ကိုယ်ဖြစ်ချင်တာ မဖြစ်တာ လူ့ ဘဝဘဲ......။ ။ကိုယ်ဖြစ်ချင်တာဖြစ်အောင် ကြိုးစားရတာလဲ လူ့ ဘဝဘဲ။
Thursday, 29 December 2011
‘‘ကြွားဝါခြင်းဆိုတာ ရှိသင့်၊ မရှိသင့်’’
ကျနော်ဖတ်ခဲ့ဘူးတဲ့ ဆရာအကြည်တော်ရဲ့စာအုပ်တစ်အုပ်ထဲမှာ သူဟာလူတိုင်းကို မေးခွန်းတစ်ခု မေးဖူးတယ်တဲ့။ အဲဒါကတော့….
‘‘ကြွားဝါခြင်းဆိုတာ ရှိသင့်၊ မရှိသင့်’’
လူတိုင်းက မရှိသင့်လို့ ပဲဖြေကြတယ်။ ဒါပေမယ့် အတွင်းကျကျမေးကြည့်တဲ့အခါ….
‘‘အို….ရှိသင့်တာပေါ့။
ကိုယ့်မှာထူးခြားတဲ့ အကြောင်းအရာလေးရှိရင် ဘယ်သူကနေနိုင်မှာလဲ ’’ တဲ့လေ။
သဘောကတော့ ကြွားဝါခြင်းဆိုတာ မရှိသင့်ဘူးဆိုပြီး လူတိုင်းကပြောနေပေမယ့် လူတိုင်းဟာ ကြွားချင်တယ်။ ကြွားဝါတတ်ကြပါတယ်။
‘ ဒို့ ကတော့ မကြွားတတ်ပေါင် ’ ဆိုပြီး နှုတ်ခမ်းကြီးစူနေပြီလား။ လှချင်ပချင်ပြီဆိုကတည်းက ကြွားချင်လို့ ပေါ့။တစ်နေရာရာသွားလို့  သူများထက်ထူးခြားချင်နေတယ်၊ ထင်ပေါ်ချင်တတ်ကြတာ တွေဟာ ကြွားဝါခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား။ဘာလို့ လဲဆိုတော့…..
ကြွားဝါခြင်းဆိုတာ ယှဉ်ပြိုင်ချင်းတစ်မျိုး၊ ဂုဏ်ယူခြင်းတစ်မျိုးလို့  ကျနော်နားလည်ထားလို့ ပါ။
အဲဒီတော့ ဘယ်သူမှကြွားဝါခြင်းနဲ့ မကင်းပါဘူး။ (ကျနော့မှာလည်းရှိပါတယ်)။
အထူးသဖြင့် ကျနော်တို့ ရဲ့ မိဘတွေပါပဲ။ ကျနော့ကိုယ်တွေ့ လေးပြောပြမယ်။
ကျနော် နောက်ဆုံးနှစ်ကျောင်းသားဘဝတုန်းကပေါ့ -
ကျနော့်အဖေရဲ့ငယ်သူငယ်ချင်းတစ်ယောက်အလှူရှိလို့  ကျနော့်မိဘတွေကို ကျနော်ကားမောင်းပြီး
လိုက်ပို့ ခဲ့တယ်။ ထုံးစံအတိုင်း အလှူဆိုတော့ဝါးတီးဖွင့်ကြတာပေါ့။ကျနော်တို့ စားပွဲမှာ ကျနော်မသိတဲ့ လူကြီးတစ်ယောက်လဲပါတယ်။ စကားပြောရင် အသံဝဲဝဲကြီးနဲ့ အားရပါးရကြီးပြောတတ်တယ်။
မွန်လား၊ ရခိုင်လားတော့မသိဘူး။အဲဒီလိုနဲ့လူကြီးတွေစားလိုက်၊အာလူးဖုတ်လိုက်လုပ်နေတုန်း အလှူရှင်ဦးလေးကြီးရောက်လာပြီး ကျနော့ပခုန်းကိုပုတ်ပြီးမေးလာတယ်။
‘‘ဟကောင်ကြီး ဘယ်တော့အင်္ဂျင်နီယာဖြစ်မှာလဲ’’ တဲ့။ ကျနော်လည်းရှက်တာနဲ့ ချက်ချင်းပြန်မဖြေ ဖြစ်ဘူး။ ကျနော့် အမေလည်းကြွားဖို့ လမ်းစရသွားတော့ ကြွားတော့တာပဲဗျို့ ။
ကျနော်ကနောက်ဆုံးနှစ်ရောက်နေပြီဆိုတဲ့အကြောင်း၊ အကြီးကောင်က အီကိုနဲ့ ကျောင်းပြီးသွားပြီ ဆိုတဲ့အကြောင်း၊ အငယ်ဆုံးကောင်ကတော့ ဗိုလ်သင်တန်းတက်နေတယ် ဆိုတဲ့အကြောင်း (အဲဒီခေတ်တုန်းက စစ်ဗိုလ်ဆိုတာ တော့ပ်ဘဲလေ) ကြွားတော့တာပဲ။
သားသမီးတွေနဲ့ ပတ်သက်လာရင်မိဘတိုင်းကြွားချင်တတ်ကြတယ်ဆိုတာကို ပြောတာပါ။
ဘယ်ရမလဲ အတူထိုင်နေတဲ့လူကြီးလဲ သူ့ သမီးနဲ့ ပတ်သက်လို့ ဝင်ကြွားတော့တာပဲ။
သူကမွန်၊ သူ့ မိန်းမက ဗမာစစ်စစ်(မွန်လို တစ်လုံးမှ မတတ်ဘူး)၊
အဲ..သူ့ သမီးက ဆရာဝန်၊အခုတောင်နိုင်ခံခြားကိုပညာတော်သင်သွားနေတယ်ပေါ့။ သူ့သမီး ဟာ မြန်မာ စကားရော၊ အင်္ဂလိပ် စကားရော ၊မွန်စကားရော မွတ်နေအောင် တတ်တယ် ဆိုတာ ကို မွန်သံဝဲ၀ဲ နဲ့ ကြွားလိုက်တာ….
‘‘ ကျွန်တော့်သမီးကတော့ မြန်မာလိုးလဲရတယ်၊ မွန်လိုးလဲရတယ်၊
အိုး….အင်္ဂလိပ်လိုးတော့ ဖွတ်ဖွတ်ကျေဘဲ’’
မှတ်ချက်။ ။မွန်လိုအသံကို ဝဲပြီး နောက်တစ်ခေါက်ဖတ်ကြည့်ကြပါ။
ဟီး ဟီး…….။(နှာဘူးလေး)
ဟားဟား…..။(နှာဘူးကြီး )
ဟဲဟဲ………..။(ဝါရင့်နှာဘူးကြီး)
ပျော်စေ ပြက်စေ ရယ်စရာရေးလိုက်တာပါ။ ကျနော်ငကြွားကိုယ်တိုင်အော်ဂလီိဆန်ရတဲ့ လေကြွား တွေလဲရှိပါတယ်။သူတို့ တွေဟာမရှိတာကို ရှိဟန်၊ မဖြစ်နိုင်တာကို တကယ်ဘဲဖြစ်ဟန် ကြွားတတ် ကြပါတယ်။
ကျနော်ပြောခဲ့တဲ့ဂုဏ်ယူကြွားဝါခြင်းနဲ့မတူတဲ့လေကြွားခြင်းသက်သက်ကိုဆိုလို တာပါ။
တစ်ကယ်တော့ သူတို့ ဟန်ဆောင်ကြွားလိုက်တာကို ငြိမ်ခံနေတဲ့သူတွေအပေါ် ငအကြီးတွေလို့  အထင်သေးတာလဲ ပါပေမပေါ့။ သူတို့ ကြွားတာပေါ်သွားယင်လည်း ခပ်တည်တည်ဘဲ။
ကြွားဝါခြင်းကို မျက်နှာပြောင်ပြောင်နဲ့ အလွဲသုံးစား လုပ်နေကြသူတွေပါပဲ။
အထူးကျင့်ထားသလား မှတ်ရလောက်အောင်ကို မျက်နှာပြောင်ကြလေရဲ့။
ခပ်ရိုင်းရိုင်း နှိုင်းယှဉ်ပြောရယင် သူများမယားကြာခိုတဲ့ယောက်ျားတွေ၊ လင်ငယ်နေတဲ့မိန်းမတွေ ဟိုဒင်းပြုနေတုန်းမိရင်တောင်တကူကူးစီးနေကြတာပါလို့ မျက်တောင်တစ်ချက်မခတ်ပဲ ပြောဝန့် တဲ့ သူတွေလိုမျိုးပေါ့။
မရှက်တတ်ကြပါဘူး။
‘‘ ကျနော်သိသလောက်က လူဆိုတာအရှက်ရှိမှ အကြောက်တရားကို နားလည်မှာပါ။ ’’
သြော် ဒါထက်မေးရအုန်းမယ်။ ခင်ဗျားဘယ်လိုရီ(ရယ်)ခဲ့သလဲ။
ဟီးဟီး..လား။ ဟားဟား..လား။ ဟဲဟဲ..လား။
Ps: ကျနော်ကတော့ ပြုံးယုံလေးဘဲ။အဟေး  ဟေး။
ဆက်ဖတ်ရန် >>>
Wednesday, 14 December 2011
သည်းခံလော့ ချစ်သား၊ သည်းခံလော့။
ဘဝမှာအရွယ် သုံးပါးရှိပါတယ်။ ဒါကလူတိုင်းသိနားလည်ထားတဲ့ ပညာ၊ဥစ္စာ၊ဘာဝနာပေါ့။
ကျနော်ပြောချင်တာကတော့ နှစ်ပါးပဲရှိတဲ့အရွယ်အကြောင်းပါ။
၁။အရွယ်ရောက်စ စိတ်ကစားစအရွယ်
(သစ်ရွက်လှုပ်တာတောင် ရယ်ချင်တဲ့အရွယ်)
၂။နောက်တော့ သစ်ရွက်လှုပ်တောင် ကော်ဆဲချင်တဲ့အရွယ်ရောက်လာလေရော။
မြန်မာလူမျိုးအိမ်ထောင်သည်လင်မယားအများစုဟာချစ်ခြင်းဆိုတာထက်မေတ္တာကိုပိုဦးစားပေးကြတဲ့အတွက် ရေရှည်မှာ အဲဒီနှစ်ယောက်ဟာ မောင်နှမလိုဘဲဖြစ်သွားတတ်ပါတယ်။ အဲဒီအချိန်ကိုရောက်တော့ ကျန်တဲ့ကိစ္စ ဘာဘာညာညာမရှိတော့ဘဲ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာချင်တဲ့စိတ်တွေ ပိုများလာရပါတော့တယ်။
(ဒါဆိုသေချာပြီ ဒုတိယအရွယ်ဘဲ)။
ရှင်းအောင်ပြောမယ်ဆိုရင်
မျက်စေ့အောက်က အပျောက်မခံနိုင်ပါဘူးဆိုတဲ့ ဘူတာရုံကြီးကိုဖြတ်ကျော်ခဲ့ပြီးလို့ 
မျက်စေ့အောက်ကို အရောက်မခံနိုင်တော့တဲ့ ဘူတာရုံကို မှားယွင်းစွာနဲ့ ချဉ်းကပ်နေပြီဆိုတာ။
အဲဒီမှာတင် နဂိုက ကိုယ်မကြိုက်တဲ့ကိစ္စတွေက ကြီးထွားလာစေပါတယ်။
ဒါတွေကို ပိုပြီးကြီးထွားစေ တာကတော့ ရောင့်ရဲတင်းတိမ်ခြင်းဆိုတဲ့ စိတ်ပါပဲ။
ဘယ်အကြောင်းအရာ၊ ဘယ်ကိစ္စပေါ်မှာမဆို ရောင့်ရဲတင်းတိမ်စိတ်နည်းရင် အလျော့ပေးချင်စိတ်လည်း လိုက်နည်းလာပါတယ်။
အလျော့ပေးချင်စိတ်မရှိသူဟာ ရတာထက်ပိုလိုချင်သူတွေပါပဲ။
အားလုံးဟာ ဆက်စပ်နေပါတယ်။
တချို့ ကိစ္စတွေမှာ အိမ်ထောင်ဖက်အပေါ် လောဘကြီးလို့ မဖြစ်ပါဘူး။ ရသလောက်နဲ့ တင်းတိမ်နိုင် ရမှာပါ။
လူဆိုတာ ရောင့်ရဲတင်းတိမ်တတ်တဲ့အမျိုးမဟုတ်မှန်းသိပါတယ်။
ခက်တာက ရတဲ့သူက ပိုလို ချင်ကြတယ်။ (ရလေလိုလေ အိုတစ္ဆေမျိုးပေါ့)
အဲဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာပြီး စစ်အေးတိုက်ပွဲ တိုက်ခိုက်နေကြတာလည်း အများကြီးပါ။ တိုက်ခိုက်နေကြသူတွေ အများဆုံးအသုံးပြုတဲ့ဗျူဟာတွေမှာ နှုတ်ရေးလက်နက်ကို အဓိကအသုံးပြုပြီး စည်ရုံးရေးကိုလည်း တွဲဖက်ကြပါတယ်။
နှုတ်ရေးလက်နက်ဆိုတာ..
