ကိုယ်တကယ်ချို့ယွင်းနေတာလည်း သူတို့မမြင်နိုင်ကြဘူးလေဆိုပြီး ယုံကြည်ထားတာကြောင့်ပါပဲ။
မိတ်ဆွေတွေ မိသားစုတွေက ဝေဖန်လာကြပြီဆိုရင်တော့ ဆတ်ဆတ်ခါနာတတ်ကြပါတယ်။
ဒါကြောင့်မို့ ကိုယ့်မိတ်ဆွေ ကိုယ့်မိသားစု ကိုယ့်ဆွေမျိုးတွေကို အပြစ်မတင်မိပါစေနဲ့။
ကိုယ်ကဝေဖန်တဲ့နေရာမှာ ကိုယ်စိတ်ပျက်တာကြောင့် မဟုတ်ဘဲ ချစ်လို့တန်ဖိုးထားလို့ ပြောတာမျိုးပဲဖြစ်ပါစေ။
အမြဲတမ်း ကိုယ်မှန်နေပြီဆိုတာနဲ့ အကျိုးရှိသွားပြီလို့ ပြောလို့ရပါ့မလား။ ကျနော်အရမ်းကြိုက်တဲ့ဇာဂနာရဲ့  ပြက်လုံးတွေထဲကလိုပေါ့
‘မှန်တိုင်းလဲ မကောင်းဘူးလေ’ ။
ကိုယ်သူတို့ ကို ချစ်တယ်၊ ခင်တယ်၊ သံယောဇဉ်ရှိတယ် ။
‘သူတို့တွေကို သူတို့အရှိအတိုင်းပဲ ချစ်ခင်လိုက်ပါ။ ’ စိတ်ချမ်းသာရပါတယ်။
‘သူတို့တွေကို သူတို့အရှိအတိုင်းပဲ ချစ်ခင်လိုက်ပါ။ ’ စိတ်ချမ်းသာရပါတယ်။
ကျနော်တို့ ဟာ ကိုယ့်ရဲ့ အရာရာတိုင်း(နေရာတကာ လို့ ဆိုရမှာပေါ့) ဝင်ပါတတ် ၊ ဆရာကြီးလုပ်တတ်တဲ့သူမျိုးကို မနှစ်သက်တတ်ကြပါဘူး။ ရင့်ရင့်သီးသီးလဲ ပြန်မပြောချင်၊ ပြန်မပြောဝံ့တော့ ပွကြီးလာပြီဟေ့ ဆိုပြီးရှောင်ပုန်းတတ်ကြတယ်။ မဆက်ဆံချင်ကြပါဘူး။
ကျနော်ကိုလူအေးလည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဆိုသလို မဒမ်လူအေးကို
‘ပွကြီးမ’ လို့ ပြောင်းခေါ်ရပါတော့မယ်။
ဘဝအတွေ့ အကြုံ မရင့်ကျက်သေးတဲ့အရွယ်၊ စိတ်ဓါတ်မတည်ငြိမ်သေးတဲ့ အရွယ်တွေမှာ ....
(ပညာကြောင့်ဖြစ်စေ၊ ရာထူးကြောင့်ဖြစ်စေ၊ ဥစ္စာဓနကြောင့်ဖြစ်စေ၊ အားလုံးကြောင်ပဲ့ဖြစ်စေပေါ့။)
တစ်ချို့ တွေဟာ ဘဝင်လေဟတ်ခါ မာန်စောင်တက်တတ်ကြပါတယ်။ဒါကို နားလည်ထားရ မှာပါ။
ဒီမှာတစ်ခုပြောချင်တာက လူတွေဟာအချစ်ရဲ့ စွမ်းအားကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်။
၁၅၀၀ ကိလေသာအချစ်ကိုပြောတာပါ။
အချစ်သည် ချို၏။ ဖန်စိမ့်စိမ့်ရှိ၏။ ရင်ကိုတဒုံးဒုံးခုန်စေ၏။ သောကကိုပွါးစေ၏။ မောဟကိုများစေ၏။ဘာညာဘာညာပေါ့။ ဘာတွေဘဲပြောပြော....
