသူ့ဟန်ဖြင့် ရှာကြံတတ်သော တန်ဖိုးကြီးမားသည့် သူ့ဘဝ လက်တွဲဖော် တစ်ယောက်ပင်။
သည်သို့သော သူကို ဥပက္ခာပြု၍ မိမိ တစ်ဝမ်းတစ်ခါး ဝလျှင်ပြီးစတမ်း သဘောထားပြီး သူ့တစ်ယောက်တည်း မစားသောက်လို။ မျို၍လည်း ကျမည်မဟုတ်။
မိဂျမ်း မယူချင် ယူချင်ဖြင့် ယူလာသည့် ထမင်းအိုးထဲ၌ ထမင်းကျန်သည်မှာ လက်သီးဆုပ်ခန့်မျှသာ။ ခူးထားသော ထမင်းရော အိုးထဲမှ ထမင်းပါ ပေါင်းထည့်သည်တိုင် ငတော ဝမ်းဝဖို့ ဝေးလေစွ။
သည်အထာကိုသိ၍ မိဂျမ်း နောက်ဆုတ်ပေးခြင်း ဖြစ်မည်။

အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ဖြစ်ပါလျက်နှင့် တစ်ကိုယ်ကောင်းဆန်ကာ သူတစ်ယောက်တည်း ငတော မစားရက်။
အိုးထဲမှ ထမင်းနှင့် ဇလုံထဲမှ ထမင်းကို စုပေါင်း ရောမွှေ၍ သူ့ဇလုံ၌ တစ်ဝက်၊
မိဂျမ်းဇလုံ၌ တစ်ဝက် ငတော ခွဲထည့်၏။
"ငါ စိတ်မကောင်းအောင် လုပ်မနေနဲ့ မိဂျမ်းရာ ငါနဲ့ တစ်ခါတည်းစား"
မိဂျမ်း မျက်နှာ မကောင်းဖြစ်သော်လည်း မငြင်း။ ထမင်းပွဲ ဝင်ထိုင်ကာ သူ့ဇလုံ ထဲမှ ထမင်း တစ်ဝက်ခန့်ကို ငတော ဇလုံထဲ ထည့်၏။ ငတောက လက်မခံ။ မိဂျမ်း ဇလုံထဲ ထမင်းပြန်ထည့်ပေးသည်။ မိဂျမ်းက မယူ။
ငတော ထမင်းဇလုံထဲ ပြန်ထည့်ပေးပြန်သည်။ ငတောကလည်း သူ့ဇလုံထဲ၌ မိဂျမ်းထည့်လာသော ထမင်းကို မထား။ မိဂျမ်း ဇလုံထဲ ပြန်ပို့ပြန်သည်။
"စားပါဟာ နင် ဒီလိုလုပ်တော့ ငါ ဘယ်လို မျိုကျပါ့မလဲ။ ဘယ်လိုဖြစ်တာလဲ"
ငတောက သူ စ,စားမှ မိဂျမ်းစားတော့မည် သိ၍ ထမင်း တစ်လုတ်ကို ခွံ့ရင်း မေးသည်။
ထမင်းဆို၍ ဆန်ဖြုထမင်း မဟုတ်။ သုံးလွန်တင် ထမင်း။
သုံးလွန်းတင် ထမင်းမှာ မောင်းနှင့်ထောင်း ချွတ်ထားသော ပြောင်းဆန်ပါသည်။ ရိုးရိုးဆန်ပါသည်။ ပဲ ပါသည်။