" ကိုလူအေး...ရှင် ကျမကို ကန့် လန့်  မပြောနဲ့  "
" ကန့် လန့် ပြောရအောင် မင်း ငါ့ကို စကားတစ်ခွန်းတောင် ပြောခွင့်ပေးလို့ လားကွာ.."
" ဒါပေမဲ့..ရှင် ကျမစကားကို နားထောင်နေပုံက မကျေနပ်တဲ့ ပုံကြီး "...တဲ့။ ပြီးရောပဲ။
ကဲ ဘာပြောချင်သေးလဲ။
စည်းရုံးရေးဆိုတာကတော့ သားသမီး ဆွေမျိုးများကိုစည်းရုံးပြီး ဒီယောက်ျားမကောင်းကြောင်း၊
ဒီမိန်းမညံ့ကြောင်း အတည်ပြုခိုင်းတတ်ကြပါတယ်။
ဒါကြောင့်ယောက်ျားနဲ့မိန်းမတစ်ယောက်ကိုတစ်ယောက်အနိုင်ယူဖို့လက်နက်ဟာ သားသမီးများလည်း
ဖြစ်လာပါတော့တယ်။ သားသမီးတွေက ပိုချစ်တာခံရသူဟာ တိုက်ပွဲမှာအနိုင်ရဖို့ သေချာသူပါပဲ။
သီအိုရီအရ ပြန်တွက်ကြည့်မယ်ဆိုရင်…..
မိန်မသားများဟာ ယောက်ျားသားများထက် သဘာဝပေးအရကိုက အားအင်၊ စိတ်ဓါတ် ၊ ခံစားချက်ပိုပြီး
နုနယ်ကြပါတယ်။
ဒါကြောင့်အိမ်ထောင်တစ်ခုရဲ့ အရှေ့ မှာယောက်ျားသားများဟာအိမ်ထောင်ဦးစီးအဖြစ်မားမားမတ်မတ် ရပ်တည်ပေးရပါတယ်။
အဲဒီမှာအိမ်ထောင်တစ်ခုရဲ့ရှေ့တန်းကိုရောက်မလာဘဲ ဒေါင့်တစ်နေရာမှာကျန်ခဲ့သူက
ဘာမှလုပ်စရာမရှိတဲ့အဆုံး ရှိတဲ့သားသမီးတွေအပေါ်သြဇာသက်ရောက်မှုကိုဖန်တီးပြီး
တစ်ဖက်တစ်လမ်းကနေ ရင်ဘောင်တန်း တော့တာပါပဲ။
‘နင့်ကိုမွေးဖို့ရက်စေ့ကြီးမှာနင့်အဖေကအလုပ်ရှိလို့ဆိုပြီးထွက်သွားရော…နင့်ကိုလေကိုယ့်ဘာသာမွေးခဲ့ရတာပေါ့’ ဆိုတဲ့စကားဟာမိခင်ဖြစ်သူတွေရဲ့ ပါးစပ်ဖျားတိုင်းမှာ ရှိတတ်ကြပါတယ်။
အဲသည်လိုမဟုတ်ရင်တော့
‘နင့်ကိုမွေးတုန်းကလေ ငါ့ဖြင့်သေပြီမှတ်တာ အတော်ဒုက္ခပေးတဲ့ကလေး’ ဘာညာဆိုပြီး တော့ပေါ့။
ကျနော်တို့သိတာကမိန်းမတွေရဲ့အလုပ်တွေထဲမှာကလေးမွေပေးရတာလည်းပါပါတယ်။ ယောက်ျားတွေကတော့ စီးပွါးရှာပြီး ကလေးမွေးပေးမယ့်မိန်းမတွေကိုအတတ်နိုင်ဆုံးနဲ့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ ပါပဲ။ ဒါတွေကိုသိသိကြီးနဲ့  သားသမီးတွေအပေါ် သြဇာ၊သနားချစ်ခင်မှုရဖို့  ဝါဒဖြန့် တတ်ပါတယ်။
သားသမီးတွေက သူတို့ ဖခင်နဲ့ (ဖခင်ရဲ့ အသိုင်းအဝိုင်း)အပေါ် ၊
သူနဲ့ (သူ့ အသိုင်းအဝိုင်း)ထက်ပိုပြီးတွယ်တာသွားမှာကို
(သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်ကြောင့်ဖြစ်စေ) မလိုလားတာလဲပါပေသပေါ့။ ပြီးတော့ပြောတတ်ကြသေးတယ်။
‘နင်တို့အဖေကစီးပွါးရေးတစ်ခုဘဲသိတယ်။အိမ်မှာသားသမီးနေမကောင်းရင်တောင် သူကသိပ်လှည့်ကြည့်တာမဟုတ်ဘူး။ အားလုံး ငါ့ခေါင်းပေါ်ပဲ ပုံကျတာ’ ဆိုတာမျိုး။
သဘောကတော့ ဒီမိသားစုဟာ သူရှိလို့ သာ ဒီလိုဖြစ်လာရတယ်ပေါ့။ (ဟုတ်တာတော့  ဟုတ်ပါရဲ့ ။ သူမရှိမှတော့ ဒီဟာလေးတွေ ဘယ်အပေါက်က ထွက်လာမတုန်း)
ယောက်ျားသားများကတော့ဒါမျိုးပြောခဲလှတဲ့အပြင် အရွယ်ရောက်လာတဲ့သားသမီးများကို ခပ်တန်းတန်းပဲ ဆက်ဆံတတ်ကြပါတယ်။
ဒါပေမယ့် တတ်နိုင်သလောက်ကိုဖြည့်ဆည်းပေးကြပါတယ်။
(တကယ့်ကို အသုံးမကျတဲ့ သူတွေလည်းရှိပါတယ်။
‘‘စားပြီး နားမလည်’’လို့ ခပ်ရိုင်းရိုင်း သုံးရမယ့် သူမျိုးတွေပါ။ ဟုတ်တယ်လေ ခွေးတစ်ကောင်တောင် စားပြီးရင်
သူ့ တာဝန်ဖြစ်တဲ့ခြံစောင့် ဖေါ်ရသေးတာပဲ။အင်မတန်ရွံရှာဖို့ ကောင်းတဲ့ တာဝန်မဲ့သူမျိုးတွေပေါ့။)
တစ်ချို့ မိန်းမတွေဟာ သူတို့ သြဇာသက်ရောက်ဖို့ ဆို လူကြားထဲအော်ထည့်၊ ပြောထည့်လိုက်ဖို့ ကိုလည်း
ဝန်မလေးပါဘူး။ ဖခင်ဖြစ်သူရဲ့အားနည်းချက်ကိုထောက်ပြပြီးသားသမီးတွေကိုသူတို့ ဘက် ပါလာအောင်လည်း ဆွယ်တတ် ကြပါတယ်။
တကယ်တော့ အိမ်ထောင်ဘက်ဆိုတာ ပြိုင်ဖက်တွေမဟုတ်ကြပါဘူး။ ကိုယ့်အခက်အခဲကို သူကူညီရမယ်၊
သူ့ လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းရမဲ့သူနှစ်ယောက်ပါ။
သူသာတယ်၊ ကိုယ်နာတယ်ဆိုတာ နှစ်ဖက်အသိုင်းအဝိုင်းရဲ့  ဖိအားပေးလာမှု့ တစ်ခုလို့ ပဲ ကိုလူအေးထင်ပါတယ်။
အဲ..အိမ်ထောင်ဘက်တစ်ဦးဦးရဲ့  အတ္တကြီးမှု့ ကြောင့်လည်းပဲ ဖြစ်လာနိုင်ပါတယ်။
ကျနော်ရိုက်ခဲ့ဖူးတဲ့(အဲ..မှားလို့ )ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇါတ်လမ်းလေးတစ်ခုထဲကလိုပေါ့-
မင်းသားလေးနဲ့ မင်းသမီးကြီး ချစ်ကြိုက်ပြီး လက်ထပ်ကြတယ်ဆိုပါတော့။ ဒီလိုနဲ့ မင်္ဂလာဦးည မင်္ဂလာကုတင်ပေါ်မှာ မင်းသားလေးရဲ့ လက်ကို မင်းသမီးကြီးးကခေါင်းအုံးအိပ်ရင်း တီတီတာတာ မေးတယ်။
‘‘ကျမတို့ သာ တကယ်လို့ မယူဖြစ်ရင် ဘယ်လိုဖြစ်လာမလဲမသိဘူးနော်’’ တဲ့။ အဲဒီလိုအရည်မရ၊ အဖတ်မရစကား(ညားလို့ ပဲ အတူတူအိပ်နေပြီဟာကို)ပြောလာတော့  မင်းသားလေးက ဘာမှပြန်မပြောဘူး။
‘‘ရှင်က တခြားမိန်းမနဲ့ ယူပြီး၊ အခုလောက်ဆို ရှင့်ဘေးမှာတခြားတယောက်ရှိနေမှာပေါ့နော်’’ လို့ 
မင်းသမီးကြီးက ဆက်ပြောတယ်။
အဲဒီတော့ မင်းသားလေး၊ ငအကြီးက ‘‘ဟုတ်မှာပေါ့’’လို့ဘုမသိ ဘမသိပြန်ဖြေတယ်။(အတော်ရိုးတဲ့ မင်းသားလေး..ဟီဟိ)
‘‘ဘာပြောတယ်......
ကျမကဖြင့် မောင်နဲ့ လက်မထပ်ဖြစ်ရင် တစ်သက်လုံး အပျိုကြီးပဲသွားလုပ်တော့မယ် လို့  ဆုံးဖြတ်ထားတာ။
ရှင်ကျမအနားမကပ်နဲ့ ။ သွား ရေချိုးခန်းထဲ သွားအိပ်’’
သည်းခံလော့ ချစ်သား၊ သည်းခံလော့။ ဒါဟာအစဘဲ ရှိသေးတယ်။
Refး အကြည်တော်၏-ချစ်ခြင်းကထာ
ဆက်ဖတ်ရန် >>>
Wednesday, 30 November 2011
မဖြစ်နိုင်တာ မစဉ်းစားနဲ့ ။
လောကမှာ မဖြစ်နိုင်တာမရှိဘူးလို့  လူတွေကပြောတတ်ကြပါတယ်။
တကယ်တော့ မဖြစ်နိုင်တာတွေရှိပါတယ်။ ဥပမာ-အသက်ပြန်ငယ်ချင်တယ်ပဲထားပါတော့။ဖြစ်နိုင်ပါ့မလား။
ဒါပေမယ့်ပေါ့ အကောင်းမြင်စိတ်နဲ့ သာတွေးကြည့်ရင် မဖြစ်နိုင်တာတွေကို လျော့နည်းစေပါတယ်တဲ့။
ကျနော်ငယ်စဉ်ဖတ်ခဲ့ဘူးတဲ့ သမိန်ပေါသွပ်ကာတွန်းလေးကို ပြန်ပြောပြမယ်။ ပျော်စရာလည်းကောင်းပါတယ်။
သမိန်ပေါသွပ်ကို သူလျှိုအမှုနဲ့  မြို့ စားကြီးက ဖမ်းမိထားတယ်ဆိုပါစို့ ။
‘ပေါသွပ်..မင်းကသူလျှိုမဟုတ်လား’ မြို့ စားကြီးကမေးပါတယ်။ ပေါသွပ်က
‘ကျွန်တော် သူလျှိုမဟုတ်ပါဘူး မြို့ စားကြီး’
‘မင်းသူလျှိုမဟုတ်ဘူးဆိုတာ ဖြစ်နိုင်ရဲ့ လား’
‘လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး’သမိန်ပေါသွပ်စကားကြောင့် မြို့ စားကြီးတင်းသွားတယ်။
‘လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဟုတ်လား’
‘အမှန်ပါပဲ မြို့ စားမင်း’
‘အေး...မင်းစကားမှန်ရင်၊ ရော့..ဟောဒီမှာ ကတုံး’
‘ဟင်’
ဟုတ်ပါတယ်။ ကတုံးမှ ဆီသုတ်ထားသလိုပြောင်လက်နေတဲ့ ခေါင်းတုံးကြီးနဲ့ လူကြီးပါ။
‘ဟောဒီကတုံးကိုခေါ်ပြီး ပင်လယ်ကမ်းစပ်ကိုသွား၊ ကတုံးခေါင်းကသန်းက ရအောင်ရှာခဲ့စမ်း’
‘ဂျာ’
ပေါသွပ် ကတုံးကြီးကိုကြည့်ပြီး ရှိရင်းစွဲနှုတ်ခမ်းမွေးပါ တွန့် ဝင်သွားတယ်။
‘ကတုံးခေါင်းက သန်းရှာဖို့ ဆိုတာ’
‘မင်းပဲ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆို၊ ကတုံးခေါင်းကသန်းရအောင်ရှာခဲ့’
ပေါသွပ်တစ်ယောက်သူ့ စကားနဲ့ သူချောင်ပိတ်မိပြီ။
ကတုံးကလည်း...
