ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Wednesday 25 January 2012

ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့် နေပျော်တယ်။(၃)‘အတည်ကြံပြီး ပျော်ရွှင်မှု့ ရှာကြပါ’

အတည်ကြံပြီး ပျော်ရွှင်မှု့ ရှာကြပါ။

။မိဘ ဝတ္တရား ၅-ပါး။
မကောင်းမြစ်တား၊ကောင်းရာညွှန်လတ်၊အတတ်သင်စေ၊ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်ဝတ်ငါးအင်၊ဖခင်မယ်တို့ တာ။

ကိုလူအေးတို့ မှာ သားသမီးမရှိပါဘူး။
ဒါကြောင့်များလားမသိ။ သားသမီးရှိတဲ့ မိသားစု၊ သားသမီးရရှိနေတဲ့ မိဘတွေကို အထင်ကြီးလေးစားပါတယ်။ရှေးဘဝပေးကုသိုလ် ကောင်းကြပါလားဆိုပြီးတော့ပေါ့။

အဲဒီလို ကိုယ့်မှာသားသမီးမရှိတာလဲပါလိမ့်မယ်ထင်ပါတယ်။ ဒါအမှန်အတိုင်းပြောတာပါ-
ကိုလူအေးရဲ့  တူ၊တူမတွေနဲ့   မဒမ်လူအေးရဲ့ တူ၊တူမလေးတွေအပေါ် ကိုယ့်သားသမီးလေးတွေလို ချစ်မိရပါတယ်။  သားသမီးတွေနဲ့ ပါတ်သက်ပြီး မိဘတွေရဲ့ ချစ်ခင်မှု့ နည်းလမ်း၊ကိုင်တွယ်ဆုံးမမှု့  နည်းလမ်း တွေ အတွက်နဲ့ လက်လှမ်းမီရာ မိသားစုတွေသတိထားကြည့်မိပါတယ်။
ဒီမှာတင် မယုံနိုင်စရာ၊ အံ့သြထိပ်လန့် စရာ မိဘတစ်ချို့ ကိုသွားတွေ့ ရပါတယ်။

သမီးရည်းစား၊ လင်မယားဆက်ဆံရေးမှာ တစ်ဦးတစ်ယောက်က သစ္စာဖေါက်သွားရင်တော့....
မိန်းမကို ‘ သစ္စာရေသောက်ပြီး သေးပေါက်ပစ်လိုက်တဲ့ ကောင်မ’
ယောက်ျားကို‘ ဓါတ်တိုင်မြင်တိုင်း  သေးပန်းချင်တဲ့ ကောင်ကြီး’ လို့ ရင့်ရင့်သီးသီး ကျနော်တို့ ပြောလိုက်လို့ ဖြစ်နိုင်ပေမယ့်။

သားသမီးနဲ့  မိဘဆက်ဆံရေးမှာ သားသမီးကသစ္စာဖေါက်သွားရင်လည်းပဲ....
‘မြေမြိုခံရမယ့် ဒေဝဒတ်လိုဟာမျိုးတွေ’ ပြောလိုက်လို့ ဖြစ်နိုင်ပေမယ့်။

သားသမီးအပေါ်မှာ သစ္စာဖေါက်သွားကြတဲ့ မိဘတစ်ချို့ ကို ကျနော်တို့ မှာပြောစရာစကားကိုမရှိတော့ပါဘူး။
မိဘ၀တ္တရား မကျေပွန် (စာရိတ္တသီလ)ပျက်တာကို သီလပျက်တယ်လို့ သိသူ နည်းပါးတယ်လို့ ထင်ပါတယ်။

သူတို့ ဟာ အပျော်နဲ့  တစ်ကယ့်ပျော်ရွှင်ခြင်းကို ခွဲခြားပြီးနားလည်ဖို့ မကြိုးစားကြပါဘူး။

အပျော်ကြံပြီး၊ အပျော်ရှာတတ်ကြလေရဲ့ ။
တကယ်ပါပဲ။ ကိုယ့်ဘဝကိုတောင် လောင်းကြေးထပ်ပြီး အပျော်ကြံနေကြသူတွေ၊
ကိုယ့်ဘဝကို လောင်းကြေးထပ်၊အပျော်ကြံပြီး  အပျော်ရှာလို့  အပျက်ဖြစ်ကြသူတွေကို တွေ့ ဘူးကြမှာပါ။