မိဂျမ်းတို့ ထမင်းမှာ ပြောင်းဆန်နေရာ၌ ပြောင်းဖြူဆန် မဟုတ်။ ရွှေနီပြောင်းဆန်က ဈေးချို၍ ရွှေနီ ပြောင်းဆန် ဖြစ်သည်။
ပဲ ဆို၍ အဖိုးတန်သော ပဲစဉ်းငုံ၊ ပဲနတ္တော်၊ ပဲကြားလို တန်ဖိုးကြီး ပဲ မဟုတ်။ ဈေးချိုသော ပဲပိစပ်။
ရွှေနီပြောင်းက မည်မျှ မောင်းနှင့်ချွတ်ချွတ် သူ့ပင်ကိုရောင် အနီသွေးကို မစွန့်။ ပဲ၊ ဆန်၊ ပြောင်း ဆန်သုံးမျိုး ရောချက်လိုက်သောအခါ ရွှေနီပြောင်းရောင်က လွှမ်းတက်လာသည်။ မုရင်းဆန်ထက် နီသည်။
သုံးလွန်းတင် ထမင်းနှင့် စားရမည့် ဟင်းက သုံးမျိုးတည်းပါ။
ဟင်းတစ်မျိုးက ဂုံရွက်ဟင်းချို။
တစ်ပန်းကန်ထဲ ရောထည့်ထားသော ဟင်းနှစ်မျိုးက ဘယ်ဘက်မှာ ငရုတ်သီးထောင်း ညာဘက်မှာ ငါးပိနုဖုတ်။
သည်သို့သော ထမင်းပွဲကိုပင်လျှင် နပ်လျဉ်မီအောင် ရရာ အလုပ်ကို ငတောတို့ သေကောင်ပေါင်းလဲ လုပ်နေရ၏။
"ဘာဖြစ်လို့ ထမင်းမလောက်တာလဲ နင့်အမေရ"
"ပြောမပြချင်ပါဘူးတော်၊ ထမင်းအိုး ချက်ခါနီး မိတူးက ပြောင်းနီဆန် နို့ဆီဘူး တစ်လုံး အချေး လာတောင်းရော သူ့ပြောင်းနီဆန် ချေးထားတာကလည်း ကြာလှပြီတော့ သူ့ခမျာလည်း အဟုတ် ချက်စရာ မရှိလို့ လာတောင်းတာ ဓာတ်သိ ဖြစ်နေတော့ မျက်စိမှိတ် အံကြိတ် ပေးလိုက်ရော မိတူး မပေးခင်ကတော့ ညနေစာ ကွက်တိဆိုတော့ စိတ်အေးနေတာပေါ့ နင့်အဖေ ရေ့"
သုံးလွန်းတင် ထမင်းကိုပင်လျှင် နတ်သုဒ္ဓါ ကဲ့သို့ မက်မက်မောမော စားနေသော ငတောနှင့် မိဂျမ်း ထမင်းစားရင်း စကား တပြောပြော။ငတော တို့ မိဂျမ်းတို့ ဘဝ၌ အလိုကျကျ မကျကျ ကြုံတွေ့ လာသမျှ အခက်အခဲကလို ဖြစ်သည့်နည်းဖြင့် ရင်ဆိုင် ကျော်လွှားခဲ့ပါ၏။
ရင်ဆိုင် ကျော်လွှားနည်းမှာ ကြုံရာအလုပ်၊ ကျရာအလုပ် နေ့ည မရှောင်လုပ်သော နည်း ဖြစ်ပါ၏။
                                        