‘မြန်မြန်ရှာစမ်းပါ၊ ဒီမှာနေပူလှပြီ’   ကတုံးကြီးနဲ့ နေပူထဲ ငုတ်တုတ်ဆိုတော့ ကွန်ပလိန်းတက်တော့တာပေါ့။
ပေါသွပ်တစ်ယောက်ပြာနေပြီ။ ဖြစ်ချင်တော့ပင်လယ်ထဲကနေ လိပ်ကြီးတစ်ကောင်တက်လာနေတာကို မြင်လိုက်တယ်။ ပေါသွပ် ၀မ်းသာသွားတယ်။
‘အိုကေ...ဒါဟာ ကတုံးခေါင်းက သန်းပဲ’ လိပ်ကိုပြေးဖမ်းပြီး မြို့ စားရှေ့ သွားပြတယ်။
‘မြို့ စားမင်းခင်ဗျာ ကတုံးခေါင်းက သန်းကိုရှာခဲ့ပါပြီ၊ ရှုစားတော်မူပါ’
မြို့ စားကြီးလည်း လိပ်ကြီးကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်။
‘အေးကွ ကတုံးခေါင်းကသန်း ဒီလောက်ကြီးရင် ငါတို့ မြင်ရမှာပေါ့၊ မဖြစ်နိုင်ဘူးထင်တယ်’
‘လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးမြို့ စားမင်း’ မြို့ စားကြီးအကြပ်ရိုက်တဲ့ အလှည့်ရောက်ပြီ။
ဒါပေမယ့် ဘာပြောရမှန်းမသိ ဖြစ်နေတယ်။
‘ဒါကြီးက သန်းနဲ့ မတူဘူး၊ လိပ်နဲ့ တူနေသလားလို့ ’မြို့ စားကြီးအမေးကို ပေါသွပ်က အာချောင်ပြီး
‘သန်းမှသန်းအစစ်ပါ၊ မယုံရင်မေးကြည့်ပါခင်ဗျ’ဆိုတော့ မြို့ စားကြီးခေါင်းကုတ်ပြီး...
‘အေး..ငါတော့မသင်္ကာဘူး၊ ဒါဖြင့်မေးကြည့်မယ်၊ ဟဲ့ကောင် မင်းဟာ လိပ်လား?  ၊ သန်းလား?’ဆိုတော့..
လိပ်က သူ့ လက်ကလေးယှက်ပြီး.
‘ကျွန်တော်မျိုး ကြမ်းပိုးပါခင်ဗျ၊ ကြမ်းပိုးပါ’...တဲ့။
‘ဟင် ဒါကြီးက ကြမ်းပိုးတဲ့၊ ကတုံးခေါင်းသန်းရှာခိုင်းတာ ကြမ်းပိုးဖမ်းလာတဲ့ ပေါသွပ်ကို ပြန်ဖမ်း’
‘ဟိုက်’
ဆိုလိုချင်တာက မဖြစ်နိုင်တာတွေကို အကောင်းမြင်စိတ်နဲ့  လှည့်တွေးရင်တောင် မဖြစ်နိုင်တာ ရှိပါသေးတယ်။
စိတ်ချမ်းသာချင်ရင် မဖြစ်နိုင်တာကို မစဉ်းစားနဲ့ ပေါ့။
Ref:AKyiTaw_ChitChinKaHtar
ဆက်ဖတ်ရန် >>>
သနားစ၇ာခန္ဓာကိုယ်တစ်ခြမ်းပဲ.များ
တချို့ ကပြောကြတယ်။
လူတွေကိုစတင်ဖန်ဆင်းခဲ့တဲ့ ဇုနတ်ဘုရားဟာ လူသားတွေကိုမကြေနပ်ပြန်တဲ့အခါ
ခန္ဓာကိုယ်ကိုနှစ်ခြမ်းခွဲပြီး တစ်နေရာစီကို လွှင့်ပစ်ခဲ့ပါသတဲ့။
အဲဒီခန္ဓာကိုယ်နှစ်ခြမ်းလုံးဟာ
သူတို့ ရဲ့  ကွဲကွာသွားတဲ့ခန္ဓာကိုယ်တစ်ခြမ်းကိုပြန်ဆုံတွေ့ ဖို့  အမြဲတစေလိုက်လို့ ရှာနေရတယ်။
သူတို့ အချင်းချင်းပြန်တွေ့ ပြီး ပေါင်းဖက်ကြတဲ့အခါမှ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုပြန်ဖြစ်ရသတဲ့။
(ဘယ်အချိန်မှာ၊ ဘယ်လို ဘယ်လိုပုံစံခန္ဓာကိုယ်တစ်ခုပြန်ဖြစ်ဖြစ်သွားသလဲဆိုတာတော့ တားတားရဲတိဘူး)
အဲဒီခန္ဓာကိုယ်နှစ်ခြမ်းဟာ တစ်ခြမ်းက ယောက်ျားဖြစ်ပြီး၊
အခြားတစ်ခြမ်းကတော့ မိန်းမပါတဲ့။
အဲလိုပြန်ရှာဖို့  အကူအညီပေးတဲ့ဧဂျင့်ကတော့ ဖူးစာရေးနတ်ပါတဲ့ဗျား။
သနားဖို့ ကောင်းတာကတော့ ကိုရွှေဖူးစာရေးနတ်ရဲ့ မေ့ထားခြင်းခံရတဲ့ သူတွေပါပဲ။ သူတို့ တွေဟာ ခန္ဓာကိုယ်တစ်ခြမ်းပဲ.ကြီးနဲ့  ဆိုတော့ ဘယ်ညာ၊ဘယ်ညာပုံမှန် မလှမ်းနိုင်ပဲ
လောကကြီးအလယ်မှာ သားပိုက်ကောင်လို ခုန်ဆွခုန်ဆွလျှောက်နေရတော့တာပေါ့။
(ရေးရတာ အရသာရှိလိုက်တာ ၊အဟေးဟေး)
သနားတယ် ။ သူတို့ ကို။
ဆက်ဖတ်ရန် >>>
Thursday, 17 November 2011
ကဲ...၀မ်းနည်းရမှာလား ?၀မ်းသာရမှာလား မသိန်းကြည်
အမျိုးသမီးနှစ်ဦးသည် သားရေးသမီးရေး ပြောနေကြသည်။
‘‘သမီိးက အိမ်ထောင်ကျ သိပ်ကံကောင်းတယ်။
နေ့ တိုင်း သူ့ ယောက်ျားက စောစောထတယ်၊ မနက်စာပြင်ဆင်တယ်။ ညနေအိမ်ကိုပြန်ရောက်တာနဲ့ 
အ၀တ်အစား လျှော်ဖွတ်ပေးတယ်၊ ပန်းကန်တွေ ဆေးကြောပေးတယ်။ သိပ်တော်တဲ့ သား သမက်လေး’’
‘‘ရှင့်သားရော’’
‘‘သားလည်း အိမ်ထောင်ကျနေပြီ။တကယ့်ကို အသုံးမကျတဲ့ မိန်းမ ရထားတယ်လေ။
အိမ်ထောင်ရေးကံ အတော်ဆိုးပါတယ်ရှင်။ မနက်တိုင်း သူ အစောကြီးထရတယ်၊ မယ်မင်းကြီးမကို မနက်စာ ပြင်ဆင်ပေးရတယ်။ ညနေအိမ်ကိုပြန်ရောက်တာနဲ့ အ၀တ်အစား လျှော်ဖွတ်ပေးရတယ်၊
ပန်းကန်တွေ ဆေးကြောပေးရသေးတယ်။ တကယ့်ကို အသုံးမကျတဲ့ မိန်းမရထားတယ်လေ။’’
ဆက်ဖတ်ရန် >>>
နာနတ်သီးနဲ့ အရေပြား တွန့်ခြင်းအား ကာကွယ်နည်း
နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်းစေပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ရင်အေး စေတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။
နာနတ်သီးပေါင်းတင်ခြင်း
နာနတ်သီးနဲ့ မျက်နှာကို ပေါင်းတင်လို့ ရပါတယ်။ နာနတ်သီးနဲ့ ပေါင်းတင်တာဟာ နာနတ်သီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်ကြောင့် အသားအရေကို ရွှန်းလဲ့ဝင်းစိုစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ် ပေးနိုင်ပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရပါမယ်။ စေးကပ်တတ်တာမို့ နာနာတ်သီးကို လိမ်းပြီးပါက ရေနဲ့ သေချာ ဆေးကြောပေးဖို့ လိုပါလိမ့်မယ်။ အရေပြားကို အရမ်းနူးညံ့စေပါတယ်။
လိမ်းကျံပြီးသွားတဲ့အခါမှာ ဆယ်မိနစ်ခန့်စောင့်ဆိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်တစ်ခါပဲ ပြုလုပ်ပေးပါ။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံမယ်ဆိုရင်တော့ နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာတို့နဲ ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
နာနတ်သီးနဲ့ အရေပြား တွန့်ခြင်းအား ကာကွယ်နည်း
နာနတ်သီးနဲ့ သံလွင်ဆီတို့ဟာ  အသားအရေအတွက် အရမ်း လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်ပါတယ်။ အထူးသဖြင့် လည်ပင်းပိုင်းက အရေပြားတွန့်ခြင်း အတွက် ကောင်းစွာ ထိရောက်မှု ရှိစေပါတယ်။ သံလွင်ဆီနှစ်ဇွန်း (စားပွဲတင်ဇွန်း) နာနတ်သီး(လတ်လတ်ဆတ်ဆတ်) ရည်တစ်ခွက်ကို ယူပါ။ နှင်းဆီရည်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) ကိုလည်း ယူထားပါ။
အားလုံး ပြည့်စုံသွားရင်တော့လည်ပင်းနဲ့ မျက်နှာကို လိမ်းကျံပေးပါတော့မယ်။ မလိမ်းကျံခင် မျက်နှာကို သန့်စင်ဆေးကြောပေးထားဖို့ လိုအပ်ပါတယ်။ မျက်နှာကို နို့နဲ့သော်လည်းကောင်း ဆေးကြောပေးရင် ပိုပြီး အာနိသင်ထပ်ရှိပါလိမ့်မယ်။ နို့နဲ့ မျက်နှာဆေးပြီးသွားရင် သံလွင်ဆီနဲ့ မျက်နှာကို လိမ်းကျံတဲ့အခါ လက်ဖဝါးနဲ့အပေါ်ကို ပွတ်တင်ပေးရမှာ ဖြစ်ပါတယ်။
စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ အရေပြားကနေ အဆီကို စုပ်ယူလိုက်ပါတယ်။ ပြီးရင်တော့ နာနတ်သီးအရည်နဲ့ နှင်းဆီရည်ရောထားတာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီးသွားရင်တော့ မျက်နှာကို ရေသန့်နဲ့ သစ်ပေးလို့ ရပါပြီ။ ဒီနည်းကို တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
PS.သူငယ်ပြန်နေသော ဘွားဘွားများအတွက်
ဆက်ဖတ်ရန် >>>
Friday, 4 November 2011
နွားနှစ်များကို ဖြတ်ကျော်ခြင်း
နွားနှစ်ဆိုလို့ တရုပ်ဗေဒင်ထဲက နွားနှစ်လို့ အထင်မမှားလိုက်နဲ့ဦး..
ဖတ်ဘူးတဲ့ ကြားဘူးတဲ့ပုံပြင်ထဲကလို လူ့ ဘ၀ရဲ့ နွားနှစ်များကိုပြောတာပါ..
ဒီလိုလေ……
ဘုရားသခင်က လူကိုဖန်ဆင်းတယ်.. ပျော်စမ်း..စားစမ်း ကစားစမ်း.. ကြိုက်သလို နေစမ်းပေါ့ ..
သက်တမ်း ၁၀ နှစ် နေစေ...
နောက် မျောက်ကိုဖန်ဆင်းတယ်.. ခုန်စမ်း လွဲစမ်း.. တစ်ပါးသူတွေေ-ာက်မြင်ကတ်လောက်အောင် အသံမျိုးစုံနဲ့ အော်စမ်း…. အူစမ်း.. ထူးဆန်းတာတွေတွေ့ရင် တရှုံ့ရှုံ့နမ်းကြည့်စေ.. သူတစ်ပါးဘာလုပ်လုပ် အတုခိုးစေ.. ၁၆ နှစ် သက်တမ်းနေစေ..
ငှက် တွေကိုဖန်တီးတယ်.. ကောင်းကင်ပေါ်မှာ ပျံပြီး လောကကြီးကို အပေါ်ကကြည့်စမ်း..
