အလုပ်ကလဲ ရှုပ်သကိုး။
ဘာလိုလိုနဲ့  ထမင်းစားချိန်တောင်ရောက်လာပြီဘဲ၊ အင်း...ဖြစ်သလိုဘဲ စားရတော့မှာဘဲလေ။
ဒါက.. ပီကင်းဘဲကင်။
ဒါက..ငါးကြင်းကို ပေါင်းထားတာ။
ပဲငပိနဲ့  ပေါင်းထားတာက ဟင်းတစ်မယ်ပေါ့။
ဒါက..ကြက်ချိုချဉ်။
ကိုက်လံ ပလိန်း။
ဒါက..အစိမ်းကြော်။
ကန်စွန်းပလိန်း။
ဒါက ..၀က်ခြေထောက်စွပ်ပြုပ်။
ဒါက..၀က်ခြေထောက်ကို ပေါင်းထားတာ။
ဒါက..၀က်သားကို ပဲငံပြာရည်နဲ့ အချိုချက်ထားတာ။
ဒါက..၀က်နံရိုးပိုတာလေးကို ကြာစွယ်နဲ့  စွပ်ပေါ့။
ဒါက..၀က်သားချဉ်သုပ်။
ဒါက..၀က်ခေါင်းသုပ်။
ဒါက..ကြက်သားသုပ်။
ဒါက..အမဲသားသုပ်စပ်စပ်လေး။
တော်ပါပြီလေ..ဖြစ်သလိုဘဲ ထမင်းကြော်လေးနဲ့ ဘဲ တွဲစားတော့မယ်။ စိတ်တောင်မကောင်းဘူး။ရေလေး တစ်ဖန်ခွက်လောက် ထည့်ပေးပါအုန်း။
ဒီနေ့  နေ့ လည်ရာသီဥတုကလဲ ပူလိုက်တာ။
ချွေးထွက်လွန်ပြီး အားပြတ်မသွားရအောင် ရေနွေးကြမ်းသောက်ပြီး အာပူလာရင် ပုရစ်ကြော်လေးကိုဘဲ ဖြစ်သလို မြည်းရတော့မှာဘဲ။
အာသာမပြေဘူးဖြစ်နေတယ်။ အင်းလေ..ဖြစ်သလိုဘဲ စာကလေးကြော်နဲ့  ဆက်မြည်းရတော့မယ်။စိတ်တောင်မကောင်းဘူး။
တစ်နေ့ လုံးကို ဖြစ်သလိုစားနေရတော့တာဘဲ။ စိတ်ပေါက်ပေါက်နဲ့  ညနေစာကိုလဲ ဖြစ်သလို ဆီချက်ခေါက်ဆွဲဘဲစားလိုက်တော့မယ်။
သြော်...ဖြစ်သလိုစားမယ်ဆိုပြီး အော်ဒါမှာထားတဲ့ ၀က်ကောင်လုံးကင် လာပို့ ပြီဘဲ။
စိတ်တောင်မကောင်းဘူး။
ဒါက..ခေါက်ဆွဲကြော်။
ဖြစ်သလိုချည်းဘဲ စားနေရတော့ အအီပြေအောင် ၊
အချိုတည်းဖို့ လေ။ဖြစ်သလိုလေးဘဲပေါ့။စိတ်တောင်မကောင်းဘူး။
No comments:
Post a Comment