                                      xxxxxxxxxxxxxxxxxxxxxxxxxxxx

ခါတိုင်းကဲ့သို့ တောလိုက်ရမည် ထင်သော ငလုံးက ငတော အရိပ်အခြည်ကို ကြည့်နေသည်။ ငတောက သူ့ ပွေးထိုးခက်ရင်းကိုယူကာ လွယ်အိတ်လွယ်ပြီး သူ့စကားကို စောင့်နေသော ငလုံးအား လှမ်းခေါ်ပြောသည်။
"ငလုံး"
"ဗျာ"
"မင်း ငပေါ အိမ် သွား၊ တောင်ပိုင်းက နွားသမား ငပေါ အိမ် မဟုတ်ဘူး၊ အနောက်ပိုင်းက ဝက်သတ်တဲ့ ငပေါအိမ်"
"ဟုတ်"
"အဖေက လွှတ်လိုက်တာလို့၊ မနေ့ညနေက ဦးလေး ငပေါ ပြတဲ့ ထင်းပုံ ပေါက်ရအောင် လာတာပါလို့ ကြားလား"
"ဟုတ်"
"ထင်းပေါက်ခ ဘယ်လောက်ပေးရမလဲ မေးရင်၊ အခကြေးငွေစကား အဖေက မပြောရဘူး၊ ဦးလေးပေါ ပေးတာယူ၊ ကျွေးတာစား လို့ မှာတယ်ပြော၊ တစ်အောင့်လောက်နေ သွား၊ သူတို့ ကနေ့ ဝက်ကိုင်မယ်ပြောတယ်"
သူ့အဖေ စကားကို မလွန်ဆန်ဝံ့၍သာ ငလုံး နေခဲ့ရသည်။
ငလုံး သူ့အဖေနှင့် ပွေးထိုးလိုက်ချင်သည်။

မီးဖိုချောင်ထဲ၌ မိဂျမ်းသည် သူ့သားသမီးများ မနက် အဆာပြေ စားရန် ညိုနားဋောင်းရွက် ထပ်သုတ်ပြီး ရေနွေးကြမ်းအိုး တည်နေသည်။
ဟင်းညိုနားဋောင်းရွက်ကို ချိုင့်ကြီးရွာက အရေးပေါ်ရွက်ဟု ခေါ်သည်။ ထမင်း မချက်နိုင်သည်အထိ ကံဆိုးမိုးမှောင်ကျပြီး အရေးပေါ်လာပါက ယင်းအရွက်ကိုခူး၍ ရေနွေးဖြောကာ သုတ်စားကြသည်။
ထမင်းကဲ့သို့ မတင်းတိမ်သည့်တိုင် ကာလ တစ်ခုကို ကျော်လွှားချိန်၌ ဝမ်းတွင်းမှ ပိုးများကို ငြိမ်အောင် ထိန်းထားနိုင်သည်။ ထမင်းချက်ချိန် မရ၊ ထမင်းချက်ရန် ဆန် မရှိ၍ ဆန်ရှာနေရ ဖြစ်လာလျှင် ညိုနားဋောင်းရွက်သုပ်ကို စားထားက အဆာခံသည်။ ထို့ကြောင့် အရေးပေါ်ရွက်ဟု ဂျပန်ခေတ် ပြေးကြလွှားကြပုန်းကြ ကတည်းက နာမည် ရခဲ့သည်။
မနေ့ညက ငတော ခူးလာခဲ့သော ဟင်းညိုနားဋောင်းရွက်ကို မိဂျမ်း အစောကြီး ထပြီး ငတော အတွက် သုပ်ပေးသည်။ ညိုနားဋောင်းရွက်သုပ် တစ်ပန်းကန်နှင့် ရေနွေးကြမ်း တစ်အိုး ကုန်သွားသောအခါ
ငတော တောထွက်ရန်အချိန် သင့်တော်နေပြီ။
ငတော ပွေးထိုး ခက်ရင်း ထမ်း၊ ဓားဦးချွန် ခါးထိုး၊ လွယ်အိတ်ကို လွယ်ပြီး မိဂျမ်းကို တောသွားမည့် အကြောင်းပြောကာ တောသို့ ထွက်ခဲ့သည်။