ပညာကို အထူးသဖြင့် ဇီးကွက်လို မအိပ်မနေ ရှာစမ်း --တခြားငှက်တွေက ပျံစေ.. တချို့မပျံနိုင်စေ..အစာအတွက် လေမှာ၎င်း ရေမှာ၎င်း မြေမှာ၎င်း နည်းအမျိုးမျိုးနဲ့ရှာဖွေစေ.. သက်တမ်း ၂၀ ယူ…
နွားကိုဖန်တီးပြန်တယ်.. အနှစ် ၇၀ ယူစေ.. သက်တမ်းအတွင်း ခွန်အားအမျိုးမျိုး သုံး၍ ကုန်းရုံးလုပ်ကိုင်ပီး သူတစ်ပါးခိုင်းသမျှလုပ်.. အများကို ခွန်အားနဲ့လုပ်ကြွေး အကျိုးပြုစေ..
ခွေးကို ဖန်တီးလိုက်တယ်.. နင်ဟာ အိမ်မှာ အမြဲနေစေ.. သူစိမ်းများလာရင်ဟောင်စေ.. သတိပေးစေ.. ချောက်လှန့်စေ.. ပိုင်ရှင်ကို သစ္စာရှိစေ .အသက် ၃၀ နေစေ.
အစရှိသဖြင့် ဖန်တီးလိုက်တာပေါ့..
ငါကား သက်ရှိသတ္တ၀ါများကို ပျော်ရွှင်ရန်အလို့ငှာ ဖန်တီးအပ်ခဲ့ပေပြီ..
ယခုအခါ ရက်သတ္တပါတ် မြောက်တာမို့လို့ --
သင်းတို့၏အခြေအနေကိုလေ့လာအံ့ဟုဆုံးဖြတ်ပြီးကောင်းကင်ဘုံမှ မြေကမ္ဘာသို့ ဆင်းသက်လာခဲ့ပေသည်.. ဖန်တီးခဲ့သော သက်ရှိတို့ကို ဆင့်ခေါ်၍ မေးမြန်းသည်.. သင်တို့ ပျော်ရွှင်ကြ၏လော..
လူသားကလွဲရင် နွား၊မျောက်၊ခွေး၊ငှက် ဒီမှာတင် တရားမျှတမှု မရှိ ဘူးဆိုတဲ့ ကွန်ပလိန်း တွေ လုပ်လာလာတယ်.. .
 “ဒါဘာလုပ်တဲလဲဘုရာ့”.. ”မတရားဘူးဘရာ့” ပေါ့..
 “အကျွန်ုပ်တို့မှာတော့ အော်ဟစ် အပျော်မဲ့ ခက်ခဲတဲ့ အလုပ်တွေလုပ်နေရတဲ့ အချိန်မှာ လူကတော့ ပျော်ရွှင်မြူးတူး ပြေးလွှားဆော့ကစားယုံဘဲ..”
“အကျွန်ုပ်တို့ရဲ့ ဆင်းရဲရတဲ့ ဘ၀ အလုပ်နဲ့လက်မပြတ်လုပ်နေရတဲ့ ဘ၀ကို ရရှိကြပါတယ်.. အကျွန်ုပ်တို့ရဲ့ ဆင်းရဲသက်တမ်းဟာ လူ ထက်လဲ ပိုမိုရှည်နေပါတယ်တဲ့...” “တစ်ခုခုတော့ အဖြေရှာ ကူညီပေးပါ” ဆိုပီး တင်ပြကြတာပေါ့..
ဘုရားသခင်ကလည်း ဟဲ့ ငါဖန်တီးပီးတာတွေ ဟာ ပြန် ဖျောက်လို့မရဘူး ဆိုတဲ့အကြောင်း -- ပြန်ဖျောက်ပေးရင်လဲ ထင်သာမြင်သာရှိတဲ့ ဖန်တီးမှု -- ယုံကြည်စေရလောက်မှု - ဆိုတဲ့ ဂုဏ်သိက္ခာ မဲ့သွားနိုင်ကြောင်း-- သူ့ဘက်ကအခက်အခဲကိုချပြတယ်..
ဒီမှာတင် စ Negotiate လုပ်တယ်..
နောက်ဆုံး အားလုံး အစဉ်ပြေသွားစေတဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်..
 “အိုကေ.. မင်းတို့ရဲ့ ဘ၀တွေ သဘာဝတွေကိုတော့ ပြင်လို့မရသလို သက်တမ်း တိုက်ရိုက် လျော့ ဘို့လဲ လုပ်လို့မရတော့ဘူး..” “ဖန်ဆင်းရှင်တို့မည်သည်မှာ ဖန်ဆင်းပီး ပြန်ဖျက်ရိုးထုံးစံ မရှိဘူး... ဒါပေမဲ့ သက်တမ်း Share တာတော့ လုပ်နိုင်တယ်.. ဒီလိုလုပ် .. မင်းတို့ရဲ့ သက်တမ်းတွေကို တစ်ဝက်ဆီ လူ ကိုခွဲပေးလိုက်ကြ .. ဒါဘဲရှိတယ်..”ဆိုပီး ဆုံးဖြတ်ပေးလိုက်တယ်...
အဲဒီမှာတင် အားလုံးသဘောတူလိုက်ကြတယ်..
ဆိုတော့ လူသားဟာ သူ့ကိုယ်ပိုင်သက် ၁၀ နှစ် ...မျောက်ဆီက ၈ နှစ် ...ငှက်ဆီက ၁၀ နှစ် ...နွားဆီက ၃၅ နှစ် ...ခွေးဆီက ၁၅ နှစ် စုစုပေါင်း ၇၈ နှစ် နေရတဲ့ ပျမ်းမျှ သက်တမ်း ဖြစ်လာရတယ်..
အဲဒီတော့ လူတွေဟာ ပျော်ပါးစားသောက် ပြေးလွှားဆော့ကစား ရတဲ့ လူသားလို ၁၀ နှစ်နေရတယ်..
ဟော အသက် ၁၁ နှစ်ကနေ ၁၈ နှစ် ကို မျောက်နှစ် များ..
 မျောက်လိုဘဲ... ခုန်တယ်ပေါက်တယ် လွှဲတယ် စပ်စုတယ်.. ပတ်ဝန်းကျင်ေ-ာက်မြင်ကတ် လောက်အောင် အသံမျိုးအမျိုး စတိုင်အမျိုးအမျိုး ရှိုးထုတ်တယ်.. အော်ဟစ်ရယ်မောကြရတယ်…
နောက် ၁၉ နှစ် ကနေ ၂၉ လောက်အထိ ငှက်နှစ် ..
ငှက်များလို ပညာရှာရတယ်.. နည်းအမျိုးမျိုးစမ်းရတယ်..တစ်နေ့နေ့ မှာ တစ်ခုခုဖြစ်လာနိုး နဲ့ အတောင်ပေါက်ပီ. ပျံနိုင်ပီ ဆိုတဲ့ မာန လေးကလဲ လွှင့်တယ်.. နေ့မအိပ်ညမအိပ် လေ့လာဆည်းပူးရတယ်.. ကြက်ငှက် အစာရှာရသလို နည်းမျိုးစုံနဲ့ အလုပ်အကိုင်ရှာရတယ်..
အလုပ်လဲရလာရော ..အသက် ၃၀ က နေ ၆၅ နှစ်အထိမတော့ နွားနှစ် ကိုကျော်ဖြတ်ရတော့တယ်... အိမ်ထောင်တွေဘာတွေကျပီး ဘ၀မှာလူလိုသူလိုနေနိုင်ရေးအတွက် နွားများလို ကုန်းရုန်း လုပ်ကိုင်နေရတော့တယ်...
ဟော ၆၆ နှစ်က နေ ဘ၀နေ၀င်ချိန်မတော့ ခွေးနှစ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပေတော့တယ်.. အိမ်မှာဘဲ အမြဲနေ..
ကိုယ့်သားသမီး တွေ ချွေူးမ သမက်တွေနဲ့ နေပီး ဟို လူ့ဟိန်းလိုက် ဒီလူဟောက်လိုက်နဲ့ .. သူစိမ်း ဧည့်သည်တွေ ဘာတွေလာရင် တံခါးဖွင့် ပေးရတယ် --စုံစမ်းမေးမြန်းရတယ်.. ဘသူလဲ ..ဘာလဲ.. ဘာကိစ္စလဲ.. ဘာလာလုပ်တာလဲ .. လိုအပ်ရင် ခွေးများဟောင်သလို ဟောက်ပစ်ရတယ်.. ဟော ကျေးဇူးရှင် သားသမီးချွေးမသမက်တွေ အလုပ်သွားရင် သစ္စာရှိ ခွေးကြီးလို သူတို့ရဲ့ကလေးတွေ ကိုယ့်မြေးတွေ ကို စောက့်ရှောက် ထိန်းပေးရတယ်။။ အဲဒါဘဲဗျ.. လူ့ဘ၀ကျော်ဖြတ်ရတာ..
ဆိုခဲ့တဲ့ အတိုင်း အင်း..နွားနှစ်ကိုရောက်နေမှတော့........................................................................
ဆက်ဖတ်ရန် >>>
Tuesday, 1 November 2011
ကာလ၊ ဒေသ၊ ပယောဂ။
ဘုန်းဘုန်းတို့ဘက်မှာ ထမင်းစားလို့ရှိရင် များသောအားဖြင့် ဇွန်းနဲ့မစားကြဘူး။ လက်န့ဲ ပဲစားကြတာ များတယ်။  တစ်ခါကလူတစ်ယောက်ဟာ သူ့အမျိုးတွေရှိတဲ့အရပ်ကို အရေးပေါ် ခရီးသွားရတယ်။ သူရောက်ချိန်မှာ အမျိုးတွေက ထမင်းစားနေချိန်ဖြစ်နေတယ်။ အိမ်ရှင်တွေက…
“…………..ရေ လာလာ၊ ထမင်းစားပါဦး၊ တို့နဲ့ပဲ တစ်ခါတည်းဝိုင်းလိုက်ကြရအောင်”
“ကျနော် ဗိုက်မဆာသေးဘူး၊ အိမ်ကျမှ စားတော့မယ်”
“ခင်ဗျားကလည်း အားနာနေတာလား၊ အားမနာပါနဲ့ လာပါ”
“ကျနော် တကယ်မဆာသေးလို့ပါ၊ စားကြ စားကြ”
ဧည့်သည်ဟာ အမှန်တကယ်တော့ ဗိုက်ဆာနေတယ်(လမ်းကြောင်းမှာက စားဖို့ ထမင်းဆိုင် မရှိဘူးလေ)။
ကိုယ်ဝင်စားလို့  သူတို့ တွေမလာက်မငှဖြစ်လေမလား(စားချိန်ကျမှ ရောက်သွားတာကိုး) ၊စားနေကျမဟုတ်တော့ စားရမှာလည်း ရှက်တာနဲ့  အင်တင်တင် လုပ်နေတာ ဖြစ်တယ်။
အဲဒီလိုနဲ့ အိမ်ရှင်မိသားစုတွေ ပျော်ပျော်ပါးပါး အားရပါးရစားနေကြတာကိုမြင်နေရတော့(ဗိုက်ကလည်း ဆာလှပြီ) သူလည်း မနေနိုင်တော့တာနဲ့ စားမယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်ထဆေးလိုက်တယ်။
အဲဒီတော့..အိမ်ရှင်က(မရိပ်မိတာလား၊ မသိချင်ယောင်ဆောင်တာလား)မေးတယ်ပေါ့။
“ဘာလုပ်ဖို့ လက်ဆေးတာလဲ” တဲ့ ။
ဧည့်သည်လည်း ရှက်ရှက်နဲ့  ဗိုက်ကိုပွတ်ပြီးပြန်ဖြေလိုက်တာကတော့....
“ဆေးလိပ်သောက်မလို့” ...........   တဲ့လေ။        @တောက်ပကြယ်စင်
ကျနော်ဒီပိုစ့်လေးကို ဖတ်ရင်းနဲ့ ပြုံးမိတယ်။
‘‘ ကာလ၊ ဒေသ၊ ပယောဂ ’’ ကို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင် ခဲ့ လို့  ဘယ်နှစ်ခါလောက်များ
ကျနော် လက်ဆေးပြီးမှ ဆေးလိပ်သောက်ခဲ့ ရသလဲလို့  ပြန်စဉ်းစားကြည့်နေရင်းပေါ့.....
