ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Sunday 17 July 2011

Who's (လူမိုက်)the foolish man.

။လောကနီတိ။
မိုက်သူက မိုက်မှန်းသိလျှင် လူကောင်းဟု ခေါ်ဆိုနိုင်၏။
အကြောင်းမှာ သူသည်ဆက်၍မမိုက်တော့ဘဲ ပြုပြင်ကာ လူလိမ္မာဖြစ်နိုင်သည်။
အကယ်၍ လူမိုက်က လူမိုက်ဖြစ်ပါလျှက် သူ့ ကိုယ်သူ လူလိမ္မာဟုထင်နေလျှင် သူ၏အမိုက်ရောဂါ မပျောက်ဘဲ လူမိုက်အစစ် ဖြစ်ချေတော့ သည်။


" By the way, I'm a wise man. HEE...  HEE"

ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ် အရပ်မှ ရှောင်ကြဉ်ရာ၏။
မြင်းကိုကား အတောင်တရာမှ ကြဉ်ရာ၏။
အစွယ်ရှိသော ဆင်ကိုကား အတောင်တထောင်မှ ကြဉ်ရာ၏။
သူမကောင်း(သူယုတ်မာ)ကိုကား အရပ်ကိုစွန့် သဖြင့် ရှောင်ကြဉ်ရာ၏။

မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သော စကားကိုဆိုတတ်သော
(မကောင်းသော အဆွေခင်ပွန်း ၊ မကောင်းသော အမျိုး ၊မကောင်းသောကျွန်)ထိုသူတို့ သည် ၊အတွင်းရန်သူ ဖြစ်သည်။ ရှောင်ကြဉ်အပ်၏။ အဆိပ်အိုးကို ပျားကရှောင်သကဲ့သို့ ပင်။

ကျတော်တို့ သက်ဆိုင်ရာ ဘ၀လမ်းကြောင်းတွေပေါ်မှာ ကြိုးစားရုန်းကန် လှုပ်ရှားနေကြရတယ် ...
အားလုံး ကိုယ့်အထွာနဲ့ ကိုယ် ပင်ပန်းမှုဆိုတာ ရှိကြစမြဲပေါ့ ...
အရွယ်ရှိခိုက် သူတော်ကောင်း အကျင့်ကို မကျင့်၊ဥစ္စာပစ္စည်းကိုလည်းရအောင် အားမထုတ်သော သူတို့ သည်
(အရွယ်လွန်သောအခါ) ရှေးဖြစ်ဟောင်းတို့ ကိုသာအောင်းမေ့နောင်တ ရကာနေကြရလေကုန်တော့ သတည်း။

သာဓု ..သာဓု ...သာဓု။

No comments:

Post a Comment