ပွေး။
မြေမှာ တွင်းအောင်းပျော်ပါး၍ သစ်မြစ် သစ်ဥ သစ်ဖု စားကာ အသက်ရှင်သန်နေသော ပွေး။ မြေအောင်းကောင်၊ တွင်းအောင်းကောင်။
ပတတ်လို၊ ဖွတ်လို၊ ကြွက်လို တွင်းမှာ အောင်းကာ မြေပေါ်ထွက် အစာရှာသည့် အကောင် မဟုတ်။ မြေတွင်းမှာ နေ၍ မြေအောက်မှာသာ သစ်မြစ် သစ်ဖု သစ်ဥကို ရှာဖွေစားသောက်သော အကောင်။
သည်မြေအောက်ပျော် ပွေးကို ချိုင့်ကြီးရွာ မြောက်ဘက်ကလို အရှေ့ဘက်လို ယာသားပြင်စ နယ်မြေမှာ သွားရှာ၍ မရ။
ချိုင့်ကြီးရွာ အနောက်ဘက်နှင့် တောင်ဘက်လို သဲမြေ။ သဲစပ်မြေ၊ သဲကောမြေ၊ မြေနီသဲမြေတို့ ရှိရာသို့ သွားမှသာ ပွေးကိုရသည်။
ဆယ့်ငါးကောင်မြောက် ပွေးကို သူ့လွယ်အိတ်ထဲ ထည့်ပြီးချိန်၌ ငတော ဝမ်းထဲ တကြုတ်ကြုတ် မြည်သံ ပေးလာသည်။
အိမ်ပြန်ချိန်ကျပြီ။
                                       
                                          xxxxxxxxxxxxxxxxxxxxxxxxxxxx

"ဟာ ဝက်သားတွဲကြီးပါလား"
ငတော အိမ်ပြန်ရောက် လျှင်ရောက်ချင်း သူ့ မီးဖိုချောင် အပေါက်ဝ၌ချိန်ဆွဲထားသော သုံးထပ်သား ဟင်းတွဲကို မြင်၍ တအံ့တသြ။ မိဂျမ်းသည် သူ့ ပွေးထိုးခက်ရင်းနှင့် လွယ်အိပ်ကို ယူပြီး သူ့ကိုမေးသည်။
"ထမင်းစားတော့မလား နားဦးမလား"
ငတော တစ်မနက်လုံး မတ်တတ်ရပ်လိုက်၊ ကုန်းကုန်းကြီးလုပ်လိုက်၊ သွားလိုက် လာလိုက် လုပ်နေခဲ့ရာ ယခုမှ ပင်ပန်းမှန်းသိသည်။
"ရေနွေးကြမ်းသောက်ပြီး ခဏနားပါဦ်းမယ်ဟာ ကလေးတွေစားသောက် ပြီးကြပြီလား"
"ပြီးကုန်ပြီ။ ငလုံးလည်း တစ်ပတ် ပြန်ထွက်သွားတယ်။ ငလုံးကို ထင်းပေါက်ခ အဖိုးစားနား မပြောလို့တဲ့၊ ငပေါက ဆန် တစ်ပြည် ထည့်ပေးလိုက်တယ်။"
"ဝက်သားတွဲကြီးက"
"နင့်အဖေ ပွေးသွားထိုးတဲ့အကြောင်း ငပေါကို ငလုံးက ပြောသတဲ့၊ ငပေါ ယောက္ခမ ပန်းနာရင်ကျပ် ရောဂါအတွက် ပွေးက သိပ်အသုံးကျတာမို့ ပွေးနှစ်ကောင်ပေးပေး သုံးကောင်ပေးပေး ပေးပါတဲ့၊ ဝက်သားတစ်တွဲလည်း ချက်စားရအောင် ယူသွားပါ၊ ပွေးနဲ့ လဲတဲ့သဘောပေါ့လို့ ဇွတ်ပြောပြီး ဇွတ်ပေးလို့ ယူလာတာတဲ့"
မြန်မာ နွားမျက်စဉ်းဆေးနှင့် နွာလျှာပွတ်ဆေး ဖော်ရာတွင် ကြက်တူရွေးနှင့် ပွေးပါမှ အာနိသင် စူးစူးရှသည်။ ဆေးစွမ်းပို ထက်မြတ်သည်။ပွေးဆိုရာတွင် တစ်ကောင်၌ ပိဿာခန့်အထိ ရှိတတ်သော ဝါးရုံပွေး၊ တောကြီးမြိုင်ကြီးပွေးထက် မြေပြင်ပွေးက ပို၍ နွားဆေးဖော်ရာ၌ ဆေးစွမ်းထက်သည်။
ပန်းနာရင်ကျပ် ရောဂါ ဝေဒနာရှင်များကလည်း ငတော အိမ်ကို ကိုယ်တိုင်ကိုယ်ကျ လာပြီး ပွေးကို ပြာချ၍ လျက်ဆားအဖြစ် လျက်လိုပါသဖြင့်ပွေးရပါက သူတို့ကို ရောင့်ပါ။ ဆိုသမျှဈေး ပေးပါမည်ဟု ခဏခဏ မှာကြသည်။
ပွေးသားကောင်းမှန်းသိကြသော အကောင်း ကြိုက်သူများကလည်း ပေါက်ဈေးဖြင့် ပွေးရလာလျှင် ရောင်းပါဟု ဆိုကြသူ ရှိခဲ့၏။
"ဟင် နင့်ဘလွှား၊ ပွေးတစ်ဆယ့်လေးကောင်၊ ဆယ်ကောင်က ငါးရာ၊ ဟိုလေးကောင်က နှစ်ရာ၊ ငွေခုနစ်ရာတောင်မှပါလား။ နင့်အမေရ၊ ဘဝဆိုတာ မယုံကြည်နိုင်စရာ မျက်လှည့်ပွဲ တစ်ခု ဝင်ကြည့်ရသလိုပဲနော်၊ မနေ့ညနေကဖြင့် ထမင်းမှ ဝအောင် မစားနိုင်လို့ တစ်မျိုး ခံစားရတယ်။ ခုလိုကျပြန်တော့ တစ်မျိုး ခံစားရပြန်တယ်"