ဆက်ဖတ်ရန် >>>
ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။
မြန်မာတွေဘာကြောင့်ဆင်းရဲသလည်း
မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီကဗုဒ္ဓဘာသာလူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခုမေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင်မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက်မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကိုနားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ချက်က -
၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာစုပြုံလှူကြခြင်း။  ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ)လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ်ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်းစံနေတော်မူကြရတယ်။
ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ပည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာတစ်ပါးမှ မပြည့်စုံဘူး။
၃။ ဘာသာရေးအပေါ်မှာထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာမထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွားကြဘူး။
၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှားကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက်မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကိုတန်ဖိုးမဲ့စွာ အသုံးချတယ်။
၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့
မနာလိုဖြစ်ရင် ဣဿာဆိုတဲ့
အကုသိုလ်တရား ဖြစ်တယ်။
ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့ကကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှမတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကိုထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကိုအတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါးသိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီးအမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။
အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတမရှိတာပါပဲ။
၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီးအခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီးအခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုကအရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကိုမဖြစ်မနေ လုပ်ကြတော့တာပဲ။
မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ထင်သွားတာပေါ့။
သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။
မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကိုအင်မတန် ရှက်ကြပါတယ်။
၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေးအလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှအပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီးဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကိုဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက်မကြီးပွါးကြတာဘဲ။
~~~
မေတ္တာရှင်(ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ -
ဆောင်းပါးမှကူးယူဖော်ပြပါသည်။
ဆက်ဖတ်ရန် >>>
Monday, 10 October 2011
“ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”
အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ စကားလေးမှာလည်း
မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။
“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ
“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ
“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်
တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။
Ref: သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)
ဆက်ဖတ်ရန် >>>
ဘုရားကျောင်းဆောင်မှာ ညောင်ရေအိုးကို ဘာ့ကြောင့် “စုံ” မထားကြသလဲ
ဗုဒ္ဓဘာသာဝင်များအဖို့ အိမ်တိုင်း၌ ဘုရားကျောင်းဆောင်ကို အထွတ်အမြတ်ထားကာ ဘုရားရှင်အား ပူဇော်ကြပါသည်။ ပန်း၊ ရေ၊ဆီမီး၊ ဆွမ်း အစရှိသည်တို့ကို ကပ်လှူကြပါသည်။ ဤ၌ ဘုရားကျောင်းဆောင် ပေါ်၌ ကပ်လှူထားသော ပန်းတို့အား ညောင်ရေအိုးထိုးသောအခါ စုံမထားဘဲ သုံးလုံးတင်ကာ မဂဏန်းဖြင့် ပန်းကပ်ကြပါသည်။ ညောင်ရေအိုးကို စုံမထားဘဲ မအဖြစ်ထားရှိခြင်းမှာ အကြောင်းတော့ရှိပါလိမ့်မည်။
စုံ-မဆိုသည်မှာ ဂဏန်းအရေအတွက်ဖြစ်ပါသည်။ ဂန္ဓာရီအတတ်၊ ဗေဒင်ပညာအတတ် စသည်တို့နှင့် ဆက်စပ်ပတ်သက်နေမည်ဟုထင်မြင်ယူစဆရာရှိပါသော်ငြား ထိုအစွဲသည်ဘာသာရေးကိုပင် အခြေခံ ကြောင်း   လေ့လာတွေ့ရှိရပါသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ သရဏဂုံသည် “သုံးပါး” ဖြစ်ပါသည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတို့ ဖြစ်ကြပါသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်ဖြစ်သော ဂျပန်
ဗုဒ္ဓဘာသာတွင် “နမုစံဘိုး” ဟူ၍ အဓိပ္ပာယ်ထွက်ပါသည်။ “စံဘိုး” ဟူသည်မှာ “ရတနာ သုံးခု” ဟု အဓိပ္ပာယ်ရသည်။ ဂျပန်ဗုဒ္ဓဘာသာဝင်တို့လည်း ရတနာသုံးပါကိုပင် အထွတ်အမြတ်ထားကာ ကိုးကွယ်ပူဇော်ကြပါသည်။
ထို့ကြောင့် ဘာသာရေးကို လေ့လာကြည့်သောအခါ မ-ဂဏန်း ဖြစ်သည်။ “သုံး”ကို လွန်စွာ အလေးထားကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် မည်သည့်အကြောင်းအရာကို ပြောသည်ဖြစ်စေ သုံးကြိမ်ပြောပါမှ အတည်ဖြစ်သည်ဟူသော မဇ္ဈိမဒေသ၏ ဓလေ့သည်လည်း သုံးဂဏန်းကိုပင် အလေးအနက် ထားကြပါသည်။ ဘုရားရှင်လက်ထက်က ဆွမ်းပင့်လျှင် သုံးကြိမ်ပင့်ခြင်းမျိုး၊ ဘုရားရှင် ငြင်းပယ်သည်ကို သုံးကြိမ်တိတိ လျှောက်ထားခြင်းမျိုးလည်း ရှိခဲ့၏။ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ရတနာသုံးပါးကို ဦးထိပ်ထားလျက် ရတနာသုံးပါးကိုပူဇော်ပြီး
သရဏဂုံသုံးပါးကို တည်ဆောက်ပြီးသည့်သကာလ အမျှဝေရာတွင် သုံးကြိမ်ဝေကြ၏။ သာဓုခေါ်ရာတွင် သုံးကြိမ်ခေါ်ကြ၏။
သို့ဖြစ်၍ ဘုရားပန်းအိုးဖြစ်သော ညောင်ရေအိုးကိုလည်း သုံးလုံးထားခြင်း (စုံမထားခြင်း)ဖြစ်မည်ဟု ကောက်ချက်ပြုရပါလိမ့်မည်။
Ref: သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)
ဆက်ဖတ်ရန် >>>
နှစ်ပတ်လည်ဆိုင်ရာ အထိမ်းအမှတ်တွေကို ဘယ်လိုခေါ်သလဲ
မြန်မာနိုင်ငံ၌ နှစ်ပတ်လည်ဆိုင်ရာ အထိမ်းအမှတ်များကို အောက်ပါအတိုင်း သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။
၁။ ၁-နှစ်မြောက် - စက္ကူရတု
၂။ ၂-နှစ်မြောက် - ဂွမ်းရတု
၃။ ၃-နှစ်မြောက် - သားရေရတု
၎။ ၄-နှစ်မြောက် - ပိုးရတု
၅။ ၅-နှစ်မြောက် - သစ်သားရတု
၆။ ၆-နှစ်မြောက် - သကြားရတု
၇။ ၇-နှစ်မြောက် - သက္ကလုပ်ရတု
၈။ ၈-နှစ်မြောက် - ကြေးရတု
၉။ ၉-နှစ်မြောက် - ဥဿဖရားရတု
၁၀။ ၁၀-နှစ်မြောက် - သံဖြူရတု
၁၁။ ၁၁-နှစ်မြောက် - သံမဏိရတု
၁၂။ ၁၂-နှစ်မြောက် - ချည်ရတု
၁၃။ ၁၃-နှစ်မြောက် - ဇာပန်းရတု
၁၄။ ၁၄-နှစ်မြောက် - ဆင်စွယ်ရတု
၁၅။ ၁၅-နှစ်မြောက် - သလင်းရတု
၁၆။ ၂၀-နှစ်မြောက် - ကြွေရတု
၁၇။ ၂၅-နှစ်မြောက် - ငွေရတု
၁၈။ ၃၀-နှစ်မြောက် - ပုလဲရတု
၁၉။ ၃၅-နှစ်မြောက် - ကျောက်စိမ်းရတု
၂၀။ ၄၀-နှစ်မြောက် - ပတ္တမြားရတု
၂၁။ ၄၅-နှစ်မြောက် - နီလာရတု
၂၂။ ၅၀-နှစ်မြောက် - ရွှေရတု
၂၃။ ၅၅-နှစ်မြောက် - မြရတု
၂၄။ ၆၀-နှစ်မြောက် - စိန်ရတု
၂၅။ ၇၅-နှစ်မြောက် - ဒုတိယစိန်ရတု
၂၆။ ၉၀-နှစ်မြောက် - န၀ရတ်ရတု
Ref: သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)
ဆက်ဖတ်ရန် >>>
Tuesday, 4 October 2011
အင်တာဗျူး
မေး ။   ။ရုပ်ချော၊ဥာဏ်ကောင်း၊ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်းချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင်ဖြစ်မလား။
ဖြေ ။   ။ဖြစ်ပါတယ်။..........အဲ..ဒါပေမယ့် လင်လေးခါယူရမယ်။
မေး ။   ။ပညာနဲ့  အသပြာ ဘယ်ဟာကိုယူသင့်သလဲ။
ဖြေ ။   ။ကိုယ့်ဆီမှာ မလုံလောက်တာကိုယူ။
မေး ။   ။မိန်းမဟာ ဓါးပြထက်ပိုကြောက်စရာကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ။
ဖြေ ။   ။ဓါးပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့ မေးကြတယ်။
          မိန်းမကတော့  နှစ်ခုစလုံးကိုတောင်းတယ်။
ဆက်ဖတ်ရန် >>>
Sunday, 2 October 2011
အားနာလို့ လိုက်လျောတာ ‘ အတယ် ’ လို့  မထင်နဲ့ ။
‘ အတယ် ’ ဆိုတာ တရုတ်လို အဖေကိုပြောတာ။
ကလေး ဆိုးကြီးများ။
  အိမ်သို့ ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့ အတွေ့ အကြုံ ပြန်ပြောပြသည်။
  ‘‘မေမေ....ဒီနေ့  ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့  ခြေထောက်ကို သားတက်နင်းမိလို့ ..သားကတောင်းပန်လိုက်တယ်၊ဒါနဲ့  အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်’’
  ‘‘သားက ကျေးဇူးတင်ပါတယ်လို့  ပြောလိုက်ရောလား’’
  ‘‘ဟင့်အင်း..သူ့ ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်’’
   xxxxxxxxxxxxxxxxxxxxxxxx
 ကျနော်တို့  လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့ သူတွေရှိပါတယ်။
 Handicap ဆိုတာ ပစားပေးထားတဲ့ သဘောကိုဆိုလိုတာပါ။ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေး ထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင်ယှဉ်ထိုးမဲ့ သူဟာ ကိုယ့် အောက်နိမ့်ကျတဲ့  စွမ်းရည်ရှိသူဖြစ်နေရင် သူ့ ရဲ့  အားနည်းချက်ကို သက်ညှာတဲ့ အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့ တစ်ရုပ်၊ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ်ကို ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျော့ကစားတာပါ။
ဒါမှ တရားမျှတမှု့ ရှိမယ်...လို့ ယုံကြည်တာကိုး။
ကျနော်တို့  လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ တချို့ သူတွေကို အကြောင်းကြောင်းကြောင့်(သနားလို့ ၊အားနာလို့ ) ပစားပေး၊ သက်ညှာထားရတာတွေ ရှိပါတယ်။ဒါပေမယ့်...ခက်တာက သူတို့ ထဲက တစ်ချို့  သူတွေက တမင်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။
ကလေးဆိုးကြီးတွေလိုပဲ။
ကိုယ့်ခြေထောက်ကို တက်နင်းမိပြီး တောင်းပန်လို့  ကိုယ်ကသနား၊အားနာတာနဲ့  ချောကလက်တစ်ခု ထုတ်ကျွေးလိုက်မိပါတယ်။သူတို့ က နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်ပြီးနင်းကြပြန်ရော....။
ကဲ....မခက်ဘူးလားဗျာ။
(Ref:မင်းခိုက်စိုးစံ၏ ကလေးအတွေး အက်ဆေး)
 ဟုတ်တယ်လေ...