ကိုလူအေးတို့ လို အိမ်ထောင်သည်ယောက်ျားတွေအတွက်တော့ နှစ်မျိုးနှစ်စားကိုပဲဖြစ်စေနိုင်ပါတယ်။
၁။ အချစ်ဟာ ယောက်ျားတွေအတွက် အတောင်ပံတစ်စုံကို ပေါက်လာစေနိုင်သလို
၂။ တစ်ချို့ တွေမှာကံဆိုးစွာ ချိုတွေကိုလည်း ထွက်လာစေတတ်တယ် ဆိုတာပါပဲ။
ကျနော်ပက်လက်လှန် တံတွေးထွေးပြီးပြောရရင် လောကရဲ့ အစဉ်အလာမှာ လူတွေ(ယောက်နွားများ)ဟာ ကိုယ့်အတွက်ပဲသာဆိုရင် ကံကိုဘဲအားကိုးလို့ နေချင်ကြပါတယ်။
ဒါပေမယ့် ကိုယ့်ချစ်သူအတွက်ဆိုရင်တော့ ကြိုးစားချင်လာတတ်ပါတယ်ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းကို နားထောင်ဘူးကြမှာပါ။ အဲဒီမှာ (ယောက်နွားများ)ရဲ့ လက်တွဲဖေါ်များအပေါ်ကိုမူတည်ပြီး......
ကိုယ့်ရဲ့ မောင်၊ ကိုယ့်ရဲ့ အကို၊ ကိုယ့်ယောက်ျား-
သူတို့ တွေမှာ အတောင်ပံ ပေါက်သည်ဖြစ်စေ၊ ချိုထွက်လာသည်ဖြစ်စေ၊ နှစ်ခုစလုံးပဲဖြစ်ဖြစ်ပေါ့ ။ဖြစ်လာခဲ့ရင် သူတို့ ချစ်နေကြပါလားလို့ ပဲ လက်ခံလိုက်ပါ။ စိတ်ချမ်းသာရပါလိမ့်မယ်။
ဟဲ..ဟဲ...ဟဲ...(မချိပြုံးလေးနဲ့  ရယ်သံ)။ ကိုယ့်ချင်း ကိုယ့်ချင်းမို့ ပြောရဦးမယ်။ကြွားတာတော့မှုတ်ဘူး။
ကျနော်ကတော့ ယောက်ျားဗျ။မယုံရင် ကျနော့ မိန်းမမေးကြည့်။ဟီ ဟိ။
အင်တာနက်ပေါ်ကဟာသလေးတစ်ခုလိုပေါ့။
‘‘ဒါနဲ့  မေးရအုန်းမယ်၊ ခင်ဗျားရဲ့ ခွေးကိုဘာဖြစ်လို့ ငထုံကြီးလို့ နာမည်ပေးရတာလဲ’’ ဗျ။
ခွေးရဲ့ ပိုင်ရှင်ကပြန်ဖြေတယ်....
‘‘ လမ်းမှာဒီကောင့်ကိုငထုံကြီးလို့ ခေါ်လိုက်ရင် ယောက်ျားတွေအတော်များများက လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့ ’’ တဲ့လေ။(ယောက်နွားများကိုသာ ဆိုလိုပါသည်)။
တကယ်တော့ လူတိုင်းဟာကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လမ်းကိုလျှောက်နေကြတာပဲလေ။
အဲဒီတော့-ရှင်းပါတယ်။
ကိုယ်ထင်ရာ ကိုယ်လုပ်ယင်၊ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
ဒါကို ဘယ်သူငြင်းမလဲ။
။ကိုယ်ထင်ရာ ကိုယ်လုပ်ယင်၊ ကိုယ်ဖြစ်ကိုယ်ခံ။
No comments:
Post a Comment