"နင့်အမေရာ၊ ငါ့ ရင်ထဲ အလိုလို ပြည့်နေပါပြီ၊ ခုမနက် ထမင်းစားချင် စိတ်တောင် ခပ်လျှော့လျှော့"
"ဖြစ်နိုင်ရင် ခုမနက် ထမင်း။ တော် လျှော့သာစား၊ ညနေမှာ ငလုံး ယူလာတဲ့ ဝက်သားကို ဆီလည်ရေလည် ချက်မယ်။ ငရုပ်သီးနဲ့ ငါးပိနု ကြော်မယ်။ အိမ်စည်းရိုး စိုက်ထားတဲ့ ခွေးတောက်ပင်က ခွေးတောက်ရွက် ခူးပြီးတို့ရအောင် ပြုတ်မယ်။ တော် ခူးလာတဲ့ ခံတက်ရွက် သိပ်ထားတဲ့ ခံတက်ချဉ်ကလည်း ညနေဆို ချဉ်နေပြီတော့၊ ခံတက်ချဉ် သုပ်မယ်။ ကုလားပဲဆန် ခွဲခြမ်းလေး တစ်နပ်စာလောက် ဝယ်ပြီး အလှူ ဟင်းချို ချက်သလို ချက်မယ်။ အဲဒါကြောင့် တော့်ကို ကနေ့ မနက် ထမင်းလျှော့စားလို့ ပြောချင်တာ။"
"ဆန်ကကော"
"ဒီတစ်နပ်ပဲတော် ငလုံး ထင်းပေါက်ခ ရတဲ့ ငပေါဆီက ဆန်တစ်ပြည်ရှိသားပဲ။ ဆန်သန့်သန့် ထမင်းချက်ရမှာပေါ့ ဆန်ထမင်းလေ"
"နင့်အမေ ပြောတာနဲ့ ငါ သွားရည်တောင် ကျချင်လာပြီ။ ကဲ....ကဲ မနက်စာ ထမင်းစားရအောင် ခူးဦး၊ ညနေကျမှ ဝက်သားကျွေး အလှူကို စားသလို အားရပါးရ တွယ်လိုက်ရဦးမယ်။မနက်ကတော့ ထမင်းကတော့ အူကို ထိန်းရုံပေါ့ နင့်အမေရယ်။"