 နောက်ထပ် ချောကလက်တစ်ခု ထပ်လိုချင်လို့ အားမနာ ပါးမနာနဲ့  သူများခြေထောက်ထပ်နင်းတဲ့သူရဲ့  အတွေးဟာ ‘ကလေး အတွေး’ ပါ။
သူတို့ ကိုရေရှည်မှာ ဘယ်သူကသည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့ အဖေအမေပဲပေါ့။ ကျန်တဲ့သူတွေ ကတော ကြာလာတာနဲ့ အမျှ စိတ်ပျက်လာမှာ သေချာပါတယ်။
ဆက်ဖတ်ရန် >>>
Saturday, 3 September 2011
အိမ်ထောင်ရေး ဆက်ဆံနည်း
ရာသက်ပန်သုခ
အိမ်ထောင်ရေး ဆက်ဆံနည်းမှာ မောင်မဲနှင့်မဖြူ ဖြစ်စေ၊မောင်နီနှင့်မနီဖြစ်စေ မည်သည့်ယောက်ျားမိန်းမ မဆိုဆက်ဆံကြရာတွင်    ရာသက်ပန်သုခကိုရစေနိုင်သောနည်းက ခွဲခွဲခြားခြားမရှိ။
တစ်ဦးကို တစ်ဦးယုံကြည်ခြင်းဟူသော နည်းတစ်ခုသာရှိသည် ဟုမောင်လူအေး နားလည်ထားသည်။
မိန်းခလေးတစ်ယောက်ဟာ အိမ်ထောင်ပြုလိုက်ရင် ကိုယ့်ခင်ပွန်းရဲ့ လက်ထဲ ကိုယ့်ရဲ့ အဘိုးတန်ဘ၀နဲ့ တကွ၊ ကိုယ့်ရဲ့ ရှေ့ ရေး နောင်ရေးကိုပါ    ပုံအပ်လိုက်ရတာမို့  မယုံကြည်ရဘူး၊အားမကိုးရဘူးဆိုရင်တော့ တစ်သက်လုံးအဘို့ ကောင်းနိုင်စရာ မရှိ။ဒါကြောင့်မို့  မောင်လူအေးတစ်ယောက်ကိုယ့်ကိုယ်ကို အမြဲတမ်း(upgrade)လုပ်သည်။
မောင်လူအေးဘက်ကလဲ ကိုယ့်ကို အမိလိုတစ်မျိုး၊နှစ်မလိုတစ်သွယ်၊အဆွေခင်ပွန်းလိုတစ်ဖုံ ယုယဂရုစိုက်ဘို့  မိန်းခလေးတစ်ဦးကို ပုံအပ်လိုက်တာဘဲဖြစ်သည်။
မျက်ကွယ်မှာ ဖေါက်ပြားမှာကိုတစ်မျိုး၊ပိုက်ဆံငွေကြေး ဖြုံးသုံးမှာတစ်ဖုံ စိုးရိမ်ပူပန်နေကြရတဲ့ အိမ်ထောင်ရှင်တွေ တစီစီ တကြွက်ကြွက် ဖြစ်နေကြတာ မောင်လူအေးတို့  စင်္ကာပူမှာတွေ့ နေရသည်။
မိန်းမတွေရဲ့  စိတ်ထဲမှာ လင်မယားဖြစ်နေရတဲ့ဘ၀ သူငါ့ကို မပစ်နိုင်ပါဘူးလို့ ထင်တတ်ကြကြောင်း။ဒီလိုထင်ရုံတင်မဟုတ်။ငါ့ကိုသူချစ်သားဘဲ ငါဘာလုပ်လုပ် အလိုလိုက်သားဘဲ ဆိုပြီး မိမိယောက်ျားအပေါ်ပြုစုရမဲ
့ဝတ္တရားများ ပျက်ကွက်နေတတ်ကြကြောင်း မောင်လူအေး မကြာမကြာ ကြားနေရသည်။
====================================================
‘‘ ကိုလူအေး ’’
‘‘ ဟင် ဘာလဲ ’’
‘‘ ခနလောက် ထစမ်းပါအုန်း။ ’’
‘‘ သြော် အင်း- ဘာပြောမလို့ လဲ။ မနက်အလုပ်သွားရအုန်းမှာ။ ’’
‘‘ ကျမ ယောက်ျားနိုင်ချင်တယ် ’’
‘‘ အင်….ဟင်….. ’’
တစ်နေကုန် အလုပ်ထဲမှာကွန်ပြူတာအလုံး၆၀နှင့် အလုပ် လုပ်ရသောမောင်လူအေးတစ်ယောက် ဒီလောက်ဦးနှောက်မစားခဲ့။
ညကြီးမင်းကြီး စကားမစပ်ပြောလာသော မိန်းမဖြစ်သူ၏ စကားကြောင့် မောင်လူအေးကြောင်သွားသည်။
‘‘ နေပါအုန်း မဘိုက်ရဲ့  ဘာလို့ ယောက်ျားနိုင်ချင်ရတာတုန်း ’’
‘‘ နေ့ ခင်းက မေမေနဲ့ ဖုန်းပြောလိုက်ရတယ် ’’
‘‘ဟုတ်လား singapore ကို shopping ထွက်ဖို့ လို့ passport ကျပြီတဲ့ လား ’’
‘‘ ရှင်စကားတွေ ရှောက်လွှဲ မနေနဲ့ ၊မေမေကပြောတယ် ကျမတို့ မျိုးရိုးက ယောက်ျားနိုင်ရတဲ့ မျိုးရိုးတဲ့ ကျမလည်းယောက်ျားနိုင်ရမတဲ့’’
‘‘ အေးပါကွာ နိုင်ရစေမှာပေါ့။ အဲဒီတော့ ယောက်ျားနိုင်ရတယ်ဆိုတာ ဘာကိုပြောတာလဲ။ကိုယ်ဘာလုပ်ပေးရမလဲ’’
‘‘ ယောက်ျားနိုင်ရတယ်ဆိုတာ ကျမဘာလုပ်လုပ် ရှင်ဘာမှမပြောရဘူး။ အားလုံးကျမသဘောဘဲ။ကျမ လုပ်ချင်တာလုပ်မယ်။ ’’
‘‘ ဟေ….ဒါဆို မင်း လင်ငယ်ထားပြီးသွားအိပ်လည်း ကိုယ်ဘာမှ မပြောဘဲကြည့်နေရမယ်ပေါ့။ ’’
‘‘ ရှင်ဘာစကားပြောတာလဲ၊ တောရိုင်းသား စကားပြောမိုက်ရိုင်းလိုက်တာ။ကျမတို့ မျိုးမှာ လင်ငယ်နေတာ တစ်ယောက်မှ မရှိဘူးရှင့်’’
‘‘ အေးလေ ဒါဆိုလည်း ယောက်ျားနိုင်ဘို့  ဘာလိုတော့မလဲ။ မလိုတော့ဘူးပေါ့ကွာ။ အိပ်ကြရအောင်။’’
‘‘ မဟုတ်ဘူး ကျမ မေမေက မီးခံသေတ္တာသော့ကိုင်ရတာ ’’
‘‘ ကိုယ့်လခ အကုန်လုံးမင်းဘဏ့်အကောင့်နဲ့  လွှဲထားတာ အတူတူဘဲပေါ့။ မလိုတော့ဘူးပေါ့ကွာ။ အိပ်ကြရအောင်။ ’’
‘‘ ရှင့်ကိုလေ ရိုးရိုးအအလေး ဆိုပြီး ယူခဲ့တာ။ ဘုဂလန့် တွေမပြောနဲ့ ။ကျမသူငယ်ချင်းတစ်ယောက်ကပြောတယ်။သူအရမ်းကံကောင်းတယ်တဲ့။
ဘာလို့ လည်းဆိုတော့ သူ့ ယောက်ျားမှာ မိဘတွေမရှိကြတော့ဘူးတဲ့။ အဲဒီတော့ ထောက်ပံ့စရာ မလိုတော့လို့ တဲ့ ’’
‘‘ ဟုတ်လား..အခုကိုယ်တို့ အလုပ် လုပ်နေကြတာ အစိုးရတွေကို ၁၀% ပေးရတယ်။ သူ့ ယောက်ျားဒီဘ၀ထိရောက်အောင် ပြုစုကျွေးမွေးခဲ့တဲ့    ယောက်ျားရဲ့ မိဘတွေကို ၅%လောက်တောင်မှ မသထာတဲ့မိန်းမ ကပ္ပလီနိုင်ငံသွားဖို့  လေယာဉ်လက်မှတ်ဝယ်ပေးလိုက်ပေါ့ကွာ။
ကဲ အိပ်ကြရအောင်။ ’’
‘‘ ရှင်နော် ’’
‘‘ ရှင်နော် ’’
မောင်လူအေး ဘယ်လိုပါးစပ်ပိတ်လိုက်တယ်မသိ။ယောက်ျားနိုင်ချင်တဲ့ မဘိုက်ဆီမှ စကားသံ ဆက်ထွက်မလာတော့ ပေ။
ဟုတ်ကဲ့… ကြားလေသွေးလည်း မဝေးပါ။
ပုံ…
သားလိမ္မာ မောင်လူအေး
ဆက်ဖတ်ရန် >>>
Monday, 29 August 2011
လူမိုက်အားပေး မလုပ်နဲ့ ။
လူတစ်ယောက်သည် အခြားသူတစ်ယောက်၏ နှိပ်စက်ကလူပြုမူခြင်းကို ခံ၍နေငြားအံ့။
ထိုသူသည်
နှိပ်စက်သူ၏ မတရားမှု့ (မကောင်းမှု့ ပြုခြင်း) ကို အားပေးနေသည်မည်၏။
ဆက်ဖတ်ရန် >>>
Sunday, 28 August 2011
Thursday, 25 August 2011
လက်ရှိအလုပ်ကို တန်ဘိုးထားပါ။
သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။
ဒါပေမဲ့ လက်ရှိအလုပ်မှာ..
အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊
စီးပွားရေးအခွင့်အရေး၊
လောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊
အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လို့ ပါ။
Ref : ကျွန်တော် ဖတ်ရှုခဲ့ဖူးတဲ့အထဲကပါ။
ဒါပေမယ့် မောင်ဖိုးထယ်လို မဖြစ်အောင် နေကြပါစို့ ။
‘‘ပထမအရွယ် မောင်ဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။
ဒုတိယအရွယ် ကိုဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။
တတိယအရွယ် ဦးဖိုးထယ် ၊လယ်ကိုထွန်ယက်နေပါသည်။’’
ဆက်ဖတ်ရန် >>>
Wednesday, 24 August 2011
လူပျိုနဲ့ လူအို ဘာကွာသလဲ။
    ဒီနေ့ အလုပ်နားရက်လေ။သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။
‘‘ငါ အိမ်ပြောင်းမလို့ ကွာ၊ လာကူနိုင်မလား’’ တဲ့ ။အေးကွာ ငါ အခန်းရှင်းရအုန်းမယ်။ြ့ပီးတော့ အ၀တ်တွေ
လျှော်ရအုန်းမယ်။ အားသွားရင်တော့  ငါလာခဲ့မယ်လို့  ပြန်ပြောလိုက်ရတယ်။အားတော့ နာပါရဲ့ ။
ထမင်း၊ ဟင်း ချက်နေရင်းနဲ့  ဖတ်ဖူးတဲ့ အင်တာဗျူးနဲ့ ဟာသလေး သွားသတိရမိတယ်။
ဒီလိုလေ..
မေး-  လူပျိုနဲ့  လူအိုဘာကွာသလဲ
ဖြေ-  လူပျိုက အိမ်အလုပ်ကို သူ့ သဘောသူ လုပ်တယ်။
        လူအိုကတော့  မိန်းမခိုင်းလို့  လုပ်ရတယ်။ ..တဲ့   ဟီးး ဟီးး။
အတော်ဆိုးတဲ့  သူတွေ။ဘာလို့ များ မိန်းမခိုင်းတိုင်းလုပ်ရမှာလဲ။ကျနော်ကတော့ ရှင်းရှင်းဘဲ။
ကိုယ်က အိမ်ထောင်ဦးစီး အရှင်သခင် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ တခါတလေတော့လဲ ကိုယ့်မိန်းမကို သနားတယ်။ကျနော်ဘာလုပ်လုပ် မပြောရဲရှာဘူး။
အလုပ်နားရက်ဆို  ကျနော်မနက်စောစောထပြီး မျက်နှာသစ် ဈေးသွားမလို့ အ၀တ်အစားလဲနေတာကို အိပ်ယာပေါ်ကမျက်လုံးလေးတောင်ဖွင့်မကြည့်ရဲရှာဘူး။ကျနော်က အိမ်ထောင်ဦးစီး အရှင်သခင်မဟုတ်လား
ချက်ပြုတ်စားသောက်ပြီးလို့  ကျနော်ပန်းကန်တွေဆေးနေရင်လည်း ဘာမှမပြောရဲရှာဘူး။ တုန်တုန်ရီရီနဲ့ 
ရေခဲမုန့် တွေခပ်စားနေရရှာတယ်။ အေးလို့ တဲ့ ။
‘‘မယားနေစ ကြောင်သေမှ ’’ဆိုတာ တကယ်မှန်တာဘဲ။ကျနော့် ကိုယ်တွေ့ ။
ကျနော်က သူ့ ရှေ့ မှာ ကြောင်သားဆီပြန် စားပြမိခဲ့ဘူးတာကိုး။ကျနော်ဘာလုပ်လုပ် မပြောရဲရှာဘူး။
အ၀တ်ဟောင်းတွေလျှော်ဖို့  ကျနော်လုပ်တော့ မ၀န့် မရဲနဲ့ ပြောရှာတယ်။သိုးမွေးအနွေးထည်ကိုတော့
သူ့ ဘာသာ လက်နဲ့ လျှော်ပါရစေတဲ့။
ဒီနေ့  ငါးသလောက်ကို သရက်သီးစိမ်းပေါက်ထည့်ပြီး အချဉ်ဆီပြန်ချက်တယ်လေ။စားပြီးတော့ အကြောတွေတက်တယ်လို့  မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။အားနွဲ့ တဲ့မိန်းမသားကို အနိုင်ကျင့်တယ်ဘဲ ပြောလည်း ခံရမှာဘဲ။ကျနော်က စိတ်ကြီးတယ် မဟုတ်လား။
လာစမ်းဆိုပြီး နင်းနှိပ်ပေးပစ်လိုက်တယ်။ သူ့ ခဗျာ ဘာမှ မပြောရဲရှာဘူး။ကျနော်က အိမ်ထောင်ဦးစီး အရှင်သခင်လေ။ဘာရမလဲ။ဟင်းး ဟင်းး။
မေး  - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ဖြေ - “စောင်နဲ့ ၊ ’’
       ‘‘ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”
ဆက်ဖတ်ရန် >>>
Tuesday, 23 August 2011
အပျိုကြီးဘဲ လုပ်မယ်
 " စိုသောလက် မခြောက်စေနှင့် "
ဂျာမန် မြို့ စားကြီးတွင် အရွယ်ရောက်ပြီးသော သမီး သုံးယောက် ရှိသည် ။ သုံးယောက်စလုံး အိမ်ထောင်ပြုသင့်
နေကြပြီ ။ သို့ သော် ဘယ်သမီးကို ယောင်္ကျား အရင်ပေးစားရမလဲ မြို့ စားကြီး ဝေခွဲမရနိုင် ဖြစ်နေသည် ။ သို့ နှင့် တစ်နေ့ တွင် သမီး
သုံးယောက်စလုံးကို ခေါ်ပြီး ပြောသည် ။
" ကိုင်း..သမီးတို့ ရေ..သမီးတို့ ကို ဖေဖေ တစ်ခု ပြောချင်တယ်.. ဟော့ဒီ ရေဖလားက ရေထဲ ..သမီးတို့ ရဲ့ လက်ကို
စိမ်လိုက်ကြပါ...လက်ကို အ၀တ်နဲ့  လုံးဝမသုတ်ဘဲ ဒီအတိုင်းထားပါ...၊ လက်အရင် ခြောက်တဲ့ သမီးကို ဖေဖေ
အရင် အိမ်ထောင်ပြုပေးမယ် "
သမီးများ ၄င်းတို့ ၏ လက်ကို ရေထဲ စိမ်လိုက် ကြသည် ။ သမီးကြီး နှစ်ယောက်က အဖေ ပြောသည့်အတိုင်း အေးအေးလေး ထိုင်ကာ လက်ခြောက်မည့် အချိန်ကို စောင့်သည် ။
သမီးအငယ်ဆုံးကမူ လက်နှစ်ဖက်ကို ရမ်းပြီး " ယောင်္ကျား မယူချင်ဘူး ..ယောင်္ကျား မယူချင်ဘူး ဟု တချိန်လုံး အော်နေလေ၏။
အီးမေးလ် ဖေါ်ဝပ့်အား မှတ်သားထားချင်းဖြစ်၍ ခရက်ဒစ် မပေးနိုင်ပါ ခည။
ဆက်ဖတ်ရန် >>>
ဘယ်ရမလဲကွာ.
