ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။

Wednesday 11 January 2012

မဒမ်လူအေး(ခ)ပွကြီးမ အတွက်မွေးနေ့ လက်ဆောင်

တောသားမောင်လူအေး တစ်ယောက်ဟာ ဘယ် ဘဝက ဝဋ်ကြွေးကြောင့်မသိ အင်မတန်ကို အကောင်းကြိုက်တတ်ပါတယ်။
ဥပမာ - ဟန်းဖုန်းဆို iPhone ၊ နာရီဆို SEIKO(TITANIUM)
          မိန်းမယူတော့ ပြောမနေနဲ့ တော့ ထိပ်တင်ညွန့် ရဲ့ မြေးမလေးကိုမှ ရအောင်ယူတာ။

သိတယ်မဟုတ်လား ။ ဆွေကြီးမျိုးကြီး ၊ အသိုင်းအဝိုင်းကြီး ၊ ရွှေလင်ဗန်းနဲ့ အချင်းဆေးမွေးလာကြသူတွေ ဆိုတော့ မဒမ်လူအေးရဲ့ အနွယ်တော်တွေက ဘယ်သဘောတူနေလိမ့်မတုန်း။
ငါးပြေမကြီးတွေကို ဆားနဲ့ ပက်လိုက်တဲ့အတိုင်းဘဲ ဖျတ်ဖျတ်ကိုလူးပြီး ဟစိဟစိပေါ့။

မောင်လူအေးကြည့်ခဲ့ဘူးတဲ့ အငြိမ့်ထဲက ပျက်လုံးတစ်ခုကိုသွားသတိယတယ်။ဒီလိုလေ။
   လူရွှင်တော်တစ်ယောက်က-
‘‘ ငါမနေ့ က ပဒေသာကပွဲတစ်ခုသွားကြည့်တယ်ကွ။
  အဲဒီမှာ ဟေ့ကောင်ရေ
  မင်းသမီးတွေ မိတ်ကပ်လူးတဲ့အခန်းထဲမှာ ချိုပြုံးနဲ့ တက်သစ်စမင်းသမီးလေးနဲ့  နှစ်ယောက်သား     
  မှန်ကြီးတစ်ချပ်ကိုရှေ့ မှာထောင်ပြီး အကြီး၊အကျယ်ကို ပြိုင်နေလိုက်ကြတာကွာ’’လို့ 
  ပြောမဆုံးသေးခင်မှာ နောက်လူရွှင်တော်တစ်ယောက် ထောက်တယ်-
‘‘ ဟေ ဟုတ်လား၊ ဘာတွေအကြီး၊အကျယ်ပြိုင်နေတာတုန်းဟ’’ ဆိုတော့

‘‘မှန်ကြီးတစ်ချပ်ကို ရှေ့ မှာထောင်ပြီးကွာ အကြီး၊အကျယ်ကို ပြိုင်နေလိုက်ကြတာ’’ ......တဲ့။

ကျွန်တော်တို့ သာ ဘုရားရှင်ကိုယ်တော်မြတ်လောက် ပါရမီရင့်သန်ရင်   သူတို့ တွေကို ဆက်ဆံရုံ သက်သက်နဲ့ တင်တောထွက်ဖို့ လုံလောက်နေပြီ။ ဘာ သူအို သူနာ သူသေကိုမှ ကြည့်နေစရာ မလိုတော့ ဘူး။
အဲဒီလောက်ထိကို တရားရစရာကောင်းပါတယ်ဗျာ။ ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး။

ဆင်းရဲတဲ့သူတွေက ချမ်းသာချင်ယောင်ဆောင်ကြတယ်။
တစ်ကယ်ချမ်းသာတဲ့သူတွေကျတော့လည်း ဆင်းရဲချင်ယောင်ဆောင်ကြပြန်ရော။
 
တောသားမောင်လူအေးလည်း မဒမ်လူအေးနဲ့ ပတ်သက်ပြီးမှ....
‘ အကြီး၊အကျယ် ’ ပြိုင်တတ်တဲ့ အနွယ်တော်တွေကြား မျက်နှာငယ်နေရတာ ခုချိန်ထိဆိုပါတော့။

ဘာတွေပဲပြောလာပြောလာ ဘာတွေပဲဖြစ်ဖြစ် ရှေ့ ကမားမားမတ်မတ်ရပ်ပြီးနေပေးတဲ့ မဒမ်လူအေးကို ကျေးဇူးတင်ပါသည်။
အခွင့်အရေးရလျှင် ရသလိုကျေးဇူးဆပ်ပါမည်။


ခြေထောက်မှာ မြားမှန်ထားတဲ့ရွှေသမင်လေးပြေးသလို ထော့နဲ့ ထော့နဲ့ ။



















No comments:

Post a Comment