ညနေမှာ ဆန်ထမင်း ဖြူဖြူလေးရယ်။







ဝက်သားဆီလည်ရေလည်လေးရယ်။








ခွေးတောက်ရွက်ပြုတ် အတို့လေးရယ်။






ခံတက်ချဉ်သုပ် လေးရယ်။









အလျှူပဲ ဟင်းချိုလို ချက်ထားမည့် ပဲဟင်းချိုလေးရယ်။











ငတော စားရမည်မို့ ဝမ်းသာ ကြည်နူး မဆုံး။ မစားရသေးခင်မှာပင် အတွေးနှင့် သွားရည်များ ပြည့်လျှံလာ၍ ငတော သူ့ပါးကို ယောင်ရမ်းကိုင်မိသည်။
သူ့ပါးကိုင်မိမှ သူ့မျက်စိထဲ၌ ဝက်သားကျွေး အလှူတိုင်း၌ ပါလေ့ရှိသော ဗလာဆိုင်းထဲမှ နှဲသမားကြီး၏ ပါးကို ငတော သတိရမိ၏။

ဗလာဆိုင်းထဲမှ နှဲသမားကြီး နှဲမှုတ်နေသောအခါ နှဲသမားကြီး၏ ပါးသည် တစ်ခါတစ်ခါ ဖောင်းလာလိုက် တစ်ခါတစ်ခါ ပိန်လိုက်၊ နှဲမှုတ်နေသော နှဲသမားကြီး၏ ဖောင်း၊ ပိန်၊ ပိန်၊ ဖောင်း မျက်နှာသည် ငတောတွေး၌ တစ်ရစ်ဝဲဝဲလည်။
ဘဝဟူသည် နှဲသမားကြီး၏ ပါးလို ပိန်လိုက် ဖောင်းလိုက်၊ ဖောင်းလိုက် ပိန်လိုက် ရှိနေသည်ဟု ငတော တွေးမိပြီး ပြုံးစစ။


တွင်းကြီးဝမ်းမောင်၏ ငတောနှင့်ငလုံး ၀တ္ထုတိုများမှ‘‘ ပွေးထိုးသမား‘‘၀တ္ထုတို။
ဆက်ဖတ်ရန် >>>

Tuesday 26 July 2011

Once upon a time - Part One (Wild Boare Meat Curry)

Two years ago, I went back Myanmar for holiday trip ( especially for pay respect our parents and meet relatives) .

First day , we slept our home at Yangon.




The next day, my wife and I were going to Hmawbe(my parents' home) from Yangon(my wife parents' home)  and doing some grocery shopping on the way. 


 I spotted the butcher at the road corner stall diligently slicing the meat off a big hairy pork thigh. The pork skin is much darker than the normal pig, with long and coarse hair all over.

 Not a pretty sight at all but I was salivating...cos I knew exactly how delicious the wild boar meat!






I won't be able to find this meat in sg.
I finally found the time and chance to eat again,Gee….






I can’t comment on the taste, believe it or not, try it yourself…YET.





ဆက်ဖတ်ရန် >>>

Saturday 23 July 2011

'See no evil, hear no evil, speak no evil'

“See no evil, hear no evil, speak no evil" is a common phrase, usually used to describe someone who doesn’t want to be involved in a situation.



Unfortunately, no one knows for sure how it evolved. Because the saying is typically associated with three monkeys one covering his eyes, one covering his ears, and the other covering his mouth it is believed that the saying may have its origin in a 17th century temple in Japan.
The Nikko Toshogo Shrine, also known as the Sacred Stable, in Japan has a carving of three wise monkeys. Many scholars believe the monkeys were carved as a visual representation of the religious principle, “If we do not hear, see, or speak evil, we ourselves shall be spared all evil."
ဆက်ဖတ်ရန် >>>