(ဥပမာ- AIDS ဖြစ်ခြင်း၊ ဖင်ပေါင်းချောင်ဖြစ်ခြင်း)
ပေါင်းချောင် ဘယ်လိုပုံစံရှိတယ်ဆိုတာသိချင်ရင် ကောက်ညှင်းပေါင်းသည် အဒေါ်ကြီးအိမ် ကိုသာ သွားကြည့်ပေတော့။ နောက်ဆုံးမရှူနိုင်မကယ်နိုင်ဖြစ်လာတဲ့အခါကျတော့ အဖန်ငါးရာငါးကမ္ဘာကိုတောင် မကြောက်ကြတော့ဘဲ ကြွက်တွေရဲ့ ဆေးကိုလုစားချင်လာကြတဲ့အဆင့်ကိုရောက်ကုန်ရော။
(ကြွက်တွေရဲ့ ဆေး=ကြွက်သတ်ဆေး)
ကျနော်ပြောချင်တာက
ပျော်ရွှင်မှုနဲ့ သိက္ခာရှိရှိကျင့်ကြံနေထိုင်မှုတို့ဟာ တစ်ခုနဲ့တစ်ခုအပြန်အလှန် မှီတွယ်နေပါတယ်ဆိုတာပါ။ သူတို့မှာ သိက္ခာမရှိဘူးလို့ ခံစားရတဲ့သူတွေဟာ .....
ကိုယ့်သိက္ခာကိုကိုယ်ယုံကြည်သူတွေ ရနေတဲ့ပျော်ရွှင်မှု တစ်ဝက်လောက်ကိုသာ ရရှိခံစားကြရပါလိမ့်တယ်။

ကျနော်ကြိုက်တဲ့ ကဗျာအပိုင်းအစလေးကို ဖတ်ကြည့်စေချင်ပါတယ်။တိုတိုလေးပါ။ဒါပေမယ့် အချိန်ယူပြီး သေသေချာချာဖတ်စေချင်ပါတယ်။ဒါလေးပါ-
‘မပျော်ပဲနဲ့  အပျော်ရှာ
မပျော်လည်း ပျော်ပါတယ်’  ဆိုတာလေးပါပဲ။

ကျနော်တို့ မှာ ရိုးရာယဉ်ကျေးမှု့ ဓလေ့ထုံးစံအစဉ်အလာတွေ၊ အယူအဆတွေ၊ ကျင့်ဝတ်တွေကို

လူတိုင်းဟာ အရိုးစွဲနေတတ်ကြပါတယ်။

ဒါတွေကိုလွန်ဆန်ပြီး အပျော်ရှာကြမယ်ဆိုကြပါစို့ ။ တဒင်္ဂပျော်ပါးမှု့ ကိုသာ ခံစားရမှာပါ။

ဒါတောင်မှအပြည့်အဝပျော်ပါးမှု့ ကို ခံစားရလိမ့်မယ်မဟုတ်ပါဘူး။ ကိုယ့်လိပ်ပြာမှ ကိုယ်မလုံတော့တာကိုး။

မိဘနှင့်သားသမီး၊  လင်နှင့်မယား၊ ဆွေမျိုးညာတိချင်း၊ မိတ်ဆွေချင်း အချင်းချင်း အပြန်ပြန် အလှန်လှန် ပြုရမယ့် ၀တ္တရားတွေကို ကျေပွန်စွာ မပြုလုပ်သမျှ တာဝန်မဲ့မှု ၀တ္တရားပျက်ကွက်မှုဟာ စာရိတ္တသီလတွေ ပျက်နေတာပါပဲ။

ငါးပါးသီလ ပျက်တာဟာ မြင်သာပေမယ့်၊ (စာရိတ္တသီလ) ကျင့်ဝတ်သီလပျက်တာကိုတော့ သိသူ နည်းပါးသလို ဖြစ်နေပါတယ်။
ကျနော့်ရဲ့ ကိုယ်ပိုင်အယူအဆပါ။ မှားတယ်လို့ ထင်ရင်လည်း ကွန်ပလိမ်းတက်နိုင်ပါတယ်။
ဘုရားစင်ရှေ့ မှာ တစ်နေကုန်ထိုင်ပြီး မေတ္တာသုတ်ရွတ်နေရုံသက်သက်နဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပဲ။
ဒီ စာရိတ္တသီလတွေ လုံခြုံ ပြည့်စုံနေရင် သီလကုသိုလ်တွေ ရှိနေပါလိမ့်ဆိုတာပါ။

သီလကုသိုလ်တွေ ဖြစ်နေရင် ကျက်သရေမင်္ဂလာတွေ တိုးတက် ဖြစ်ထွန်းနေမှာပါပဲ။

ကိုယ်ချင်းစာစိတ်ထား သနားငဲ့ညှာ၊ မေတ္တာဘာဝနာ စတဲ့ ဗြဟ္မစိုရ်တရားများနဲ့ အခြား ဘာဝနာတရားတွေ ဟာလည်း အဆင့်မြင့်တဲ့ ကုသိုလ်တရားတွေပါ။

ဒီ ကုသိုလ်တရားတွေ ဖြစ်နေရင် ကျက်သရေမင်္ဂလာတွေဟာ  တိုးတက်ဖြစ်ထွန်းနေမှာအမှန်ပါပဲလေ။

No comments:

Post a Comment