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။ကားနောက်ခန်းတွင် နှစ်ယောက်သား ပူးပူးကပ်ကပ် ထိုင်စီးလာကြသည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက...
"မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ...ဖယ်စမ်း ငါမောင်းမယ်၊ ဒီမှာလာထိုင်"
  " ဟုတ်သလိုလိုပဲ "
သား က အဖေ့ကို မေးသည် ။
" ဖေဖေ....ဖေဖေ ဘယ်အရွယ်မှာ အိမ်ထောင်ပြုသလဲ.ဟင် "
" ၂၄ နှစ်အရွယ်မှာ.."
" မေမေ ကကော.."
" ၂၂ နှစ်မှာ "
" သြော်....အဲ့ဒါဆို...မေမေက ဖေဖေထက် ၂နှစ်စောပြိး အိမ်ထောင်ပြုတာပေါ့နော်.."
ပထမဆုံး အတွေ့ အကြုံ။
ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။ သူမသည် ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။ သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို
စဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။ သို့သော် သူကတော့
လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟု
မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ အထဲထိ
နိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
အကြောအခြင်များတောင့်တင်းသွားသည်။ သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။
သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ သူမ
စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။ သို့သော်
သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်
အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။
အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်း
မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ
ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။
အတန်ကြာသော် သူမမှအရည်အချို့တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည်
အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။ သူမ သက်ပြင်းမောများ
ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။
သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု
ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။
ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။ အထက်ပါအဖြစ်အပျက်မှာ
သူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က အတွေ့အကြုံပင်ဖြစ်လေသည်။ Cheesy
(နားလည်မှု)
မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး....
ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ -ွယ်လိုက်တော့မယ်....."
အီးမေးလ် ဖေါ်ဝပ့်အား မှတ်သားထားချင်းဖြစ်၍ ခရက်ဒစ် မပေးနိုင်ပါ ခည။
ဆက်ဖတ်ရန် >>>
Don't Judge Too quickly
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်*…
လက်ထပ်ထားပြီး
ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်
တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…
ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း
တယောက်ပါ။
အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "
"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "
"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "
"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "
"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "
"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "
"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "
"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"
"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "
"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "
"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "
"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "
"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "
"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "
"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "
"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "
"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "
"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "
"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "
"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "
"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "
"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "
"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "
"ဗုဒ္ဓော… ဘုရား.. ဘုရား… "
"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "
"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "
"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "
"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရော။
" အထင်မလွဲပါနဲ့  "
မြို့ တစ်မြို့ တွင် မီးလောင်မှုဖြစ်ပွါးသည် ။ မီးရှို့ သူကို ဖမ်းမိသည် ။ မီးလောင်ခံရသော အိမ်နှင့် မျက်နှာချင်းဆိုင် အိမ်တွင်
နေသော ရာဘင်နိုဗစ်ခ်ျ ( ဂျူး )ကို သက်သေအဖြစ် တရားရုံးက ဆင့်ခေါ်သည် ။ တရားသူကြီးက မေးသည် ။
" သက်သေ ရာဘင်နိုဗစ်ခ်ျ .အဲ့ဒီညက မြင်သမျှကို ရုံးတော်ကို ပြောပြပါ "
" ဟုတ်ကဲ့..အသံဗလံတွေကြောင့် ကျနော် အိပ်ယာက နိုးသွားတယ် ..ဒါနဲ့  ဇနီးသည် ဆာရာရဲ့  ဂါဝန်ကို
အောက်ပိုင်းကနေ မ တင်လိုက်တယ်.."
" အိပ်ယာထဲမှာ ခင်ဗျားတို့ လင်မယား ဘာလုပ်ကြတယ်ဆိုတာ ပြောမနေနဲ့ ..မေးတာကိုပဲ ဖြေပါ.."
" ဟုတ်ကဲ့..ဆာရာရဲ့  ဂါဝန်ကိုအောက်ကနေ မ တင်လိုက်တယ် ...ကြည့်လိုက်တယ်.."
" သက်သေ ရာဘင်နိုဗစ်ခ်ျ ..မဆိုင်တာကို မပြောပါနဲ့  "
" ဟုတ်ကဲ့..ဆာရာရဲ့  ဂါဝန်ကို အောက်ကနေ မ တင်လိုက်ပြီး သေသေချာချာ ကြည့်လိုက်တယ်...
အပူရှိန်ကို ခံစားလိုက်ရတယ်.."
" မဆိုင်တာကို မပြောနဲ့ လို့  ဘယ်နှစ်ခါ သတိပေးရမလဲ..ရုံးတော်ကို မထီမဲ့မြင်လုပ်မှုနဲ့  ခင်ဗျားကို အရေးယူ
နိုင်တယ်..နားလည်လား.."
" ပြတင်းပေါက်ခန်းဆီးကို ဆာရာရဲ့ ဂါဝန်နဲ့  ချုပ်ထားတာ .ကျနော့် အပြစ်လား ခင်ဗျာ..."
အီးမေးလ် ဖေါ်ဝပ့်အား မှတ်သားထားချင်းဖြစ်၍ ခရက်ဒစ် မပေးနိုင်ပါ ခည။
ဆက်ဖတ်ရန် >>>
Friday, 19 August 2011
နောက်တာနော်...ဟီဟိ
ဆက်ဖတ်ရန် >>>
ထားဝယ်လုံချည်(ကြား၃-ကြား ၀င်ပါချင်ယင်) ၀ယ်ထား။
မိုးကလေးကတစိမ့်စိမ့် အနောက်ယမ်းဝှေ့ သဖြင့်မိုးပေါက်သည်တစ်ခါတစ်ခါကြီးမားလာပြီးလျှင် ဓနိမိုးဓနိကာအိမ်များကို တဖြန်းဖြန်းနှင့်ရိုက်၏။ မြင်းပန်းထိမ်လင်မယားအိမ်ရှေ့ ရှိ ပိတောက်ပင်အိုကြီးမှာ တစ်ချက်တစ်ချက် သိမ့်သိမ့်ခါသွားသည်။
မြင်းပန်းထိမ်ဟုခေါ်ရခြင်းအကြောင်းရင်းကား ပန်းထိမ်လုပ်ရင်း မြင်းမွေးသောကြောင့်တည်း။ နေ့ ကျွတ်စီ၊ ညကျွတ်စီ လင်မယား ရန်ဖြစ်တမ်းအချစ်စမ်းကြသောအမူအကျင့်ကြောင့်လည်း ကလေးကအစ ခွေးအဆုံးသိကြလေသည်။
ထိုနေ့ တစ်နေ့ လုံးမိုးတဖွဲဖွဲနှင့် မစဲနိုင်ရှိချေသည်။ မြင်းပန်းထိမ်မိန်းမလည်း ဈေးပိတ်ပြီဖြစ်၍ ရောင်းပြီးလက်ကျန် ဥယျာဉ်ကွမ်းများနှင့်အလေးတောင်းတို့ ကိုရွက်ကာ ဦးခေါင်းမော့မော့ ရင်ကော့ကော့နှင့် အိမ်သို့ ပြန်လာလေသည်။လင်သည်မောင်ကား မျက်မှန်နက်ကြီးကို နဖူးပေါ်တင်၍ မယားသည်၏ လာလမ်းကိုမျှော်ကာ စောင့်စားလင့်၏။ ဇနီးသည်လည်းကြော့ကြော့၊ ကြော့ကြော့နှင့် ပေါက်လာပြီးလျှင် အိမ်ပေါ်သို့ တက်လေသည်။ ထိုမြင်းပန်းထိမ်လည်း ‘‘ဘယ်လင်ငယ့်အိမ်ဝင်နေလို့  သည်လောက်ကြာရတာလဲဟင်- ဗိုင်းဒါမ’’ ဟုဆီးကြို၍ ပဋ္ဋိသန္ဓာရပြု၏။