Monday 18 July 2011

ဒီနေ့ တော့ဖြစ်သလိုဘဲ စားလိုက်တယ်။


ဒီနေ့ မနက် အစာပြေကို ဖြစ်သလိုဘဲ ထမင်းကြမ်းကို ပဲပြုတ်နဲ့ နယ်ပြီး၊၀က်နံရိုးကြော်ဘဲ စားလိုက်ရတယ်။

ပြီးတော့ဖြစ်သလိုဘဲ လက်ဖက်ရည်နဲ့ မုန့် စိမ်းပေါင်းစားရင်း အေးအေးလူလူ သတင်းစာဖတ်ရတော့တယ်။
အလုပ်ကလဲ ရှုပ်သကိုး။
ဘာလိုလိုနဲ့  ထမင်းစားချိန်တောင်ရောက်လာပြီဘဲ၊ အင်း...ဖြစ်သလိုဘဲ စားရတော့မှာဘဲလေ။
ဒါက.. ပီကင်းဘဲကင်။
ဒါက..ငါးကြင်းကို ပေါင်းထားတာ။
ပဲငပိနဲ့  ပေါင်းထားတာက ဟင်းတစ်မယ်ပေါ့။

ဒါက..ကြက်ချိုချဉ်။
ကိုက်လံ ပလိန်း။
ဒါက..အစိမ်းကြော်။
ကန်စွန်းပလိန်း။


ဒါက ..၀က်ခြေထောက်စွပ်ပြုပ်။
ဒါက..၀က်ခြေထောက်ကို ပေါင်းထားတာ။

ဒါက..၀က်သားကို ပဲငံပြာရည်နဲ့ အချိုချက်ထားတာ။
ဒါက..၀က်နံရိုးပိုတာလေးကို ကြာစွယ်နဲ့  စွပ်ပေါ့။

ဒါက..၀က်သားချဉ်သုပ်။
ဒါက..၀က်ခေါင်းသုပ်။

ဒါက..ကြက်သားသုပ်။
ဒါက..အမဲသားသုပ်စပ်စပ်လေး။
တော်ပါပြီလေ..ဖြစ်သလိုဘဲ ထမင်းကြော်လေးနဲ့ ဘဲ တွဲစားတော့မယ်။ စိတ်တောင်မကောင်းဘူး။
ရေလေး တစ်ဖန်ခွက်လောက် ထည့်ပေးပါအုန်း။
ဒီနေ့  နေ့ လည်ရာသီဥတုကလဲ ပူလိုက်တာ။
 ချွေးထွက်လွန်ပြီး အားပြတ်မသွားရအောင် ရေနွေးကြမ်းသောက်ပြီး အာပူလာရင် ပုရစ်ကြော်လေးကိုဘဲ ဖြစ်သလို မြည်းရတော့မှာဘဲ။
အာသာမပြေဘူးဖြစ်နေတယ်။ အင်းလေ..ဖြစ်သလိုဘဲ စာကလေးကြော်နဲ့  ဆက်မြည်းရတော့မယ်။စိတ်တောင်မကောင်းဘူး။
တစ်နေ့ လုံးကို ဖြစ်သလိုစားနေရတော့တာဘဲ။ စိတ်ပေါက်ပေါက်နဲ့  ညနေစာကိုလဲ ဖြစ်သလို ဆီချက်ခေါက်ဆွဲဘဲစားလိုက်တော့မယ်။

သြော်...ဖြစ်သလိုစားမယ်ဆိုပြီး အော်ဒါမှာထားတဲ့ ၀က်ကောင်လုံးကင် လာပို့ ပြီဘဲ။
စိတ်တောင်မကောင်းဘူး။



ဒါက..ခေါက်ဆွဲကြော်။
ဖြစ်သလိုချည်းဘဲ စားနေရတော့ အအီပြေအောင် ၊

အချိုတည်းဖို့ လေ။ဖြစ်သလိုလေးဘဲပေါ့။စိတ်တောင်မကောင်းဘူး။





























ဆက်ဖတ်ရန် >>>