‘‘တော်ကျုပ်ကို သည်လိုမပြောနဲ့  သိရဲ့ လား၊ တစ်နေ့ လုံးရှာရတာ ဖတ်ဖတ်မောလို့ ။ ရှင်ပန်းထိမ်ကိုဘယ်သူလာအပ်သလဲလို့ - ကဲပြောစမ်း။ ရှင့်လုပ်စာ ဘာများစားရသလဲလို့  -ကဲဆိုစမ်း။ ကျုပ်လိုဟာမျိုး ထမင်းထုပ်နဲ့ လည်ရှာစမ်းပါတော် အကြောင်းသိရအောင်။ ဘယ်သူအနွံအတာခံပြီးရှာကျွေးမလဲဟင်။ ဒါနဲ့ တောင်မှ တောင်ပြောမြောက်ပြောနဲ့ ကျုပ်ကို ဘယ်လိုအစားမှတ်သလဲ’’
ကရားမှ ရေယိုကျဘိသကဲ့ သို့ သဖွဖွနှင့် ချက်ကျအောင် ပြောလိုက်သော မယား၏စကားရပ်တို့ ကို စိတ်ရှည်လက်ရှည်နားထောင်ပြီးသည်၏အန္တိမအဆုံး၌လင်သည်မောင်သည် ကောင်းချီးသြဘာ ထောမနာ ပေးသောအားဖြင့် ဖိနပ်ချွတ်သို့ လှမ်းရန်အားယူနေသော ဇနီးသည်ကို ကန်ချလိုက်လေသည်။
မိန်းမသည် လှေကားရင်းတွင် အခွေသားပုံလျှက်လဲ၏။မြင်းပန်းထိန်မိန်းမသည်လည်း အလေးရှိရာသို့ ချဉ်းရန်အားထုတ်၏။ဒေါသပုန်ခင်း၍လာသောမြင်းပန်ထိမ်ဆရာကြီးကား ဖိနပ်ချွတ်မှလွှားခနဲခုန်ဆင်း၍ အကြင်သို့ သော မယ်ပပ၏ ဆီချေးတစ်ဆယ့်လေးသစ်တက်နေသောကုပ်တိုကို နှိပ်ခွစီးပြီးလျှင် ပါးကို ရိုက်လတံ့ဟုရွယ်၏။ဆရာကြီး၏နဖူးပေါ်တွင်အတင့်အတယ်စံပယ်လျှက်ရှိသောမျက်မှန်နက်ကြီးသည်လည်း မိမိ၏ဇာတိချက်မြှုပ်ဖြစ်သောနှာရိုးပေါ်သို့ဆင်းသက်လိုက်၏။ ထိုအခါမှ ဆရာကြီးသည် သတိရ၍ မိန်းမ၏ ဇက်ကို ဒူးနှစ်လုံးဖြင့် ခေတ္တညှပ်ပြီးလျှင်လက်တစ်ဖက်ဖြင့် မျက်မှန်ကိုချွတ် တစ်ဖက်ဖြင့် မျက်မှန်အိမ်ကိုနှိုက်။ကျနသေသပ်စွာဖြင့်မျက်မှန်ကိုအိမ်သွင်းပြီးလတ်သော် အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လေသည်။ ထိုမျှလောက်သော အတောအတွင်းကလေးတွင်ပြားပြားပိနေသော မိန်းမသည်အောက်မနေ၍တအားကုန် ဆောင့်လိုက်လေရာ ယောက်ျားဖြစ်သူသည် ပက်လက်လန်လဲလေသတည်း။
မိန်းမလည်းလွတ်သည်နှင့် တစ်ပြိုင်နက် အင်္ကျီလက်ကိုပင့်၏။
‘‘ကြည့်စမ်း-ကြည့်စမ်း ရှင်ဘာအငြိုးနဲ့  သည်လိုလုပ်တာလဲ ဟင်’’ဟု တစ်ခွန်းပြော၏။ ထဘီတိုတိုပြင်ဝတ်၏။
‘‘ကျုပ်ကိုစမ်းတာလား’’ဟု တစ်ခွန်းတောလိုက်ပြန်၏။ပြေကျနေသော ဆံပင်တို့ ကို ကပျာကသီ ရစ်ပတ်လိုက်၏။
‘‘ဘယ်လိုအစားမှတ်သလဲ’’ ဟုတတိယမ္ပိ သုံးကြိမ်မမြောက်တမြောက်ထ၍အတွန့် တွင် မြင်းပန်းထိမ်ဆရာကြီးသည် အစင်းသားလဲနေသောဣရိယာပုတ်မှ မတ်မတ်နေသောဣရိယာပုတ်သို့  ရုတ်ချည်းပြောင်းလဲလိုက်ပြီးလျှင်ချစ်လှစွာသောဇနီးသည်၏ ပါးပြင်ကို ဖြောင်းဖြောင်းမည်အောင်တီးလိုက်လေသည်။
‘‘အမယ်လေးတော် လုပ်ကြပါဦး’’ဟူသော စူးရှသောအသံကြီးသည် အနောက်လေပင့်ရာသို့  အလံလေးဆယ်လယ်တစ်ကွက်ခန့်ပါသွားပြီးမှ မိုးသက်လေသက်တို့ နှင့်ရောနောကာ ပျောက်ပျက်သွားလေ၏။အိမ်နီးပါးချင်းတို့ သည် ထိုအသံကိုကြားကြကုန်၏။သို့ သော် မည်သူမျှ ဆင်းမလာကြ။ခြေရင်း၊ခေါင်းရင်းနှင့် အိမ်ရှေ့ အိမ်များမှ အိမ်သားတို့ သည်ကား ဣနြေ္ဒရရနှင့်ရှုစား လျှက်ရှိကြကုန်၏။ကူညီဖျန်ဖြေရန်ကား မည်သူမျှ စိတ်မကူး။
     မြင်းပန်းထိမ်လည်းအရိုက် ချစ်ဇနီးအငိုက်တွင် မလဲအောင်မီရာလှမ်းဆွဲလိုက်ရာ ပြေကျနေသော ဆံပင်များ တစ်ပုံတစ်ခေါင်းကြီး ၎င်း၏လက်ထဲတွင်ပါလာလေ၏။ ပါလာသမျှဆံပင်တို့ ကို တင်းကျပ်နိုင်သမျှ တင်းကျပ်စွာ လက်တွင်အထပ်ထပ်ရစ်ပတ်၍ခိုင်မခိုင် နှစ်ချက် သုံးချက်ခန့် တုပ်ဆွဲစမ်းသပ်ပြီးမှ အိမ်ပေါ်သို့  ဇနီးချစ်အားဆွဲတင်၏။ အိမ်ပေါ်ရောက်သော် ထရံတွင်ညှပ်ထားသောလိပ်ကျောက်မြီးကို အားသောလက်တစ်ဖက်ဖြင့်လှမ်းဆွဲပြီးလျှင် အဘယ်မယားအား ကျောတစ်ရာ၊ရင်တစ်ခတ်၏။ ပြီးလတ်သော် မြိုင်ရပ်နှင်ရန်ကျန်ပေသေးရကာ ဇနီးသည်၏ဆံပင်ကိုဆွဲလျှက်နှင့်ပင် လှေကားကို သုံးထစ် လျှင်တစ်လှမ်းကျခှမ်း၍င်ပြန်သော် လမ်းမတစ်လျောက် တရွတ်ပါအောင် ဆွဲငင်သွားလေ၏။
     ထိုအတွင်း လျှပ်သည်ပြက်၏။ တောင်အရပ်ဆီမှ မိုးသည်ချုန်း၏။
    ‘‘သိကြားမင်ကြီးရဲ့ ကြည့်နေရက်တော့မလား’’ ဟုနှာသံပါပါနှင့်တအားညှစ်ထုတ်လိုက်သော မြင်းပန်းထိမ်မိန်းမ၏အသံသည် မိုးခြိမ်းသံကိုအဖေါ်ပြုကာ စကြာဝဠာတံတိုင်းသို့ လိုက်ပါသွားဘိ၏။
ဤအခြင်းအရာတို့ ကို သိာကားမင်းကြီးသည် မိမိ၏ ဣဒ္ဓပါဒ်တန်ခိုးဖြင့် မြင်နိုင်ပေမည်။
    မြင်လျှက်နှင့် ရှုစိမ့်နိုင်ပ်ဦးမည်လော။
အလို....လက်စသတ်တော့  ကိုဒေါင်းပါကလားကရို့ ။
မဟုတ်လျှင်မခံတတ်၊ မတော်သည်ကိုတွေ့ လျှင်မနေတတ်သော ကိုဒေါင်းမှာ မိန်မသားတအားနွဲ့ အား ထိုသို့ ဆော်ကားနှိပ်စက်သည်ကိုမြင်လျှင် အူရောအသည်းပါ ကျွမ်းသန္တာလန်ကာ လှိုက်လှိုက်လှဲလှဲဖြစ်အောင် စိတ်ဆာသွားလေသည်။ အူထဲမှ လိမ့်၍က်လာသောမခံချင်စိတ်သည် အထက်သို့ လျှံပြီး သကာလ လက်ဖျားသို့ ရောက်လာအောင် ဝေကျလာလေရကား လက်ယားလာလေစည်။ ထိုယားလာသော လက်တစ်ဖက်သည် လောက်လေးကို အဆင်သင့်ကိုင်ပြီး ဖြစ်လေရာ ကိုဒေါင်းသည် သိကြားမင်းတို့ ၏အဆောင်အယောင်ဖြစ်သော မကိုဋ္ဋ်အစား၊ ခမောက်ကိုခေါင်းပေါ်တွင်မာန်ပါပါနှင့်အသာတင်။ မိုးကြိုးသွားတည်းဟူသော လောက်စာလုံးကိုနှိုက်။ ဘယ်ခြေကိုရှေ့ ထား၊ညာခြေဖြင့်ကိုယ်ကိုမတ်ပြီးလျှင် မိုးကြိုးသွားကို အားကုန်လွှတ်၏။
     ‘ဒေါင်’ ဟူ၍ ကုလားတက်ခေါက်သံထက် ပြင်းအောင်မြည်သောအသံ၏အဆုံးတွင် ပန်းထိမ်ဆရာမှာ မယားကိုလွှတ်၍နားထင်ကိုလက်ဖြင့်အုပ်ကာ အိမ်ပေါ်သို့  ကသုတ်ကရက်တက်ပြေးလေ၏။ကိုဒေါင်းလည်း ကျောင်းလမ်းထိပ်ကို ခပ်သုတ်သုတ် ချိုးပြီးသော် ပန်းထိမ်ဆရာ၏ အိမ်ရှေ့ တည့်တည့်မှနေ၍ အိမ်တွင်းရံကို ဖုန်းဖုန်းမြည်အောင်လောက်လေးနှင့်ပစ်၏။
ထို့ နောက် နောက်ဆုံးတစ်ချက်ပဲဟု စိတ်တွင်မှတ်၍ လောက်စာလုံး တစ်လုံးကိုအနှိုက် ၊ နောက်မှနေ၍ လူတစ်ယောက်သည် နှိုက်သောလက်ကို တုပ်ဆွဲလိုက်ကြောင့်လှည့်ကြည့်မိရာ...
     မြင်းပန်းထိမ် ဆရာကတော်သည် အကြည့်ခံရသူတိုင်းလောင်ကျွမ်းပြာကျသွားရလောက်အောင် မီးလျှံကဲ့ သို့ တောက်ပပူပြင်းသော မျက်လုံးတို့ ဖြင့် မိမိကိုကြည့်ကာ-
‘‘ရှင်..ကျမလင်ကို ဘယ်လိုလုပ်လိုက်တာလဲ၊
မခံဘူးတော့  မခံဘူး။ လာ- ရဲသွားတိုင်မယ်’’ ဟုပြောဆိုကာ လက်ကိုအတွင်သား ဆွဲခေါ်နေသည်ကို တွေ့ ရလေ၏။
      ကိုဒေါင်းသည် မင်သက်မိသွား၏။
     ကိုဒေါင်းတည်းဟူသော သိကြားယောင်မှာ ဆုတ်ကန်ဆုတ်ကန်နှင့်သာ ပါသွားတော့ လေသတည်း။
ရဲစခန်းသို့ ရောက်၏။ ရဲများဝိုင်းလာ၏။ အသိလိုလို စာသင်တစ်ယောက်က ‘‘ဘာဖြစ်တာလဲ’’ဟု မိမိကို မေးလိုက်သလား မပြောတတ်။မိမိလည်းပြန်ပြောလိုက်၏။ဘာပြောလိုက်သည် မသိ။ ရာဇ၀တ်အုပ်မင်း လည်းအပါးသို့ ရောက်လာ၏။မြင်းပန်ထိမ်မိန်းမ အသံချည်းပင်။ဘာများပြောကြသလဲ မဆိုနိုင်။
ရာဇ၀တ်အုပ်မင်းကား ခေါင်းတညိတ်ညိတ်နှင့်။ထိုအတွင်း လူစုလူဝေးလည်းကြီးမားလာသည်။ ကြီးမားသော လူစုလူဝေးတည်းဟူသောအဏ္ဏ၀ါပြင်ကျယ်တွင် ကိုဒေါင်းသည်စုံးစုံးမြုပ်၍ နစ်နေသည်။ မွန်းလှချည့်ဟု အောက်မေ့နေရင်းက ရာဇ၀တ်အုပ်မင်း၏လက်သည်မိမိပခုံးအား ချစ်ကျွမ်းဝင်သယောင်ပြုသည်ကို သတိထားလိုက်မိ၏။
    ‘‘ဲကဲ- မင်း ဘယ့်နှယ်လုပ်လိုက်တာလဲကွယ့် မောင်ဒေါင်းရဲ့ ၊ စကားမများနဲ့ ကွာ ငွေငါးကျပ်ရှာယူခဲ့ ’’ဟု ရာဇ၀တ်အုပ်မင်းသည် အမိန့် ခတ်နှိပ်ပြီးလျှင် လူထုကြီးကို ခွဲလိုက်၏။
      အနောက်ဘက်တစ်ခွင်မှ မိုးကလေးများညို့ ၍ ညို့ ၍၊လာတိုင်း လာတိုင်းကိုဒေါင်းသည် သူ၏မမ
+++++++++++++++++++++++++++++++++++++++++
မောင်ထင်၏++++++++++++++++++++ကိုဒေါင်း+++++
ဆက်ဖတ်ရန် >>>
Wednesday, 10 August 2011
ဖြစ်သလိုဘဲ စားကြစို့ ။
Breakfast
                                    ငါးမြွေထိုးခြောက်ကြော်၊ကောက်ညှင်းပေါင်း။
မနက်စာ။
                                                      ခရမ်းသီး-အဖုတ်သုပ်။
                                                          ငါးခူ-အကင်။
ဝက်အသဲကြော်။
ရွှေဖရုံသီးဟင်း။
ဆိတ်သားဆီပြန်ဟင်း။
                                                    ပင်လယ်စာ ဟင်းချို။
ဖက်ထုတ်၊ငါးကင်ပေါင်း။
မြင်းခွါရွက်သုပ်။
နေ့ လည်ရေနွေးကြမ်းကိုတော့ဖြစ်သလိုဘဲ မြေပဲကြော်လေးနဲ့ မြည်းရတော့မယ်။
ဆက်ဖတ်ရန် >>>